http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

UNOCHA ကိုယ်စားလှယ် EUမှာ မြန်မာအကြောင်း ရှင်းပြ

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းရေးမှူး ဗလာရီ အေးမိုး မြန်မာနိုင်ငံ ရောက်ခဲ့စဉ်က
29 ဧပြီလ 2013
ကုလသမဂ္ဂဆိုင်ရာ လူသားချင်း စာနာတဲ့ ကိစ္စရပ်များ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Barbara Manzi ဟာ EU အဖွဲဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ မနေ့က ဘရပ်ဆဲလ်စ်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာဒေသတွေက အခြေအနေတွေနဲ့ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး ကြိုးပမ်း ဆောင်ရွက်မှုတွေ အကြောင်း ရှင်းလင်း ပြောပြခဲ့ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ပြင်နေတဲ့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ အကြောင်း Barbara Manzi ကို ဘီဘီစီက ဆက်သွယ်မေးခဲ့ရာမှာ နေရာ ဒေသအလိုက် အခက်အခဲ အမျိုးမျိုး တွေ့ရပါတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖျဉ်း ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေး အကူအညီ လိုအပ်နေသူတွေဆီ အရောက်သွားနိုင်ရေးမှာ ရှုပ်ထွေးပြီး အရာမရောက်တဲ့ ဗျူရိုကရက် စည်းမျဉ်း စည်းကမ်းတွေကြောင့် အခက်အခဲ တွေ့ရလေ့ ရှိတယ်လို့ Barbara Manzi က ဆိုပါတယ်။

ကချင် ဒေသမှာဆို ဒေသခံ အဖွဲ့တွေရဲ့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုတွေ က အတိုင်းထက် အလွန် ကောင်းမွန်တယ်လို့ ဆိုရပေမယ့် အဲဒီမှာ အကူအညီတွေ လိုအပ်နေဆဲမို့ ဒေသခံတွေ နဲ့ နိုင်ငံတကာ အဖွဲ့တွေ အတူပူးပေါင်း ဆောင်ရွက်နိုင်ရေးဟာ သိပ်ကို အရေးကြီး ပေမယ့် ကချင်ဒေသက KIA ထိန်းချုပ်တဲ့ နယ်မြေတွေဆီ ကုလသမဂ္ဂအဖွဲ့ သွားရောက် အကူအညီပေးမှုတွေကို တိုက်ပွဲ အခြေအနေတွေကြောင့် July လကစပြီး ဆိုင်းငံ့ထားခဲ့ရတယ်လို့ Barbara Manzi က ရှင်းပြခဲ့ပါတယ်။

တခါ ရခိုင်ဒေသက ပဋိပက္ခ ကတော့ လူမျိုးအုပ်စုနှစ်စုကြား ဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောပြရာမှာ ဒုက္ခသည်စခန်း တချို့ဆီ ပြည်တွင်းကရော ပြည်ပကပါ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အကူအညီတွေ ပေးရေးနဲ့ ပတ်သက်လို့ အဲဒီက လူမှု အသိုင်းအဝိုင်းက အဖွဲ့ဝင် တချို့က သိပ်လိုလိုလားလား မရှိတာမို့ အတော်လေး စိုးရိမ်မိပြီး မကြာခင် မုတ်သုံ ရာသီ စတော့မှာ ဆိုတော့ အဲဒီက ဒုက္ခသည်စခန်းတွေမှာ ကယ်ဆယ်ရေး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ Barbara Manzi က ဆိုပါတယ်။

ဒီတော့ OCHA အဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကရော ဘယ်လောက်ရှိပါသလဲလို့ ဘီဘီစီက မေးမြန်းရာမှာ အာဏာပိုင်တွေ ဘက်က နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်း ဆောင်ရွက်တာမျိုး ရှိတယ်လို့ တထစ်ချ ပြောနိုင်ပေမယ့်လည်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပေးရာမှာ ပွင့်လင်း မြင်သာမှု ရှိရေးမှာတော့ လိုအပ်မှု တချို့ ရှိနေတယ်လို့ သူက ထောက်ပြခဲပါတယ်။

ဒီအတွက် အာဏာပိုင်တွေ နဲ့ ထိတွေ့ ဆက်ဆံမှုတွေပြီး တဖြည်းဖြည်းချင်း လုပ်သွားဖို့ ပြင်ဆင်ထားသလို တခါ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်ကလည်း ပဋိပက္ခ ဖြစ်ရာနေရာတွေက ပြဿနာတွေ ကို ကူညီ ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ် ၊ ကယ်ဆယ်ရေး အကူအညီတွေ ပေးနေရုံတင်မက ဒီဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ရေရှည် ပြေလည်သွားစေမယ့် နည်းလမ်းတွေနဲ့ ကူညီ ဖြေရှင်းပေးဖို့လည်း လိုတယ်လို့ Barbara Manzi က ဆိုသွားခဲ့ ပါတယ်။

မြန်မာနိုင်ငံ ရှေ့လျှောက် ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေနဲ့ ပတ်သက်လို့ EU အဖွဲ့ဝင် နိုင်ငံတွေက အကူအညီ ဆက်လက်ပေးနိုင်မှုကို မေးမြန်းတဲ့ အခါ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတွေအနေနဲ့ တွေ့ကြုံ ရင်ဆိုင်ရမယ့် စိန်ခေါ်မှာ အခက်အခဲတွေကတော့ အတော်လေး ကြီးမား ရှိပေမယ့် ကျမတို့အနေနဲ့ကတော့ အတွေ့အကြုံ ဗဟုသုတ နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ အဆောက်အအုံ တည်ဆောက်ရေးမှာပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား လူမျိုး ပေါင်းစုံရဲ့ ရှုထောင့် အမြင်တွေ ပါဝင်ပြီး ပွင့်လင်း မြင်သာတဲ့ နိုင်ငံ့ အနာဂါတ် တည်ဆောက်ရာမှာပဲ ဖြစ်ဖြစ် ကူညီ ဆောင်ရွက်သွားမှာပါလို့ Barbara Manzi က ရှင်းပြခဲ့ပါတယ်။

ဒါတွေနဲ့ ပတ်သက်လို့လည်း EU ကိုယ်စားလှယ်တွေကို တင်ပြမှာ ဖြစ်ပေမယ့် အရေးကြီးတာက လောလောဆယ်မှာ EU အဖွဲ့ဝင် နိုင်ငံတွေနဲ့ မြန်မာ နိုင်ငံအကြား ထိတွေ့ ဆက်ဆံမှုတွေ ရှိလာနေရာမှာ ငွေကြေး အကူအညီတင်မက လူ့အခွင့်အရေး ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ၊ လူသားချင်း စာနာမှု ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ ကို သိလာအောင် လုပ်ပေးဖို့နဲ့ အစိုးရကိုတင်မက အစိုးရ မဟုတ်တဲ့ တခြား အဖွဲ့အစည်းတွေကိုပါ အကူအညီပေးခြင်းအားဖြင့် အားလုံးပါဝင်တဲ့ တလုံးတဝတည်းသော မြန်မာနိုင်ငံအဖြစ် တည်ထောင်နိုင်ဖို့ကို ကူညီ ဆောင်ရွက်သွားဖို့ ဖြစ်တယ်လို့ Barbara Manzi က ပြောသွားခဲ့ ပါတယ်။
BBC Burmese

နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ကျင်းပ


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၊ Friedricf Ebert Stiftunge၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒီညီလာခံကို ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ ကျန်းမာရေးကိစ္စတွေ၊ ILOရဲ့ လုပ်ငန်းစဉ်တွေကို သိရှိအောင် အခုလိုညီလာခံ ကျင်းပရတာဖြစ်တယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ဒီကနေ့ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်အမှုဆောင်များ တက်ရောက်တဲ့ ညီလာခံကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းမှု တစ်နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့သော်၎င်း၊ နိုင်ငံတော်စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းများဖွဲ့စည်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၎င်း၊ စုပေါင်းအရေးဆိုခွင့်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးတို့အပါအဝင် အလုပ်သမားရေးရာများနဲ့ ပတ်သက်ပြီး သိမြင်လာစေရန်၎င်း၊ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်လျှက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ယနေ့ညီလာခံတက်ရောက်သူများအား သိရှိစေရန်၎င်း ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ပါတယ်”

လာမယ့် ဇွန်လအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပမယ့် (၁၀၂) ကြိမ်မြောက် အလုပ်သမားညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ကိုလည်း ဒီညီလာခံကနေ မဲစနစ်နဲ့ ရွေးချယ်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell၊ ဂျနီဗာအခြေစိုက် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Gregory Vines၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းပေါင်း ၄၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ရှင်းလင်း

ပြီးခဲ့တဲ့ ဧပြီလ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်က ရန်ကုန်မြို့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရတာဟာ ကောလဟာလကိုအစပြုပြီး သူ့ဘက်၊ ကိုယ့်ဘက်အစွဲကြောင့် ဖြစ်ပွားရတာ ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာပါဝင်တဲ့ ဒေါက်တာ ကျော်ရင်လှိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီပဋိပက္ခတွေ ဖြစ်တယ်ဆိုတာ အားလုံးလည်းသိတဲ့အတိုင်းပဲ သူ့ဘက်ကိုယ့်ဘက် အမျိုးမျိုးပြောကြတာ၊ ဘယ်ဟာတွေကတော့ ဘယ်အတိုင်းအတာလောက်ထိ ဖြစ်နိုင်တယ်၊ ဘယ်ဟာတွေကတော့ မဖြစ်နိုင်ဘူးဆိုတာ၊ ဒါကိုကျနော်တို့ အသေးစိတ်ပြောခဲ့တာရှိပါတယ်၊ ပျက်စီးဆုံးရှုံမှုတွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာအခြေခံပြီး ပြောခဲ့ဆိုခဲ့တာတွေရှိတယ်၊ လက်ရှိအခြေအနေနဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တင်ပြခဲ့တာတွေရှိပါတယ်၊ စီးပွားရေးအဆင်မပြေမှုက ပဋိပက္ခကို ပိုဆိုးလာနိုင်တယ်ဆိုတာ ပြောပါတယ်"

အဲဒီအခြေအနေကို စုံစမ်းဖော်ထုတ်ဖို့နဲ့ နောင်အနာဂတ်မှာ အဲဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်ပွားစေဖို့အတွက် ၂၀၁၂ခုနှစ်၊ သြဂုတ်လမှာ အဖွဲ့ဝင်၂၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ အဲဒီကော်မရှင်က အဲဒီဒေသခံနှစ်ထောင်ကျော်ကို ပဋိပက္ခဖြစ်ပွားမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်းစုံစမ်းချက်တွေပြုလုပ်ပြီး အစီရင်ခံစာကို ထုတ်ပြန်အကြံပြုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ သမိုင်း၊ လူမှုရေး သိပ္ပံပညာရှင်၊ ဥပဒေပညာရှင်၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်တွေ ပါဝင်ကြပြီး အစီရင်ခံစာမှာ လူမျိုးစုတစ်စု(သို့)အဖွဲ့အစည်းတစ်ခုခုကို ဦးတည်ပြီး အပြစ်တင်တာမျိုး မပြုလုပ်ဘဲ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကိုသာ ဦးတည်ပြီး အကြံပြုတင်ပြထားတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese

ကရင်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ရာနဲ့ချီထွက်ပြေး


ကရင်ပြည်နယ် မြိုင်ကြီးငူမြို့ပေါ်မှာ မနေ့ညက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)တပ်ဖွဲ့တွေနဲ့ BGF ကရင်နယ်ခြားစောင့်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ဒေသခံ ၄၀၀ လောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး တိုက်ပွဲလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။

