http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကတိများအတိုင်း မဆောင်ရွက်ပါက တင်ဒါအောင် ကုမ္ပဏီများ ဒေါ်လာသန်း ၂၀၀ လျော်ကြေးပေးရမည်

Thursday, 11 July 2013 03:51
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဒုတိယ၀န်ကြီး ဦးသောင်းတင် ရှင်းလင်းစဉ်
တင်ဒါရ ပြည်ပတယ်လီဖုန်း အော်ပရေတာ လုပ်ငန်းနှစ်ခု၏ သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင် ၁၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင်ဒါအောင် ပြည်ပတယ်လီဖုန်း အော်ပရေတာလုပ်ငန်း နှစ်ခုအနေဖြင့် လိုင်စင်တွင် ပါဝင်သည့် ကတိများအတိုင်း မဆောင်ရွက်ပါက ဒေါ်လာသန်း ၂၀၀ လျော်ကြေးပေးရမည်ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲသို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ Telenor ကုမ္ပဏီနှင့် Ooredoo ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဒုတိယ၀န်ကြီး ဦးသောင်းတင်က "တင်ဒါအရွေးခံရတဲ့သူတွေ ရသွားပြီး နောက်မှမလုပ်တော့ဘူးဆိုတာ မဖြစ်ရအောင် ပထမဆုံး ကျွန်တော်တို့ Bid Bound လို့ ခေါ်ပါတယ်။ ဒေါ်လာ ၁၀ သန်း ပေးထားရပါတယ်။ အရွေးခံလိုက်ရတယ်။ ပြီးတော့မှ မလုပ်တော့ဘူးဆိုပြီး နောက်ဆုတ်မယ်ဆိုရင် ပထမဆုံး ကိုယ့်စကားကိုယ် တည်ဖို့ပေါ့။ ဒုတိယက သူတို့နှစ်ယောက်ကို ရွေးပြီးပါပြီ။ မနေ့ကနဲ့ ဒီနေ့မှာ ကျွန်တော်တို့နဲ့ ဆွေးနွေးပြီး သူတို့လက်ခံပြီ။ လက်ခံပြီဆိုတာနဲ့ Bid Bound က ဒေါ်လာ ၂၅ သန်း ဖြစ်သွားပါပြီ။ သူတို့ လက်ခံပြီးမှ နောက်ဆုတ်တယ်ဆို ၂၅ သန်းကို ကျွန်တော်တို့က ယူမှာဖြစ်ပါတယ်။ ခုနပြောတဲ့ commit လုပ်ထားတဲ့ ဘယ်နှစ်နှစ်အတွင်း ဘာလုပ်ကြမယ်ဆိုတာ စာရွက်ထဲမှာ ဖြည့်ထားတဲ့ဟာနဲ့ လိုင်စင်ထုတ်ပေးရင် အဲဒီလိုင်စင်က မတူပါဘူးခင်ဗျာ။ တစ်ယောက်က ဒီလိုပြောထားရင် ပြောထားတဲ့အတိုင်း လိုင်စင်မှာ တစ်ခါတည်း ထည့်ထားပါတယ်။ အဲဒီ လိုင်စင်ထဲမှာ ပြောထားတဲ့အတိုင်း မဖြစ်ခဲ့ရင် သန်း ၂၀၀ တင်ထားရပါတယ်။ performance bound လို့ ခေါ်ပါတယ်။ တင်ပြီးမှ လိုင်စင်ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုင်စင်ထဲမှာ သူတို့ပြောထားတာ အကုန်လုံးပါမှာ ဖြစ်ပါတယ်။ အဲပြောထားတဲ့အတိုင်း မလုပ်ရင် အဲဒီသန်း ၂၀၀ ထဲက penalty နုတ်နုတ်သွားမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒါကို ပြန်ဖြည့်ရပါမယ်။ အပြောကောင်းတိုင်း ရတာမဟုတ်ပါဘူး။ ပြောတဲ့အတိုင်း လုပ်ဖို့လိုပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် "ကျွန်တော်တို့ဘက်ကတော့ မမှားအောင် လုပ်ရမှာပေါ့။ ကျွန်တော်တို့က ကြိုပြီးပြောထား ပြီးသားပဲ။ ကျွန်တော်တို့မှာ Law မရှိသေးဘူး။ Law က လွှတ်တော်မှာ လုပ်နေတယ်။ Law ပြီးသွားရင် Law နဲ့ ကိုက်ညီတဲ့ လိုင်စင်ထုတ်ပေးမယ်။ သူတို့ သိပြီးသားပဲ။ သိပြီးမှ သူတို့ဝင်ကြတာ။ ၀င်ပြီးမှ နုတ်ထွက်ရင် လျော်ကြေးက အခုက ၂၅ သန်း၊ ပြီးရင် သန်း ၂၀၀ ထဲက ပြောတာတွေ မလုပ်ရင် နုတ်သွားမှာ။ နှစ်ယောက်ပေါင်း သန်း ၂၀၀ တင်ပြီးမှ လိုင်စင်ထုတ်ပေးမှာပါ" ဟု ဦးသောင်းတင်က ဆိုသည်။

လုပ်ငန်းများ စတင်ပြီး ခြောက်လအတွင်း လူဦးရေ တစ်သန်းအထက် မြို့ကြီးငါးမြို့တွင် တယ်လီဖုန်းကွန်ယက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်ရမည်ဟု ဦးသောင်းတင်က ပြောကြားသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com