http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

လက်ပံတောင်း အရေး ဦးဝင်းတင်ရဲ့ သုံးသပ်ချက်


လက်ပံတောင်း အရေး ဦးဝင်းတင်ရဲ့ သုံးသပ်ချက် လက်ပံတောင်း အကျပ်အတည်းနဲ့ ပတ်သက်ပြီး သတင်းစာ ဆရာဟောင်း ဦးဝင်းတင်ရဲ့ သုံးသပ်ချက် အစအဆုံး နားဆင်နိုင်ပါပြီ။ ကိုသိန်းမြတ်က မေးမြန်း တင်ဆက်ထားပါတယ်။
BBC Burmese

အောင်ဆန်းစုကြည် အသေးစိတ် ပြန်လည်ဖြေကြားခဲ့တဲ့ ရုပ်သံ


လက်ပံတောင်း အစီရင်ခံစာနဲ့ ပက်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အသေးစိတ် ပြန်လည်ဖြေကြားခဲ့တဲ့ ရုပ်သံပါ။ လက်ပံတောင်း ဒေသခံတွေ ကြည့်ရ စေချင်တယ်

မူလတန်းပညာ မပြီးဆုံးဘဲ စာသင်ခန်းကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်

မူလတန်းပညာမပြီးဆုံးဘဲ အကြောင်းအမျိုးမျိုးကြောင့် ကျောခိုင်းထွက်ခွာသွားသူ နှစ်စဉ် ၁ဝသိန်းခန့်ရှိနေ၍ နိုင်ငံတော်အဆင့်အနေဖြင့် တိုက်ရိုက်ကိုင်တွယ်သွားရန် ပညာရေးကျွမ်းကျင်သူတို့က တိုက်တွန်းမှု ပြုလုပ်လိုက်သည်။ ပညာရေး ကျွမ်းကျင်သူတို့ ၏ လေ့လာတွေ့ရှိမှုတို့အရ ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်း တို့၏ ယခုဆောင်ရွက်နေသော ကျောင်းပြင်ပ မူလတန်းပညာရေး ဖြင့် ကုစားနေမှုအပြင် အရှိန်တိုးမြင့် သွားခြင်းနှင့် သက်မွေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေးသွား သင့်ကြောင်း နိုင်ငံအဆင့်ပညာ ရေးအကြံပေး ဒေါ်အေးအေးသင်း က ပြောသည်။

''တစ်ချိန်မှာ နိုင်ငံအတွက် အကျိုးပြုရမယ့်သူတွေလေ။ ဒါတွေ ကို လုပ်ပေးရမယ်'' ဟု ၎င်းက ဆိုသည်။မြန်မာ့ပညာရေးအပေါ် လေ့ လာအကဲဖြတ်မှုကို ကာလတို ဆောင်ရွက်နေရာ ကျောင်းပြင်ပ မူလတန်းပညာရေးကိစ္စရပ်နှင့် ပတ် သက်၍ အဖွဲ့များမှ ပညာရေးဝန် ကြီးဌာနသို့ တိုက်ရိုက် အကြံပြု ထားပြီးလည်း ဖြစ်သည်ဟု ၎င်းထံ မှ သိရသည်။

မြို့နယ်ပေါင်း ၃ဝဝ ကျော် တွင် ၂ဝဝ၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပညာ ရေးဝန်ကြီးဌာနနှင့်တွဲကာမူလတန်း ကျောင်းများမှ အကြောင်းအမျိုး မျိုးကြောင့် ပြင်ပရောက်သွားသူ အသက်၁ဝ နှစ်မှ ၁၄ နှစ် အရွယ် ရှိကလေးများကို တန်းညှိအစီအစဉ် ဖြင့်ဆောင် ရွက်သင်ကြားပေးနေပြီး ၂ဝ၁၃ ခုနှစ်၌ မြို့နယ် ၇၃ မြို့နယ် ရှိ ကလေးငယ် ၁ဝဝဝဝ ကျော်ကို သာ ဆောင်ရွက်ပေးနိုင်သေးကြောင်းနိုင်ငံအဆင့်လူတိုင်းအတွက်ပညာရေး ညှိနှိုင်းရေးမှူးထံမှ သိရသည်။