မနေ့ည ၁၁ နာရီကျော်ကနေ မနက် ၂ နာရီကျော်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ BGF ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်တာက ညကတစ်ညလုံးကတော့ ၁၁ နာရီခွဲကနေ ၂ နာရီခွဲအထိ ပစ်တာ၊ တိုက်ပွဲဖြစ်တဲ့ အနီးစပ်ဆုံးရပ်ကွက်တွေကတော့ အကုန်ပြေးရတာပေါ့၊ ဒေသခံ သုံး၊ လေးရာဝန်းကျင်လောက်ပေါ့၊ ကျနော်တို့ မြိုင်ကြီးငူနဲ့ဝေးတဲ့ တချို့လေးငါးခြောက်မိုင် ခုနှစ်မိုင်ဝေးတဲ့ နေရာတွေပေါ့နော်၊ အဲဘက်တွေ တိမ်းရှောင်နေရတာပေါ့၊ ကျနော်တို့လည်းဖြစ်တဲ့နေရာကို ဘယ်သူမှမသွားရဲဘူး၊ ဒီနေ့မနက်ဘာမှ လောလောဆယ် ထူးခြားမှုမရှိသေးဘူး၊ သူတို့ BGF တပ်ကတော့ လုံခြုံရေး တအားတင်းထားတာပေါ့နော်၊ BGF ကတော့ သွားလိုက်လာလိုက်ပဲ”

အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ပြီး အခုဆိုရင်တိုက်ပွဲကြောင့် ဒေသခံတွေအကြား နေ့ရောညပါ စိုးရိမ်ကြောင့်ကြနေကြရတယ်လို့လည်း သိရပါတယ်။
RFA Burmese

MAI လေကြောင်းလိုင်း ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိ

MAI လေကြောင်းလိုင်းမှ ယခုနှစ်မကုန်မီ ဂျပန်နိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
`မန္တလေး-ဂျပန်၊ ရန်ကုန်-ဂျပန် ဘယ်ဟာကောင်းမလဲ စီစဉ်နေပါပြီ။ အစဉ်ပြေမယ့် လမ်းကြောင်းကို ပြေးဆွဲသွားဖို့ ရှိပါတယ်´ဟု MAI လေကြောင်းလိုင်းမှ မန္တလေးဌာနခွဲ တာဝန်ခံ ဦးဇော်ဝင်းကပြောသည်။

ဂျပန်နိုင်ငံသို့ တိုက်ရိုက်မပြေးဆွဲမီ ဂျပန်နိုင်ငံမှ စီးလုံးငှား လာရောက်လည်ပတ်မှု နှစ်ကြိမ်ရှိကြောင်း ၎င်းကပြောသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်ရခြင်းမှာ ဂျပန်နိုင်ငံမှ စိတ်ဝင်စားမှုများလာသော ကြောင့်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများ များလာ၍ စီစဉ်ပေးရခြင်းဖြစ်သည်ဟု ဦးဇော်ဝင်းက ပြောသည်။

`ဂျပန်နိုင်ငံအပြင် အခြား ကွမ်ကျိုး၊ကူမင်း၊ ဟောင်ကောင်၊ လာအိုနိုင်ငံတွေကို တိုက်ရိုက်ပြေးဆွဲနိုင်ရန်
စီစဉ်လျက် ရှိပါတယ်။ လာအိုကတော့ ရန်ကုန်ကနေပဲ တိုက်ရိုက်ဆွဲဖို့ များတယ်´ဟု ဦးဇော်ဝင်းက ထပ်မံဆိုသည်။

နောက်ပိုင်း ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ဥရောပနိုင်ငံများအထိပါ ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ဦးဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။ လက်ရှိတွင် MAI လေကြောင်းလိုင်း Air bus လေယာဉ် ၈ စီးနှင့် ပြေးဆွဲလျက်ရှိပြီးရပ်နားထားသော မန္တလေး-ရန်ကုန် ခရီးစဉ်ကိုလည်း ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ သိရသည်။
Tanintharyi News Network

မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း မေ ၈ ရက် ဖွင့်မည်

ရန်ကုန်- ငါးခုမြောက် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းသစ်ဖြစ်သော မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းကို မေ ၈ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

“မောတောင်ပြီးရင် ထီးစီးစခန်းကို ဆက်ဖွင့်ဖို့အစီအစဉ်ရှိတယ်။ မနက်ဖြန် ထီးစီးကိုကွင်းဆင်း စစ်ဆေးဖို့ရှိတယ်”ဟု နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးညွန့်မောင်က ဧပြီ ၂၇ ရက်တွင် ပြောကြားသည်။

ဘရူနိုင်းနိုင်ငံတွင် ဧပြီ ၂၄၊ ၂၅ ရက်က ပြုလုပ်သော အာဆီယံအ စည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်တို့ သီးသန့် တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုထပ်မံဖွင့်လှစ်ရန်သဘောတူညီမှုရခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ရေးသားခဲ့သည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်း၊ ထားဝယ်ခရိုင်တွင် ထီးစီးနယ်စပ်ကုန်သွယ်ရေးစခန်း ကရင်ပြည်နယ်တွင် ဘုရားသုံးဆူ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ပြီး ဘုရားသုံးဆူနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နယ်နိမိတ်တိုင်းတာမှု မပြီးသေးကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ် စပ်တစ်လျှောက်၌ တာချီလိတ်၊ မြ၀တီ၊ မြိတ်၊ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားပြီးဖြစ်သည်။

“နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်ဖို့အတွက် ကုန်သွယ်ရေးဂိတ်တွေ ထပ်ဖွင့်တာပါ။ လောလောဆယ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး
မှ သွင်းကုန်က များနေတယ်”ဟု ဦးညွန့်မောင်က ဆိုသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းလေးခုတွင် မြ၀တီဂိတ်သည်သာ ကုန်သွယ်မှုအများဆုံးဖြစ်ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၆၀ ကျော်ရှိကြောင်း နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နယ်စပ်ကုန် သွယ်ရေးစခန်း ၁၂ ခုရှိပြီး တရုတ် နယ်စပ်တွင် လေးခု၊ ထိုင်းနယ်စပ်တွင်လေးခု၊ အိန္ဒိယနယ်စပ် တွင် နှစ်
ခု၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် နှစ်ခုရှိကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။
7Day News Journal

ဘိုကလေးဈေးလမ်းတွင် မီးလန့်မှုဖြစ်ပွား

ရန်ကုန်၊ဧပြီ ၂၉။
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်မြို့နယ် ဘိုကလေးဈေးလမ်း ရှိ Sunflower စားသောက်ဆိုင်တွင်
မီးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ငါးကြော်တဲ့ ဒယ်အိုးကနေပြီး ဆီအပူလွန်ပြီး မီးတောက်သွားတယ်။ အဲ့ဒီကနေပြီး အညှော်ထုတ်တဲ့
မီးခိုးခေါင်းတိုင်ကို မီးကူးသွားတယ်။ အကြော်ဆရာက Fun ဖွင့် လိုက်ပြီး မီးသတ်ဆေးဘူးတွေနဲ့ ငြှိမ်းလိုက်တဲ့
အချိန်မှာ မီးငြိမ်းသွားတယ်။ ငါးမိနစ်လောက်ပဲ ကြာပါတယ်” ဟု မီးသတ်ဌာန မှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

ယခုနှစ်နွေရာသီ အပူချိန်မှာ ယခင်နှစ်များထက် ပိုမိုများပြားသဖြင့် ပြည်သူလူထု အနေဖြင့် မီးကို
သတိရှိကြရန်နှင့် မီးလောင်မှု ဖြစ်ပွားပါက ကျိတ်၍ငြိမ်းသတ်မှုများ မပြုလုပ်ရန်နှင့် မီးသတ်ဌာနသို့
အချိန်မီ အကြောင်းကြားကြရန် အဆိုပါ မီးသတ်တာဝန်ရှိသူက ထည့်သွင်းပြောကြားသည်။
ဆုဝေ
The Myanma Age

အီတလီညွန့်ပေါင်းအစိုးရသစ် ကျမ်းသစ္စာကျိန်ဆို

ရောမ၊ ဧပြီ ၂၈။
အီတလီညွန့်ပေါင်းအစိုးရသစ်သည် သမ္မအိမ်တော်တွင်ယနေ့ ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဌ အန်ရီကို လက်တာသည် ဆီလ်ဗီယို ဘာလူစ်ကိုနီ၏ လူထုလွတ်မြောက်ရေး ပါတီပါဝင်သောညွန့်ပေါင်းအစိုးရ အဖွဲ့၏ ထိပ်ပိုင်းဖြစ်သည့် ဝန်ကြီးချုပ်ဖြစ်လာသည်။

ယခုကျမ်းသစ္စာကျိန်ဆိုမှုကြောင့် နှစ်လကြာ အဆုံးမသတ်နိုင်သောနိုင်ငံရေးအရှုတ်အထွေးကြီးကို
ရှင်းလင်းပြီးဖြစ်သည်။

ယခုအခမ်းအနားနှင့်အနည်းငယ်သာကွာဝေးသည့် ဝန်ကြီးချုပ်ရုံးအပြင်ဘက်တွင် တာဝန်ကျရဲနှစ်ဦး သေနတ်ဖြင့် အပစ်ခံရရာ ဒဏ်ရာရရှိ သွားသည်။

သေနတ်တစ်ချက်သည် လည်ပင်းကိုထိသောကြောင့် ပြင်းထန်ပြီး ၎င်းကိစ္စအတွက်လူတစ်ဦး ကိုဖမ်းဆီးထားကြောင်း သိရသည်။

ယခုကဲ့သို့သော လက်ဝဲအုပ်စုနှင့် လက်ယာအုပ်စုများပေါင်းစပ်ဖွဲ့စည်းသော
ညွန့်ပေါင်းအဖွဲ့သည်မခန့်မှန်းနိုင်ကြောင်း မလွယ်သော ပူးတွဲလုပ် ဆောင်မှုဖြစ်နိုင်ကြောင်း
သတင်းထောက်များက ပြောကြားသည်။

မစ္စတာဘာလူစ်ကိုနီက ၎င်းသည် ဝန်ကြီးချုပ်မဖြစ်နိုင်ကြောင်းပြောကြားခဲ့သော်လည်း ပါတီဝင်များက
တွန်းအားပေးခဲ့ကြသည်။

ပြည်သူ့လွတ်မြောက်ရေးပါတိ အတွင်းရေးမှူးလည်းဖြစ် မစ္စတာဘာလူစ်ကိုနီ၏
အနီးစပ်ဆုံးနိုင်ငံရေးမဟာမိတ်ဖြစ်သူ အန်ဂျယ်လီနို အယ်ဖာနို သည် အစိုးရသစ်တွင် ဒုဝန်ကြီးချုပ်နှင့်
အတွင်းရေးဝန်ကြီးအဖြစ်ထမ်းဆောင်မည်ဖြစ်သည်။

အီတလီဘဏ် ဒါရိုက်တာဂျင်နရယ် ဖက်ဘရီဇီယိုသည် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသည်။

အမျိုးသမီးများလည်းခါတိုင်းထက်ပါဝင်လာပြီး ဥရောပကော်မရှင်နာ အန်မာ ဘိုနီနိုသည်
နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။

အီတလီတွင် ဖေဖော်ဝါရီလစတင်၍ မဲဆွယ်မှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်လာပြီး ၂၀၀၈ခုနှစ်
ကမ္ဘာ့စီးပွားရေးအကြပ်အတည်း ကြောင့် ဥရောပနိုင်ငံများအကြပ်အတည်းတွင်
ပထမဆုံးသားကောင်ဖြစ်ခဲ့သောကြောင့် လည်းစီးပွားရေးဆိုးဝါးနေပြီး ယခုအချိန်ထိ ဒုက္ခ ရောက်လျက်ရှိသည်။

