http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာသံဃာတော်များနှင့် ဘုရားဖူးများလုံခြုံရေး အိန္ဒိယအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဇူလိုင် ၈
အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာ မဟာဗောဓိ စေတီတော်တွင် ဇူလိုင်လ ၇ ရက်နေ့က ဗုံးပေါက်ကွဲခဲ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် သီတင်းသုံးနေသော မြန်မာ သံဃာတော်များနှင့် မြန်မာနိုင်ငံသား ဘုရားဖူးများ၏ လုံခြုံရေးအတွက် အိန္ဒိယ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

“အိန္ဒိယနိုင်ငံအစိုးရ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အများဆုံး ကိုးကွယ်သည့် မြန်မာနိုင်ငံ အနေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့က လုပ်ဆောင်သင့်သည့် လုပ်ငန်းများကို သုံးသပ်ဆောင်ရွက်နေကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတော် အစိုးရအနေနှင့်လည်း ဗုဒ္ဓဘာသာ အပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေး အဆောက်အအုံများနှင့် အများပြည်သူဆိုင်ရာ နေရာများကို အကြမ်းဖက် တိုက်ခြင်းများသည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ၎င်းကပြောကြားသည်။

“ကျွန်တော်တို့ အစိုးရဘက်ကနေ တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ တရားခံမိရင်တော့ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယ သံအမတ်ကြီး Mr.Sailas Thangal က The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ မဟာဗောဓိစေတီတော်တွင် ဗုံးခွဲမှုနှင် ပတ်သက်၍ ဗုဒ္ဓဘာသာ နိုင်ငံအများစုက အပြင်းအထန် ရှုတ်ချခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ အရာရှိများ အခင်းဖြစ်ပွားရာသို့ ရောက်ရှိခဲ့ပြီး စစ်ဆေးမှုများနှင့် စေတီပရဝဏ်အတွင်း တပ်ဆင်ထားသော CCTV ကင်မရာမှ တစ်ဆင့် ခြေရာခံမှုများ ပြုလုပ်ခဲ့ကြသည်။

ပရဝဏ်အတွင်း တွေ့ရှိသော သက်သေခံကတ်ပြားနှင့် CCTV ကင်မရာမှ ရရှိသော အထောက်အထား အချို့ကြောင့် ဗုံးဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ယူဆရသူတစ်ဦးကို ဇွန်လ ၈ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယသံအမတ်ကြီး Mr.Sailas Thangal က ဖမ်းဆီးထားသည် ဆိုသူမှာ တရားခံ မဟုတ်ကြောင်း၊ ၎င်းကိုစစ်ဆေးရန်သာ ထိန်းသိမ်းထားကြောင်း၊ တရားခံကို ဖမ်းမိပါက သံရုံးမှတစ်ဆင့် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း The Voice သို့ပြောကြားသည်။

ယင်းသို့ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ သံဃာတော်များ၊ အိန္ဒိယနိုင်ငံသားများ၊ ကျောင်းသားများက အကြမ်းဖက်မှုကို ရှုတ်ချသည့် အနေနှင့် ဆန္ဒပြ ထုတ်ဖော်ခဲ့ကြပြီး ဘင်္ဂလားဒေရှ် နိုင်ငံတွင်လည်း ဗုဒ္ဓဘာသာဝင်များ စုစည်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့ရှိ မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော်တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။

မဟာဗောဓိစေတီ ပရဝဏ်အတွင်း ပေါက်ကွဲခဲ့သည့် ဗုံးအပါအဝင် စုစုပေါင်း ဗုံးကိုးလုံး ပေါက်ကွဲခဲ့ပြီး ယင်းအနက် မဟာဗောဓိစေတီ ပရဝဏ်အတွင်းတွင် ငါးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ယင်းအနက် ဗုံး တစ်လုံးမှာ ဗုဒ္ဓမြတ်စွာ ဘုရားပွင့်တော်မူခဲ့သည့် မဟာဗောဓိ ညောင်ပင်ရင်းတွင် ပေါက်ကွဲခဲ့ပြီး ကျန်သုံးလုံးမှာ ယင်းအနီးတစ်ဝိုက်တွင် ပေါက်ကွဲခဲ့ရာ မြန်မာသံဃာတော် တစ်ပါး၊ တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် ဘူရားဖူးနှစ်ဦး အပါအဝင် ငါးဦးဒဏ်ရာ ရရှိခဲ့သည်။

ယင်းပေါက်ကွဲမှုမှာ အိန္ဒိယနိုင်ငံရှိ မူဂျာဟစ်ဒင်အဖွဲ့ ပါဝင် ပတ်သက်နိုင်သည်ဟု ယူဆကြောင်း ဘီဟားရ်ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com