http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သံဃာအယောင်ဆောင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦး ခေါ်ဆောင်ခဲ့သူကို အမှုဖွင့်

ရန်ကုန်၊ ဇူလိုင် ၁၁
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းပေါ်ရှိ ပိုလိုတည်းခိုခန်းတွင် သံဃာယောင်ဆောင်၍ လာရောက်တည်းခိုသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ခေါ်ယူခဲ့သူ ဇနီးမောင်နှံကို ကျွန်ပြုရန် ကြံရွယ်၍ သွေးဆောင်ခေါ်ယူမှုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သာကေတမြို့နယ် အရှေ့(၇) ရပ်ကွက် အောင်သပြေ (၁၀) လမ်းတွင်နေထိုင်သော ဦးမင်းနိုင်နှင့် ဒေါ်ရင်ရင်ဝင်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့မှ ထိုင်းနိုင်ငံရှိ လူနှစ်ဦးမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည် ဖြစ်ကြောင်း အဆိုပါ ဇနီးမောင်နှံနှစ်ဦးက ထွက်ဆိုခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့၏နေအိမ်တွင် ဇူလိုင်လ ၉ ရက်နေ့ညပိုင်းက ဖမ်းမိခဲ့ကြောင်း၊ အဆိုပါ ဇနီးမောင်နှံ၏ နေအိမ်တွင် ဆက်သွယ်ခဲ့သည့် လက်ကိုင်ဖုန်း၊ အမေရိကန်ဒေါ်လာ ၁၀၀ တန်ခြောက်ရွက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ငွေစက္ကူ ၅၀၀ တန်တစ်ရွက်၊ မြန်မာငွေစက္ကူ သုံးသိန်းခွဲခန့်နှင့် နှစ်ဦးစီးနင်းလာသည့် Air Bangla လေယာဉ်လက်မှတ်နှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

လက်ရှိဖမ်းမိထားသည့် ဇနီးမောင်နှံနှင့် မလေးရှားသို့ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံတွင် နေထိုင်သူ ဦးတင်ဝင်း (ခ) မာမက်ဆူလတန်နှင့် ဒေါ်ရွှေလုံးတို့ကို (ပ)၂၀၅ /၁၃၊ ပြစ်မှု ပုဒ်မ-၃၆၇/၃၇၀ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့က ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းမှတစ်ဆင့် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အသက် ၂၇ နှစ်အရွယ် Pjon Barua နှင့် အသက် ၂၉ နှစ်အရွယ် Anter Barua တို့သည် လသာမြို့နယ်ရှိ ပိုလိုတည်းခိုခန်းတွင် သင်္ကန်းဝတ်ဖြင့် လာရောက် တည်းခိုခဲ့ပြီး လူဝတ်လဲကာ ထမင်းဆိုင်တွင် ထမင်းစားနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို (ပ) ၂၀၃/၁၃၊ ပုဒ်မ-၂၉၅/၂၉၅ (က) ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com