သမ္မတ နာပိုလီတာနိုက အစိုးသည်လွှတ်တော်နှစ်ရပ်လုံး၏ အထောက်အပံ့ကို ရလိမ့်မည်ဖြစ်ကြောင်း စနေနေ့ကပြောကြားခဲ့သည်။

ဒုတိယသက်တမ်းအဖြစ်တာဝန်ထမ်းဆောင်သော သမ္မတ က အစိုးရသစ်သည် ပြုပြင်ပြောင်းလဲမှုကို
လုပ်ဆောင်ရန်ပျက်ကွက်ပါက နှုတ် ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းများလည်း ရှိသည်။
Ref:BBC
The Myanma Age

လက်ပံတောင်း အကြမ်းဖက်မှု ငါးလပြည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၉။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ သပိတ်စခန်းများအား အစိုးရ တာဝန်ရှိသူများမှ
အကြမ်းဖက်နှိမ်နင်းခဲ့မှု ငါးလပြည့်နှင့် လက်ရှိဖမ်းဆီးခံထားရသည့် ရန်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်မှ
ကိုအောင်စိုး အပါအဝင် ဒေသခံပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ဆူးလေဘုရားရှေ့တွင် လူ ၅၀
ခန့်မှ ဆိုင်ဘုတ်များကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်မှု တစ်ရပ် ပြုလုပ်ခဲ့ကြသည်။

တန်ဆောင်တိုင်လပြည့်ညတွင် လက်ပံတောင်းတောင် ဒေသအတွင်း အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ဒေသခံများ
အပါအဝင် ရဟန်းရှင်လူပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့
သောကြောင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး အစိုးရအနေဖြင့်
အသိအမှတ် အပြုသဖြင့်သာ ယခုကဲ့သို့  တောင်းဆိုနေ ရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့်
အကြမ်းဖက်မှုများကို ရပ်တန့်၍ ယခုလက်ရှိအချိန်တွင် ဖမ်းဆီး အရေးယူထားသည့် ပြည်သူများကို လွှတ်ပေးရန်
တောင်းဆို ရခြင်းဖြစ်ကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠုက ပြောကြားသည်။
The Myanma Age











ဟိုတယ်လုပ်ငန်းများ ပဋိဥာဉ်ချိုးဖောက်မှုကို ခရီးသွားလုပ်ငန်းရှင်များက နိုင်ငံတော်သမ္မတထံသို့စာတင်

ရန်ကုန်၊ ဧပြီ ၂၉။
ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များ နှစ်ဖက်ချုပ်ဆိုရသောစာချုပ်များတွင် ဟိုတယ်လုပ်ငန်းရှင်များဖက်မှ ပဋိဥာဉ်စာချုပ်များ ချိုးဖောက်နေမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ အခက်အခဲဖြစ်လျက်ရှိပြီး ထိုကိစ္စကို နိုင်ငံတော် သမ္မတထံ စာတင်လိုက်ပြီဖြစ်ကြောင်း Nature Dream ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဟိုတယ်တွေဖက်က ဟိုတယ်တစ်ခုကိုပေါ်လစီတစ်ခုနဲ့ ခရီးသွားလုပ်ငန်းရှင်တွေဖက်က စာချုပ်တွေချုပ်ပေးရတယ်။ ဒါပေမယ့် စာချုပ်တွေက တစ်ဖက်သတ် ဆွဲထားတဲ့ စာချုပ်တွေ ပြီးရင်လည်းစာချုပ်ပါ အချက်တွေကို သူတို့တွေဖက်က ချိုးဖောက်ကြတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတဆီကိုဖြေရှင်းပေးနိုင်ဖို့ စာတင် လိုက်တာပါ။” ဟု Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်ကပြောကြားသည်။

ဟိုတယ်များဖက်မှ ရှေ့ လများအတွက် ကြိုတင်ဘိုကင်မပေးခြင်း၊ ဘိုကင်ပေးပါကလည်း ပြန်မအမ်းသော
deposit ကိုချက်ချင်း (သို့) ရက်အနည်းငယ် အတွင်း ပေးဆောင်စေခြင်း၊ ဘိုကင်တင်ရာတွင် အခန်းတိုးပါက
လက်ခံပြီး၊ အခန်းလျှော့ပါက cancel fees ကောက်ခံခြင်း၊ ရက် ၉၀ (သို့) ရက် ၆၀ (သို့) ၄၅ရက်
အလိုကတည်းက cancellation ကောက်ခံခြင်း စသောအချက်များကို ပြုလုပ်နေသဖြင့် ခရီးသွားလုပ်ငန်းရှင်များမှာ နိုင်ငံခြားသား ဧည့်သည်များ တည်းခိုရန် ဟိုတယ်များနှင့် ချိတ်ဆက်ပေးရန်
အခက်အခဲများ ဖြစ်လျက်ရှိကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်းများဖက်မှ နိုင်ငံခြားသား ဧည့်သည်များအတွက် ဟိုတယ်ဘိုကင်ပေးချိန်တွင် ဟိုတယ်အခန်းခကို ဈေးတစ်မျိုးဖြင့်ပေးကာ နိုင်ငံခြားသားဧည့်သည်များ အမှန်တကယ်လာရောက်ချိန်တွင် ဈေးနှုန်းများ
တိုးကာတောင်းဆိုမှုများ ရှိပြီး ဈေးတိုးမပေးပါက အခန်းတွင်းသို့ ပေးမ၀င်ခြင်းတို့ကြောင့် နိုင်ငံခြားသား ဧည့်သည်များနှင့် မျက်နှာမပျက်စေရန် ခရီးသွားလုပ်ငန်းရှင်များမှ တိုး၍ကောက်ခံသော ငွေကြေးကို စိုက်ထုတ်ပေးနေရကြောင်းလည်း သိရသည်။

“အခုက နိုင်ငံခြားသားဧည့်သည်တွေက ဒီနိုင်ငံကိုလာဖို့ ဟိုတယ်အဆင်မပြေလို့ အရင်လို မလာတော့ဘူး။
အရင်ဒီအချိန်ဆိုရင် ဒီဇင်ဘာလအထိကိုTourတွေ ရက်ချိန်းပြည့်နေပြီ။ အခုဘိုကင် လုပ်တဲ့လူတွေ အရမ်းနည်းနေပြီ”ဟု ခရီးသွားလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟိုတယ်များအတွက် ချမှတ်ထားသော စည်းကမ်းချက်များရှိသော်လည်း ဟိုတယ်များမှာ ထိုပေါ်လစီကို မကျင့်သုံးဘဲ ဟိုတယ်တစ်ခုလျှင် ကိုယ်ပိုင်ပေါ်လစီတစ်ခုဖြင့် ကျင့်သုံးနေကြောင်း ၊ ၀န်ကြီးဌာနဖက်မှလည်း အရေးယူမှု အားနည်းကြောင်းနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနဖက်မှ ဟိုတယ်များအတွက် ကြယ်အဆင့် သတ်မှတ်ချက် တစ်ခုဆီအတွက်စာချုပ်စည်းကမ်း တစ်မျိုးဆီကို တစ်ပြေးညီ ထုတ်ပြန်ပေးစေလိုကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
ဆုဝေ
The Myanma Age

ရေခမ်းခြောက်မှု ၀ိုင်းဝန်း ကူညီသော်လည်း ဒေသခံများ ပူပန်ရဆဲဖြစ်

ကံမ၊ ဧပြီ ၂၉။
ယခုဧပြီလ အစောပိုင်းမှစ၍ မကွေးတိုင်း၊ ကံမမြို့နယ် အနီးရှိကျေးရွာများတွင် အပူရှိန်ကြောင့်
မြေဆီလွှာပျက်စီး ပြုန်းတီးမှု ဖြစ်ပွားခဲ့ကာ မြစ်ချောင်း အင်းအိုင်များတွင် ရေခမ်းခြောက်ပြီး
သောက်/သုံးရေပြတ်လတ်မှုများ ဖြစ်ပေါ်သဖြင့်အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းမှုများ
ဆောင်ရွက်နေကြသော်လည်း ပူပန်နေကြရဆဲဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

ကံမမြို့နယ်အတွင်း ရေပြတ်လတ်နေသော ကျေးရွာ(၁၁)ရွာရှိပြီး ပင်ကျ၊ ပြောင်ကျ၊ သစ်မယ်ဇလီ၊
သက်ကယ်မြောင် ကျေးရွာများတွင် အဆိုးရွားဆုံးဖြစ်ကြောင်း၊ လက်ရှိအဖွဲ့အစည်းအသီးသီးမှ
ရေလှူဒါန်းမှုများဆောင်ရွက်နေသော်လည်း နှစ်စဉ် ရေအရင်းအမြစ်ပြတ်တောက်မှုနှင့် အပူပိုင်းကာလ
နှစ်လတာ ကျန်ရှိနေသေးမှု တို့အတွက် စိုးရိမ်ထိတ်လန့်နေကြကြောင်း ကျေးရွာသားများက ပြောကြသည်။

“အရင်က လှည်းတွေနဲ့ ရေလှောင်ကန်တွေကနေ ရေသွားသယ်တယ်။ ချောင်းတွေက ပက်ကြားအက်ပြီး
ရေတွင်းလည်း တူးမရတော့ဘူး။ နွားတွေ ဗွက်ထဲမှာလဲပြီး ရေမရှိတော့သေတယ်”ဟု ပင်ကျကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးအောင်လင်းက ပြောကြားသည်။

ပင်ကျကျေးရွာတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော ကျောက်ပွက်ချောင်းရှိပြီး
ယခုနှစ်နွေရာသီတွင် ရေခမ်းခြောက်ခဲ့ကြောင်း စက်ရေတွင်းပေ(၅၀၀)ခန့်တူး လျှင်ရေရနိုင်ကြောင်း၊
ရွာသူ/သားများမှ မိုးရေကန်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းရာ ကံမမြို့ပေါ်ရှိ ကုန်သည်များမှ
ငွေကျပ်၂၇၀၀၀၀လာရောက် လှူဒါန်းကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“နောက်နှစ်တွေမှာ ဒီလိုမိုးခေါင်သွားရင်လို့ တွေးတောင် မတွေးရဲဘူး။ ရေကရှားမှာဘဲ။ ကန်ဆိုတာလည်း
မိုးရွာမှရေရမှာ။ အဲဒီအတွက်စက်ရေတွင်း လိုချင်တယ်။ တွင်းတူးဖို့ မတတ်နိုင်တဲ့အတွက်
အလှူရှင်တွေလိုအပ်တယ်။ ဖိတ်လည်းဖိတ်ခေါ်ပါတယ်”ဟု ကြူပင်ကျကျေးရွာမှ ဒေါ်ခင်လေးက ပြောကြားသည်။

ဧပြီလ(၂၈)ရက်နေ့တွင် ပြည်မြို့ မြန်မာမူစလင်များအဖွဲ့မှရေဂါလံ ၁၅၀၀နှစ်ခေါက်၊ ပြည်တက္ကသိုလ်
ဆရာမများအဖွဲ့မှ ရေဂါလံ ၁၀၀၀၊ ကံမမြို့နယ် အဖွဲ့အစည်း၊ ကံမမြို့(NLD)စသည
့်အဖွဲ့အစည်းများမှ ကုန်ကား၊ မီးသတ်ကား၊ ဆီဘောက်ဇာများဖြင့် ကျေးရွာငယ်လေးများသို့
ကိုယ်တိုင်သွားရောက်ကာ ရေလှူဒါန်းမှု များ ပြုလုပ်နေကြကြောင်းလည်း ၎င်းအဖွဲ့အစည်းများထံမှ သိရပါသည်။

