http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၂ ဘီလျံ

Tuesday, 09 July 2013
၂၀၁၃ ခုနှစ် မေ ၃၁ ရက်မှ ဇွန် ၃၀ ရက်အထိ တစ်လအတွင်း တရုတ်၊ ထိုင်း၊ စင်ကာပူ အပါအ၀င် နိုင်ငံပေါင်း ငါးနိုင်ငံမှ အမေရိကန်ဒေါ်လာ ၄၃၂ သန်းကျော် ထပ်မံမြှုပ်နှံခဲ့ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၄၂ ဘီလျံကျော်အထိ ရှိလာကြောင်း သိရသည်။

ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့သည့် ကဏ္ဍများမှာ ကုန်ထုတ်လုပ်မှုနှင့် ဟိုတယ်ကဏ္ဍတို့ဖြစ်ပြီး တရုတ်၊ ထိုင်း၊ ဗြိတိန်၊ စင်ကာပူနှင့် အိန္ဒိယနိုင်ငံတို့မှ မြှုပ်နှံခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံပေါင်း ၃၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်
ရှိပြီး ၂၀၁၃ ခုနှစ် မေ ၃၁ ရက်အထိ စာရင်းများအရ မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂၄၉၆ ဒသမ ၇၁၂ သန်း ရှိ ရာမှ ယခု ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ အမေရိကန် ဒေါ်လာ ၄၂၉၂၉ ဒသမ ၀၄၇ သန်းအထိ တိုးမြှင့်မြှုပ်နှံမှု ပြုလုပ်ခဲ့သည့်အတွက် တစ်လအတွင်း အမေရိကန်ဒေါ်လာ ၄၃၂ ဒသမ ၃၃၅ သန်း တိုးလာခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာ ၃၇၉ ဒသမ ၀၅ သန်းဖြင့် အများဆုံး မြှုပ်နှံခဲ့ခြင်းဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် စင်ကာပူနိုင်ငံမှ
ဒေါ်လာ ၂၃ ဒသမ ၆၈ သန်း၊ ဗြိတိန်နိုင်ငံမှ ဒေါ်လာ ၁၅ ဒသမ ၈၃၅ သန်း၊ တရုတ်နိုင်ငံမှ ဒေါ်လာ ၄ ဒ သမ ၁ သန်းနှင့် အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၉ ဒသမ ၆ သန်း အသီးသီး ၀င်ရောက် မြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း ဇွန်လအတွင်း၌
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်း ၁၄ ခုအား လုပ်ကိုင်ခွင့် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

ယခင်ဘဏ္ဍာရေး နှစ်များအတွင်း၌ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရာတွင် အကျိုးအမြတ်များသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူးဖော်ရေး ကဏ္ဍနှင့် လျှပ်စစ်စွမ်းအား ကဏ္ဍတို့တွင် အဓိက ၀င်ရောက်မြှုပ်နှံခဲ့ကြပြီး ယခုနောက်ပိုင်းတွင်မူ ကုန်ထုတ်လုပ်မှု ကဏ္ဍနှင့် အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်သည့် လက်ခစား အထည်ချုပ်လုပ်
ငန်းနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် မြှုပ်နှံလုပ်ကိုင် လာကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇွန် ၃၀ ရက်အထိ စာရင်းများအရ တရုတ်နိုင်ငံ
မှ အမေရိကန်ဒေါ်လာ ၁၄၁၈၅ သန်းကျော်ဖြင့် အများဆုံး မြှုပ်နှံမှု ပြု
လုပ်ထားကြောင်း သိရသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com