အာဖဂန် အမေရိကန် တပ်တချို့ ထွက်ခိုင်း
အာဖဂန် က အမေရိကန် အထူး တပ်ဖွဲ့တွေကို မဟာဗျူဟာအရ အရေးပါတဲ့ ဝါဒက် ခရိုင်က ဆုတ်ခွာဖို့ ၂ ပတ် အချိန် ပေးထားပါတယ်။
အမေရိကန် အထူးတပ်ဖွဲ့ တွေဆီမှာ အလုပ်လုပ် နေကြတဲ့ အာဖဂန် နိုင်ငံသားတွေဟာ အရပ်သားတွေ ပျောက်ဆုံးမှု၊ ညှဉ်းပန်း နှိပ်စက် မှုတွေမှာ ပါဝင် ပတ်သက်နေတာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် ဒီလို ဆုံးဖြတ်ခဲ့တာလို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
လတ်တလော ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ အချက်အချာ ကျတဲ့ အာဖဂန် အလယ်ပိုင်းက ဝါဒက် ခရိုင်ကို ကာဘူးလ် မြို့တော်ကို ဝင်တိုက်မယ့် တာလီဘန် တွေရဲ့ တံခါးဝ အဖြစ် သတ်မှတ်ထား ကြပါတယ်။
အာဖဂန် ဘက်က ဒီလို စွပ်စွဲမှုတွေကို အလေးအနက် ထားပြီး အရေးယူ ဆောင်ရွက် နေတယ်လို့ အမေရိကန် တပ်တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။BBC Burmese