မိုးရေကန်များဖြင့် ရေသိုလှောင်ပါက ရာသီဥတုပြောင်းလဲချိန် ကန်အက်ကွဲခြင်း၊ ရေခမ်းခြောက်ခြင်း၊
ဝမ်းနှင့် အခြားရောဂါများ ရေမှတဆင့် ကူးဆက်ဖြစ်ပွားနိုင်ခြင်းတို့ ဖြစ်နိုင်ကြောင်း၊
စက်ရေတွင်းတူး၍ တစ်ကောင်အား ရေမြုပ်ပန့်ကို တတ်ဆင်အသုံးပြုမည်ဆိုပါက(၁)နာရီ ရေ(၁၇၀၀)ဂါလံ
ရရှိမည်ဖြစ်ပြီး လိုအပ်သည့်အချိန် မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရေအလှူရှင်တစ်ဦးဖြစ်သူက
ပြာကြားသည်။
မောင်ရေခဲ
The Myanma Age

န၀င်းတာရိုးရှိ နေအိမ်များ မဖယ်ရှားလို

ice(4)29.4.2013
ပြည်၊ ဧပြီ ၂၉။
ဧပြီ၂၄ရက်နေ့ ရက်စွဲဖြင့် ဆည်မြောင်းဦးစီးဌာန မြို့မစာအမှတ်-၀၆၀ /စတ (န၀င်းတာ)ရုံးအမိန့်ဖြင့်
န၀င်းတာရိုးရှိနေအိမ်များ ရေဘေးအန္တရာယ်ရှိပါ သဖြင့်မေလ၃၀ရက် နောက်ဆုံးထား ဖယ်ရှားပေးရန်
အကြောင်းကြားလာသဖြင့် ကာယကံရှင်များမှ မဖယ်ရှားလိုကြောင်း ပြောကြားသည်။

“စာဝေတဲ့ လူကပြောပြီးပေး။ ပြီးတော့ ပြေးတော့တာဘဲ။ စိတ်မကောင်းလို့တဲ့။ ကလေးတွေလက်ထဲကို
ထည့်ပေးခဲ့တာ လူကြီးတွေတောင် မသိလိုက်ဘူး။ စာကလည်း ဘာတံဆိပ်တုံးမှ မပါဘူး”ဟု ယင်းစာရရှိသူ
မခင်မာချိုက ပြောကြားသည်။

ယင်းစာတွင် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ(မြို့မ) ဦးသိန်းထွန်းဦး၏ လက်မှတ်ထိုးဖြင့် ကျူးကျော်တဲအိမ်များ ဖယ်ရှားပေးရန် ပါရှိပြီး တားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဆည်မြောင်းတာတမံ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အကြောင်းကြားလိုက်သည် ဟူ၍  ပါရှိသည်။

“မိသားစုနဲ့ဆိုတော့ ဘုန်းကြီးကျောင်းသွားနေလို့လည်း မဖြစ်ဘူး။ အိမ်ငှားနေဖို့လည်း ပိုက်ဆံမရှိဘူး။ တစ်နေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းကြိုးစားရတာ။ ဆိုက္ကားလိုင်စင်တောင် မလဲနိုင်သေးဘူး”ဟု န၀င်းတာ အတွင်းခြမ်းတွင် နေထိုင်သူ ကိုခင်ဇ်ာဝင်းက ပြောကြားသည်။

“ဒီနှစ်ရေတက်မဲ့နှစ်လေ။ ဖယ်ခိုင်းတာမဟုတ်သေးဘူး ရွှေ့ခိုင်းတာ။ ဆည်မြောင်းဥပဒေအရ ပေ(၅၀)မလွတ်တဲ့အိမ်တွေကို ရွှေ့ခိုင်းတာ။ မြို့ပေါ်ကတော့ သဘောလောက် ဆုတ်လိုက်ရင် ကောင်းမယ်။
ရွာဖက်ကိုတော့ တိတိကျကျလုပ်မယ်လို့ပြောတယ်”ဟု န၀င်းနယ်မြေ ဥက္ကဌဦးနေလင်းက ပြောကြားသည်။

လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ယ်ရှားမှုများတွင် ပြည်သူ့ရဲ၊ မြို့တော်စည်ပင်၊ မြို့နယ်မြေစာရင်း၊ ရက်ကွက်ကောင်စီရုံး တံဆိပ်တုံးများပါ တရားဝင်စာထုတ် ၍ ပြောင်းရွှေ့ခိုင်းပြီး မြေနေရာအစားထိုးပေးခြင်း၊ နစ်နာကြေး အိမ်တန်ဖိုး ငွေပေးလျော်ခြင်း၊ ပြောင်းရွှေ့ပစ္စည်းသယ်ယူမှုအတွက် အစီအစဉ်များ ပြုလုပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ၎င်းတို့ကရှင်းကြသည်။

“ကျွန်တော်တို့ စရောက်တုန်းက တာရိုးဘေးမှာ ခြုံတွေနဲ့ဗျာ။ ကျူပင်တွေဆိုမော့ကြည့်ရတယ်။ ခြုံတွေကို
နှစ်တိုင်းရှင်းပြီးနေလာခဲ့တာ။ အခုတော့တော်တော်ကြီးကို သာယာနေပြီ။ ဒီထက်ကောင်းတဲ့ နေရာပေးလည်း
မပြောင်းချင်တော့ဘူး။ အားလုံးကလည်း မိသားစုလိုဖြစ်နေပြီ”ဟု ကိုစိုးသန်းက ပြောကြားသည်။

အမှိုက်နှင့် အညစ်အကြေးများ စွန့်ပစ်ခြင်း၊ နွားလှည်း၊ ကားများမောင်းနှင်ခြင်းကို တာရိုးမိသားစုများက တားမြစ်ထားကြောင်း၊ န၀င်းတာဘောင်၏ လုံခြုံရေးအတွက် တာရိုးမိသားစုများက အလှည့်ကျနေ့ရောညပါလိုက်လံ စစ်ဆေးကြောင်း၊ ယခုတာမှာမြေသား တမံအမျိုးအစားဖြစ်ပြီး ၀ါဆိုလအတွင်း အချို့နေရာများ ၌ နှစ်ပေခန့် ရေရောက်ရှိတတ်ပြီး ရေဘေးအန္တရာယ်အတွက် စိုးရိမ်စရာမရှိကြောင်း ၎င်းတို့က ဆက်လက် ပြောကြသည်။

ဆည်မြောင်းရုံးအမိန့် ထုတ်ပြန်မှုကြောင့် န၀င်းတာရိုးရှိ မိသားစု(၅၀၀)ကျော် လူဦးရေ(၁၅၀၀)ခန့်
အိုးမဲ့အိမ်မဲ့ဖြစ်မှုများ ပေါ်ပေါက်နိုင်သည့်အတွက် တာရိုးမိသားစု ၀င်များမှ မည်သူမျှပြောင်းရွှေ့မည်မဟုတ်ကြောင်းနှင့် ယခုအကြိမ်ပြောင်းရွှေ့ခိုင်းမှုမှာ နှစ်ပေါင်းသုံးဆယ်အတွင်း တတိယ အကြိမ်မြောက်ဖြစ်ကြောင်း ကိုဝင်းဇော်ထွေးက ပြောကြားသည်။
မောင်ရေခဲ(ပြည်)
The Myanma Age

န၀ဒေးတံတားအနီး လူသတ်မှုအား ပြည်မြို့ခံလူထု၏ သဘောထား

ရန်ကုန် ဧပြီလ၂၈ရက်
ဧပြီလ၂၈ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ သစ်ဆိပ်ပင်ကျေးရွာမှ ကျေးရွာသား သုံးဦးအား
ပြည်မြို့ န၀ဒေးတံတားအနီး လူသတ်မှု ဖြစ်စဉ် ကာလ ဖြတ်သန်းသွားလာ ခဲ့သည်ဟု ထင်မြင်ယူဆသဖြင့်
ခေါ်ယူစစ်ဆေးပြီး နောက်နံနက်ရှစ်နာရီခန့်တွင် ပြန်လွှတ်လိုက်ပြီး ယခုလက်ရှိ အမှုကို စစ်စုံစမ်းရေးအဖွဲ့မှ
စစ်ဆေးနေပြီဖြစ်ကြောင်း မြို့မရဲစခန်းစခန်းမှူး ဦးဝင်းခိုင်၏ ပြောကြားချက်အရ သိရသည်။

“ကျူးလွန်သူဟု ယူဆရသူတွေဟာ တပ်မတော်သားတွေ ဖြစ်နေတာကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးကို သာမက နိုင်ငံတကာ ငြိမ်းချမ်းရေးကိုပါ ထိခိုက် စေနိုင်တယ်။ အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ဖို့ လုပ်ရမယ်။ ဒါမှလူထုဘ၀ လုံခြုံမှုရပြီး နစ်နာသူတွေကိုလည်း ပြန်လည်ကုစားနိုင်မယ်”ဟု ကိုဇော်ထွန်း(HRTP) လူ့အခွင့် အရေး မြှင့်တင်သူများကွန်ယက် ပဲခူးတိုင်းဒေသကြီး တာဝန်ခံက ပြောကြားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၀၂)တွင် ပြစ်မှုကျူးလွန်သူ မည်သူမဆိုဟု ပါရှိကြောင်း၊ ၎င်းအမှုကို
အရပ်ဖက်တရားရုံးသို့ လွှဲပြောင်းပေးပါက အမှန်တရားပေါ်ပေါက်ရေး အတွက် အစိုးရရှေ့နေနှင့်တွဲ၍
တရားလိုဖက်မှ ဦးမြင့်အေးက မေတ္တာဖြင့်လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

“စစ်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကစစ်မှာ။ အများမြင်သာတဲ့ တရားရုံးမှာ စစ်မှာမဟုတ်ဘူး။
ဒီကောင်တွေ သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းနေတယ်ကြားတယ်။ မဟုတ်ဘူးဆိုပြီး သံသယရှိတဲ့လူတွေကို လွှတ်ပစ်မှာစိုးရိမ်မိတယ်။ ပြီးတော့တပ်ပြောင်း ပစ်လိမ့်မယ်”ဟု ရှေ့နေ များကွန်ယက်မှ ဦးမြင့်အေးက ၎င်း၏ထင်မြင်ချက်ကို ပြောကြားသည်။

ဧပြီလ၂၅ရက်နေ့ ကိုဇော်မင်းဦး၏ ဇာပနအခမ်းအနား၌ ပြည်မြို့ခံလူထုမှ “အမှန်တရားကို
ဖော်ထုတ်ပေးပါ”ဟု ပါရှိသော စာရွက်များ ကိုင်ဆောင် ၍ တောင်းဆိုခဲ့ကြောင်း၊ ဧပြီ(၂၆)ရက်နေ့က
ပြည်ခရိုင်ရှေ့နေများကွန်ယက်မှ အချက်(၇)ချက်ပါ ကြေငြာချက်၊ ပြည်မြို့ဘာသာရေး
အထိကရိုဏ်းဆန့်ကျင် တားဆီးရေးကွန်ယက်မှ အချက်(၅)ချက်ပါ ကြေငြာချက်များ
အသီးသီးထုတ်ပြန်ကြေငြာခဲ့ကြောင်း ပြည်မြို့သူ/သားများထံမှ သိရသည်။
မောင်ရေခဲ(ပြည်)
The Myanma Age