ဒေါ်အေးအေးသင်းက ''သိရ သလောက် လေ့လာရသလောက် အဲဒီကလေး ၁ဝဝဝဝ ကျော်ထဲက ပြန်ထွက်သွားကြတဲ့သူတွေတောင် ရှိနေသေးတယ်ဆိုတော့ စဉ်းစား သင့်တယ်။ အများပူးပေါင်းဖို့ လိုနေပြီ''ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူက ကာလတို အကဲ ဖြတ်မှုပြီးဆုံး၍ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ရှိနေကြပါကြောင်း၊ ၂ဝ၁၅ တွင်လူတိုင်းအတွက် ပညာရေးကိုလည်း အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆက် သွယ်မေးမြန်းမှုကို ဖြေသည်။

စာရင်းအရ ကမ္ဘောဇဘဏ်၊ တော်ဝင်မိသားစု၊ ဧရာဝတီ ဖောင် ဒေးရှင်း၊ အဏ္ဏဝါလွှမ်းစသည့် ကုမ္ပဏီများအပြင် ရန်ကုန်နှင့် ဧရာ ဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ က အစိုးရဦးစီးသော ကျောင်းပြင်ပ

မူလတန်းပညာရေး စီမံချက် မြို့နယ်များ၏ ၆ဝရာခိုင်နှုန်းကျော်ကို တာဝန်ယူပံ့ပိုးပေးနေသော်လည်း တိုးချဲ့ဖို့လိုမည်ဟု ထောက်ပြနေကြ သည်။
မင်းသုအောင်
Popular Myanmar News Journal

အင်တာနက်ကွန်နက်ရှင်ကြောင့် ၃ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက် ထုတ်နိုင်မည့်နည်းပညာ နော်ဝေမှ ရသော်လည်း သုံးမရ

မိုးလေဝသ ခန့်မှန်းချက် ၃ ရက် ကြိုတင်ထုတ်ပေးနိုင်မည့် Diana ဆော့ဖ်ဝဲ နော်ဝေမှလက်တွေ့ပြသော်လည်း ပြည်တွင်းအင်တာနက် ကွန်နက်ရှင်မကောင်းသဖြင့် သုံး၍မရသေးဟုမိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနမှ သိရသည်။

''အင်တာနက်ကွန်နက်ရှင်က မကောင်းတော့ နော်ဝေက ပညာရှင်တွေက သုံးပုံသုံးနည်းတွေ အကုန်ပြသွားတယ်။ File Size က ကြီးတော့ data ဝင်အောင် download ချမှရမယ်။ အဲဒီအတွက် အင်တာနက် ကွန်နက်ရှင် ကောင်းကောင်းလိုအပ်ပါတယ်'' ဟု မိုး/ဇ လမှ ဒုတိယညွှန်ကြားရေးမှူး ဦး ချစ်ကျော်က ပြောသည်။

ယင်း Diana ဆော့ဖ်ဝဲအား လက်တွေ့ အသုံးပြုနိုင်စေရန် နော်ဝေနိုင်ငံမှ ပညာရှင်လေးဦးနှင့် Asia Disaster Preparedness Center (ADPC) မှ ပညာရှင် နှစ်ဦး စုစုပေါင်း ခြောက်ဦး ယခုလတွင် လာရောက်ပြသခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြပြီဖြစ် ကြောင်း သိရသည်။

''ဒီဆော့ဖ်ဝဲက အခုလက် ရှိ သုံးလို့ မရသေးတော့ မြန်မာ့ဆက် သွယ်ရေးမှာ မြန်နှုန်းမြင့်အင်တာ နက်လိုင်းကို လျှောက်မှာပါ'' ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

