http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်း

ရန်ကုန်၊ ဇူလိုင် ၁၂
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကို ယနေ့မှစတင်ကာ ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဇူလိုင်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ ဌာနချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်သော်လည်း ဖျက်သိမ်းရသည့် အကြောင်းအရင်းများ ကိုးကားထုတ်ပြန်ခြင်း မရှိပေ။
ယင်းဌာနချုပ်ထက် ပိုမိုကောင်းမွန်သည့် အဖွဲ့အစည်း တစ်ခုကို နိုင်ငံတော်သမ္မတက တာဝန်ပေးရန် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပြီး လာဘ်စားမှုများကြောင့်လည်း ဖျက်သိမ်းခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က မှတ်ချက်ပေးသည်။

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ဖျက်သိမ်းပါက နယ်စပ်ဒေသများမှ လူဝင်မှုများအတွက် စိုးရိမ်ပြီး ယင်းဌာန လုပ်ဆောင်နေသည့် လုပ်ငန်းများကို အစားထိုး ဝင်ရောက်ယူမည့် ကိစ္စများကို ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံ ဦးဦးလှမြင့်က ပြောကြားသည်။

“တိုင်းရင်းသား တော်တော်များများမှာ လက်နက်ကိုင်တပ် တွေ့ရှိတယ်။ ရခိုင်မှာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ဖျက်သိမ်းသည်ကို မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်သည့် အခါမှသာ သိရှိရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် မောင်တောခရိုင် ကျီးကန်းပြင်ဌာန နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနမှ ကွပ်ကဲရေးမှူးက ပြောကြားသည်။

“ကျွန်တော်တို့က မိခင်ဌာနကိုပဲ ပြန်ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်၏ အဓိက တာဝန်ကြီးသုံးခုမှာ နိုင်ငံတော်ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ နယ်စပ်ဒေသ လူဦးရေ ထိန်းချုပ်ရေးတို့ဖြစ်ပြီး တရားမဝင် ခိုးဝင် ခိုးထွက်မှုများကို ကာကွယ်တားဆီးရန်၊ တရားမဝင် အကောက်အခွန်မဲ့ ပစ္စည်းများ ခိုးသွင်း၊ ခိုးထုတ်မှုမှ ကာကွယ်တားဆီးရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးသတင်းများ စုဆောင်းတင်ပြရန်၊ နယ်စပ်ဒေသများ တိုင်းရင်းလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိုက်ပျိုးရေးလုပ်ငန်းများ တွန်းအားပေး ဆောင်ရွက်ရန် ရည်မှန်းချက် ငါးရပ်ကို အကောင်အထည် ဖော်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆိုပါ ဌာနချုပ်ကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ ပူးပေါင်းဖွဲ့စည်းထားပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က တိုက်ရိုက်ကွပ်ကဲသည်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ရခိုင်ဒေသရှိ လုံခြုံရေး အင်အားစုများနှင့် န.စ.က အင်အား နှစ်ဆတိုးသင့်ကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်သူများ ဥပဒေနှင့် မညီညွတ်သည်များ ဆောင်ရွက်ပါက အရေးယူသင့်ကြောင်း၊ န.စ.ကသည် မတူညီသော ဝန်ကြီးဌာနလေးခုမှ ထုတ်နုတ် ပေါင်းစည်းထားခြင်းကြောင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်စေရန် ဖွဲ့စည်းမှုကို ပြန်လည် သုံးသပ်သင့်ကြောင်း၊ ယင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာချင်း ပူးပေါင်းညှိနှိုင်းမှု အားနည်းနေကြောင်း ဖော်ပြထားသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com