ဝါးရင်းတုတ်မနဲ့ချမှရမှာ


FB-Love Knot

အခန်းပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

TH29.4.13(1)
ရန်ကုန်၊ ဧပြီ ၂၉။
အမှတ် ၆၇၂/၆၈၀၊ ကုန်သည်လမ်းနှင့် ၂၈ လမ်းထိပ်တွင် နေထိုင်ကြသော မိသားစုများမှ
အခန်းပြန်လည်ရရှိရေး ဆန္ဒထုတ်ဖေါ်မှုကို ယနေ့နံနက် (၉း၀၀) နာရီတွင် ယင်းနေရာ၌ ပြုလုပ်သည်။

“ ဒီအဆောက်အအုံက အရင်တုန်းက နှစ်ထပ်တိုက်ပါ။ အန်တီတို့က မြေညီထပ်မှာ နေထိုင်ကြတာ၊ အခန်း ၅
ခန်းရှိတယ်။ မိသားစုက ၄ စုရှိတယ်။ အပေါ်ထပ်မှာက အ.မ.က (၁) ပန်းဘဲတန်း ကျောင်းရှိတယ်။
၂၀၀၉ခုနှစ် နိုဝင်ဘာ ၂၈ရက်မှာ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် မြို့တော်စည်ပင်က သတ်မှတ်ခဲ့ပြီးတော့၂၀၁၀ မတ်လ ၂၁ရက်မှာ အခန်းကနေဖယ်ပြီး အခန်းသော့တွေကို အိုးအိမ်ကို အပ်ခဲ့ရတယ်။ ဘာအခွင့်အရေးမှမရပါဘူး။ အန်တီတို့နေတဲ့ မြေညီထပ်က ပြည်သူပိုင် အခန်းတွေဆိုတော့ အိုးအိမ်ကို အခန်းလခတွေ သွင်းရပါတယ်။

အန်တီတို့ ဖက်ကလည်း (Up to Date) အခန်းခတွေ ပေးသွင်းထားတာပါ။ အခန်းချထားပေးတဲ့
စာရွက်စာတမ်း အထောက်အထားတွေလည်း ရှိပါတယ်။ အန်တီတို့က သူများနေရာ ကျူးကျော်နေ ထိုင်ကြတာ မဟုတ်ပါဘူး။ အခု (၃)နှစ်ကျော်လာပြီ။ အဆောက်အအုံကို လည်း ပြန်ဆောက်နေကြပါပြီ။ ဒါပေမယ့်မြေညီထပ်မှာ နေထိုင်ခဲ့ကြတဲ့ မူလနေထိုင်သူ အန်တီတို့ကိုတော့ ဘာမှအသိပေးတာ မရှိဘူး။ အကြောင်းကြားတာမရှိဘူး။ သက်ဆိုင်ရာ ပညာရေး ၀န်ကြီးဌာနကို အကြိမ်ကြိမ် စာတင်တာလည်း အကြောင်း မပြန်ဘူး။

အဲ့ဒါကြောင့် အန်တီတို့ဘက်က ဆန္ဒဖေါ်ထုတ်ကြတာပါ။ အန်တီတို့ ဆန္ဒကတော့ ကိုယ့်အခန်း ကိုယ် ပြန်ရဖို့ပါပဲ။ ကိုယ့်အခန်းကို ပြန်လိုချင်ပါတယ်” ဟု အခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်သိန်း သိန်းက ပြောကြားသည်။

အဆိုပါ ဆန္ဒပြသူများသည် နိုင်ငံသားအခွင့်အရေး ချိုးဖောက်ခံနေကြရသည်ဟု ထင်မြင်မိကြကြောင်း၊ ယခုကဲ့သို့ဆန္ဒပြမှုအား သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ အရေးတယူပြုလုပ်ခြင်း မရှိပါက  ဆက်လက်
ဆန္ဒပြသွားကြမည်ဖြစ်ကြောင်း ယင်းဆန္ဒပြသူများက ပြောကြသည်။

မိမိကိုယ်ပိုင်အခန်းများ ပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖေါ်ရာတွင် အခန်းပြန်လည်ရရှိရေး ဒို့အရေး၊
နိုင်ငံသား နစ်နာမှု အရေးယူပေး၊ အဆောက်အအုံ ဆောက်လုပ်နေမှုရပ်တန့်ပေးစသည့် ကြွေးကြော်သံများ
ကြွေးကြော်ကြပြီး လူဦးရေ ၂၀ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်။
သီဟ
The Myanma Age

ငါကိုက လျှာရှည်တာ



The Hot News

ဒီမိုကရေစီလူ့အဖွဲ့ အစည်းဝန်ကြီးအဆင့်ဆိုင်ရာညီလာခံ ဒေါ်အောင်ဆန်းစု ကြည်တက်ရောက်မည်

 မွန်ဂိုလီးယား- မွန်ဂိုလီယားကိုရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က အူလန်ဘာတောမြို့ တော်တွင်ကျင်းပမည့် သတ္တမအကြိမ်မြောက် ဒီမိုကရေစီလူ့အဖွဲ့အစည်းဝန်ကြီးအဆင့်ဆိုင်ရာ ညီလာခံကိုတက်ရောက်ရန်ပြင်ဆင်နေကြောင်း မွန်ဂိုလီယား သတင်းမီဒီယာတွေက သတင်းရေးသားကြပါသည်.

သတ္တမအကြိမ်မြောက် ဒီမိုကရေစီလူအဖွဲ့ အစည်းဝန်ကြီးအဆင့်ဆိုင်ရာညီလာခံအတွက်နိုင်ငံပေါင်း ၁၃၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးများနှင့် အဖွဲ့ အစည်း ၂၀ကျော်မှ ကိုယ်စားလှယ်များကို မွန်ဂိုလီယားအစိုးရက ဖိတ်ကြားထားသည်။

ထို့ အပြင်ဒေါ်အောင်ဆန်းစုကြည်က မွန်ဂိုလီယားနိုင်ငံ၏ နာမည်ကျော်သထ္ထုတွင်းလုပ်ငန်းများကိုလည်း သွားရောက်လေ့လာမည်ဟုသိရှိရသည်။
ထားထားမြင့်
7Day News Journal

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ရွှေပေလွှာပုံရိပ်များ

Monday, 29 April 2013
မွန်ဂိုလီးယားနိုင်ငံရောက်“ဒီမိုကရေစီ လူမှုအဖွဲ့အစည်း ညီလာခံ”မှ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ရွှေပေလွှာပုံရိပ်များ
Tun Wai







နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဧပြီ ၂၉ ရက်တွင် ထိုင်းနိုင်ငံဘန်ကောက် မြို့၌ ကျင်းပသည့် ကုလသမဂ္ဂကကြီးမှူးကျင်းပသည့် ဒေသဆိုင်ရာဖွံ့ဖြိုးရေး မူဝါဒဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးရိုက်ခတ်မှုများနှင့်သဘာဝဘေးအန္တရာယ်များ၏ခြိမ်းခြောက်မှုများအပေါ် တုံ့ပြန်နိုင်မည့်နည်းလမ်းများ ရှာဖွေရန်နှင့် အားလုံးပါဝင်ပြီး ရေရှည်ဖွံ့ဖြိုးမှုကို အရှိန်မြှင့်လုပ်ဆောင်နိုင်ရန်အတွက်ဆွေးနွေးမှုများ လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂအာရှ-ပစိဖိတ်ဒေသဆိုင်ရာစီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) ၏ (၆၉) ကြိမ်မြောက်ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ အစိုးရထိပ်တန်းအရာရှိကြီးများတက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီ ၃၀ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ကျင်းပမည်ဖြစ်ရာ မြန်မာ့ရုပ်မြင် သံကြားမှ အဆိုပါ အခမ်းအနားကျင်းပပုံများကို တိုက်ရိုက်ထုတ်လွှင့်ပြ သမည်ဖြစ်ကြောင်း သိရသည်။
အမေ့အိမ်, Eleven Media Group

မိတ္ထီလာ ပုဒ်မ ၁၄၄ အား ယခုလကုန် ရုပ်သိမ်းမည် လှုံ့ဆော်သူအချို့ ဖမ်းဆီးရန်ကျန်ရှိ

Monday, 29 April 2013
မိတ္ထီလာမြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ယခုလကုန်တွင် ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးမှ ဥပဒေရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ပြောသည်။

ထို့ပြင် မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်အတွင်း လှုံ့ဆော်ရန် ပါဝင်ခဲ့သူ အချို့ကို လည်း ဖမ်းဆီးရန် ကျန်ရှိနေကြောင်း မန္တလေးတိုင်း ဒေသကြီးနယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

မိတ္ထီလာဈေးကြီးရှိ နယူးဝိန့်စိန်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှစ၍ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးလုပ်ဆောင်မှုများကြောင့် သက်ဆိုင်ရာက မတ် ၂၀ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန် ထိန်းသိမ်းခဲ့ရပြီး လက်ရှိတွင် အချိန်တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဥပဒေ ရေးရာဝန်ကြီး ဦးရဲအောင်မြင့်က ''လက်ရှိမှာ တည်ငြိမ်အေးချမ်းမှုတွေ အပြည့်အ၀ ရရှိလာပြီ ဖြစ်ပါတယ်။ ပုဒ်မ ၁၄၄ ကို မေလအတွင်း ရုပ်သိမ်းသွားမှာ ဖြစ်ပေမယ့် ညမထွက်ရ အမိန့်ကိုတော့ ဆက်ထားသွားမှာပါ'' ဟု ဆိုသည်။

ထိုသို့ ၂၀၁၃ ခုနှစ်၊ မတ် ၂၀ ရက် ဖွဲ့စည်းခဲ့သော စုံစမ်းရေး ကော်မရှင်၏နှစ်ပတ်ကျော်ကြာ စစ်ဆေးချက်များအရ ပြည်တွင်းအဖွဲ့အစည်း အချို့မှ ဤဖြစ်စဉ်ကို ဖန်တီးခဲ့သည်ဟု ယူဆနေကြပြီး လက်ရှိအချိန်ထိ ၎င်းအဖွဲ့အစည်းတွင် ပါဝင်သူဟု ယူဆသူ ဦးရေ ၅၀ နီးပါးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ကွင်းဆက်တွေတော့ ကျန်သေးတယ်။ အဲဒီအတွက်ကြောင့် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင် နေပါတယ်။ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာတော့ ဖမ်းဆီးမှုတွေ အလုံးစုံ ပြီးသွားရင်တော့ အသိပေးသွားမှာပါ'' ဟု မန္တလေးတိုင်း ဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်အပင်ခံ တစ်ဦးကမူ မိတ္ထီလာပဋိပက္ခဖြစ်စဉ်တွင် ဗကသသြဇာခံများ ပါဝင်လှုံဆော်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်းပြည်တွင်းမီဒီယာတစ်ခုမှ ဖော်ပြခဲ့သည်။

လူမျိုးရေး အသွင်ဆောင် မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်မှာ သုံးရက်သာ ကြာမြင့်ခဲ့သော်လည်း သေဆုံးသူ ၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံရသော အိမ်အလုံးရေ ၁၆၀၀ နီးပါး၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးခဲ့ပြီး ဒုက္ခသည်ဦးရေ ၁၀၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
အမေ့အိမ်, eleven media group

