http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သူတို့လည်ပင်း ကြိုးကွင်းစွပ်မှာကိုးဗျ…

(၆၆) နှစ်မြောက် အာဇာနည်နေ့အကြို ကိုသန်း (ကြည့်မြင်တိုင်)နှင့် တွေ့ဆုံခြင်း
လက်ရှိ အသက် ၈၇ နှစ်ရှိပြီဖြစ်သည့် ကိုသန်း(ကြည့်မြင်တိုင်)သည် ဗိုလ်ချုပ် အောင်ဆန်း သက်ရှိထင်ရှားရှိစဉ် မြန်မာ့လွတ် လပ်ရေးကြိုးပမ်းမှုကာလအတွင်း လူငယ် တစ်ဦး အနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ဝန်ကြီး ဦးဗဆွေ၏ လက်အောက်၌ ပါဝင်အမှုထမ်းခဲ့ကာ ဖဆပလခေတ်၊ တော် လှန်ရေး ကောင်စီခေတ်၊ မဆလ ခေတ်၊ နဝတ ခေတ် စသည်ဖြင့် ခေတ်အဆက်ဆက်ကို သိမီခဲ့သူလည်း ဖြစ်သည်။

ယင်းအတွက် (၆၆) နှစ်ပြည့် အာဇာနည်နေ့ အကြိုအဖြစ် ခေတ်အဆက်ဆက် အစိုးရတို့၏ အာဇာနည်ပုဂ္ဂိုလ်ကြီးများအပေါ် သဘောထားကို နိုင်ငံရေးသမားဟောင်း၊ စာရေးဆရာ ကိုသန်း(ကြည့်မြင်တိုင်)၏ သဘောထားအမြင် အား ပေါ်ပြူလာ နယူးစ်စာဖတ်ပရိသတ်အတွက် ထုတ်နုတ်တင်ပြလိုက်ရပါသည်။

► ဆရာ့မှတ်ဥာဏ်မှာ စွဲထင်နေသေး တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ အကြောင်းများ ရှိပါသလား။

ဦးဗဆွေက ဗိုလ်ချုပ်အောင်ဆန်း ကို အဲဒီနေ့က လုပ်မယ့် အစည်းအဝေး အချိန်ရွှေ့ဖို့ ပြောတယ်။ ရွှေ့လို့ မရဘူး ဆိုရင် ခင်ဗျား အဲဒီနေရာမှာ မကျင်းပနဲ့။ ခင်ဗျားအိမ်မှာ လုပ်။ အဲဒီလို ဦးဗဆွေ က ပြောတာ။ အဲဒီဟာကို သူ (ဗိုလ်ချုပ်)က ငြင်းတယ်လေ။ နှစ်ခုစလုံးကို ငြင်း တယ်။ ဟိုမှာ (အတွင်းဝန်ရုံး)မှာပဲ လုပ်မယ်ပေါ့ဗျာ။ သူ့အိမ်မှာလည်း မလုပ်ဘူး ဘာညာဆိုပြီး ပြောတယ်။ အဲဒီနေ့အစည်းအဝေးမှာ အတွင်းဝန် ရုံးကို ရောက်တော့လည်း ကျွန်တော့် ကောင်လေးနှစ်ကောင်ကို တွေ့တော့ ဒီကောင်တွေ ဘယ်ကကောင်တွေလည်း ဆိုပြီး ပြောတာ။ မဟုတ်ပါဘူး။ ဒါ ဗိုလ်ချုပ်လုံခြုံရေးအတွက် လူကြီးတွေက စီမံတာဆိုပြီး ဗိုလ်ထွန်းလှက ပြောတဲ့အခါ ကျတော့ ရပါတယ်ကွာ သိပ် ပူမနေစမ်း ပါနဲ့။ မင်းတို့နေခဲ့ဆိုပြီး အဲဒီကောင်လေး တွေကို မောင်းချတာ။

နောက်တစ်ခု ကျွန်တော်တို့ လုပ် လို့ မရလိုက်တာကတော့ ဘတ်စ်ကား နှစ်စီးတိုက်စာလောက် အတွင်းဝန်ရုံးမှာ လုံခြုံရေးချထားဖို့ပါ။ အဲဒါက အချိန်မမီ တော့တာ။ မလုပ်လိုက်ရဘူး။ နောက် တစ်ခုလုပ်လိုက်တာက ပျော်ဘွယ်ဦးမြ က ရဲကားတစ်စီးစာကို ဗိုလ်ချုပ်အခန်း ကို တက်တဲ့လှေကားအရင်းမှာ ချထား ချင်တယ်။ အဲဒီမှာ ဟိုကောင်တွေလာ ရင် ရဲနဲ့အရင်တွေ့မှာပေါ့။ အဲဒါကို လည်း ဗိုလ်ချုပ်ကတွေ့တော့ ဒီမှာ ဘာ လာလုပ်တာလဲပေါ့။

