http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခိုးမှု(၉)မှုကျူးလွန်ထားသည့် ခိုးသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် ၂၀
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်/ရဲစခန်းများတွင် ဖြစ်ပွားခဲ့သော လုယက်မှု၊ ခိုးမှုများဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းနေစဉ် ခိုးမှုဖြင့်ပြစ်ဒဏ်ကျခံ ပြီးနောက် ထောင်မှလွတ်လာသူ တင်ကိုဆိုသူမှာ ၎င်းင်း၏နေရပ်ဖြစ်သော မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာသို့ ပြန်လည်သွားရောက်နေထိုင်ခြင်းမရှိဘဲ မန္တလေးမြို့ပေါ်ရှိ တည်းခိုခန်းများတွင် လှည့်လည်တည်းခိုနေထိုင်လျက်ရှိကြောင်း သတင်းရရှိခဲ့သည်။ သို့ဖြစ်၍ တင်ကိုအား စောင့်ကြည့်စုံစမ်းမှုများပြုလုပ်ခဲ့ရာ ၎င်းင်းသည် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက် သီရိမန္တလာကားကြီးကွင်းတောင်ဘက်ရှိ ““စန်းသီတာ””တည်းခိုခန်းတွင် တည်းခိုနေထိုင်လျက်ရှိကြောင်း၊၊ ငွေအသုံးများပြီး ငွေကျပ်(၅၀၀၀ိ/-)တန်များအား အထပ်လိုက်ကိုင်ပြီး သုံးစွဲလျက်ရှိကြောင်းနှင့် XONBO ၁၂၅ အမျိုးအစားအနက်ရောင်ဆိုင်ကယ်အား စီးနင်းသုံးစွဲလျက်ရှိကြောင်း သိရှိခဲ့ရသဖြင့် ၇-၃-၂၀၁၃ ရက်နေ့ ၀၆၁၅ အချိန်တွင် တင်ကိုအား ခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ တင်ကိုသည် ၇-၃-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်က ကန်ကောက်ရပ်ကွက်၊ ယာဉ်ပျံရပ်ရှိ နေအိမ်တစ်အိမ်အတွင်းမှ SONY တံဆိပ်ပါ ဒီဂျစ်တယ်ကင်မရာ ၁ လုံး၊ SONY တံဆိပ်ပါ ကင်မရာထည့်သည့်အိတ် ၁ လုံး၊ (၅၀၀၀ိ/-)ကျပ်တန် ငွေစက်္ကူ ၃၉ ရွက်နှင့် (၁၀၀၀ိ/-)ကျပ်တန် ငွေစက္ကူ ၅၅ ရွက်၊ စုစုပေါင်းငွေကျပ်(၂၄၀၀၀၀ိ/-)အား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း (ပ)၉၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၁-၃-၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်း သော့တန်းလန်းဖြင့် ရပ်ထားသော XONBO-၁၂၅ အမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေး အမှတ်(၄)ရဲစခန်း(ပ)၅၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကလည်း မန္တလေးတက္ကသိုလ်အနီးရှိ အမည်မမှတ်မိ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းရပ်ထားသော ၁၅ယ/xxxx LUOJIA -၁၁၀ အမျိုးအစား ပန်းဆီရောင်ဆိုင်ကယ် ၁ စီးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန်္တလေးအမှတ်(၉)ရဲစခန်း(ပ)၁၇၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၇-၂-၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ၇၀x၇၁နှင့် ၃၃x၃၄ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှ HP DVGT ၇၂၀၀ အမျိုးအစား အနက်ရောင် လက်တော့ပ် ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၅၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် လည်းကောင်း၊ ၂၃-၂-၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ မင်္ဂလာဈေးတောင်ဘက် ၇၂x၇၃ လမ်းကြား၊ ၃၂ လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ HUAWEI-C5730 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃) ရဲစခန်း(ပ)၁၀၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၄ ရက်နေ့ ၀၂၃၀ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၈၁x၈၆ လမ်းကြား ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ NCIKA-N9-02 အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၄)ရဲစခန်း(ပ)၅၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၁ ရက်နေ့ ၀၂၁၅ အချိန်ခန့်ကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်မြို့သစ်ရပ်ကွက် ၅၆x၅၈ လမ်းကြားရှိ နေအိမ်တစ်အိမ်အတွင်းမှSAMSUNG-R940 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် အောင်ပင်လယ် ရဲစခန်း(ပ)၉၅/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ ၂၆-၂-၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော် အနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အတွင်းမှ ငွေကျပ်(၁)သိန်းကျော် ခိုးယူခဲ့ကြောင်းနှင့် အဆိုပါခိုးယူရရှိသောငွေဖြင့် ၁-၃-၂၀၁၃ ရက်နေ့က မင်္ဂလာဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် အလေးချိန် ၁ ပဲ ၁ ရွေးကျော်ရှိ စတိလက်စွပ် ၁ ကွင်း၊ တန်ဘိုးငွေကျပ်(၆၅၀၀၀ိ/-) ဖြင့်လည်းကောင်း၊ အလေးချိန် ၄ ရွေးရှိ စတိလက်စွပ် ၁ ကွင်းအား တန်ဘိုးငွေကျပ်(၃၀၀၀၀ိ/-) ဖြင့်လည်းကောင်း ၀ယ်ယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၇)ရဲစခန်း(ပ)၁၆၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၈၀ ဖြင့်လည်းကောင်း၊ လွန်ခဲ့သော ၁၃ ရက်နေ့ ၀၂၄၀ အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၅၈x၅၉ လမ်းနှင့် ၃၂x၃၄ လမ်းကြား၊ ရပ်ကွက်တစ်ခုအတွင်းရှိ နေအိမ်တစ်အိမ်အတွင်းမှ SAMSUNG အမျိုးအစား ပန်းနုရောင် လက်ကိုင်ဖုန်း ၁ လုံးအား ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် မန္တလေးအမှတ်(၃)ရဲစခန်း(ပ)၁၀၆/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူခဲ့သည်။

သို့ဖြစ်၍ သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာနေ တင်ကို(၂၀)နှစ်အား ထိုက်သင့်သည့်ပြဒ်ဒဏ်ရရှိရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com