ရန်ကုန်မြစ်အတွင်း ကားတင်သင်္ဘောနှင့် မြန်အောင်သင်္ဘောတို့ တိုက်မိ

Monday, 29 April 2013
ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း Malacca Highway ကားတင်သင်္ဘောနှင့် မြန်မာ့ရေနံ ဓာတုဗေဒ လုပ်ငန်းပိုင် မြန်အောင် သင်္ဘောတို့ အချင်းချင်းတိုက်မိပြီး မြန်အောင်သင်္ဘောမှာ လုံးဝနစ်မြုပ် သွားခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင် သင်္ဘောသည် စက်သုံးဆီများအား မော်လမြိုင် ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဧပြီ ၂၈ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မှော်ဝန်းမီးပြဗော်ယာသို့ ကွေ့လာချိန်တွင် သီလ၀ါ MIPL ဆိပ်ကမ်း၌ မော်တော်ကားများချပြီး ရန်ကုန်မြစ်ဝသို့ ပြန်လည်ထွက်ခွာလာသော Malacca Highway သင်္ဘော၏ ဦးပိုင်းနှင့် မြန်အောင် သင်္ဘော၏ ၀ဲဘက်အလယ်ပိုင်းတို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုက်မိခဲ့ခြင်းကြောင့် မြန်အောင်သင်္ဘောမှာ တစ်ဖက်သို့ တိမ်းစောင်းခဲ့ကာ ရေများဝင်ရောက်၍ မျောပါသွားခဲ့ပြီး Chokey shoal အရှေ့သောင်ပြင် (သီလ၀ါဆိပ်ကမ်း အနီးတွင်) လုံးဝနစ်မြုပ်သွားခဲ့ခြင်း
ဖြစ်သည်။

နစ်မြုပ်ခဲ့သည့် မြန်အောင် ရေယာဉ်တွင် သင်္ဘောသား ၁၇ ဦး ပါဝင်ပြီး၊ ယင်းသင်္ဘောသားများအား တပ်မတော်(ရေ)မှစစ်သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရေယာဉ်တို့မှ အသီးသီး ကယ်တင်နိုင်ခဲ့သဖြင့် ထိခိုက်သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ရေနံ ဓာတုလုပ်ငန်းပိုင် မြန်အောင် ရေနံတင်သင်္ဘောအား ရေယာဉ်မှူး ဦးစံတင်မောင်းနှင်ခဲ့ပြီး၊ Malacca Highway သင်္ဘောအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးကြီး ဦးမြတ်စိုး(Pilot 39)တို့ အသီးသီး မောင်းနှင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ မြန်အောင်ရေနံတင် သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းရင်းအား ရေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှူးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အခြားတာဝန်ရှိ အဖွဲ့အစည်း အသီးသီး ပါဝင်သောအထူး စုံစမ်းစစ်ဆေးရေးခုံရုံး အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်က ပြောကြားခဲ့သည်။

''သင်္ဘောတိုက်မိခဲ့ပြီးချိန်မှာပဲ တပ်မတော်(ရေ)နဲ့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ရေယာဉ်တွေက ချက်ချင်းကယ်တင်နိုင်ခဲ့လို့ လူအသေ အပျောက်မရှိဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သင်္ဘောလုံးဝ နစ်မြုပ်သွားတဲ့ နေရာက သင်္ဘောတွေ သွားလာနေတဲ့ ရေလမ်းကြောင်းနဲ့လည်း လွတ်ကင်းမှုရှိလို့ သင်္ဘောတွေ သွားလာမှုကို ထိခိုက်မှုမရှိပါဘူး။ ရေနံတင် သင်္ဘောကလည်း စက်သုံးဆီတွေကို မော်လမြိုင်ဆိပ်ကမ်းမှာ ချထားခဲ့ပြီးဖြစ် တဲ့အတွက် မြစ်ရေပြင်ညစ်ညမ်းမှု ဖြစ်စဉ်အတွက် စိုးရိမ်စရာမရှိပါဘူး။ အခုဖြစ်စဉ်ကို အထူးစုံစမ်းစစ်ဆေး ရေးခုံရုံးဖွဲ့ပြီး စစ်ဆေးသွားမှာပါ'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်း မောင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်မြစ်ကြောင်းအတွင်း မြန်အောင်သင်္ဘော နစ်မြုပ်ခဲ့သည့်နေရာ၌ အချက်ပြ မီးဗော်ယာတစ်လုံးချထားပြီး ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောသည် အလျား ၆၃ ဒသမ ၅ မီတာ၊ အနံ ၁၃ မီတာ၊ ရေစူး ၃ မီတာနှင့် တန်ချိန် ၁၁၂၅ တန်ရှိပြီး၊ Malacca Highway သင်္ဘောမှာ တန်ချိန် ၁၇၀၀၀ ရှိကြောင်း သိရသည်။

Malacca Highway သင်္ဘောအား လက်ရှိတွင် ထွက်ခွာခွင့်မပြုဘဲ ရန်ကုန်မြစ်အတွင်း ကျောက်ချရပ်နားထားကြောင်း သတင်းရရှိပါသည်။ နစ်မြုပ်ခဲ့သည့် မြန်အောင် သင်္ဘောအား မြန်မာ့ရေန ဓာတုလုပ်ငန်းမှ အမြန်ဆုံးပြန် လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်းလည်း သတင်း ရရှိပါသည်။
eleven media group

မြန်မာ့အလင်းသတင်းစာတိုက်အနီးရှိနေအိမ် တစ်လုံးမီးလောင်



ရန်ကုန်၊ ဧပြီ ၂၉။
ယနေ့နံနက် ၇နာရီခန့်၌ ရန်ကုန်မြို့၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း၊ မြန်မာ့အလင်း သတင်းစာတိုက် နောက်ကျော နှစ်အိမ်ကျော်ရှိ ဆေးရုံသုံးပစ္စည်း ပြုပြင်ရောင်းဝယ်ရေး ပြုလုပ်သော နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။

“ဗဟန်းမှာက မီးသတ်စခန်းတော့ မရှိဘူး။ မီးညွန့် တက်နေတာ မြင်တာနဲ့ တာမွေမီးသတ်စခန်းကို
ချက်ချင်းလှမ်း အကြောင်းကြား လိုက်တယ်”ဟု ဗဟန်းမြို့နယ် အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက
ပြောကြားသည်။

အိမ်အမှတ် ၅၄၊ ကိုယ့်မင်း ကိုယ့်ချင်းလမ်း RC ၂ထပ်တိုက် အမျိုးအစားဖြစ်ကာ နေအိမ်အပေါ်ထပ်ရှိ
တရုတ်ရိုးရာ အမွှေးတိုင် ထွန်းညှိသောနေရာမှ မီးစတင် လောင်ခြင်းဖြစ်ပြီး မီးသတ်စခန်းသို့ ချက်ချင်း အကူအညီ တောင်းခံ နိုင်ခဲ့ခြင်းဖြစ်ကြောင်း နေအိမ်ပိုင်ရှင်ဖြစ်သူ ကိုဥာဏ်ဖြူဝင်းက ပြောကြားသည်။

အဆိုပါမီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ် ၇စီး၊ အထောက်အကူပြုယာဉ် ၂စီးအပါအဝင် မီးသတ်ကား ၄၂စီးဖြင့် လာရောက်ငြိမ်းသတ်ခြင်းဖြစ်ပြီး ချက်ခြင်း မီးငြိမ်း သတ်နိုင်ခဲ့သောကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းတန်ဖိုး
သိန်း၂၀ခန့် ဆုံးရှုံးသွားကြောင်း တာမွေအရံမီးသတ် တပ်ဖွဲ့အရာရှိတစ်ဦးထံမှ သိရသည်။
AT
FB- The Myanmar Age

ဗင်နီဇွဲလားသမ္မတ မဒူရို ကျူးဘားနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဟု ပြောကြား

ဟာဗားနား၊ ဧပြီ-၂၈။
ဗင်နီဇွဲလားသမ္မတမဒူရိုသည် သမ္မတသက်တမ်းပထမဆုံးခရီးစဉ်အဖြစ် ကျူးဘားနိုင်ငံသို့ရောက်ရှိပြီး စနေနေ့က လုပ်ငန်း၅၁ ခုကို နှစ်နိုင်ငံ လက်တွဲလုပ်ဆောင်မည့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

သမ္မတမဒူရိုက ယခုနှစ်တွင် လူမှုဘဝတိုးတက်ရေး အတွက် အမေရိကန်ဒေါ်လာ နှစ် ဘီလျံကို
နှစ်နိုင်ငံအတူတကွသုံးစွဲမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပြီး ၎င်းငွေကို လုပ်ငန်း ၅၁ ခုအတွက် သုံးရန် သို့မဟုတ် အခြားလုပ်ငန်းများအတွက်သုံးရန်ရည်ရွယ်မရွယ်ဆိုသည့် အချက်ကို မရှင်းလင်း ပေ။

ယခုလာရောက်လည်ပတ်မှုသည် မဟာမိတ်ဟောင်း ဟူဂိုချားဗက်ကွယ်လွန်ပြီးနောက် ကျူးဘားအနေနှင့် ၎င်းတို့၏ အကြီးဆုံးမဟာမိတ်နှင့် စီးပွားဖက်ဖြစ်သည့် ရေနံကြွယ်ဝသည့် နိုင်ငံ ဗင်နီဇွဲလားနှင့် ဆက်ဆံရေးအပေါ်စိုးရိမ်မှုများရှိနေခြင်းကို သက်သာစေခြင်းဖြစ်သည်။ ဗင်နီဇွဲ လားမှ ဆီများနှင့် ငွေများသည် ကျူးဘားနိုင်ငံ၏ စီးပွားရေးအကြပ်အတည်းကို သက်သာစေပြီး နှစ်နိုင်ငံအစိုးရသည် နှစ်ဦးသဘောတူလုပ် ကိုင်သောလုပ်ငန်း ၃၀ ခန့်ရှိပြီး အများစုသည် ဗင်နီဇွဲလားတွင် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒီကိုလာရောက်တာဟာ ကျူးဘားပြည်သူတွေ၊ ဗင်နီဇွဲလားပြည်သူတွေနဲ့ လက်တင်အမေရိကက ပြည်သူတွေအကုန်လုံးဟာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာပြောဖို့ဖြစ်တယ်၊ အချိန်အကန့်အသတ်မရှိတဲ့ မဟာဗျူဟာကျ သမိုင်းဝင်မဟာမိတ်ဖြစ်မှုကို တရားဝင်ဖြစ် အောင်လာတာဖြစ်တယ်၊ အဲဒါဟာ မဟာမိတ်ဆိုတာထက် ညီနောင်သားချင်း သဘောပိုဆန်ပါတယ်” ဟု ဟာဗာနာမြို့၊ ကွန်ဗင်းရှင်းစင်တာ တွင် ကျင်းပသော
သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတွင် သမ္မတ မဒူရိုက ပြောကြားခဲ့သည်။

မကြာသေးမီက ရွေးကောက်ခံရသော သမ္မတမဒူရိုက ၎င်းသည် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်ကယ်စထရိုနှင့် ငါးနာရီကြာတွေ့ဆုံခဲ့ ကြောင်း၊ သမ္မတဟောင်းချက်ဗက်စ်ကို သတိရကြောင်း၊ ၎င်းခေါင်းဆောင်နှစ်ဦး၏ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ခဲ့ပုံကို အမှတ်ရကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

မစ္စတာမဒူရိုသည် ဧပြီ ၁၄ ရွေးကောက်ပွဲတွင် ပွတ်ကာသီကာအနိုင်ရကာ ကွယ်လွန်သူ သမ္မတဟောင်း
ချက်ဗက်နေရာတွင် ဆက်ခံနိုင်ခဲ့ ကြောင်း သိရသည်။

အတိုက်အခံသေမ္မတလောင်းက ကျူးဘားနှင့် ပတ်သက်သော ဆက်ဆံရေးအပေါ် ဗင်နီဇွဲလား ရင်ဆိုင်နေရသော စီးပွားရေးအခက်အခဲနှင့် နိုင်ငံရေးအချက်အလက်များနှင့် ချိန်ဆပြီး ပြစ်တင်ပြောကြားမှုများရှိခဲ့သောကြောင့် ကျူးဘားနိုင်ငံသားများသည် ၎င်းတို့၏ စီးပွားရေး အတွက် စိုးရိမ်မှုများရှိခဲ့သည်။

ကျူးဘားနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံမှ တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၁၀၀၀၀ကို ငွေကြေးနှင့်
ဗင်နီဇွဲလားနိုင်ငံအတွင်း ဆေးဖက်ဆိုင်ရာ ဝန်ထမ်း အပါအဝင် ကျူးဘား၄၄၀၀၀တို့၏ လုပ်အားဖြင့်
လဲလှယ်ကြောင်း သိရသည်။

၂၀၀၀ပြည့်နှစ်တွင် နှစ်နိုင်ငံသည် အစိုးရချင်းတွေ့ဆုံပြီးကျမ်းမာရေး၊ ပညာရေး၊ယဉ်ကျေးမှုနှင့်
စီးပွားရေးနယ်ပယ်အပါအဝင် နယ်ပယ်များစွာ ရှိ လုပ်ငန်းများစွာအတွက် နှစ်စဉ်ဆွေးနွေးသည့်
အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။

သဘောတူစာချုပ်လက်မှတ်ထိုးပွဲတွင် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုက လုပ်ငန်း ၅၁ခုအပြင် တိုးတက်ရေးနှင့် နောင်လာမည့် ငါးနှစ်အတွက် နှစ်နိုင်ငံစီးပွားရေးပရိုဂရမ်အတွက် နားလည်မှုသဝဏ်လွှာကိုလည်း သဘောတူညီခဲ့ကြကြောင်းပြောကြားခဲ့သည်။
Ref:Reuters
The Myanma Age

မန္တလေးဘူတာ၌ အကျင့်ပျက်ဝန်ထမ်းတချို့ ရှိနေ

မန္တလေး၊ ဧပြီ ၂၈။
မန္တလေးမြို့ ဘူတာကြီးတွင် အောက်စင်္ကြန်လမ်း လက်မှတ်သိမ်းဆည်းရေးတာဝန်ခံ တစ်ဦးဖြစ်သူသည်
မန္တလေးမှ မြစ်ကြီးနားသို့ သွားရောက်သည့် ခရီးသည်များ အပါအဝင် ဝန်ထမ်းငယ်အချို့နှင့်
ဘူတာကြီးတွင် လုပ်ကိုင်စားသောက်နေ သူ ဈေးသည်အချို့အား မတရား ကိုယ်ထိလက်ရောက်
နိုင့်ထက်စီးနင်းပြုလုပ်လျက်ရှိနေ၍ တာဝန်ရှိသူများက ယင်းဝန်ထမ်းအား စိစစ်ပေးစေလိုကြောင်း
အဆိုပါဘူတာကြီးမှ ဈေးသည်အချို့နှင့် ဝန်ထမ်းအချို့၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့ဆိုရင် ဘူတာမှာ စည်းကမ်းမဲ့ရောင်းတဲ့ ဈေးသည်တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်
ဒီလိုရထားဆိုက်တဲ့ အချိန်တွေဘဲ ရောင်းတာပါ။ တခြားလုပ်ကိုင် စားသောက်ဖို့ဆိုတာလည်း အဆင်မပြေလို့ ဒီအလုပ်ကိုဘဲ
အပြောအဆိုခံပြီး လုပ်ကိုင်နေရတာပါ။ သူအနေနဲ့ စည်းကမ်းမဲ့ဈေးသည်တွေကို ဖမ်းမယ်ဆိုရင် တာဝန်နဲ့အညီ
ဖမ်းလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ထိလက်ရောက်စော်ကားတွေတာ။ ဈေးရောင်းပစ္စည်းတွေကို
ဖျက်ဆီးတာတွေတော့ မလုပ်သင့်ပါဘူး”ဟု ယင်းဘူ တာတွင် ထိုးမုန့်ရောင်းသူ အမျိုးသမီးတဦးက ပြောကြားသည်။

ထို့နောက် အဆိုပါတာဝန်ခံသည် စည်းကမ်းမဲ့ဈေးသည်များအား ဖမ်းဆီးရာ၌ လူအများကြားတွင်
မဖွယ်မရာစကားများ ပြောဆိုခြင်းနှင့် ကိုယ်ထိလက်ရောက်စော်ကားခြင်းအား ပြုလုပ်သည် သာမက
ဈေးရောင်းပစ္စည်းများဖြစ်သည့် အိုးခွက်ပန်း ကန်များအား ရိုက်ခွဲခြင်းများ ပြုလုပ်မှုရှိကြောင်း
ဘူတာ၌ ထမင်းရောင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော့်ကိုလည်း ဈေးရောင်းလို့ ဖမ်းတုန်းကဆိုရင် ထမင်းအိုးတွေကော ပန်းကန်တွေကော
အကုန်ရိုက်ခွဲတာတွေလုပ် တယ်။ ရိုးရိုးဖမ်းသလိုမျိုး မဟုတ်ဘူး။ မင့်မဲ့စရိုက်ဆန်ဆန် ဖမ်းတာ။ ပြီးတော့
သူ့လက်အောက်က ဝန်ထမ်းတွေကိုလည်း ရာထူးကြီးတယ်ဆိုပြီး နှုတ်ကြမ်းကြမ်းနဲ့ ပြောဆိုတာတွေရှိတယ်”ဟု ၎င်းက
ဆက်လက်ပြောသည်။

ထို့ပြင် အဆိုပါဝန်ထမ်းသည် ၎င်းတာဝန်နှင့် မသက်ဆိုင်သည့် လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူများနှင့်
ပူးပေါင်းကာ ရထားလက်မှတ်များအား တရားမဝင် ယူဆောင်၍ ရထားဘူတာ အနီးရှိ စားသောက်ဆိုင်အချို့၌
မှောင်ခိုဈေးကွက်သဖွယ် ရောင်းချမှုများ ပြုလုပ်သည့်အတွက် ပုံမှန်လက်မှတ်တစောင်လျှင်
၄၁၅၀ကျပ်ရှိရာ ၎င်းမှ ယခုအချိန်၌ လက်မှတ်တစောင်လျှင် ရှစ်ထောင်နှုန်းဖြင့် ပြန်လည်ရောင်းချလျက်
ရှိကြောင်း မျက်မြင်သိရှိသူများက ပြောကြသည်။

“သူက ဒီရထားလက်မှတ် အရောင်းဌာနကလူတွေနဲ့ပေါင်း မန္တလေး – မြစ်ကြီးနား ရထားလက်မှတ်တွေကိုထုတ်
လက်မှတ် တန်းစီတဲ့ လူအချို့ထဲက အတဲ့ လူတွေကို သူတို့စုရပ် နေရာကိုချိန်းပြီး ရိုးရိုးတန်း တစောင်ကို
လ္ဘက်ရည်ဖိုးဆိုပြီး လေးထောင် ငါးထောင်လောက် ပြန်ရောင်းတယ်။ ပြီးရင်လည်း သူပိုင်တဲ့ကားလို ရထားတွဲတွေက
အဆင်မပြေတဲ့ ခရီးသည်တွေကို မဖွယ်မရာတွေ ပြောတာလည်း ရှိတယ်”ဟု ယင်းဘူတာမှ တာဝန်ကျ
ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ထို့ပြင် လတ်မှတ် သိမ်းဆည်းရေး တာဝန်ခံ၏ တစ်နေ့အသုံးစရိတ်သည် နှစ်သောင်းနှင့် အထက်တွင်ရှိကြောင်း
သိရပြီး ယင်းသည် တစ်လလျှင် တရားဝင်လစာ ၉သောင်းနှင့် တစ်သိန်းနီးပါးခန့်သာ ရရှိသောကြောင့်
အကျင့်ပျက်ဝန်ထမ်းအား သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်အရေးယူပေးစေလိုကြခြင်း ဖြစ်ကြောင်း၊
 ၎င်းအနေဖြင့် ယခုအပြုအမူများကဲ့သို့ ဆက်လက် ပြုလုပ်သွားမည် ဆိုပါက နောက်တချိန်တွင် မဖြစ်သင့်သည့်
ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း အဆိုပါဝန်ထမ်းနှင့်နီးစပ်သူ တစ်ဦး၏
ပြောကြားချက်အရ သိရသည်။
TMA
The Myanma Age

ဒလ-ပန်းဆိုးတန်း သင်္ဘောတွင် အခမဲ့ထိုင်ခုံများ တပ်ဆင်တော့မည်

ရန်ကုန်၊ ဧပြီ ၂၈။
ဒလ-ပန်းဆိုးတန်း သင်္ဘောများတွင် သင်္ဘောနှုန်းထားများကို ယနေ့မှ စ၍ တိုးမြင့်လိုက်သောကြောင့်
ဝန်ထမ်းသက်သာအတွက် ထိုင်ခုံခကောက်ခံမှုများကို ကောက်ခံမှုမရှိတော့ပဲ အခမဲ့ထိုင်ခုံများ တပ်ဆင်
ပေးသွားဖြစ်ကြောင်း သိရသည်။

ထို့သိုပြုလုပ်ရခြင်းမှာ ခရီးသည်များအတွက် အဆင်ပြေစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊
လက်မှတ်ခများ တိုးမြင့် လိုက်သောကြောင့် ယခုကဲ့သို့ ခုံထိုင်ခုံများကို အခမဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့်
တပ်ဆင်ရန်လိုအပ်သော ထိုင်ခုံများမှာကိုလည်း အမြန်းဆုံး ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မှုလက
၅၀ကျပ်မှ ယခု၁၀၀ကျပ်သို့ တိုးမြင့်ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလက်မှတ်တွေ နှစ်ဆဈေးတက်သွားတော့ ခရီးသည်တွေ အဆင်ပြေအောင် ခုံတွေအခမဲ့ တပ်ဆင် ပေးနေတယ်။
အခုတော့ အားလုံးမပြီးသေးဘူး။ သင်္ဘောကျင်းတွေကနေ ပြီးတာနဲ့ တပ်ဆင်ပေးမှာပါ”ဟု
(ပို့ဆောင်ရေး)ဌာနမှ ဒုအတွင်းရေးမှူး ဦးရှိန်ယောက ပြောကြားသည်။

ခုံငှားသူများအနေနှင့် အပေါ်ထပ်တွင် မငှားရသော်လည်း အောက်ထပ်တွင် အငှားလုပ်ကိုင်လိုကြောင်းနှင့်
၎င်းအလုပ်အကိုင် မရှိတော့သည့်အတွက် မိမိတို့ မိသားစုအတွက် အခက်အခဲ ရှိလာကြောင်း ခုံအငှား (၅)နှစ်ခန့်
လုပ်ကိုင်လာခဲ့သူ ကိုနိုင်မိုးက ပြောကြားသည်။

ထို့အပြင် ၎င်းတို့အလုပ်သည် တစ်နေ့တွင် ခြောက်သောင်းမှ တစ်သိန်းကြားတွင်ရှိသောကြောင့်လည်း  တစ်လလျင်
ငါးသောင်းကျပ် လစဉ်ကြေး ပေးသွင်းခဲ့ရ၍ တစ်နေ့လျင် နှစ်သောင်းခွဲကျပ် ကိုလည်း နေစဉ်ကြေးအဖြစ်
ပေးသွင်းခဲ့ရကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ပိုင်လေး
The Myanma Age