Diana ဆော့ဖ်ဝဲ အသုံးပြု မည် ဆိုပါက သုံးရက်စာ ခန့်မှန်း ချက် သာမက ၂၄ နာရီအတွင်း သုံးနာရီခြားတစ်ခါ ခန့်မှန်းချက် ထုတ်ပေးနိုင်မည် ဖြစ်သည်။
နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံအား မိုးလေဝသနှင့် ပတ်သက်၍ အကူ အညီပေးမှုသည် ယခု ပထမဦးဆုံး ဖြစ်ပြီး ၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း ယခု ဆော့ဖ်ဝဲသာမက အခြား ဆော့ဖ်ဝဲ နည်းပညာများ ဖြစ်သည့် အပူချိန်
သပ်သပ် တိုင်းတာသည့် စနစ်၊ စိုထိုင်းဆသပ်သပ် တိုင်းတာ သည့်စနစ်၊ မိုးရွာမရွာ မုန်တိုင်း ရှိ မရှိ သပ်သပ်စစ်ဆေးသည့် စနစ်များအား သင်တန်းခေါ်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
မိုးငယ်
Popular Myanmar News Journal

ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် ကန့်သတ်သွားမည်


မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

”စည်းရုံးသိမ်းသွင်းပြီးမှ ဒါကို လုပ်သွားမှာပါ” ဟု ၎င်းက ပြော သည်။နှစ်စဉ်နှစ်တိုင်း မန္တလေး မြို့ တွင်း၌ ရေကစား မဏ္ဍပ် ဆောက်လုပ်မှုမှာ လေးခုထက်မပိုခဲ့သော်လည်း ကျုံးပတ်လည်တွင်ရေကစားမဏ္ဍပ် ဆောက်လုပ်မှုများမှာ မဏ္ဍပ် ၄ဝ နီးပါးအထိ ရှိနေကြောင်း မန်းမြို့ တော် စည်ပင်စာရင်းများအရ သိရ သည်။

”ဒီနှစ် မဟာသင်္ကြန်မှာ ကျုံးဘေးအပြင် မြို့ထဲမှာပါ စည်ကားချင်တယ်။ ဒါက ရည်ရွယ်ချက်။ ငယ်ငယ်ကလေးကတည်းက ကျုံးဘေးက စည်းကားမှုကိုလည်း မပယ်ဖျက်သွားဘူး။ အသေးစိတ်တော့ ဆက်ညှိသွားမယ်” ဟု ဦး သက်နိုင်ထွန်းက ဆက်ပြောသည်။

မန်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက နှစ်စဉ်နှစ် တိုင်း ဆောင်ရွက်နေကျ ဖြစ်သော မဏ္ဍပ်များကို မဲစနစ်ဖြင့် နေရာချ ပြီး မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခွင့်ပြုမည်ဟု ပြောသည်။ ”မဏ္ဍပ် အရေအတွက်ကတော့ အတိအကျနဲ့ ဒီအချိန်မှာ ပြောဖို့ ခက်ပါတယ်။ ချထားပေးပြီးမှပဲ သိမယ်” ဟု ဦးအောင်စိုး က ဆိုသည်။မန်းမြို့တော်စည်ပင်က ကျုံး ဘေးပတ်လည် မဏ္ဍပ်ချထားပေး မှုကို ၆၆-လမ်း ကျုံးအရှေ့ဘက်၊ ၂၆-လမ်း ကျုံးတောင်ဘက်၊ လမ်း-၈ဝ၊ ကျုံးအနောက်ဘက် နှင့် ၁၂ လမ်းကျုံးမြောက်ဘက်တို့ တွင် ပြုလုပ်ပြီး ယခုနှစ်တွင် ကန့် သတ်သွားမည့် ပမာဏကိုမူ ထုတ်ဖော် မပြောပေ။

