http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဓမ္မစကူလ်ဖောင်ဒေးရှင်း၏ ဆင့်ပွားဆရာဖြစ်သင်တန်း ကလေးမြို့တွင် ပထမဆုံး ပို့ချ

ကလေးမြို့-ဇူလိုင်၉
ရန်ကုန်မြို့အခြေစိုက် ဓမ္မစကူလ်ဖောင်ဒေးရှင်း၏ ဆင့်ပွား ဓမ္မစကူလ်သင်တန်းအား ဇူလိုင်လဆန်းက ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် မင်္ဂလာဥယျာဉ်ဓမ္မာရုံတော်ကြီးမှာပို့ချခဲ့ကြောင်း မင်္ဂလာဥယျာဉ်ဆရာတော် ဦးပဏ္ဍ၀ံသက ပြောသည်။

အဆိုပါ ဓမ္မစကူလ် ဆင့်ပွား သင်တန်းအား ကလေးမြို့အနေဖြင့် ပထမဆုံး သင်တန်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းမှူး ဒေါ်ဇင်ဇင်ဝင်းမှ သင်တန်းပို့ချကာ ရက်တိုသင်တန်းအဖြစ် သတ်မှတ်ကာ (၆)ရက်
သင်တန်းပို့ချပြီး ဗဟိုဖောင်ဒေးရှင်းဌာနမှ (၄) ရက်သာ သင်ကြားပို့ချကာ ကျန်(၂) ရက်အား ကလေးမြို့မှ သင်တန်းဆင်းပြီးဖြစ်သော ကိုအောင်မြင့်ထွန်းမှ သင်တန်းဆရာအဖြစ် ဆက်လက်ပို့ချကြောင်းသိရသည်။

သင်တန်းအနေဖြင့် ကလေးမြို့ရှိ (၁၅) ဌာနအား ပို့ချပေးကာ တစ်ဌာနလျှင် (၃) ဦးပါဝင် တက်ရောက်ခဲ့ပြီး စုစုပေါင်း သင်တန်းသား (၄၅) ဦးသာ သတ်မှတ်ထားသော်လည်း အခြား စိတ်ပါဝင်စားသူများပါ တက်ရောက်ခဲ့သည်။

ဓမ္မစကူလ် ဆင့်ပွား ဆရာဖြစ်သင်တန်းအား တက်ရောက်သင်ကြားနိုင်သော လူပုဂ္ဂိုလ်များအနေဖြင့် ပညာအရည်အချင်းသတ်မှတ်ချက် ချထားပြီး အနည်းဆုံးဒဿမတန်းအောင်များမှသာ တက်ရောက်သင်ကြားနိုင်ကာ သံဃာတော်နှင့် သီလရှင်ဆရာလေး/ဆရာကြီးများအတွက်ကိုတော့
ပညာအရည်အချင်း သတ်မှတ်ချက်မရှိကြောင်း သင်တန်းပြီးဆုံးတာနှင့် သင်တန်းတက်ရောက်လာသော သင်တန်းသားများအား ဆရာကိုင် ကျောင်းသားကိုင် သင်ထောက်ကူ စာအုပ်များကိုပါ
ပေးအပ်သွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဆရာလေး ဒေါ်ကေတုမာလာ ထံမှ
သိရသည်။

သင်ထောက်ကူ စာအုပ်များအနေဖြင့် ပထမတန်းမှ တတိယတန်းအထိသာ လက်ရှိ သင်ရိုးရေးဆွဲချပြီး ဆက်လက်၍ှဆဋ္ဌမတန်းအထိ သင်ရိုးကိုပါ ရေးဆွဲမည်ဖြစ်သည်။ ဓမ္မစကူလ် ဖောင်ဒေးရှင်းအား ဥက္ကဋ္ဌအဖြစ် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ သာသန၀ရမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။

ဓမ္မစကူလ်ဖောင်ဒေးရှင်း ၏ အနာဂတ်မျှော်မှန်းချက်အဖြစ် ခေတ်မီ သင်ကြားရေးစနစ်များ ပါဝင်သည့် အတန်းစဉ်အလိုက် ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးမည့် ဓမ္မစကူးလ်များ မြန်မာနိုင်ငံအနှံ့ပေါ်ပေါက်လာပြီး မျိုးဆက်သစ်လူငယ်များ ဗုဒ္ဒတရားတော်များကို အခြေခံမှစ၍ လေ့လာသင်ကြားနိုင်စေရန်။

ဗုဒ္ဒတရားတော်များကို သိရှိနားလည်ပြီး ဘာသာတရားကို တန်ဘိုးထားချစ်ခင်မြတ်နိုးကာ ယဉ်ကျေးသိမ်မွေ့ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်။ မိရိုးဖလာ ဗုဒ္ဒဘာသာဝင်မှ ဗုဒ္ဒတရားတော်များကို လက်တွေ့ဘ၀တွင် အသုံးချနိုင်သော အဆင့်မြင့် ဗုဒ္ဒဘာသာဝင်များ ဖြစ်ပေါ်လာစေရန်။ ဆရာနှင့်ဒကာ ညီညာစွာ လက်တွဲ၍ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်သွားနိုင်ရန်ဟူ၍ အချက်(၄) ချက် ထားရှိကြောင်း သိရသည်။
ချစ်သူမောင်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com