http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပိုကောင်းလာစေချင်လို့ လက်ဦးမှု ယူလိုက်တာလား

ဒီလပိုင်းတွေထဲမှာ နိုင်ငံရေး အဝန်းအဝိုင်းထဲ ကျယ်ကျယ်လောင် လောင်ပြောလာကြတဲ့ အကြောင်းအရာ တစ်ခုရှိတယ်။ အရင်ကတည်းက ပြော ခဲ့ကြတာ ဖြစ်ပေမယ့် အဲဒီတုန်းက ပြောခဲ့တာက ငြင်းဆန်ဆန့်ကျင်တဲ့ အမြင်ပေါ်က ပြောခဲ့ကြတာပါ။ အခုက တော့ လက်မခံဘူး၊ ပြင်ကိုပြင်ရမယ် ဆို တဲ့ သဘောထားနဲ့ ပြောလာကြတာ ဖြစ် ပါတယ်။ အာဏာရပါတီဘက်ကလည်း လိုက်ပြီး ပြောလာရတဲ့ အကြောင်းအရာ ပါ။ အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပါပဲ။ မကြာခင် ပြန် စတော့မယ့် လွှတ်တော်အစည်းအဝေး မှာ ဒီကိစ္စကို ဆွေးနွေးကြမယ် ဆိုတာ ကိုလည်း ကြားနေ၊ ဖတ်နေရပါတယ်။အာဏာရပါတီရဲ့ ပြင်ချင်တာက ဘာလဲ။ လွှတ်တော်ထဲ ရောက်နေတဲ့ အတိုက်အခံပါတီတွေ ဘက်က ပြင်ချင် တာက ဘာလဲ။ လွှတ်တော်အပြင်ဘက်က ပါတီတွေ၊ အဖွဲ့အစည်းတွေ ဘက်က ပြင်ချင်တာ ကဘာလဲ။ အဲဒီ ‘ဘာ လဲ’ တွေရဲ့ အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက ဘာလဲ။

သဘောတူရင် ထပ်စဉ်းစား

”ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည် မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထု တစ်ရပ်လုံးနှင့် ယင်းအချုပ်အခြာအာဏာ ကို ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့် အပ်နှင်းခြင်းခံရသော အစိုးရတို့သည် မည်သို့မည်ပုံ အာဏာခွဲဝေသုံးစွဲ၍ နိုင်ငံတော်ကို မည်ပုံမည်နည်းဖြင့် စီမံ အုပ်ချုပ်ကြရမည်ဟု ပြဋ္ဌာန်းထားသော တိုင်းပြည်၏အမြင့်ဆုံး ‘ဥပဒေ’ ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်အချုပ်အခြာ အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူ လူထုနှင့် ပြည်သူလူထုကိုယ်စားတိုင်းပြည် ကိုစီမံအုပ်ချုပ်နေသော အစိုးရတို့အကြား အာဏာအလွဲသုံးစားမှု မရှိရလေအောင် နှစ်ဦးနှစ်ဖက်သဘောတူ ချုပ်ဆိုထား သော ပဋိညာဉ်စာချုပ်ဖြစ်သည်”(ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေ စီကျင့်စဉ်တရားများ၊ စာ-၁၇)

ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ သဘောတူ လက်ခံနိုင်တဲ့ ဖွင့်ဆိုချက် ဖြစ်ပါတယ်။ အဲဒီဖွင့်ဆိုချက်ထဲမှာ ‘နိုင် ငံတော်အချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်ဖြစ်သော ပြည်သူလူထု’ ဆို တာရယ်၊ ‘ပြည်သူလူထုကိုယ်စားကျင့် သုံးခွင့်အပ်နှင်းခြင်း ခံရသောအစိုးရ’ ဆိုတာရယ်၊ ‘အာဏာအလွဲသုံးစားမှု မရှိ ရလေအောင် နှစ်ဦးနှစ်ဖက်သဘောတူချုပ်ဆိုထားသော’ ဆိုတာတွေရယ်က အဓိက ကျမယ်ထင်တယ်။

