ဗီယက်နမ်နိုင်ငံသား ၂၆ ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်ကား ၉ စီးဖြင့် မြဝတီ နယ်စပ်ဂိတ်မှတစ်ဆင့်ဝင်ကာ မြန်မာနိုင်ငံအတွင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။
၎င်းတို့သည် မြဝတီ နယ်စပ် ဂိတ်မှတစ်ဆင့် ရန်ကုန်၊ နေပြည် တော်၊ မန္တလေး၊ ပုဂံ၊ ပဲခူး စသည့် ဒေသများသို့ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၁ ရက် အထိ လည် ပတ်ကာ မြဝတီနယ်စပ်ဂိတ်မှ ပြန်လည် ထွက်ခွာကြမည်ဟု အဆိုပါ ခရီးစဉ်ကို စီစဉ်ဆောင် ရွက်သော XANADU ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နှင်းမိုးအောင်ကပြောသည်။
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှ ၄င်းတို့ ကိုယ်ပိုင်ကားများဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းတွင် လည်ပတ်ခဲ့ကြပြီး မြန်မာနိုင်ငံသို့ နောက်ဆုံးခရီးစဉ်အဖြစ် လာရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
''ဒီနှစ်ထဲ မြဝတီနယ်စပ် ဂိတ်က တိုက်ရိုက်ဖွင့်ပေးလိုက်တော့ သူတို့ ကားတွေနဲ့ သူတို့ ဝင်ခွင့်ရသွားတာ၊ အရင်ကဆို ခွင့်မပြုခဲ့ဘူး'' ဟု ဒေါ်နှင်းမိုးအောင်က ပြောသည်။
ပြည်တွင်းသို့ ကိုယ်တိုင်ကား မောင်း၍ လည်ပတ်လိုသူများအတွက် ခရီးစဉ်ကို နှစ်လ ကြိုတင် ၍ ဟိုတယ်-ခရီးနှင့် ကုန်းလမ်း ပို့ဆောင်ရေးသို့ သွားရောက်လည် ပတ်မည့် ခရီးစဉ်၊ လူဦးရေ ကားအမျိုးအစား၊ အရောင်နှင့် သက်ဆိုင်သည့် အချက်အလက်များကို တင်ပြ၍ သွားလာခွင့်လျှောက် ထားရကြောင်း သိရသည်။
ယခင်နှစ်များ၌ ပြည်တွင်းသို့ ကားမောင်းလည်ပတ်လိုသည့် ခရီးသည်များ သည် ရန်ကုန်သို့ လေယာဉ်ဖြင့်လာရောက်၍ ပြည်တွင်းခရီးသွားကုမ္ပဏီ များမှ စီစဉ် ပေးသော ကားများဖြင့်သာ မောင်းနှင် လည်ပတ်ခွင့်ရှိခဲ့ပြီး၊ ယခု ဇန်နဝါရီအတွင်း၌ မြဝတီ နယ်စပ်ဂိတ်မှ တိုက်ရိုက် ဆိုင်ကယ်၊ ကားများဖြင့် ခရီးသွား လာခွင့်ပြုခဲ့ခြင်းကြောင့် ကိုယ်ပိုင် ကားများဖြင့် မြန်မာနိုင်ငံတွင်း တိုက်ရိုက်လည် ပတ်လိုသူများ အတွက် ခရီးစဉ်သစ်အဖြစ် ပိုမို စိတ်ဝင်စား လာနိုင်ကြောင်း သိရသည်။
ခိုင်နွယ်ဦး Popular Myanmar News Journal