နေရာ အခက်အခဲကြောင့် ယာဉ်လုပ်သားများ အငြင်းပွားမှုများ ရှိနေ

ရန်ကုန်၊ ဧပြီ ၂၈။
ဒလမြို့နယ် ယာဉ်လိုင်ပေါင်းစုံ ယာဉ်ရပ်နားစခန်းများတွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲကြောင့်
အနှေးယာဉ် လုပ်သားများ၊ ဆိုင်ကယ် အငှားမောင်းသူများနှင့် မော်တော်ယာဉ် မောင်းသူ များတွင်
နေရာအခက်အခဲကြောင့် အငြင်းပွားမှုများ ဖြစ်နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ တရားဝင်ချထားပေးတဲ့ နေရာမှာတောင် ကျွန်တော်တို့ မရောက်ခင် ဆိုင်ကယ်တွေ
ဆိုက်ကားတွေ ပြည့်နေတယ်။ ကျွန်တော်တို့ ယာဉ်ရပ်ဖို့ သွားပြောရင် အဆင်မပြေပါ ဘူး။
ပြဿနာတက်နိုင်တယ်”ဟု မ.ထ.သ မှ ကြည်ကြပ်ရေးမှူး ဦးဆန်းဦးက ပြောကြားသည်။

ထို့အပြင် ကားများလည်း စည်းကမ်းရှိရန် လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများမှလည်း
စည်းကမ်းတင်းကျပ်စေလိုကြောင်းနှင့် အရင်က လူကြီးလမ်းကြောင်းရှိလျှင် ယင်းနေရာများသည် ရှင်းလင်း၍ သရဲခြောက်မည်ပင် စိုးရကြောင်း ဦးဆန်းဦးက ဆက်လက် ပြောကြားသည်။

“ကျွန်တော့်ကားဝင်းက ကျဉ်းတယ်ဆိုပေမဲ့ ကားတွေချည်းသာဆို အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်တွေရော
ဆိုက္ကားတွေရော အောက်အထိ ဆင်လားတော့ လမ်းတွေပိတ်ပြီး သွားလာရတာ ခက်ခဲလာရော။
ဆိုင်ကယ်ဆိုက္ကားတွေကို ရာဇသင်္ကြန်လမ်းကစပြီး မဝင်ရလို့ ရေးထားပေမဲ့ ဝင်နေကြတာပဲ”ဟု ဖျာပုံမြို့
(ကက) အမြန်ယာဉ်မောင်း ဦးဇော်လင်းက ပြောကြားသည်။

ထို့အပြင် အငှားဆိုင်ကယ်များနှင့် အနှေးယာဉ် လုပ်သားများ အနေနှင့် ၎င်းတို့စီးပွားရေးအရ
လုပ်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့ကြောင့်ချည်းသာ မဟုတ်ဘဲ မ.ထ.သယာဉ်လိုင်းမှ ကားများ
ထပ်မံတိုးချဲ့ခြင်းနှင့် ယင်းနေရာတွင် အခြားမြို့နယ်များမှ ဆိုင်ကယ်များစွာလည်း ရှိနေသောကြောင့်
ယာဉ်ရပ်နားစခန်း ကြပ်နေခြင်းဖြစ်ကြောင်း ငှားဆိုင်ကယ်မောင်းသူ ကိုရန်နိုင်ထွန်း က ပြောကြားသည်။

“ဒီကိစ္စနဲ ပတ်သက်ပြီး လွှတ်တော်ဥက္ကဌလာတော့ တင်ပြထားပါတယ်။ အဆင်ပြေရင် ဒလယာဉ်ရပ်နား နေရာကို အဆင့်မြင့်တင်ဖို့ ရှိပါတယ်။”ဟု ဒလမြို့နယ်အုပ်ချုပ်ရေးမှု ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

အဆိုပါ ဒလမြို့နယ် ယာဉ်လိုင်ပေါင်းစုံ ယာဉ်ရပ်နားစခန်းတွင် မြို့နယ်ပေါင်း(၆)မြို့နယ်မှ
ယာဉ်လိုင်များ ပြေးဆွဲလျက်ရှိပြီး အနှေးယာဉ်များ ၅၀ခန့်နှင့် အငှားဆိုင်ကယ်များမှာ
၂၀၀ခန့်ရှိကြောင်း သိရသည်။
ပိုင်လေး
The Myanma Age

နွေဦးတိုက်ခိုက်မှုကို အရာရှိသုံးဦးသေဆုံးမှုဖြင့် စတင်၊ နောက်ထပ်တိုက်ခိုက်မှုများလာမည်ဟု တာလီဘန်တို့ပြောကြား

Afghanistan
ကဘူးလ်၊ ဧပြီ ၂၈။
တာလီဘန်တို့သည် နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် နိုင်ငံခြားတပ်စခန်းများ ၊ အစိုးရအအရာရှိများနှင့်
အာဖဂန်ရဲတပ်ဖွဲ့ကို ဦးတည်လုပ်ဆောင် သည့် အကြမ်းဖက်မှုများ ပါဝင်မည့်
နွေဦးအကြမ်းဖက်မှုများစတင်ပြီဖြစ်ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင်
ပြောကြားသည်။

တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အာဖဂန်နိုင်ငံဂန်ဇီပြည်နယ်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး
ရဲအရာရှိသုံးဦးသေဆုံးခဲ့ကြောင်း ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ နာဘီဂျန်ကပြောကြားသည်။

ဂန်ဇီ ဒုရဲတပ်ချုပ်သည်လည်း၎င်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင်ပါဝင်ပြီး ကျန်အရာရှိနှစ်ဦးသည်
ဒဏ်ရာရရှိကြောင်း ဂျန်က ပြော ကြားသည်။

တာလီဘန်တို့က ၎င်းတို့တိုက်ခိုက်ကြောင်းပြောကြားပြီး ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ဒီနေ့မှာ ကျွန်တော်တို့တွေရဲ့တိုက်ခိုက်မှုသစ်တွေထဲက ပထမဆုံးပါ၊ ဂန်ဇီနယ်၊ ကယ်ပီဆာနယ်နဲ့
နန်ဂါဟာနယ်အပါအဝင် နယ်အများအပြား မှာ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်” ဟု
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာ မူဂျာဟီက စီအန်အန်ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေဟာနိုင်ငံခြားတပ်တွေအာဖဂန်ကထွက်ခွာရေးကို ဖိအားပေးဖို့အတွက် တိုက်ခိုက်မှုတွေကို
ပိုပြီး လုပ်ဆောင်ဖို့ စီစဉ်ဖို့ မျှော် လင့်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အမေရိကန်အကူအညီပေးအားထုတ်မှုဖြင့် အစွန်းရောက်များနှင့် အာဖဂန်အစိုးရတို့ကြား
စေ့စပ်ညှိနှိုင်းမှုများလုပ်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

အစွန်းရောက်များ၏ ယခုနှစ်နွေဦးတိုက်ခိုက်မှုသည် ၂၀၁၄အကုန်တွင် အမေရိကန်တပ်များနှင့်
အခြားနိုင်ငံခြားတပ်များ ရုတ်သိမ်းရန် ပြင်ဆင်ထားမှုများနှင့် နိုင်ငံ၏ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတော်
အာဏာရရှိရေးကို ရည်ရွယ်လုပ်ဆောင်ကြောင်း သိရသည်။

ဧပြီလသည် ယခုနှစ်အတွက် တိုက်ခိုက်မှုကြောင့် သေဆုံးမှုတွင် အဆိုးဝါးဆုံးလလည်းဖြစ်ခဲ့သည်။

အေပီ၏ စစ်တမ်းအရ နိုင်ငံတစ်ဝှမ်းတိုက်ခိုက်မှုများအတွင်း အာဖဂန်လုံခြုံရေးတပ်များ၊ အရပ်သားများနှင့်
နိုင်ငံခြားသားတပ်များမှ သေဆုံးသူ စုစုပေါင်း ၂၅၇ ဦးရှိကြောင်း သိရသည်။ အစွန်းရောက်ဘက်မှလည်း လူ
၂၁၇ ဦးသေဆုံးခဲ့သည်။

လွန်ခဲ့သည့် နှစ် ဧပြီလကလည်း အရပ်သားများ၊နိုင်ငံခြားတပ်သားများနှင့် အာဖဂန်လုံခြုံရေးတပ်သား
စုစုပေါင်း ၁၇၉ ဦးသေဆုံးခဲ့ပြီး အစွန်း ရောက် တပ်သား ၂၆၈ ဦးသေဆုံးခဲ့သည်။

သို့သော်လည်း ကဘူးလ်ရှိ အမေရိကန်ထိပ်တန်းဗိုလ်မှူးကြီးက နိုင်ငံတစ်ဝှမ်း
လုံခြုံရေးအခြေအနေတိုးတက်လာကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
Ref:CNN
The Myanma Age

မိုးယံ အငြိမ့်ပြိုင်ပွဲ အပိုင်(၁)

အလွမ်းအမောတွေ ပြေပျောက်နိုင်ကြပါစေ

ခေါင်လောင်းဂီတပညာရှင်များရဲ့မှုံရွှေရည်သီချင်းနားဆင်ပါ

အလွမ်းအမောတွေ ပြေပျောက်နိုင်ကြပါစေ FB-Ye Yint Nge

တောင်ကိုရီးယားစက်ရုံ လုပ်သားတွေ မြောက်ပိုင်းမှထွက်ခွာ

မြောက်ကိုရီးယား ကေဆောင်းစက်မှုဇုံမှ တောင်ကိုရီးယား ကုန်တင်ကားများထွက်ခွာနေစဉ်။ (ဧပြီလ ၂၇ ရက်၊ ၂၀၁၃)။
27.04.2013
မြောက်ကိုရီးယားနယ်မြေအတွင်းမှာရှိပြီး ပိတ်ပစ်လိုက်တဲ့ စက်မှုဇုံအတွင်းက လက်ကျန် တောင်ကိုရီးယား နိုင်ငံသား အလုပ်သမားတွေ စတင်အိမ်ပြန်နေကြပြီဖြစ်ကြောင်း တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အလုပ်သမားတွေဟာ သူတို့ရဲ့ပစ္စည်းတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားနဲ့ ထရပ်ကားတွေ ကားတန်းတွေနဲ့အတူ တောင်ကိုရီးယားဘက်ကို စနေနေ့မှာ ဖြတ်ကူးလာခဲ့ကြပါတယ်။ ကေဆောင်း စက်မှုဇုံမှာရှိတဲ့ အလုပ်သမား စုစုပေါင်း ၁၇၅ ယောက်ထဲက ၁၂၇ ယောက်ဟာ စနေနေ့မှာ ပြန်လည်ရောက်ရှိလာကြောင်း တောင်ကိုရီးယားရဲ့ ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနကပြောပါတယ်။ ကျန်လူတွေဟာလည်း နောက်ရက်တွေမှာ ပြန်လာကြလိမ့်မယ်လို့ ဆိုပါတယ်။

စက်မှုဇုံပြန်လည် လည်ပတ်ရေးအတွက် တောင်ကိုရီးယားနိုင်ငံက ညှိနှိုင်းမှုပြုလုပ်ဖို့ ပြောတာကို မြောက်ကိုရီးယားဘက်က ပယ်ချလိုက်ပြီးတဲ့နောက် အလုပ်သမားတွေ ပြန်လာရေးကိစ္စကို သောကြာနေ့က ဆုံးဖြတ်ခဲ့တာပါ။

တောင်ကိုရီးယားက ဆွေးနွေးမှုပြုလုပ်ဖို့အတွက် သဘောတူညီမှုရဖို့ ၂၄ နာရီ အချိန်ပေးကြောင်း သောကြာနေ့က ကမ်းလှမ်းခဲ့ပြီး မြောက်ကိုရီးယားဘက်က သဘောမတူခဲ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုပြီးတော့ သတိပေးခဲ့တာပါ။

သတိပေးထားတဲ့ အချိန်ကျော်လွန်ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယားက တောင်ကိုရီးယားရဲ့ အဆိုကို ပယ်ချခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဘက်က နယ်စပ်မြို့ရဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်လာမယ်ဆိုရင် သူတို့ဘက်က အရင် အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်ဆိုပြီး ပြောခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com