မန္တလေး ဒေသခံတစ်ဦးဖြစ် သူ ကိုဇော်မျိုးက ”နေရာစုံ စည် တော့ ကောင်းတာပေါ့။ ကျုံးဘေး ပတ်လည် အစဉ်အလာ ဖျက်တာ လည်း မဟုတ်ဘူးလေ” ဟု သူ့ အမြင်ကို ပြောသည်။ ၂ဝ၁၃ ခုနှစ် မန်းမဟာသင်္ကြန် ပွဲတော်တွင် မဏ္ဍပ်များကို စည်း ကမ်းတကျ ဖြစ်စေရန် စည်းကမ်း ချက်များကို ထုတ်ပြန်ထားပြီး မလိုက်နာပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။
PN-051
Popular Myanmar News Journal

နယ်လှည့်ဓမ္မကထိကဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားခွင့် ရပြီ

ရန်ကုန်၊ မတ် ၁ဝ
နယ်လှည့် ဓမ္မကထိက ဆရာတော်ကြီးများ ဓမ္မာစရိယ မအောင်သော်လည်း တရားဟောကြားနိုင်ပြီဖြစ်ကြောင်း သာသနာရေးဝန်ကြီး ဌာနက တရားဝင်လျှောက်ထားမှု ပြုလုပ်လိုက်ပြီဟု သိရသည်။

နယ်လှည့်ဓမ္မကထိက ဆရာတော်ကြီး များက တရားဟောကြားမှုပြုရာတွင် ဓမ္မာ စရိယအောင်လက်မှတ်ကို ပြသနေရခြင်း၊ ဓမ္မာစရိယမအောင်သော ဓမ္မကထိက ဆရာ တော်များ တရားဟောကြားမှု မပြုရခြင်းတို့ ဖြစ်နေသဖြင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင်စာသင် တိုက် ဆရာတော်များ၊ ဒါယကာ၊ ဒါယိ ကာမများက နိုင်ငံတော် သံဃမဟာနာယ က ဆရာတော်ကြီးများထံ လျှောက်ထားခဲ့ ကြရာ ဂုဏ်အင်္ဂါအရည်အချင်းများထဲမှ အမှတ်စဉ် ၉ ကိုဖြေလျှော့လိုက်သည့်အတွက် ထိုသို့ အကြောင်းကြား လျှောက်ထားလိုက် ခြင်းဖြစ်သည်ဟု သိရသည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ''ဓမ္မာစရိယ မအောင်ပေမယ့် ထေရဝါဒ ပိဋကတ်တော်နဲ့ အညီ တရားဟောကြား နိုင်ကြောင်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ် သံဃာ့နာယက အဖွဲ့များသို့ အကြောင်းကြား ထားပြီးဖြစ်ပါ တယ်''ဟု ပြောသည်။
နိုင်ငံတော်အသိအမှတ်ပြု ဓမ္မာစရိယ ဘွဲ့တစ်ခုခုနှင့် ဓမ္မကထိက ဗဟုဇန ဟိတဓရ ဘွဲ့ရရှိမှ တရားဟောပြောနိုင်မည့်အချက်မှာ လက်ရှိ ဖြေလျှော့ပေးမှု တွင် ပါဝင်သွား မည်ဖြစ်သည်။ သင်္ဂါယနာတင် ပိဋကတ်သုံး ပုံနဲ့ညီညွှတ်စွာ ဟောပြောနိုင်ပါက ဟောပြောခွင့်ပြုပါရန်၊ စွန်းလွန်ဂူဆရာတော်၊ သဲအင်းဂူ ဆရာတော် စသည့် ဆရာတော် ကြီးများကလည်း ပဋိပတ်ကျင့်စဉ်ကို ကိုယ် တိုင်အားထုတ်၍ ဟောကြားခဲ့သကဲ့သို့ ပိဋ ကတ်နှင့်အညီဟောကြားပါက ခွင့်ပြုနိုင်ပါ ရန် နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများထံသို့ ထည့်သွင်းလျှောက်ထားခဲ့ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် က ပြောသည်။

