နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက ထုတ်ဖော်ပြောကြား(ရုပ်/သံ)
မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး မတူညီတဲ့ အခြေအနေမျိုးတွေကြောင့် အခြားနိုင်ငံတွေလို လက်ခံလို့ မဖြစ်နိုင်ပဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ကြပ်ကြပ်မတ်မတ်လုပ်ဆောင်သွားရမယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီမိုကရက်တစ်မြန်မာ့ အသံက တွေ့ဆုံမေးမြန်းတဲ့နေရာမှာ သူက အဲ့ဒီလိုပြောဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံဟာ လူဦးရေများတဲ့ နိုင်ငံတွေနဲ့ ယှဉ်တွဲနေထိုင်နေရတာဖြစ်တဲ့အတွက် လူမျိုးရေးအရ ၀ါးမြိုခံရမှာ စိုးရတဲ့အတွက် ဥပဒေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ရိုက်ကူး-ကျော်ဇေ၀င်း
DVB TV News
Labels:
ရုပ်သံမှတ်တမ်း