http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်း ဆိုင်းငံ့ထားမှုမှ ဘတ်ဂျက်ငွေများအနက် ကျပ်ငါးဘီလျံအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် အသုံးပြုရန် လျာထား

Tuesday, 09 July 2013
နေပြည်တော်တွင် ဆောက်လုပ်ရန် စီစဉ်ထားသည့် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံကို ဆိုင်းငံ့ထားပြီး ယင်းဆေးရုံများ ဆောက်လုပ်ရာတွင် ကုန်ကျမည့် ဘတ်ဂျက်ငွေများ အနက် ကျပ်ငါးဘီလျံအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် အသုံးပြုရန် လျာထားကြောင်း သိရသည်။

ယင်းပြောကြားချက်ကို ဇူလိုင် ၇ ရက် က မြန်မာနိုင်ငံ ဆရာဝန်အသင်း၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးကျော်မြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ တင်ထားတာ ငွေလုံးငွေရင်းထဲမှာ စိစစ်ကြည့်တဲ့ အခါမှာ နေပြည်တော်မှာ ခုတင် ၅၀၀ ဆံ့ ဆေးရုံတွေကို တည်ဆောက်ဖို့ပါ။ အဲဒါတွေက အလွန်များတဲ့ အတွက် ခေတ္တဆိုင်းငံ့ထားပြီး ဒီလိုဆိုင်းငံ့ ထားရာကနေ ထွက်လာတဲ့ ငွေထဲကမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မလိုအပ်ပါဘူးဆိုပြီး တင်ပြခဲ့တယ်...

''၂၀၁၃-၁၄ ဘတ်ဂျက်မှာဆိုရင် ကျန်းမာရေး ၀န်ကြီးဌာန အနေနဲ့ တင်ထားတာ ငွေလုံးငွေရင်းထဲမှာ စိစစ်ကြည့်တဲ့ အခါမှာ နေပြည်တော်မှာ ခုတင် ၅၀၀ ဆံ့ ဆေးရုံတွေကို တည်ဆောက်ဖို့ပါ။ အဲဒါတွေက အလွန်များတဲ့ အတွက် ခေတ္တဆိုင်းငံ့ထားပြီး ဒီလိုဆိုင်းငံ့ ထားရာကနေ ထွက်လာတဲ့ ငွေထဲကမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မလိုအပ်ပါဘူးဆိုပြီး တင်ပြခဲ့တယ်။ လွှတ်တော်မှာဆက်ပြီး တင်ပြတာက ဒီငွေတွေကို လုံးဝ မဖြတ်ဘဲနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တခြားကဏ္ဍမှာ သုံးစွဲဖို့ လျာထားခဲ့ပါတယ်။ ဒီနှစ်မှာဆိုရင် ရန်ကုန်ဆေးရုံကြီး မြှင့်တင်ဖို့အတွက် ငါးဘီလျံကို သုံးစွဲဖို့ လျာထားကြောင်း တင်ပြလိုပါတယ်'' ဟု ပါမောက္ခ ဒေါက်တာဦးကျော်မြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ခုတင် ၅၀၀ ဆံ့ ဆေးရုံလေးရုံ စီမံကိန်းမှ ထွက်ရှိလာသည့် ကျပ် ၁၂ ဘီလျံ နီးပါးကို အခြေခံ ပြည်သူ့ ကျန်းမာရေးကဏ္ဍ၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်ရန်နှင့် တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်းလည်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပြီးဖြစ်သည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာရှင်များဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ပြုပြင်မွမ်းမံမှု လုပ်ငန်းများ ပြုလုပ်နိုင်ရန် အတွက် ယခင်ကျန်းမာရေး ၀န်ကြီးဌာန မြေနေရာတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တိုးချဲ့လူနာဆောင်သစ် ဆောက်လုပ်လျက်ရှိပြီး ယင်းတိုးချဲ့ဆောင် ပြီးစီးပါက မူလဆေးရုံဟောင်းမှ လူနာများ အားလုံးကို ရွှေ့ပြောင်း နေရာချထားပေးမည် ဖြစ်ကြောင်းနှင့် လူနာများ ရွှေ့ပြောင်းပြီးပါက မူလဆေးရုံဟောင်းမှ ပင်မဆေး ကုသဆောင်များ အားလုံးကို ပြုပြင် မွမ်းမံမှု လုပ်ငန်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com