
မှတ်တမ်းများအရ ကမ္ဘာမြေနှင့် အနီးဆုံး နေရာမှ ဥက္ကာခဲတစ်ခု ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ညတွင် ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ အိုလံပစ် ရေကူးကန် တစ်ခု၏ အရွယ်မျှရှိသော အဆိုပါ ဥက္ကာခဲသည် ကမ္ဘာမြေမှ မိုင်ပေါင်း (၁၇၂၀၀)မျှ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။ အဆိုပါ အရွယ်အစားမျှ ရှိသည့် ဥက္ကာခဲ တစ်ခုအတွက် ကမ္ဘာနှင့် အနီးဆုံးထိ ကပ်၍ ဖြတ်သန်းမှုဟု သုတေသီများက ပြောကြားခဲ့သည်။ ယခုကိစ္စကြောင့် ကမ္ဘာမြေကို တစ်စုံတစ်ရာ ထိခိုက် အန္တရာယ် ရှိနိုင်မည် မဟုတ်ဟုလည်း သိရသည်။

ဂရင်းနစ်စံတော်ချိန် (၁၉း၂၅)နာရီတွင် ဖြတ်သန်းမည့် အဆိုပါ ဥက္ကာခဲကို ကမ္ဘာပေါ်တွင် ညပိုင်း ဖြစ်နေသော နေရာများ၌ မှန်ဘီလူးဖြင့် ကြည့်ရှုပါက တွေ့နိုင်ကြောင်း သိရသည်။ အချင်းပေ(၁၅၀)မျှ ရှိပြီး Asteroid 2012 DA14ဟု အမည်ပေးထားသော အဆိုပါ ဥက္ကာပျံသည် နေကို (၃၆၈)ရက်လျှင် တစ်ကြိမ် ဗဟိုပြု လည်ပတ်လျှက် ရှိသည်။ ယင်းသည် ကမ္ဘာမြေက နေကို လည်ပတ်သည့် ကြာမြင့်ချိန်နှင့် အလွန်နီးစပ်သည်။ သို့သော်လည်း ယင်းအရာနှစ်ခု၏ နေပိတ်လမ်းမှာ မတူညီချေ။ ဥက္ကာခဲသည် ကမ္ဘာအနီးမှ တစ်စက္ကန့်လျှင် (၇.၈)ကီလိုမီတာ မြန်နှုန်းဖြင့် ဖြတ် သန်းသွားမည် ဖြစ်သည်။

BBC
www.planet.com.mm