၂ဝဝ၈ ဖွဲ့စည်းပုံမှာ ပြည်သူလူထု ဟာ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် ဖြစ်နေပါရဲ့လား။ ပြည်သူ မဟုတ်ဘဲ ဘယ်သူက မူလပိုင်ရှင် နေရာကို ရယူထားပါသလဲ။ အစိုးရဟာ ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့် အပ် နှင်းခြင်းခံထားရသူတွေလား။ ကိုယ့် ဘာသာ ကိုယ်အပ်နှင်းပြီး တပ်မတော် ကိုယ်စား ကျင့်သုံးခွင့် ရယူထားတာ လား။ ပြည်သူလူထုနဲ့ အစိုးရကြားမှာ ဘယ်သူက အာဏာကို အလွဲသုံးစား လုပ်ခွင့် ရယူထားပါသလဲ။ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ အစိုး ရနဲ့ ပြည်သူလူထုတို့ နှစ်ဦးနှစ်ဖက် သဘော တူချုပ်ဆိုထားတဲ့ စာချုပ်သဘောမျိုး တကယ် အသက်ဝင်နေပါသလား၊ ဒါမှ မဟုတ် တစ်ဖက်သတ်ချုပ်ဆိုပြီး အတင်း သဘောတူခိုင်းထားတဲ့ စာချုပ်မျိုး ဖြစ် နေသလား။ စဉ်းစားကြည့်ဖို့ ကောင်း ပါတယ်။ စိတ်ဝင်စားသူတွေကတော့ စဉ်းစားပြီးသား ဖြစ်မယ်ထင်ပါတယ်။

လက်ဦးမှု ယူတာလား

ပြင်ပအတိုက်အခံတွေနဲ့ လွှတ် တော်ထဲ ရောက်နေတဲ့ အတိုက်အခံ ပါတီတွေ အများစုက ၂ဝဝ၈ ဖွဲ့စည်းပုံ ကိုပြင်ဖို့၊ အသစ်ရေးဖို့ ပြောနေကြတာ ကြာပါပြီ။ ဒါပေမဲ့ လွှတ်တော် ထဲမှာ ဆွေးနွေးဖို့ အဆိုဖြစ်အောင် တင်ခဲ့တာ က လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် ဖြစ်ပါတယ်။ အရင် စစ် အစိုးရကို ဆန့်ကျင်ခဲ့တဲ့၊ အခု အစိုးရနဲ့ အတိုက်အခံ နေရာမှာရှိနေတဲ့ ဒီမိုက ရေစီ ဘက်တော်သားတွေဘက်က အရင် ရှိခဲ့တဲ့ အခုထိလည်းရှိနေတဲ့ မတရားမှုတွေနဲ့ ဥပဒေတွေ ကို ဝေဖန် ထောက်ပြခဲ့ကြတာ အများကြီးပါ။ အဲဒီ ဝေဖန် ထောက်ပြထားခဲ့တာတွေကို လွှတ်တော်ထဲမှာ လက်ဦးမှု ရယူပြီး အဆိုတင် ဆွေးနွေးလာတာဟာ အာ ဏာရအစိုးရ ပါတီ ဘက်က ဖြစ်ပါတယ်။ အလုပ်သမားကိစ္စ၊ လယ်သမား ကိစ္စ၊ ဥပဒေ ကိစ္စ၊ ပညာရေးကိစ္စတွေ အပါ အဝင် ကိစ္စအတော်များများကို ဆွေး နွေးခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ် အလိုက် လေ့လာစုံစမ်းရေး၊ ဖြေရှင်းရေး ကော်မတီတွေ ဖွဲ့ခဲ့ကြတယ်။ အဲဒီလို ဖွဲ့ ခဲ့တဲ့ ကော်မတီတွေဟာ ရှိနေခဲ့တဲ့၊ ရှိနေ  ဆဲဖြစ်တဲ့ ပြဿနာတွေ၊ အခက်အခဲ အကျပ်အတည်းတွေကို ထိရောက်ပြီး အကျိုးရှိအောင် ဖြေရှင်းနိုင်ခဲ့ပါသလား။ ဒါဟာ မေးလည်းမေးပြီး အဖြေလည်း ရှာကြည့်ရမယ့်ကိစ္စလို့ ထင်ပါတယ်။ ဆွေးနွေးတာ လက်တွေ့လုပ်ဖို့ ပြင်ဆင် တာမျိုးတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ထိရောက်တဲ့အကျိုးသက် ရောက်မှုတွေဖြစ်မလာဘဲ ရှိနေတဲ့ ပြဿနာတွေကို လွှတ်တော်ထဲမှာကြိုတင် လက်ဦးမှုယူပြီး ကိုယ်ဖြစ်ချင်၊ လိုချင်တဲ့ လမ်းကြောင်းထဲရောက်အောင် ဆွဲထည့် လိုက်တာမျိုးဆိုရင်တော့ ‘အကျယ် အကျယ် မငြိမ်းဖွယ်’ ဖြစ်လာနိုင်တယ်။အခု ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဦး ဆောင်ဆွေးနွေးခဲ့တဲ့ အာဏာရပြည်ခိုင် ဖြိုးပါတီဟာ အတိုက်အခံ တွေကို လက်ဦးမှု ရယူလိုက် တာလား။ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရေရှည်အကျိုးကို မျှော် ကိုးပြီး ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်ခဲ့တာ လား။ မကြာခင်မှာ ကွက်ကွက်ကွင်း ကွင်း ရှင်းရှင်းလင်း လင်းကြီး မြင်ကြရ တော့မှာပါ။

