http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်

နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
Saturday, 13 July 2013
ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့ သင်တန်းပို့ချမှုများကို မြန်မာနိုင်ငံ အတွင်းမှာ လုပ်လို့မရကြောင်း မောင်တော နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ သတင်းရရှိသည်။

''စစ်သင်တန်းတွေ ပို့ချနေပြီလို့ ဆိုတဲ့ဟာက မြန်မာနိုင်ငံတွင်းမှာ လုပ်လို့မရပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။ မီဒီယာ လုပ်ကွက်တွေပါပဲ။ ကျွန်တော်တို့ ဆီမှာရှိတဲ့ ဘင်္ဂါလီတွေကတော့ အေးအေး ဆေးဆေးပါပဲ။ ရိုဟင်ဂျာ ဆိုတာကိုတော့ မသိပါဘူး။ ဒီဒေသဟာ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးကို နိုင်ငံတော်အဆင့် ဖွဲ့စည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ငြိမ် အေးချမ်းရေးမှာတော့ မည်သို့သော အနှောင့်အယက် အတားအဆီး၊ အဖျက်အမှောင့်တွေ လာသော်ရှိ၊ မလာသော်ရှိ လုံခြုံရေးကို နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေပါတယ်'' ဟု မောင်တော နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယ ကွပ်ကဲရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ထူးလှိုင်က ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁၂ နာရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် Jemmah Islamiah (JI) အဖွဲ့ဝင် Muhammad Jibril Abdul Rahman တည်ထောင်ထားသည့် Ar Rahmah အင်တာနက် စာမျက်နှာတွင် ရခိုင်ပြည်နယ် အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည့် ဓာတ်ပုံ ၂၈ ပုံ ဖော်ပြခဲ့ပြီး ထိုသို့ လုပ်ဆောင်မှုများအား ''Ramadan gift'' ဟု ကြွေးကြော်ထားပြီး ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များအား ရခိုင်ပြည်နယ်တွင် ဂျီဟတ် (ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် တိုက်တွန်းထားကြောင်း သိရသည်။

RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်...



ယင်းအပြင် Rohingya Solidarity Organisation (RSO) နှင့် ပတ်သက်သူများ ဖြစ်သည့် ရိုဟင်ဂျာခေါင်းဆောင် ဗလီဆရာဖြစ်သူ Abu Arif နှင့် စစ်သွေးကြွခေါင်းဆောင် Abu Shafiyah တို့နှစ်ဦးသည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ အမာခံအုပ်စုများနှင့် တွေ့ဆုံကာ တိုက်ခိုက်ရေးသမားများ၊ လက်နက်ခဲယမ်းများ၊ ငွေကြေးနှင့် ဖောက်ခွဲရေး သင်တန်းပေးမည့်သူများ ရှာဖွေခဲ့ကြောင်း သိရသည်။

''RSO ကို ၈၂ မှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ၈၈ နောက်ပိုင်းမှာ ပိုအားကောင်းလာတယ်။ ၈၈ ခုနှစ် မေလ ၁၃ မှာ မောင်တော တစ်မြို့လုံးကို ၀ိုင်းပြီးသိမ်းဖို့ လုပ်ခဲ့တယ်။ နောက် RSO နဲ့ သူ့ယူဂျီတွေက ၉၄ မှာ မောင်တောမြို့ပေါ် နေရာတွေမှာ ဗုံးကိုးလုံး ဖောက်ခဲ့တယ်။ မပေါက်ဘဲ ဗုံးနှစ်လုံးရသေးတယ်။ RSO သင်တန်းတွေကတော့ အာဖဂန်နစ္စတန် နိုင်ငံက တာလီဘန်တွေဆီမှာ သွားသင်တန်းတက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ RSO စစ်စခန်း လေးခုလောက်ဖွင့်ပြီး သင်တန်းပို့ချတယ်လို့ သိရတယ်။ အခုက RSO ကြိုးကိုင်တဲ့ လူတွေက မြန်မာနိုင်ငံထဲက ဘင်္ဂါလီတွေကို သင်တန်းပေးပြီး မြန်မာနိုင်ငံထဲမှာ မြှုပ်နှံထားတာတွေ ရှိနေတယ်။ RSO ဆိုတာ ဘင်္ဂါလီတွေ အားလုံးလိုလို ဖြစ်နေတယ်။ ခွဲလို့မရ ရှုပ်ထွေးနေတယ်။ အဲလို ခွဲခြားမရတာကိုက မြန်မာနိုင်ငံ အစိုးရရော ဒေသခံတွေရော အင်မတန် စိုးရိမ်ရမယ့် အခြေအနေ ရှိပါတယ်။ ဒါတွေကို လုံခြုံရေး အဖွဲ့တွေကလည်း ဖော်ထုတ်မပေးနိုင်ဘူး'' ဟု မောင်တော မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသာသာမောင်က ဆိုသည်။

RSO သည် ၁၉၈၂ ခုနှစ် စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏ အဖွဲ့ဝင်များသည် အခြားစစ်သွေးကြွ အဖွဲ့များနည်းတွင် အရှေ့အာရှဒေသတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ကြ ကြောင်းလည်း သိရသည်။ ဒေသလုံခြုံရေးအတွက် နယ်စပ်တွင် နစက၊ ရဲ၊ စစ်တပ်တို့မှ နေ့ညမပြတ် ဆောင်ရွက်လျက် ရှိနေကြောင်းနှင့် နိုင်ငံလုံခြုံရေး အတွက် တည်ဆောက်နေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးမှာလည်း အခြေအနေ ကောင်းကြောင်းနှင့် လက်ရှိတွင် မိုးတွင်းကာလ ဖြစ်သဖြင့် တည်ဆောက်ရေး လုပ်ငန်းများ ခေတ္တနားထားရသည့် ရာသီ ဖြစ်ကြောင်းလည်း သိရသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com