ပုသိမ်၊ ဇူလိုင် ၁၇
ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် (၆၆)နှစ်မြောက် အာဇာနည်နေ့ (ဇူလိုင်လ ၁၉ ရက်) ၌ မြို့နယ် မီးသတ် ဦးစီးဌာနနှင့် ပုသိမ် မြစ်တွင်းသွား သင်္ဘောများမှ ဥသြဆွဲမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောကြားသည်။
အာဇာနည်နေ့ မကျရောက်မီ ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ပုသိမ် မြို့တော်ခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် မိန့်ခွန်းများနှင့် အာဇာနည် သီချင်းများကို အသံချဲ့စက်ဖြင့် ဖွင့်လွှင့်မည်ဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အရုဏ်တက်ချိန်တွင် ပုသိမ်မြို့တော်ခန်းမ၌ သံဃာတော်များကို ဆွမ်းဆက်ကပ်မည်ဖြစ်ကာ နံနက် ၁၀ နာရီ ၃၇ မိနစ် တွင် ပုသိမ်မြို့နယ် မီးသတ် ဦးစီးဌာနနှင့် ပုသိမ်မြစ်အတွင်းရှိ သင်္ဘောများမှ ဥသြဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါနေ့တွင် ပုသိမ်မြို့ပေါ်ရှိ နိုင်ငံရေးပါတီ အဖွဲ့အစည်း အသီးသီးနှင့် လူမှုရေး အဖွဲ့အစည်းများ စုပေါင်း၍ ကန်သုံးဆင့်ရှိ အာဇာနည်ပန်းခြံ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တွင် လွမ်းသူ့ပန်းခွေ ချမည်ဖြစ်ကြောင်း ပုသိမ်မြို့ မေတ္တာရိပ် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ အတွင်းရေးမှူး ဦးဇော်ထွန်းခိုင်က ပြောကြားသည်။
The Voice Weekly
ပုသိမ်မှာတော့ အစိုးရ အစီအစဉ်ဖြင့် အာဇာနည်နေ့ ဥသြဆွဲမည်
Labels:
ပြည်တွင်းသတင်း