အဓိက နှစ်ခုတည်း

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာတွေထဲ မှာ အဓိက အကြောင်းအရာ နှစ်ခုကို သတိပြုမိတယ်။ တစ်ခုက ”တိုင်းပြည် ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” ဆိုတဲ့ နိုင်ငံတော် အခြေခံမူ ပုဒ်မ ၆ (စ) နဲ့ အဲ့ဒီ ပုဒ်မနဲ့ ဆက်နွှယ်ပြီး ဖွဲ့စည်းပုံ ဥပဒေထဲမှာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တပ်မတော်ရဲ့ အခွင့်အရေးရယူထားမှုတွေပါ။ နောက် တစ်ခုကတော့ တိုင်းရင်းသားလူမျိုးများ ရဲ့ တန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကိစ္စ ဖြစ်ပါတယ်။၂ဝဝ၈ ဖွဲ့စည်း ပုံ ဥပဒေအကြောင်းပြောဆိုဆွေးနွေးကြ၊ ဝေဖန်သုံးသပ်ကြတဲ့အခါမှာ ဒီ အကြောင်း အရာကြီးနှစ်ခုကအရေးတကြီးဆွေးနွေး ညှိနှိုင်းဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ် နေတာကို အားလုံးသိထားကြပါတယ်။လွှတ်တော်ထဲမှာ ဒီကိစ္စကို ဘယ် လောက်အထိ နက်နက်ရှိုင်းရှိုင်း စဉ်းစား ပြီး ဆွေးနွေးကြမလဲဆိုတာ စိတ်ဝင်စား စရာပါ။

ပါတီစုံရှင်သန်နေအောင်

တချို့က ပြောနေတာရှိတယ်။ ဖွဲ့ စည်းပုံကို ပြင်ရင် စစ်တပ်က အာဏာ သိမ်းလိမ့်မယ်တဲ့။ ကျွန်တော့်အမြင်က တော့ ဖွဲ့စည်းပုံပြင်ရုံနဲ့ စစ်တပ်က အာ ဏာသိမ်းစရာ အကြောင်းမရှိပါဘူး။ အခုလည်း လိုအပ်လာရင် (လိုအပ်တဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ယူပြီး) အာဏာသိမ်းခွင့် ပေးထားတာပါ။ အခု သက်ရှိ ထင်ရှားရှိနေသေးတဲ့ တပ်ခေါင်း ဆောင်ဟောင်းတွေထဲက တချို့ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတွေရဲ့ အကျိုး စီးပွားနဲ့ ဆက်နွှယ်ပြီး အကာအကွယ် ပေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာ၊ ပြင်ဆင်တာမျိုး ဖြစ်ခဲ့ရင် တော့ စစ်တပ်က ရုပ်ပျက်ဆင်းပျက် အာဏာသိမ်းပေးတာမျိုး ဖြစ်ရင် ဖြစ် မှာပါ။ အဲဒီဥပဒေ ပြဋ္ဌာန်းချက်တွေကို လတ်တလော အစိုးရခေါင်းဆောင် တွေရော၊ တပ်မတော်ခေါင်းဆောင်တွေ ကပါ ပြင်ဆင်ဖို့ သို့မဟုတ် ပယ်ဖျက်ဖို့ ကိစ္စကို လွှတ်တော်ထဲမှာ ပြောခွင့်၊ ဆွေးနွေးခွင့်တောင် ပေးပါ့မလား မသိ ဘူး။ ပြောဆိုဆွေးနွေးလို့ရရင်တောင်မှ အများစု မဲဆန္ဒနဲ့ ကန့်ကွက်ပယ်ချမယ့် အခြေအနေပါ။

