http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ငွေကျပ် ၁၈ သိန်းကျော်တန်ဖိုးရှိ ဆာလဗျူရစ်အက်စစ်များ သိမ်းဆည်းရမိ

မြစ်ကြီးနား ၊ ၁၂-၇-၂၀၁၃
မြစ်ကြီးနား မြို့ပေါ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ ၊ ရောင်းချ ဖြန့်ဖြူးသူများ အပြင် မူးယစ်ဆေးဝါး နှင့် ဆက်နွယ် နေသည့် ဓာတုပစ္စည်း များကိုလည်း ရှာဖွေ ဖော်ထုတ် သိမ်းဆည်းလျက် ရှိရာ ဇူလိုင်လ ၉ ရက်နေ့က မြစ်ကြီးနား မြို့ပေါ်တွင် ငွေကျပ် ၁၈ သိန်းကျော် တန်ဖိုးရှိ ထိန်းချုပ် ဓာတုဗေဒ ပစ္စည်းများ ဖြစ်သည့် ဆာလဗျူရစ် အက်စစ်များ ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်က မြစ်ကြီးနား မှ တနိုင်းမြို့သို့ ထွက်ခွာမည့် ရာဇာထွန်း မောင်းနှင်သည့် ၁ယ/၆၁၇၇ မစ်ဆူဘီရှီ ယာဉ်အား ရပ်တန့် ရှာဖွောရာ ယာဉ်နောက်ခန်း တွင် ကျန်းမာရေး ၀န်ကြီးဌာန ၏ ၁/၂၀၁၂ ဇယား(၁) ပါ ထိန်းချုပ် ဓာတုပစ္စည်းများ ဖြစ်သည့် ဆာလဗျူရစ် အက်စစ် ၄၀ လီတာ အား တွေ့ရှိ၍ မေးမြန်းရာ ၄င်း အက်စစ်များကို ရှမ်းစု မြောက်ရပ်ကွက် အိမ်အမှတ် (၈၃)ရှိ B2 ကားပစ္စည်း ဆိုင်မှ ၀ယ်ယူ ခဲ့ကြောင်း ထွက်ဆို၍ အဆိုပါ B2 ကားပစ္စည်း အရောင်းဆိုင် အား သွားရောက် ရှာဖွေရာ ဆိုင်ရှင် ဦးဘီဘရန်းဆင် ၏ နေအိမ် မြောက်ဘက်ရှိ အုတ်တံတိုင်း နှင့် နေအိမ်ကြား ဆာလဗျူရစ် အက်စစ် ၂၀ လီတာပါ အပြာရောင် ပလပ်စတစ်ပုန်း ၄၆ ပုန်း ၊ စုစုပေါင်း ဆာလဗျူရစ် အက်စစ် ၉၂၀ လီတာ ၊ ကာလတန်ဖိုး ငွေကျပ် ၁၈၄၀၀၀၀ အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်ကြောင့် ထိန်းချုပ် ဓာတုပစ္စည်း များဖြစ်သည့် ဆာလဗျူရစ် အက်စစ်ရည်များ တရားမ၀င် သိုလှောင် ရောင်းဝယ်သူ ဦးဘီဘရန်းဆင် ၄၆ နှစ် (ဘ) ဦးဝိုင်ဂူရဆင် အား ထိန်းချုပ် ဓာတုပစ္စည်း သိုလှောင် ရောင်းဝယ်မှု ဥပဒေ အရ မြို့မ ရဲစခန်း မှ မယ(ပ) ၅၁ / ၂၀၁၃ ၊ မူး/စိတ် ပုဒ်မ ၁၆(ခ) အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
Pyi Chit Tar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com