ထို့ကြောင့် နယ်လှည့်ဓမ္မကထိက ဆရာတော်များ၏ တရားဟောပြောမှုအပေါ် သတ်မှတ်သွားမည့် အရည်အချင်းတို့မှာ ရှစ်ခုသာရှိသွားမည်ဖြစ်သော်လည်း လက်ရှိ ဟောကြားမှုအချို့ပြုနေကြသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်း သည့် လောကီလူမှုရေးကိစ္စများကို ဟောကြားမှု မပြုရန် တားမြစ်ထားသည့်အချက် ကိုမူ မပယ်ဖျက်သေးပေ။
နာမည်ကြီး ဆရာတော်ကြီးများဖြစ် သည့် ရွှေညဝါဆရာတော်၊ ဒယ်အိုးဆရာ တော် စသည့်ဆရာတော်များမှာ တရား ဟောပြောခွင့် အပိတ်ခံရဖူးသည်။
Popular Myanmar News Journal
PN-051

ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့

ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင်ဒေသခရီးစဉ်ဒုတိယနေ့
ဒေါ်အောင်ဆန်းစုကြည်သည် လက်ပံတောင်းတောင်စီမံကိန်းအနီးရှိ ကျေးရွာများဖြစ်သော ကံကုန်း၊ဒုံးတော၊ကျော်ရွာ၊မိုးကြိုးပြင်၊ဆည်တဲ စသည့်ရွာများကို တစ်ရွာဝင်တစ်ရွာထွက်သွားရောက်ကာ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး ဒေသခံများနှင့်တွေ့ဆုံ ရှင်းလင်းခဲ့သည်။
7Day News Journal
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
















ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့က ပြန်လည်မထွက်ခွာခင် မီဒီယာများနဲ့ တွေ့ဆုံ၊ မုံရွာမြို့ခံများက နှုတ်ဆက်(ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့က ပြန်လည်မထွက်ခွာခင် မီဒီယာများနဲ့ တွေ့ဆုံ၊ မုံရွာမြို့ခံများက နှုတ်ဆက်
(၁၄ မတ်လ ၂၀၁၃)
DVB TV News

ဆန္ဒပြနည်း နွေရာသီ အထူး ၁ လ သင်တန်း

ရက်တို ရက်ရှည် ဆန္ဒပြနည်း
အစာငတ်ခံဆန္ဒပြနည်း
ဗီနိုင်းပိုစတာ နှင့် ဆန္ဒပြနည်း
အလံကိုင် ဆန္ဒပြနည်း
Performance ဖြင့် ဆန္ဒပြနည်း
တကိုယ်တော် ဆန္ဒပြနည်း
အဖွဲ့လိုက် ဆန္ဒပြနည်း
မိသားစုလိုက် ဆန္ဒပြနည်း
အသင်းအဖွဲ့အကူအညီဖြင့် ဆန္ဒပြနည်း
ရည်းစားအကူဖြင့် ဆန္ဒပြနည်း
ကလေးများကို ရှေ့တန်းတင်ပြီး ဆန္ဒပြနည်း
လျှော်ကြေးတောင်း ဆန္ဒပြနည်း
သံဃာတော်အကူအညီဖြင့် ဆန္ဒပြနည်း
လှုံဆော် စာဝေနည်းဖြင့် ဆန္ဒပြနည်း
လက်နက်အားကိုးဖြင့် ဆန္ဒပြနည်း
ကိန်းဂဏန်းများပေးပြီး ဆန္ဒပြနည်း
ဂျာနယ် မျက်နှာဖုံးတွင်ပါဝင်အောင် ဆန္ဒပြနည်း
(အနည်းဆုံး facebook homepage တစ်နေရာရာတွင် ပေါ်စေရမည်)
facebook တွင် ဆန္ဒပြနည်း

လူအကန့်အသတ်မရှိ .. သင်တန်းပြီးဆုံးပါက Certificate ပေးပါမည်။ သင်တန်းပြီးဆုံးပါက U.K. နှင့် အနောက်နိုင်ငံများတွင် ထပ်မံ ဆန္ဒပြနိုင်အောင် စီစဉ်ပေးပါသည်။

မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံး နှင့် မီးလောင်ဗုံးကာကွယ်နည်းများကို တစ်ရက် ၂ ခါ .. လက်တွေ့ကျကျ .. မီးသတ်ပိုက်များ၊ ဆနွင်းတက် မီးခိုးများ၊ မီးသွေးခဲများဖြင့် လေ့ကျင့်နိုင်ပါသည်။

အထူးအစီအစဉ်အဖြစ် .. ထောက်ခံနည်း သင်တန်းကိုပါ အလကား သင်ပေးပါမည်။
FB-လူထု မောင်ကာဠု

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီတွင် ဆည်တဲကျေးရွာမှပြန်လည်ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လည် ၂နာရီတွင် ဆည်တဲကျေးရွာမှပြန်လည်ထွက်ခွာသွားပြီး ရွာသားများက ဒေါ်အောင်ဆန်းစုကြည်နောက်မှလိုက်လာကာ “ကော်မရှင် အစီရင်ခံစာ အလိုမရှိ” ဟုအော်ဟစ်ကာလိုက်ပါလာကြကြောင်း ထိုနေရာသို့ရောက်ရှိနေသည့် သတင်းထောက်က သတင်းပေးပို့သည်။ေ

ဒ်ါအောင်ဆန်းစုကြည်မှာ မျက်နှာမသာမယာနှင့် ရွာထဲမှထွက်လာပြီး ကနဦးကြားသိချက်များအရ ရွာသားများက ညှိနှိုင်းမှုကို လက်မခံကြကြောင်း သတင်းရရှိသည်။

ပင်ပတွင် ကျန်နေရစ်သော မီဒီယာသမားများကိုလည်း ဒေါသထွက်နေသော ရွာသားများက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ထိုနေရာမှ သတင်းထောက်က သတင်းပေးပို့သည်။
7Day News Journal

ဆန္ဒပြခေါင်းဆောင်သုံးဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ရန်ကုန်၊ မတ်-၁၄
ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာသို့ သွားရောက်ရာလမ်းရှိ တုန်ရွာသပိတ်စခန်းတွင် ရှိနေသော ဆန္ဒပြခေါင်းဆောင် သုံးဦးခန့်နှင့် တွေ့ဆုံနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7Day News သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါ သပိတ်စခန်းသို့အရောက်တွင် သပိတ်ခေါင်းဆောင်များမှ ဒေါ်အောင်ဆန်းစုကြည်အား ကြမ်းတမ်းသောအသုံးအနှုန်းများဖြင့် ပြောဆို၍ တွေ့ဆုံရန် ငြင်းဆိုသည့်ကြားမှ ဒေါ်အောင်ဆန်း စုကြည်က တွေ့ဆုံရန်ကြိုးစားပြီး စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းရာများကို ရှင်းပြနေကြောင်း သတင်းပေးပို့သည်။

"ဘာဖြစ်လို့ ဆန္ဒပြနေကြတာလဲ။ မနေ့ကရော ဒီနေ့ရော သူတို့ကိုတွေ့ဖို့ ကျွန်မလိုက်ရှာနေတယ်။ ခုထိကို မတွေ့ရသေဘူး" ဟု ယနေ့နံနက်အစောပိုင်းက ရွာသစ်ကျေးရွာရှိ ဒေသခံများနှင့် တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တည်းကျေးရွာဟောင်းသို့ သွားရောက်မည်ဖြစ်ပြီး သွားရောက်ရာလမ်းကြောင်းတစ်လျှောက်တွင် လုံခြုံရေးအင်အားများ ထူထပ်စွာချထားကြောင်း သတင်းပေးပို့သည်။


လက်ပံတောင်းတောင်အစီရင်ခံစာနှင့် ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆန္ဒဖော်ထုတ်နေသူများ။
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

