http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် အာဏာသိမ်းခြင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရခြင်း၏ ရည်ရွယ်ချက်များတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေးသည် အဓိက တာဝန် တစ်ရပ် ဖြစ်သည်ဟု ဖော်ပြခဲ့ သည်။ သို့သော် ယခုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား ပြည် ခိုင်ဖြိုးပါတီက ပြောဆိုလာခဲ့ပြီး မကြာမီ တွင် လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ် စားလှယ်ကပင် အဆိုတင်သွင်းပြီး ပြည် ခိုင်ဖြိုးပါတီဝင်အများစုပါသော လွှတ် တော်က အတည်ပြုလိုက်သည့်အခါ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိ အဖွဲ့ဝင်ဆရာကြီး ဦးဝင်းတင်က ‘ကျော် တော့ လှေသူကြီး ညားတော့ လှေထိုး သား’ ဟူ၍ ပါတီ အာဘော် ဒီလှိုင်းဂျာ နယ်မှ ရေးသားလိုက်ရတော့သည်။ ဖွဲ့ စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်၌ပင် ဆွေးနွေးပြင်ဆင်ကြ မည်ဆိုလျှင် ပြည်ခိုင်ဖြိုးပါတီဝင်အများစု ပါဝင်နေသော လွှတ်တော်ဖြစ်သည့်အ တွက် ပြည်ခိုင်ဖြိုးပါတီ အလိုမကျသော အချက်များကို ပြင်ဆင်နိုင်ရေးမှာ မဖြစ် နိုင်ဟု ယူဆရမည်ဖြစ်သည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီ၏ ဒီမိုကရေစီအပေါ် မည်မျှ သက်ဝင်ယုံကြည်သနည်းဟူသော စိန်ခေါ်ချက်တစ်ရပ်လည်း ဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် အများစုဖြစ် သော ပြည်ခိုင်ဖြိုးပါတီသည် အနည်းစု ဖြစ်သော ဒီချုပ် လွှတ်တော်ကိုယ်စား လှယ်များအပါအဝင် အခြားပါတီမှလွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပါတီများ အပါအဝင်အနည်းစု ဆန္ဒကို မည်မျှအလေးထားသနည်း ဟူသည့်အ ချက်ကို အများက စောင့်ကြည့်အကဲဖြတ် နေမည်ဖြစ်သည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အများပြည်သူ မနှစ် မြို့ဖွယ် အချက်များကို ပြင်ဆင်ရေးတွင် သဘောတူညီခဲ့ပါက ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲ ရယူရန် အခွင့်အလမ်းမှာ ပိုမိုခက်ခဲကြမ်းတမ်း နေမည်ဖြစ်သည်။ ယင်းကိုလည်း Óဏ် ကြီးသော ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင်များက အကဲခတ်မိကြမည် ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးသည် လိုအပ်၍ ပြင်ဆင်ခြင်းဖြစ်နိုင် သလို၊ မရေရာသော ၂ဝ၁၅ ခုနှစ် အနာ ဂတ်တွင် အခြားသူများ မပြင်ခင် ပြင် လိုက်ခြင်းဟုလည်းယူဆနိုင်သည်။ မည် သို့ပင်ဖြစ်စေ ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံတကာမျက်နှာစာတွင်လည်းကောင်း အငြင်းပွားစရာ ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ခွင့်ကြုံလာ သည်မှာ ဝမ်းမြောက်စရာပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းတွင် ဖွဲ့စည်းပုံအ ခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားခဲ့ သောအဖြစ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါ သည်။ သို့သော်…ပြည်တွင်း ဆူပူ သောင်းကျန်းမှုများ အရှိန်လျော့ကျသွား ပြီး ပြည်ထောင်စုအစိုးရအဖို့ နေသာ ထိုင်သာရှိလာပြီးနောက် ဝန်ကြီးချုပ် ဦးနုသည် ပြည်နယ်သူ၊ ပြည်နယ်သား များက မြန်မာများအပေါ် မကျေနပ်ချက် များ ရှိသည်ဟူသော သတင်းများကို ကြားလာရသည်။ ထို့ကြောင့် ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင် ပြည် ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်နယ်အသီးသီးမှ ခေါင်းဆောင်များ နှင့် တိုင်ပင်ဆွေးနွေးပြီး ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေအား လိုအပ်သလို ပြင် ဆင်ပေးရန် သန္နိဌာန်ချခဲ့သည်။ ဦးနု သည် လွှတ်တော်တစ်ခုလုံး၏ အမတ် ဦးရေ သုံးပုံနှစ်ပုံကျော်သည် အစိုးရ လက်ထဲတွင်ရှိနေသောကြောင့် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအား ပြင်ဆင် လိုက ပြင်ဆင်ရန်အချိန်ကောင်းဟုယူဆ ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား မည်ကဲ့သို့ ပြင်ဆင်လိုသည်ကို ပြည်နယ် အစိုးရများအား မေးမြန်းပြီး တင်ပြသော အဆိုများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးလိုသည်။ ထိုဆွေးနွေးချက်များမှ အများသဘောတူလက်ခံနိုင်သည့် အ ဆိုများကို ချက်ချင်း အကောင်အထည် ဖော်ပေးပြီး အဖြေရှာမတွေ့သေးသော အဆိုများကို ဆက်လက်ေ ဆွးနွေးခြင်း ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသည် ပိုမို စည်းလုံးညီညွတ်လာမည်ဟု ယုံကြည် နေသည်။

ဦးနုက ဖွဲ့စည်းအုပ်ချုပ်အခြေခံ ဥပဒေအား လိုအပ်သလို ပြင်ဆင်ရန် ပြည်ထောင်စုအစိုးရ အသီးသီးထံမှ အဆိုများတင်သွင်းရန် ဖိတ်ခေါ်လိုက်ရာ မှ ဖက်ဒရယ်မူ ဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တောင်ကြီးမြို့တွင် ကျင်းပ သော ပြည်နယ်ပေါင်းစုံညီလာခံမှ ပေါ် ထွက်လာသော ဖက်ဒရယ်မူကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နှီးနှောဖလှယ် ပွဲတွင် တင်ပြဆွေးနွေးရန် ဖြစ်သည်။ ဦးနုကမူ ဖက်ဒရယ်မူသည် ကြောက် စရာကောင်းသောမူမဟုတ်ဘဲ၊ အမေရိ ကန်ပြည်ထောင်စု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို မှီပြီးရေးဆွဲထားသော မူဟုယူဆသည်။ သို့သော် ဦးနုယူဆသ လို တပ်မတော်က မယူဆခဲ့ပေ။ ဖက်ဒ ရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲ နိုင်သည့် အန္တရာယ်ကို တပ်မတော်က သိလျက်နှင့် ဥပေက္ခာပြုခဲ့လျှင် အပြစ် တင်ခံရမည်ဟု စိုးရိမ်နေသည်။ ရှမ်း ပြည်တွင် နှစ်ပေါင်းများစွာ အမှုထမ်း ခဲ့ပြီး စော်ဘွားများနှင့် ရင်းနှီးသော တပ် မတော်အရာရှိတစ်ဦးက စော်ဘွားများ သည် ဖက်ဒရယ်မူရရှိပြီး ပြည်ထောင်စုမှ ခွဲထွက်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြောဆိုခဲ့သည်။ နှီးနှောဖလှယ်ပွဲ ကျင်း ပနေစဉ်မှာပင် ပြည်နယ်ခေါင်းဆောင် များသည် ဖက်ဒရယ်မူကို လက်မခံလျှင် သူပုန်ထမည်ဟူသည့်သတင်းများ ထွက် ပေါ်လာသည်။ အချို့ကမူ ထိုသတင်း များကို ဆိုရှယ်လစ်များက လွှင့်ထုတ်ခဲ့ သည်ဟု စွပ်စွဲကြသည်။ ဦးနုကမူ ထို သတင်းများကို ရယ်စရာပြက်လုံးအဖြစ် သာ သဘောထားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ဝ အရ ရှမ်းပြည်နယ်၊ ကယားပြည်နယ် တို့သည် ပြည်ထောင်စုမှ ခွဲထွက်လို လျှင် ခွဲထွက်ပိုင်ခွင့်ရှိသောကြောင့် ရှမ်း ပြည်နယ်၊ ကယားပြည်နယ်များ သူပုန် ထရန် ရည်ရွယ်ချက်ရှိပါက ဖက်ဒရယ် မူကို ကိုင်နေစရာမလိုဘဲ ခွဲထွက်ခွင့် တောင်းနိုင်သောကြောင့် ဦးနုသည် ထို သတင်းများကို မယုံကြည်ရခြင်း ဖြစ် သည်။ ထို့အပြင် နှီးနှောဖလှယ်ပွဲ ပထမ နေ့၊ မတ်လ ၁ ရက်၊ ည ၉ နာရီ အစည်း အဝေးပြီးချိန်တွင် ရှမ်းပြည်နယ် ဥက္ကဋ္ဌ စောခွန်ချိုနှင့် ကယားပြည်နယ် ဥက္ကဋ္ဌ စောဝဏ္ဏတို့သည် ဦးနုနေအိမ်အထိ လိုက်လာပြီး ဝန်ကြီးချုပ်ကို အကျပ်ကိုင် လိုပါ က ၁၉၄၈ ၊ ၄၉ ခုနှစ်ကပင် ကိုင် နိုင်ကြောင်း၊ သို့သော် ထိုသို့မလုပ်ခဲ့ ကြောင်း၊ သူတို့တင်ပြသည့်အတိုင်းလုပ် ပေးရမည်ဟူသည့် သဘောမဟုတ်ဘဲ လုပ်ပေးနိုင်သမျှကိုသာ လုပ်ပေး၍ မပေးနိုင်သည်ကို  ပယ်လိုက်လျှင် လက် ခံပါမည်ဟု ပြောဆိုခဲ့သည်။