ဒါကြောင့် အခုန မေးခွန်းမေးခဲ့ တာ ဖြစ်ပါတယ်။၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဦးဆောင်ဆွေးနွေးပြီး အဆို ဖြစ်အောင် တင်ခဲ့တဲ့ အာဏာရပြည်ခိုင် ဖြိုးပါတီနဲ့ အစိုးရဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ဘာကို ပြင်ချင်လို့ပါလဲ။ နိုင်ငံတော်ရဲ့ အခြေခံမူများထဲက ပုဒ်မ ၆ (စ) ကို ပယ်ဖျက်ပေးဖို့ အင်အယ်လ် ဒီ အပါအဝင် အတိုက်အခံပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက တင်ပြဆွေး နွေးလာရင် အခု အရပ်သားဘဝကို ရောက်နေကြတဲ့ လွှတ်တော်ဥက္ကဋ္ဌတွေ က သဘောတူလက်ခံနိုင်ပါ့မလား။ ဝန်ကြီး၊ ဝန်ကလေးတွေ ဖြစ်နေတဲ့ အခု အရပ်သား (စစ်ဗိုလ်ဟောင်း) တွေက ရော ‘အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ရှိနေ တာ’ ကို ကာကွယ်ပေးကြမှာလား။ ဗိုလ်ချုပ်ကြီးဟောင်း၊ လက်ရှိ သမ္မတ ဦးသိန်းစိန်ကရော ပုဒ်မ ၆(စ) ပယ်ဖျက် ပေးရေးအတွက် ဆွေးနွေးကြမယ့် အသံကို ကြိုတင်ပြီး နားခါးနေဦးမှာ လား။ ဒါကလည်း စိတ်ဝင်စားစရာနဲ့ စဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ လက်ရှိကျင့်သုံးနေတဲ့ ပါတီစုံဒီမို ကရေစီ နိုင်ငံရေးစနစ် အခြေခံပေါ် ကနေ ဒီမိုကရေစီကျတဲ့ ဖွဲ့စည်းပုံဖြစ် အောင်ပြင်နိုင်ဖို့ အရေးကြီးပါတယ်။

အကြံပေးတာပါ

တကယ်တော့ဒီမိုကရေစီနိုင်ငံရေး စနစ်နဲ့ တိုင်းပြည်ကာကွယ်ရေးတာဝန် ကိုယူကြရတဲ့ တပ်မတော်ရဲ့ တည်ရှိမှု ဟာ ကဏ္ဍကောစ မဖြစ်ပါဘူး။ ဒီမို ကရေစီစနစ်ဟာလည်း စစ်တပ်အတွက် အန္တရာယ် မဖြစ်ပါဘူး။ အခု လော လောဆယ်မှာ စစ်ဗိုလ် စစ်သား ဖြစ်နေ ကြသူတွေဟာလည်း အချိန်တန်ရင် တပ်ကနေအငြိမ်းစားယူပြီး အရပ် သား ဘဝရောက်ကြမှာပါ။ ဒါကြောင့် အရပ်သားအကျိုးစီးပွားရှုထောင့်ကပဲ အဓိကထားစဉ်းစားကြဖို့ လိုမယ်ထင် ပါတယ်။ တပ်မတော်ရဲ့ ဖခင်ကြီးလို့ အားလုံးက လက်ခံထားကြတဲ့ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က နိုင်ငံရေး လုပ်ဖို့ဆိုပြီး တပ်မတော်က နုတ်ထွက်ခဲ့ တာလည်း အားလုံးသိပြီးသားပါ။ တိုင်း ပြည်လွတ်လပ်ရေးအတွက် ဂျပန် တော်လှန်ရေးမှာ အဓိကပါဝင်ခဲ့တဲ့ အစုကြီးသုံးစုထဲက တပ်မတော်ကိုယ် တိုင်ကပဲ ဂျပန်တော်လှန်ရေး ပြီးလို့ ဖဆပလ ပြန်ဖွဲ့ချိန်မှာ ‘တပ်မတော်နဲ့ နိုင်ငံရေး မဆိုင်’ ဆိုပြီး ဖဆပလထဲ က နုတ်ထွက်ခဲ့တယ်လို့ မှတ်သားဖူးပါ တယ်။ ၁၉၄၇ ဖွဲ့စည်းပုံနဲ့ ၁၉၇၄ ဖွဲ့ စည်းပုံတွေမှာလည်း နိုင်ငံရေးဦးဆောင် မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် ထမ်းဆောင်ဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ မျိုး မရှိပါဘူး။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွေကို လေ့လာ ဖူးတဲ့ (ဒါမှမဟုတ်) လေ့လာထားတဲ့ အကြံပေးပုဂ္ဂိုလ်တွေရှိတဲ့ လက်ရှိ အစိုး ရခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ မှာရှိတဲ့ တပ်မတော်တွေရဲ့ တာဝန်နဲ့ အဆင့်နေရာတွေကို သိရှိထားကြပြီး သားမို့ နိုင်ငံတကာနဲ့ တန်းတူလိုက်လျော ညီထွေ ဖြစ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ မျိုး ဖြစ်အောင် လုပ်ဖို့ အကြံပေးချင်ပါ တယ်။

