ဗိုလ်ချူပ်အောင်ဆန်းဧ။် မွေးနေ့အလှူကို ဒေ၀ဒတ်(သို့)ဦးစောဧ။် တပည့်များ ဖျက်ဆီးခြင်း...
ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ ၉၈နှစ်ပြည့်မွေးနေ့ ဆိုတာ မြန်မာနိုင်ငံသားအားလုံး သိကြမှာပါ။ ဒဂုံတက္ကသိုလ်ကျောင်းသား၊ကျောင်း
" ကြည်...ပဲပြုတ် နဲ့ နံပြား ရရင်စားချင်တယ်...."
ဟု ဗိုလ်ချုပ်တောင်းတခဲ့သည့် ဆန္ဒကို အမှတ်တရနှင့် ဖြည့်ဆည်းပေးသည့်အနေနှင့် ပဲပြုတ် နှင့် နံပြားကို ဆရာ၊ဆရာမများ၊သူငယ်ချင်းများအားကျွေးမွေးကြသည်။ အဲဒီလို အလွန်တရာ ကြည်နူးဖွယ်ကောင်းတဲ့ အချိန်အခိုက်အတန့်လေးကို ကို ဖျက်လိုဖျက်ဆီး စိတ်ဓါတ်နှင့် ကျောင်းလုံခြုံရေးများ၊SB ခေါ် စုံစမ်းထောက်လှမ်းရေးများက ကျွန်တော်တို့ ကျောင်းသားများကိုဓါတ်ပုံတွေရိုက်၊ ခုံနံပတ်တွေတောင်းနှင့် ကျောင်းသားတွေဗိုလ်ချူပ်မွေးနေ့ကျင်းပနေကြသည်
ကျွန်တော်တို့သည် တစ်ချိန်လုံး အဆိုပါ လုံခြုံရေးများ၏ စောင့်ကြည့်ခြင်းကိုခံနေရပါတယ်။
နောက် လုံခြုံရေးများက ဗိုလ်ချုပ်မွေးနေ့ကျင်းပရာ နေရာကိုကျောင်းသားတွေ ရောက်မလာအောင် ဖယ်ရီကားတွေဝင်ခွင့်မပေး၊ရောက်လာတဲ့ ဖယ်ရီကားတွေကိုလည်း ကားဝင်းထဲမှာ ရပ်ခွင့်မပေး အတင်းမောင်းထုတ်နေတယ်။ (အလှူပြုသောအချိန်သည် ဖယ်ရီကားများ ဆိုက်ရောက်သော အချိန်ဖြစ်ပါသည်)အဆိုပါ လုပ်ရက်ကို ကျွန်တော်တို့ ကျောင်းသားများက ကန့်ကွက်ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ
ပုဒ်မ - ၃၅၄ အရ
(က)မိမိ၏ယုံကြည်ချက်၊ထင်မြင်ယူဆ
(ဂ)အသင်းအဖွဲ့(သို့မဟုတ်)အစည်းအ
မီဒီယာများသို့ နာမည်၊ ဓါတ်ပုံများ၊ video file များအား ပေးပို့တိုင်ကြားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။
အဆိုပါ ဗိုလ်ချုပ်မွေးနေ့ပွဲကို ကျောင်းတာဝန်ရှိသူများကို အသိပေးပြီး ကျင်းပခဲ့ခြင်းဖြစ်သည် ဟုသိရပါသည် ကျောင်းတာဝန်ရှိသူများကလည်း ခွင့်ပြုခဲ့ကြောင်းသိရပါသည်။
သို့ပေမယ့် အခုလို ဖြစ်ပျက်ခဲ့ခြင်းသည် မည်သူကြောင့်နည်း ?
ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး