http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကမ္ဘာ့ရှားပါး ရောဂါဖြစ်သည့် ၀မ်းခေါင်းတွင်း နှလုံးသွေးကြောမကြီး ဖောင်းပွသည့်ရောဂါ ဖြစ်နေသည့် တစ်နှစ်သုံးလသားအရွယ် ကလေးငယ်အား အောင်မြင်စွာခွဲစိတ်

ခွဲစိတ်ကုသမှု ခံယူထားသည့် မောင်မိုးမြင့်မြတ်သော်အား ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
Saturday, 06 July 2013
ကလေးငယ်များတွင် တွေ့ရခဲပြီး ကမ္ဘာ့ရှားပါး ရောဂါတစ်မျိုးဖြစ်သည့် ၀မ်းခေါင်းတွင်း နှလုံးသွေးကြောမကြီး ဖောင်းပွသည့် ရောဂါ (Abdomonal aortic aneurysm, AAA) ဖြစ်နေသည့် အသက်တစ်နှစ်သုံးလသား အရွယ်ကလေးငယ်အား ရန်ကင်းကလေး ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်ကို မန္တလေး ကလေးဆေးရုံကြီးမှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ဇွန် ၂၂ ရက်က ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဇွန် ၂၅ ရက်က ရန်ကင်းကလေးဆေးရုံကြီး၊ ကလေးနှလုံး ခွဲစိတ်ကု ဆရာဝန်ကြီးများမှပင် ခွဲစိတ်ကုသပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီကလေးမှာ တွေ့ရတဲ့ရောဂါက မြန်မာတင်မကဘူး ကမ္ဘာပေါ်မှာပါ အင်မတန်မှ ရှားပါးပါတယ်။ report တွေအရ ကြည့်ရင် ၁၉၇၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ကမ္ဘာမှာ ဒီလိုရောဂါ ဖြစ်ခဲ့တဲ့သူ ဦးရေ ၄၇ ဦးပဲ ရှိခဲ့ပါတယ်။ ကလေးငယ်ကို ခွဲစိတ်ဖို့ စစ်ဆေး ကြည့်တဲ့အခါ ၀မ်းဗိုက်ထဲမှာ ရှိနေတဲ့ သွေးကြောလုံး အရွယ်အစားက 6.6cm_8.7cm လောက်ရှိပါတယ်။ ဒီလိုဖြစ်နေတဲ့ သွေးကြောလုံးကို မခွဲစိတ်ရင် အချိန်မရွေး ပေါက်ကွဲနိုင်ပြီး ကလေးအတွက် အသက်အန္တရာယ် အများကြီး ရှိပါတယ်'' ဟု ရန်ကင်းကလေး ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ပြောပြခဲ့သည်။

ခွဲစိတ်ကုသမှုကို ရန်ကင်းကလေး ဆေးရုံကြီးမှ နှလုံးခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဝင်းဝင်းကျော် ဦးဆောင်သည့် ဆေးပညာရှင် အဖွဲ့မှ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိကလေးငယ်၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ရန်ကင်း ကလေးဆေးရုံကြီး၊ နှလုံးခွဲစိတ် ကြပ်မတ်ကုသဆောင်တွင် ထားရှိကြောင်းနှင့် ကလေးငယ်မှာ မောင်မိုးမြင့်မြတ်သော်ဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ရှမ်းတိုက်ရွာမှ ဖြစ်ကြောင်း သိရသည်။

နှလုံးခွဲစိတ်မှု လုပ်ငန်းများသည် ငွေကြေး မြောက်မြားစွာ ကုန်ကျပြီး ယခု ခွဲစိတ်မှုအတွက် ကုန်ကျစရိတ်များကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com