http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

'၀' ပြည်နယ်တောင်းဆိုမှု ပေးနိုင်၊ မပေးနိုင် ဆိုခြင်းမှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ပြောကြား


တွေ့ဆုံဆွေးနွေးပွဲအပြီး၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်အား တွေ့ရစဉ်
Saturday, 15 June 2013
'၀' သွေးစည်း ညီညွတ်ရေးပါတီမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့်သို့ တိုးမြှင့်တောင်းဆိုမှုအား ပေးနိုင်မပေးနိုင်မှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

'' '၀' သွေးစည်းညီညွတ်ရေး တပ်မတော်ပေါ့။ သူတို့က ပြည်နယ်တောင်းတယ် ဆိုတဲ့နေရာမှာ သူတို့ရဲ့ အခွင့်အရေး တစ်ခုပါပဲ။ ဒါပေမဲ့ ပေးနိုင်မနိုင်ကတော့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားပေါ်မှာပဲ မူတည်ရမှာ ဖြစ်ပါတယ်'' ဟု ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က ပြောကြားသည်။

မေ ၁၀ ရက်က ရှမ်းပြည်နယ် '၀' အထူးဒေသ(၂)ပန်ဆန်းမြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့နှင့် '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီတို့ တွေ့ဆုံရာတွင် '၀'ပြည် သွေးစည်းညီညွတ်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးရှောင်းမီလျံက '၀'ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် ခွင့်ပြုပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

'၀'သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် '၀'သွေးစည်းညီညွတ်ရေး ပါတီ၏ လက်အောက်တွင်ရှိပြီး လက်နက်ကိုင် အင်အား ၃၀၀၀၀ ကျော်ခန့်နှင့် အရန်ပြည်သူ့စစ်အင်အား ၁၀၀၀၀ ကျော်ခန့်ရှိသည်။

'၀' ပြည်နယ် တောင်းဆိုမှုသည် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားပြီး တရုတ်နိုင်ငံမှ '၀'သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အား စစ်ရဟတ်ယာဉ်များ ထောက်ပံ့ပေးပို့ခဲ့သည်ဟု ပြီးခဲ့သည့် ဧပြီလအတွင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ စစ်ရဟတ်ယာဉ် ပေးပို့သည့်ကိစ္စမှာ မဟုတ်မှန်ကြောင်းနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ မေ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး '၀'ပြည် သွေးစည်းညီညွတ်ရေး ပါတီမှလည်း မေ ၁၀ ရက်နေ့တွင် ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံရာတွင် ဒေသတွင်း သဘာဝဥယျာဉ် တည်ဆောက်ရာ၌ အသုံးပြုရန် အင်ဂျင်မပါသော ရဟတ်ယာဉ်တစ်စင်း၊ ဖော်ကာလေယာဉ် တစ်စင်းနှင့် သင်္ဘောတစ်စင်းအား ထိုင်းနိုင်ငံမှ ၀ယ်ယူခဲ့ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com