http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရှမ်းဘုန်းကြီးကျောင်းတွင် အစိုးရတပ်များ တပ်စွဲထား၍ သံဃာတော်များ တိမ်းရှောင်ပေးကြရဟုဆို

Wednesday, July 3, 2013
ချင်းမိုင်(မဇ္စျိမ)။   ။ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် အစိုးရ စစ်တပ်နှစ်ခု တပ်စွဲထားသဖြင့် ထိုကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် အပါး ၃၀ ကျော် တိမ်းရှောင် ဖယ်ပေးနေကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း (SHRF) က ပြောဆိုလိုက်သည်။

အစိုးရ၏ ခမရ ၂၅၂ နှင့် ၅၆၉ တပ်များနှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA/SSPP တပ်တို့ ဝမ်ဝပ်ကျေးရွာတွင် ဇွန်လ ၂၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရစစ်တပ်များက ရွာဘုန်းကြီးကျောင်းတွင် ဇူလိုင်လ ၂ ရက်နေ့အထိ တပ်စွဲချထားခြင်း ဖြစ်သည်ဟု ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် SHRF ကြေညာ ချက်တွင် ပါရှိသည်။

“ဘုန်းကြီးကျောင်းမှာ ယာယီတပ်စခန်းအနေနဲ့ နေနေတယ်။ ဘုန်းကြီးတွေလည်း ထွက်ပြေးနေရတယ်။ သာသနာကိုပါ ထိခိုက်လာတယ်။ အစိုးရကတော့ ဗုဒ္ဓဘာသာကို လေးစားတယ်ဆိုတာလည်း ပြောနေတယ်။ အဲဒီလို ပြောနေတဲ့ အချိန်မှာ ဘုန်းကြီးတွေ ထွက်ပြေးနေရတာ မဖြစ်သင့်ဘူး။ အဲဒါကြောင့် ဒီအစိုးရပြောတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ သာသာနာရေးကို လေးစားတယ်ဆိုတဲ့ဟာတွေက အပြောနဲ့အလုပ်က မကိုက်ညီတဲ့အတွက်ကြောင့် ကျနော်တို့ ဒါကို ထုတ်ရခြင်းဖြစ်တယ်” ဟု SHRF ပြောခွင့်ရပုဂ္ဂိုလ် စိုင်းခေးဆိုင် က မဇ္စျိမကို ပြောသည်။

ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ TIME မဂ္ဂဇင်းပါ ဆောင်းပါးကို သမ္မတ ဦးသိန်းစိန် အစိုးရက ကန့်ကွက်ပိတ်ပင်လိုက်ချိန်တွင် ရှမ်းဘုန်းကြီးကျောင်းများကို အစိုးရစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်က ထောက်ပြထားသည်။

အင်္ဂါနေ့တွင်ပင် ကျေးသီးမြို့နယ်ရှိ SSA/SSPP ဌာနချုပ် ဝမ်ဟိုင်း အနောက်မြောက်ဘက် ၃၀ ကီလိုမီတာ အကွာအဝေးရှိ ဝမ်ဝပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သဖြင့် ရွာသား ၄ ဦး ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနှင့် အိမ်ခြေ ၇ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကျောင်းမှ သံဃာများနှင့် သာမဏေ ၃၀ ပါးကျော်မှာ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် သွားရောက် သီတင်းသုံးနေကြရကာ ရွာသား ၁၅၀ ဦးတို့မှာ တောင်ယာခင်းများနှင့် နီးစပ်ရာ ဆွေမျိုးများထံ ခိုလှုံနေကြရကြောင်း ကြေညာချက်က ဆိုသည်။

ဇွန် ၂၃ ၇က်နေ့က ဝမ်ဝပ် ရွာသား အသက် ၃၂ နှစ်အရွယ် ဆိုင်းခမ်းကို တပ်ခွဲမှူး ဒု-ဗိုလ်မှူးကြီး မျိုးသန်းစိုး ဦးစီးသည့် ခမရ ၅၆၉ မှ နှစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားစဉ် ရှမ်းတပ်များ လှုပ်ရှားမှုကို ရိုက်နှိက်စစ်ဆေးခဲ့ သည်ဟု စိုင်းခေးဆိုင် က ပြောသည်။

“ပြန်လွတ်ပါပြီ။ နှစ်ရက်ကြာ ခေါ်စစ်တဲ့အချိန်မှာ မြောက်ပိုင်းတပ် လှုပ်ရှားတဲ့နေရာမေးတယ်။ နှစ်ရက်လုံးမှာ သူ့ကို ရိုက်နှိက်တယ်။ ရေတခွက်ပဲ ပေးတိုက်တယ်လို့ သူပြန်ပြောပြတယ်” ဟု ဆိုသည်။

ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ယာယီစခန်းချ နေကြသည့် အစိုးရ တပ်များက ဘုန်းကြီးကျောင်းနှင့် ဒေသခံ များ၏ နေအိမ်များမှ ဆန်၊ ဆီစသည့် အစားအစာများ၊ ငွေနှင့် တန်ဖိုးရှိ ငွေထည် ပစ္စည်းများ ယူသွားကြသည် ဟု SHRF အကျုဉ်းချုပ် အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

ဝမ်ဝပ်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတော့ဘဲ အစိုးရ စစ်တပ်က နေရာတွင် စခန်းချထားဆဲဖြစ်သည် ဟု SSA/SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆိုင်းလ က ပြောသည်။

“တကယ်ဆိုရင် ကျေးရွာထဲမှာရော ဘုန်းကြီးကျောင်းမှာရော ပစ်ခတ်မှုဖြစ်တာ မကောင်းဘူး။ ကျနော်တို့က အဲဒီနေ့ပဲ ဆုတ်ပေးလိုက်ပြီ။ ရွာသားတွေနဲ့ ဘုန်းကြီးတွေကတော့ ထွက်ပြေးတိမ်းရှောင်နေတာတွေရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

SSA/SSPP သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ဇွန်ကုန်ပိုင်းထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
ဖနိဒါ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com