http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ ရေးဆွဲခဲ့သော စာချုပ်မူကြမ်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထား

Tuesday, 09 July 2013
ဝမ်ပေါင်ကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသော စာချုပ်မူကြမ်းကို ပြည်ထောင် စု ရှေ့နေချုပ်ရုံး၏ သဘောထားမှတ်ချက်များနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဇူလိုင် ၈ ရက်က တင်ပြခဲ့သည်ဟု အဆိုပါ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

အဆိုပါ စာချုပ်မူကြမ်းကို ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ မြန်မာဝမ်ပေါင် ကုမ္ပဏီလီမိတက်တို့နှင့် သတ္တုတွင်း ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပညာရှင်များ ပါဝင်သော ညှိနှိုင်း အစည်းအဝေး ပြုလုပ်ကာ အကြံပြု ဆွေးနွေးချက်များနှင့် ညှိနှိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း အစီ ရင်ခံစာ ဖော်ပြချက်အရ သိရသည်။

အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အနေဖြင့် သိမ်းဆည်းမြေများအပေါ် ယခင်လျော်ကြေးနှုန်း ထား ဟောင်းများကို ပြင်ဆင်လျော်ကြေး ပေးစေခဲ့ရာ ယာမြေတစ်ဧက ကျပ် ၁၀ သိန်း၊ မိုးကောင်းသောက်လယ်မြေ တစ်ဧကလျှင် ကျပ် ၁၂ သိန်း၊ မြစ်ရေတင်နှင့် ဆည်ရေသောက်မြေ တစ်ဧကလျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် ပေးလျော်စေခဲ့ပြီး လက်ရှိအချိန်အထိ မြေဧက ၂၇၁၅ ဒသမ ၉၁ ဧက အတွက် ကျပ်သိန်းပေါင်း ၂၇၉၈၇ ဒသမ ၈၂ သိန်း ပေးလျော်ခဲ့ပြီး ဖြစ်သည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com