http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်ဆန္ဒပြသူ ကိုထင်ကျော်ပုဒ်မ ၁၈ ဖြင့်တရားစွဲခံရ

ကြာသပတေးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၃
ဇူလိုင် ၁၀ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ပုဒ်မ ၁၈ (ခွင့်ပြုချက်မရှိဘဲ ဆန္ဒဖော်ထုတ်မှု)ကို ဆန့်ကျင်၍ ဖျက်သိမ်းပေးရန် နံနက်၁၀နာရီမှ ၁၁နာရီ ၀န်းကျင်အထိ တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်အား ကျောက်တံတားမြို့နယ် ရဲစခန်းမှ ပုဒ်မ၁၈ဖြင့် တရားစွဲဆိုထားသည်ပာု ၎င်းက မဇ္ဈိမကို ပြောသည်။

၎င်းက “ပုဒ်မ၁၈ကို ပယ်ဖျက်ပေးဖို့ ဆန္ဒပြတာပါ။ အဓိကကတော့ ပုဒ်မ ၁၈ ဥပဒေက ရှေ့နောက်မညီပါဘူး။ ပြည်သူတွေရဲ့ မူလလုပ်ပိုင်ခွင့်တွေကို မဖျောက်ဖျက်စေချင်ပါဘူး”ဟု ပြောသည်။

ယခုတစ်ကြိမ်သည် ၁၀ ကြိမ်မြောက် တရားစွဲခံရခြင်းဖြစ်ပြီး ကိုထင်ကျော်သည် တစ်ကိုယ်တော်ဆန္ဒပြမှု ငါးကြိမ်၊ စုပေါင်းဆန္ဒပြမှု ခြောက်ကြိမ် စုစုပေါင်း ၁၁ကြိမ် ဆန္ဒပြခဲ့ပြီး ဆန္ဒပြမှုကြောင့် မြို့နယ် ခြောက်မြို့ နယ်မှ ပုဒ်မ ၁၈ဖြင့် အမှု ၁၀ ခုတရားစွဲဆိုခြင်း ခံထားရသည်ဟုလည်း ၎င်းကပြောသည်။

ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှု နှင့် ပတ်သက်ပြီးတစ်ကိုယ်တော် ဆန္ဒပြမှုကြောင့် ခန်္တီးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၂နှစ်ခွဲ ကျခံခဲ့ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ်ဇန်န၀ါရီ ၁၃ ရက်နေ့တွင် နိင်ငံတော်သမ္မတ၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ငြိမ်းခဲ့သည်။

ကိုထင်ကျော်သည် ၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင်ဖြစ်ပြီး ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကိစ္စ၊ လျှပ်စစ်မီးကိစ္စအပြင် မြေသိမ်းခံရခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ဆန္ဒပြခဲ့သည်။
ယုဝေ
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com