http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ပြီး နစ်မြုပ်သွားသော ကုန်တင်သင်္ဘောအား ပြန်လည်ဆယ်ယူသွားမည်


Thursday, 11 July 2013
ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ပြီး ကျွန်းစုမြို့နယ်၊ ဂဏန်းကျွန်းမော်ထိပ်ရှိ ရေအောက်တွင် နစ်မြုပ်ခဲ့သော အင်္ဂလိပ်ကုန်တင် သင်္ဘောအား ပြန်လည်ဆယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပထက်တောင်၏ တောင်ဘက်၊ ဂဏန်းကျွန်း မော်ထိပ်တွင် ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံမှ ကုန်တင်သင်္ဘောမှာ ဂျပန်တို့၏ ဗုံးဆန်ကြောင့် နစ်မြုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်္ဘောမှာ ပေ ၃၀၀ ရှည်လျားပြီး အကျယ်မှာ ပေ ၄၀ ကျော်ကာ သင်္ဘောအား ပြန်လည်ဆယ်ယူရန်အတွက် လုပ်ငန်းရှင်များက စုပေါင်းကာ အစိုးရထံမှ လေလံရရှိပြီး လုပ်ဆောင်ခွင့် ရထားကြောင်း သိရသည်။ "အဲဒီသင်္ဘောကို ဆယ်ယူဖို့ စီစဉ်နေတာ တစ်နှစ်လောက် ရှိပါပြီ။ အရင်က ဒေသခံတွေ လာရောက်ပြီး ရေငုပ်ယူကြလို့ ရှေးဟောင်း ပန်းကန်တွေနှင့် အသုံးအဆောင်တွေ ရသွားကြတယ်လို့ သိရတယ်။

ပြီးခဲ့တဲ့ ဧပြီနှင့်ဇွန်လမှာ ကျောက်မီးသွေးသုံး ဘွိုင်လာနှစ်လုံး ဆယ်ယူထားပြီးလာမယ့် ပွင့်လင်းရာသီရောက်ရင် သင်္ဘောကိုယ်ထည်နှင့် စက်ပစ္စည်းတွေကို စတင်ဆယ်ယူသွားမယ်လို့ သိရတယ်" ဟု သင်္ဘော ဆယ်ယူသူများနှင့် နီးစပ်သူ ဦးမြတ်ကိုက ပြောကြားခဲ့သည်။

သင်္ဘော၏တန်ချိန်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း ဆယ်ယူရရှိခဲ့သည့် ကျောက်မီးသွေးသုံး ဘွိုင်လာအိုးများအတွက် အသုံးပြုခဲ့ရသည့် ကုန်ကျစရိတ်မှာ ကျပ်သိန်းတစ်ထောင် ကျော်ခဲ့ကြောင်း သိရသည်။ ကျောက်မီးသွေးသုံး ဘွိုင်လာအိုး တစ်လုံး၏ အမြင့်မှာ ၁၃ ပေခွဲရှိပြီး အလျားမှာ ၁၅ ပေရှိကာ တန် ၅၀ အလေးချိန်ရှိကြောင်း သိရသည်။ အဆိုပါ ကုန်တင်သင်္ဘော၏ ကုန်ခန်းကို ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ စက်ခန်းကို လာမယ့်ပွင့်လင်းရာသီတွင် စတင်ဆယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်မြို့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ပထက်တောင်၏ တောင်ဘက်၊ ဂဏန်းကျွန်း မော်ထိပ်တွင် ၁၉၄၂ ခုနှစ်က အင်္ဂလန်နိုင်ငံမှ ကုန်တင်သင်္ဘောမှာ ဂျပန်တို့၏ ဗုံးဆန်ကြောင့် နစ်မြုပ်ခဲ့ . . . . .

"မိုးရာသီလည်း ရောက်နေပြီး ဒီနေရာက ရေတိုးပတ်ဆိုရင် ရေစီးသန်တဲ့ အတွက် လုပ်ကိုင်ဖို့ အဆင်မပြေတော့ဘူး။ ရေငုပ်တဲ့ အဖွဲ့တွေကလည်း ရန်ကုန်ကဖြစ်နေပြီး အခုပြန်သွားပါပြီ။ သင်္ဘောကို ဆယ်ယူရင် ရေအောက်မှာ တစ်စစီဖြုတ်ပြီး ဆယ်ယူသွားမှာပါ" ဟု ဦးမြတ်ကိုက ပြောကြားသည်။
eleven media group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com