သို့သော် တပ်မတော်သည် ၁၉၆၁ ခုနှစ် နိုဝင်ဘာလကပင် အာဏာသိမ်း ရန် လျှို့ဝှက်ကြံစည်ခဲ့ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်း ယူခဲ့ လေသည်။တော်လှန်ရေးကောင်စီ တစ်ဖြစ် လဲ တပ်မတော်၏အာဏာသိမ်းမှုအပေါ် ဝေဖန်သုံးသပ်ချက်အမျိုးမျိုး ပေါ်ထွက် ခဲ့သည်။ ပထစအစိုးရအဖွဲ့ဝင် ကာ ကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူတစ်ဦးကမူ ‘ပထစခေါင်း ဆောင်အချို့သည် တပ်မတော်အကြီး အကဲများ၏ သြဇာအာဏာကို လျော့ နည်းသွားအောင် ဆောင်ရွက်ရန် ဆွေး နွေးခဲ့သောကြောင့် အာဏာသိမ်းခြင်း ဖြစ်မည်’ဟုလည်း ပြောဆိုခဲ့သည်။ မည် သို့ပင်ဖြစ်စေ ၁၉၆၂ ခုနှစ်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ယင်းတို့နှင့်ဆက်နွှယ်နေသော အ ကြောင်းများတွင် တပ်မတော်က အလို မကျစရာ၊ သံသယဖြစ်ဖွယ်ရာများ ပါနေနိုင်သည်ဟု တွက်ဆရမည်ဖြစ် သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မတော် က အလိုမကျလျှင် အာဏာသိမ်းသည့် ဖြစ်စဉ်ကတော့ ပေါ်ပေါက်ခဲ့ဖူးသည်။

ယခုအခါ ဆောင်ရွက်ပြင်ဆင်နေ ကြသည့် အခြေခံဥပဒေ ပြင်ဆင်ရေး တွင်လည်း အာဏာရပါတီနှင့် တပ်မ တော်၏ အခန်းကဏ္ဍမှာ အရေးကြီး လှသည်ကို သတိပြုရမည်ဖြစ်သည်။သမ္မတဖြစ်သူ ကလည်း ‘စစ်တပ်သည် ဂုဏ်ယူစရာ သမိုင်းကြောင်းရှိကြောင်း နှင့် ရှေ့ဆက်၍လည်း အထူးနေရာတစ် ခုအဖြစ် အစိုးရအဖွဲ့တွင်ရှိနေမည်’ ဖြစ်ကြောင်း၊ ဝါရှင်တန်ပို့စ်နှင့် အင်တာ ဗျူးတွင် ပြောဆိုခဲ့သည်။ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်(ဦးရဲထွန်း)က လည်း လွှတ်တော်အတွင်း အဆုံးအ ဖြတ်ပေးနိုင်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က ပြင်ဆင် သင့်သည်ဟု ယူဆသော ကိစ္စရပ်များ တွင်သာ အောင်မြင်နိုင်သည်ဟူသည့် သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ် မတော်က လိုလိုချင်ချင် ပူးပေါင်းဆောင် ရွက်မှသာ အကြမ်းမဖက်သောနည်းဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လှမ်းနိုင် မည်ဟု အိန္ဒိယနိုင်ငံခရီးစဉ်တွင် ပြော ဆိုခဲ့သလို ၂၅ ရာခိုင်နှုန်းသော တပ်မ တော်ကိုယ်စားလှယ်တွေကို မစဉ်းစား ဘူးဆိုရင် လုံးဝလက်တွေ့ကျမှာမဟုတ် ဟုပြောဆိုခဲ့သည်။ သို့သော် သူက တပ် မတော်သားများသည်လည်း မြန်မာနိုင်ငံ အား ပိုပျော်စရာကောင်း၊ ပိုအားကောင်း၊ ပိုညီညွတ်သည့် တိုင်းပြည်အဖြစ် မြင် လိုသည်ဖြစ်သောကြောင့် အောင်မြင် လိမ့်မည်ဟု ယုံကြည်နေသည်။

တပ်မတော်သည် လွှတ်တော်တွင် ပါဝင်မှု အင်အားကို တဖြည်းဖြည်းလျှော့ သွားမည်ဟူသည့် ပြောဆိုမှုများရှိနေ သော်လည်း လောလောဆယ် အခြေအ နေတွင် စစ်တပ်၏ ဘဝင်မကျဖွယ် ကိစ္စ များကို ဆောင်ရွက်နိုင်ရန်မှာ အန္တရာယ် များသည်ဟု ယူဆဖွယ်ရာဖြစ်သည်။ ထို အတောအတွင်း ယခင်စာရင်းစစ်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ် ချုပ်လွန်းမောင်(ငြိမ်း)က ဧရာဝတီ သတင်းဌာနသို့ လက်ရှိအာဏာရပါတီ သည် ယခင်စစ်အစိုးရစနစ်သို့ ပြန်လည် ကူးပြောင်းရန် ဆန္ဒရှိနေသေးကြောင်း ပြောဆိုလိုက်သည့်အခါ အများက စိုး ရိမ်ပူပန်နေတော့သည်။
စည်သူငြိမ်း
Popular Myanmar News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com