ဖက်ဒရယ်စနစ်ကပဲ

နှစ်ပေါင်း ၆ဝ ကျော်ကြာလာခဲ့တဲ့ ပြည်တွင်းစစ်ရဲ့ အဓိက မျက်နှာစာတစ်ခုကတော့ တိုင်းရင်းသား လူမျိုးများရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေပဲ ဖြစ် ပါတယ်။တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် ရရေးအတွက် လက်နက်ကိုင် ခုခံ တဲ့ စစ်ပွဲတွေလို့ ဆိုကြပါတယ်။ တချို့ ပညာရှင်တွေ ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာ အားလုံးဟာ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) ကြောင့်လို့ အကဲဖြတ်ကြပါ တယ်။ ဒီနေရာမှာ ညီနောင်တိုင်းရင်းသား  ပါတီများ ဖက်ဒရေးရှင်း (N.B.F) ရဲ့ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည် ထောင်စုနေ့ သဘောထားကြေညာ ချက် အမှတ် (၁၃) ထဲ ကနေ ကောက် နုတ်ဖော်ပြချင်တာ ရှိပါတယ်။

”ကျွန်ုပ်တို့အနေနှင့်

(၁) ဖက်ဒရယ် စနစ်သည်သာလျှင် ငြိမ်း ချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ကြဉ်းပေးနိုင်မည် ဟု ယုံကြည်သည်။
(၂) တိုင်းရင်းသား လူနည်းစု အခွင့် အရေး ကာကွယ်သည့် ဥပဒေတစ်ရပ် ကို ပြည်ထောင်စုလွှတ်တော်တွင် အမြန် ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက် ကျွန်ုပ်တို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် သွားမည်”

ဒါက ၁၆-၂-၂ဝ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲက သဘောထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ပိုင်းက တောင်ကြီးမှာ လုပ်ခဲ့တဲ့ ညီ နောင်တိုင်းရင်းသား ပါတီများ ဖက်ဒ ရေးရှင်း ဆွေးနွေးပွဲမှာလည်း ဆုံးဖြတ် ချက်ချခဲ့တာတွေ…ရှိပါဦးမယ်။ အဲဒါ တွေက လွှတ်တော်ထဲမှာ ပြောကြဆိုကြ တော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးကိစ္စမှာ ဆွေးနွေးချက်အနေနဲ့ တက်လာဦးမှာ သေချာပါတယ်။

တာဝန်ကိုယ်စီရှိ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီ၊ လေ့လာရေးနဲ့ သုတေသနဌာနက ပြုစုတင်ပြထားတဲ့ ‘ဖွဲ့စည်းပုံအခြေခံ ဥပဒေအနှစ်သာရ ပြောင်းလဲရေး’  သုံး သပ်ချက်ထဲမှာ ပယ် ဖျက်ဖို့ ဥပဒေပုဒ်မ ၂၃ ခု၊ ပြင်ဆင်ဖို့ ဥပဒေပုဒ်မ ၁၉ ခု၊ ပြန်လည်စဉ်းစားဖို့ ဥပဒေပုဒ်မ ၇ ခု၊ ဖြည့်စွက်ဖို့ဥပဒေပုဒ်မ ၅ ခုနဲ့ လက်တွေ့ မဆောင် ရွက်သေးတဲ့ဥပဒေပြဋ္ဌာန်းချက် ၅ ခု၊ စုစုပေါင်း ဥပဒေပုဒ် မ ၅၉ ခုကို စုစည်းတင်ပြထားတာ တွေ့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ လုပ်ငန်း ဟာ နိုင်ငံရေးပါတီတွေ၊ လူထု အခြေပြု အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေ၊ တပ်မတော်သား တွေအပါအဝင် လူမျိုးပေါင်းစုံ မြန်မာ ပြည်သူတွေက ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမယ့် လုပ်ငန်းစဉ် ဖြစ်တဲ့အကြောင်းကိုလည်း ရေးသား ထားတာ ဖတ်ရပါတယ်။

မေတ္တာရေလောင်းလို့

လွှတ်တော်ထဲမှာ မကြာခင် ဆွေး နွေးကြတော့မယ့် ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စမှာ အာ ဏာရ ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံ ပါတီတွေ၊ တိုင်းရင်းသားပါတီတွေဟာ ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အသက်ဝင်ရှင်သန်စေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ပီပီပြင်ပြင် ဖြစ် လာအောင် ဦးတည်ချက် ထားပြီး ဆွေး နွေးကြပါစေကြောင်း မေတ္တာရေလောင်း လို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ့။
နောင်ကျော်
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com