http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဦးအောင်မင်း နုတ်ထွက်စာ တင်သွင်းထားသည်ဟု သတင်းများ ထွက်ပေါ်

ရန်ကုန်၊ ဇူလိုင် ၁
နိုင်ငံတော်သမ္မတထံ နုတ်ထွက်စာ တင်သွင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေသော နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းသည် အစိုးရ အဖွဲ့မှ နုတ်ထွက်မည်မဟုတ်ကြောင်း မြန်မာ ငြိမ်းချမ်းရေး စင်တာ၏ အကြီးတန်း အကြံပေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဦးအောင်မင်းနှင့် လက်တွဲ လုပ်ကိုင်နေသူ ဦးလှမောင်ရွှေက The Voice သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းသည် နုတ်ထွက်စာ တင်ရန် အစီအစဉ်မရှိကြောင်း ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်များကိုသာ အာရုံစိုက် လုပ်ကိုင်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီကို ဝန်ကြီးအချို့ နုတ်ထွက်စာ တင်တယ်။ အဲဒီပေါ် အခြေခံပြီး ဒီသတင်းတွေ ထွက်လာတာ။ နောက် ဦးအောင်မင်းက ပြီးခဲ့တဲ့နှစ်တုန်းက နုတ်ထွက်စာ တင်ဖူးတယ်။ အဲဒါတွေရောပြီး ဦးအောင်မင်း နုတ်ထွက်တယ် ဖြစ်လာတာ” ဟု ဦးလှမောင်ရွှေက ဆိုသည်။

ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့ သည့် ပြည်ထောင်စုဝန်ကြီး အချို့နှင့် သတင်း မီဒီယာများ တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဦးအောင်မင်း နုတ်ထွက်စာ တင်ခြင်းသည် ဒီမိုကရေစီ အစိုးရတစ်ရပ်၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောဆိုထားသည်။

အဆိုပါ သတင်းမီဒီယာ ဆွေးနွေးပွဲသို့ ဦးအောင်မင်း တက်ရောက်လာမှု မရှိခြင်းနှင့် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ ဖြေကြားချက်များကို ကိုးကား ၍ ပြည်တွင်း မီဒီယာအချို့နှင့် အင်တာနက် စာမျက်နှာများတွင် ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း နုတ်ထွက်စာ တင်ထားကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်မှ နိုင်ငံတော် သမ္မတရုံး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခြင်း ခံထားရသူ ဖြစ်သည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com