ဗိုလ်ချုပ် လုံခြုံ ရေးအတွက်လို့ ပြောတော့၊ မလိုပါဘူး ကွာတဲ့ မင်းတို့ တခြားလုပ်စရာရှိတာ တွေ အရေးကြီးတဲ့ကိစ္စတွေ သွားလုပ် ဆိုပြီး မောင်းထုတ်လိုက်ပြန်ရော။ အဲဒီ မှာ ဦးရာဇတ်တပည့် ရဲဘော်ကိုထွေး က သေနတ် သံကြားလို့ ဘုမသိ ဘမသိ ပြေးလာရင်း အပြစ်ခံရလို့ သေတာ။
အဲဒီတော့ဗျာ အချိန်မီ သတိပေး တဲ့ဟာတွေကို လက်ခံလိုက်ရင် တစ် မျိုးဖြစ်မှာပေါ့။ ဒါ နံပါတ်တစ်အချက်ပေါ့ ဗျာ။နောက်ကျွန်တော့်အကြောင်း လည်း ပြောရဦးမယ်။

ကျွန်တော့်ကိုကျ တော့ သူတို့ကိစ္စမဖြစ်ခင် လေးငါးရက် လောက်အလိုကတည်းက ဦးဗဆွေက ကျွန်တော့်ဆီကို သံကြိုးရိုက်ပြီး သခင် တင်မြ စစ်တွေကနေပြီးတော့ မင်းဘူး ထဲကို ဝင်လာတယ်တဲ့။ မင်းခရိုင်ရဲဝန် ဆီက လက်နက်တောင်းပြီးတော့ အဲဒီ ကောင်တွေနဲ့ မင်းသွားပိတ်ဆို့ချေတဲ့။ ကျွန်တော့်ကို အဲဒီလိုခိုင်းတာ။ အဲဒီလို ပြောတော့ ကျွန်တော်က လုပ်ရတာပေါ့။ ဦးဗဆွေက ကျွန်တော့်ကို ခိုင်းသာခိုင်း တာ သခင်တင်မြကို ကျွန်တော် လုံးဝ မမြင်ဖူးသေးဘူး။ သခင်တင်မြက ကျွန် တော့်ကို ဝင်တိုက်သွားရင်တောင် ကျွန် တော်သိမှာမဟုတ်ဘူး။ အဲဒီလိုနဲ့ လွဲ သွားပြီး ကျွန်တော်ပြန်လာတုန်း လမ်း မှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတယ်ဆိုပြီး ကြားတာ။

အစတော့ မဟုတ်ဘူး ထင် တာပေါ့ဗျာ။ နောက်တော့မှ ဟုတ်တယ် ဆိုလို့ ကျွန်တော် သေနတ်ဆွဲပြီး ဘတ်စ် ကားနဲ့ ရန်ကုန်ပြန်လိုက်လာတာ။ ဇူလိုင် ၁၉ မှာ ကျွန်တော် က စေတုတ္တ ရာဘက် ရောက်နေတာ။

► ခေတ်အဆက်ဆက် အစိုးရတွေရဲ့ အာဇာနည်တွေအပေါ် သဘောထား သိချင်ပါတယ်။ ဖဆပလခေတ် အစိုးရ ရဲ့ အာဇာနည်တွေအပေါ် သဘော ထား။ ဗိုလ်နေဝင်းလက် ထက် အာဇာ နည်ပုဂ္ဂိုလ်ကြီးတွေအပေါ် သဘောထား ပေါ့။ အခု နောက်ဆုံး ကျွန်တော်တို့ သိမီတဲ့ စစ်အစိုးရပုဂ္ဂိုလ်တွေရဲ့အာဇာနည် တွေအပေါ် သဘောထား။ ဘာေ ကြာင့် ဒီလို သဘောထားခဲ့တာလဲပေါ့။

ဗိုလ်နေဝင်းခေတ်တုန်းကတော့ ဒီလောက် မဆိုးသေးဘူးဗျ။ နောက်ပိုင်း ကောင်တွေက ဆိုးတာ။ နောက်ပိုင်း ပိုဆိုးတယ်ဆိုတာက မစု (ဒေါ်အောင် ဆန်းစုကြည်) ကလည်း ဝင်လာတာကိုးဗျ။ မစုဝင်လာတဲ့အခါကျ မစုက ဗိုလ်ချုပ်ကို အကြောင်းပြုပြီး သြဇာအာဏာထူထောင်ပြီးတော့ သူတို့ကို ဖဲ့မှာကြောက်တာ။ အဲဒါပဲ။ တခြားအကြောင်း မဟုတ်ဘူး။ကျွန်တော်သိသလောက် ဗိုလ်နေဝင်းက အာဇာနည်ကုန်းတက်လွမ်းသူ့ပန်းခွေချတာတို့ ဘာတို့ရှိတယ်ပေါ့။ ဒါက ရှေ့ပိုင်း မှာ။ နောက်ပိုင်းတော့ သူလည်း အဲဒီလို မလုပ်တော့ဘူး။ နောက် စစ်အစိုးရလက်ထက်မှာလည်း တိုင်းပြည်ရဲ့ ဘယ်လူကြီးကမှ ဗိုလ်ချုပ် တို့အထိမ်းအမှတ် အာဇာနည်ကုန်း မတက်တော့ဘူးလေ။ဗိုလ်နေဝင်းလည်း တစ်ကြိမ်နှစ် ကြိမ်လောက်တော့ သူ လုပ်တယ်နဲ့တူ တယ်။ နောက်တော့ ယဉ်ကျေးမှုဝန်ကြီး ကို သွားခိုင်းတာ။ ဗိုလ်နေဝင်း မတက်တော့ဘူး။

