http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အီရန် ရွေးကောက်ပွဲစတင်၊ သန်းပေါင်းများစွာသော ပြည်သူများမဲပေး

တီဟီရန်၊ ဇွန် ၁၄
အီရန်နိုင်ငံ သမ္မတ အာမက်ဒီနေဂျက် နေရာကို အစားထိုး ဝင်ရောက်မည့်သူ မည်သူမည်ဝါ ဖြစ်မည် ဟူသည်ကို အဆုံးအဖြတ် ပေးမည့် သမ္မတ ရွေးကောက်ပွဲကို ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ အီရန်နိုင်ငံ တစ်ဝန်းရှိ ပြည်သူ သန်းပေါင်းများစွာ လာရောက် မဲပေးကြကြောင်း တီဟီရန်မြို့တော် အခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားတင်ဆက်ကြသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အီရန်နိုင်ငံ၌ သြဇာ အကြီးမားဆုံး ဘာသာရေး ခေါင်းဆောင်ဖြစ်သူ အယာတိုလာခါမေနီက မဲပုံးအတွင်းသို့ မဲထည့်ကာ ရွေးကောက်ပွဲကို တရားဝင် ဖွင့်လှစ်ပေးလိုက်ပြီး မဲပေးပိုင်ခွင့်ရှိသော အီရန်နိုင်ငံသား သန်း ၅၀ ခန့် အနေနှင့် သမ္မတလောင်းလျာ ခြောက်ဦး အနက်မှ တစ်ဦးကို ရွေးချယ်ကြရန် တိုက်တွန်းပြောဆိုသည်။

“ချစ်လှစွာသော အီရန် ပြည်သူတွေအတွက် ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကတော့ ရွေးကောက်ပွဲမှာ အားလုံးမဲပေးကြဖို့ပါပဲ။ နှောင့်နှေးမှု မရှိဘဲ မဲရုံကို အမြန်ဆုံးသွားပြီး မဲပေးကြပါလို့ တိုက်တွန်း လိုက်ပါတယ်” ဟု အယာတိုလာခါမေနီက ပြောကြားသည်။

အီရန်နိုင်ငံ၏ ယခုနှစ် သမ္မတရွေး ကောက်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူ ခြောက်ဦးမှာ မိုဟာမက် ဘာဟာဂါလီဘတ်ဖ်၊ အလီကဘာဗီလာရာတီ၊ ဆာဒီဂျာလီလီ၊ မိုဆန် ရီဇာနီ၊ ဟတ်ဆန်ရိုဟာနီနှင့် မိုဟာမက် ဂါရာဇီတို့ ဖြစ်ပြီး ၎င်းတို့အားလုံးကို ရှေးရိုးစွဲသမားများအဖြစ် လေ့လာစောင့်ကြည့် သူများက သတ်မှတ်ထားကြောင်း၊ သို့သော် ဟတ်ဆန်ရိုဟာနီမှာ လတ်တလော နေ့ရက်များအတွင်း ပြုပြင် ပြောင်းလဲရေးသမားများနှင့် ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုနှစ် သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်လွှာ တင်ခဲ့သူ စုစုပေါင်း ၆၈၀ ဦး ရှိခဲ့ရာ ရွေးကောက်ပွဲ ကော်မရှင်က ရှစ်ဦးကိုသာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည့် အရည်အချင်းနှင့် ပြည့်စုံကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော် ယင်းရှစ်ဦးအနက် နှစ်ဦးမှာ ရွေးကောက်ပွဲ မတိုင်မီ နှစ်ပတ်ခန့် အလိုတွင် ပါဝင်ယှဉ်ပြိုင်မှု ပြုမည် မဟုတ်ဟုဆိုကာ နုတ်ထွက်သွားခဲ့ကြသည်။

၂၀၀၉ ခုနှစ်က သမ္မတ အာမက်ဒီနေဂျက် ဒုတိယအကြိမ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရသည့် သမ္မတရွေးကောက်ပွဲတွင် မဲလိမ်မှုများ၊ မသမာမှုများ ရှိခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီး အစိမ်းရောင် လှုပ်ရှားမှု ဟူသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီးလည်း ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ် ရွေးကောက်ပွဲတွင်မူ နိုင်ငံခြားမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ပါဝင်ကြည့်ရှုခွင့် မရရှိသလို မီဒီယာများ သတင်းရယူမှုနှင့် ပတ်သက်၍လည်း အစိုးရက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။

အီရန် ရွေးကောက်ပွဲအား အမေရိကန် ပြည်ထောင်စုက အသိအမှတ် မပြုဟူသည့် အရေးကိစ္စနှင့် ပတ်သက်၍ အယာတိုလာခါမေနီက လူမှုကွန်ရက် တစ်ခုဖြစ်သော တွစ်တာ (Twitter) မှတစ်ဆင့် ယခုလိုထုတ်ဖော် ပြောဆိုသည်။
“အမေရိကန် နိုင်ငံရေးသမားတွေက အီရန် ရွေးကောက်ပွဲကို အသိအမှတ် မပြုဘူးလို့ ကျွန်တော်ကြားတယ်။ သူတို့ရဲ့ အသိအမှတ် ပြုမှုကို ဘာအရေး စိုက်နေစရာလိုလဲ”
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com