၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ညမှာပဲ အရေးပေါ် သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး မိတ္ထီလာအရေးအခင်းကို မန္တလေးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆရာတော် ဦးဝီရသူ၊ မိတ္ထီလာအမတ် ဦးဝင်းထိန်တို့နဲ့ ဆက်သွယ်ပြီး အကောင်းဆုံး ထိန်းညှိနိုင်ရေး ကြိုးစား ဆောင်ရွက်နေတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့လည်း အခြေအနေတွေ အမြန်တည်ငြိမ်သွားအောင် ကူညီဆောင်ရွက်ဖို့အတွက် ကိုမင်းကိုနိုင် ဦးဆောင်လို့ မိတ္ထီလာကို ညတွင်းချင်း ထွက်ခွာကြပါတယ်။
မျက်မှောက် မြန်မာ့နိုင်ငံအရေး အပြောင်းအလဲတွေမှာ ရရှိထားတဲ့ တည်ငြိမ်မှုတွေ မပျက်စီးအောင်နဲ့ အသက်၊ သွေး၊ ချွေးတွေ ရင်းနှီးပြီးမှ ရထားတဲ့ လမ်းကြောင်းတခုကို မပျောက်ပျက်အောင် သူတို့အနေနဲ့ စွမ်းအားရှိသမျှ ဆောင်ရွက်မယ်လို့လည်း ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
BBC Burmese
ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲ
Labels:
ပြည်တွင်းသတင်း