► ဒါဆိုရင် ဗိုလ်နေဝင်းက စပြီးသမိုင်း စဖျောက်ခဲ့တာပေါ့။
သူကိုယ်တိုင် အာဏာရှင်ကြီးဖြစ်ပြီး ဗိုလ်ချုပ်တို့ကို အလေးမထားတော့တာပေါ့။

ဟုတ်တယ်ဗျ။ ဒီလူက လူတစ်မျိုး။ ကျွန်တော်လည်း စောစောတုန်းက မသိ ဘူး။ ကျွန်တော်က ဘယ်သူနဲ့ခင်လည်း ဆိုတော့ ကိုအောင်ကြီး (ဗိုလ်မှူးချုပ် အောင်ကြီး) ကိုမောင်မောင်တို့နဲ့ ခင် တာ။ သူ့တပည့်တွေပေါ့လေ။ နောက် ပိုင်း ကျွန်တော်သိရတာက ဒီလူက နိုင်ငံရေး လုံးဝနားမလည်တဲ့သူဗျာ။ သူ က မိန်းမလိုက်စားတဲ့သူ။ တက္ကသိုလ် တုန်းကလည်း သမဂ္ဂတွေ ဘာတွေမှာ ပါတာမဟုတ်ဘူး။

သူက ပြည်သားဆို တော့ သခင်ထွန်းအုပ်တို့၊ သခင်ဗစိန် တို့ကို အားကျတာကိုး။ အဲဒီမှာ ဝင်ပါ တာလည်း သခင်ဗစိန်ကို ဘရမ်ဒီ ဝင်ပေးတာတို့ ဘာတို့။ တောက်တိုမယ် ရ လုပ်တဲ့သူဗျ။ ကျွန်တော်တို့တောင် ဆိုရှယ်လစ် ရူး ရူးပြီးတော့ သူပြောတာ ဟုတ်မယ် ဆိုပြီး ထောက်ခံခဲ့သေးတာ။ ဒါပေမဲ့ တစ်နှစ်အတွင်း ကျွန်တော် သိ တာပါပဲ။ ပြည်သူပိုင်သိမ်းလိုက်ကတည်းက သိလိုက်ပြီ။

► ၁၉ ဇူလိုင် ဗိုလ်ချုပ်တို့ကျဆုံးတဲ့ ၁ဝ နာရီ ၃၇ မိနစ်မှာ ဥသြဆွဲပြီး အရိုအသေပြုတဲ့ အစဉ်အလာက ဘယ်အချိန်မှာစခဲ့ပြီး ဘယ်အချိန်မှာကွယ် ပျောက်သွားပါသလဲ။

အဲဒါက ကျွန်တော်ထင်တယ်ဗျ။ ဗိုလ်ချုပ်နေဝင်းခေတ်အထိပါလာသေး တယ်။ ကျွန်တော် မမှတ်မိတော့ဘူးဗျ။ ဦးစောမောင်လက်ထက်ထိပဲနဲ့ တူတယ်။

► ၁၉၈၈ ခုနှစ်လောက်အထိပေါ့။

ဟုတ်တယ်။

► အာဏာရှင်တွေ သမိုင်း ဖျောက်ဖျက်လိုမှုရဲ့ အဓိကအကြောင်းက ဘာလဲခင်ဗျ။

သူတို့လည်ပင်းကြိုးကွင်းစွပ်မှာကိုးဗျ။ ကျွန်တော်တောင် ရေးထားသေးတယ်။ ရန်ဘက်မရှိ မိတ်ဖက်သာ ရှိတယ်ဆိုပြီး။ ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းဝါဒကို ရေးတာ။ အဲဒီရေးတဲ့သဘောက ဘာကြောင့်လဲဆိုတော့ တချို့က တရုတ်ကို ရန်လုပ်နေတာ။ လက်ပံတောင်းတောင် ကိစ္စ၊ ဘာကိစ္စညာကိစ္စပေါ့။ အဲဒါလည်း သူတို့ ဘာ လုပ်တာ မှန်းကို ကျွန်တော်မသိဘူး။

ကိုသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) တို့၊ ကိုသိန်းစိန် (သမ္မတဦးသိန်းစိန်) တို့ပါပြီးတော့ ဘယ်လိုသဘောတူညီချက် လုပ်လာလဲဆို တာကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ ဒီလူတွေ ဒီမိုကရေစီ အသိစိတ်ပါလာတာ ကြိုဆိုတယ်ဆိုပြီး ကျွန်တော် တစ်ခါရေးခဲ့သေးတယ်။
မိုးမြင့်မြတ်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com