လက်ပန်းတောင်းတောင် အစီရင်ခံစာထဲကအတိုင်း လုပ်ရန် ဒေါ်စု အာမခံပြောကြား

March 14, 2013 
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ လက်ပန်းတောင်းဒေသ ကျေးရွာတွေက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို ဖတ်ကြဖို့ ရွာသားတွေကို တိုက်တွန်းပြောဆိုပြီး အစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း လုပ်ပေးဖို့ တာဝန်ယူတယ်လို့ ကတိပြုပါတယ်။

ဆည်တည်းရွာဟောင်းက ရွာသားတွေနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ကတိပြုခဲ့တာပါ။

“အစီရင်ခံစာထဲကအတိုင်းကို အမေတာဝန်ခံတယ်။ နောက်ပြီးတော့ ဦးပိုင်ကုမ္ပဏီကရော၊ ၀မ်ပေါင်ကုမ္ပဏီကရော ကတိက၀တ်ကို သူတို့ ကြေညာထားတယ်။ ဒီအတိုင်းမလုပ်ဘူးဆိုရင် အမေတာဝန်ယူတယ်။ အမေ့စကားရှိတယ်။ ဒီ အစီရင်ခံစာအတိုင်း မလုပ်ပေးလို့ရှိရင် အမေတာဝန်ယူမယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာ စီမံကိန်းလုပ်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် ရရှိလာမယ့် အကျိုးဆက်တွေအကြောင်း ပြည့်စုံစွာ ဖော်ပြထားပါတယ်။

ဦးပိုင်ကုမ္ပဏီကတော့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြအကြံပြုချက်တွေကို ၀န်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီတွေကို ငှားရမ်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကလည်း စီမံကိန်းဧရိယာအတွင်းမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုဝင်တွေနဲ့ သားသမီးတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစား ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။

မနေ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို စီမံကိန်း အကောင်အထည်ဖော်နေတဲ့ ဦးပိုင်ကုမ္ပဏီနဲ့ ၀မ်ပေါင်ကုမ္ပဏီတွေက ကြိုဆိုခဲ့ကြပေမယ့် နယ်မြေခံ ရွာသားရာပေါင်းများစွာကတော့ စီမံကိန်းလုံးဝရုပ်သိမ်းရေးကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက်က စလို့ စီမံကိန်းဧရိယာ၊ ဆည်တည်ရွာသစ်၊ တုံရွာနဲ့ ဆည်တည်ရွာဟောင်းတွေကို သွားရောက်တွေ့ဆုံနေတာပါ။ အဲဒီရွာတွေမှာ ရွာသားတွေရဲ့ မေးမြန်းချက်တွေကို ထောက်ရင် သတင်းစာပါ အစီရင်ခံစာအပြည့်အစုံကို စေ့ငအောင် ဖတ်ထားကြသူ ရှားတာကို သူကြုံတွေ့ရတယ်လို့ ပြောပါတယ်။

“ဒါပေမယ့် ဒီအစီရင်ခံစာကို ရအောင်ယူရမယ်။ ဖတ်ရမယ်။ ရွာသူရွာသားတွေအများသိအောင် ဖတ်ပြပေးရမယ်။ ရှင်းပြပေးရမယ်။ ဒီလောက်တော့ ကိုယ့်ရွာအတွက် ကိုယ်တာဝန်ယူပေးရမယ်” လို့ ပြောပါတယ်။

ဒီအစီရင်ခံစာဟာ မတ် ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာ ပါရှိတာကြောင့် ရွာသားတွေကို တပိုဒ်ချင်း ဖတ်ပြရှင်းပြရမယ်လို့ ဒေါ်စုက ပြောပါတယ်။

နစ်နာခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးဖို့ လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီးဌာနရုံးက လာမယ့် ၁၅ ရက်၊ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ရွာတွေကို ကွင်းဆင်းမှာဖြစ်လို့ အဲဒီအခါကျရင် နစ်နာချက်တွေကို တင်ပြကြပါလို့ ဒေါ်စုက ပြောပါတယ်။

“လယ်ဆည်ဝန်ကြီးဌာနကလည်း ဆင်းလိမ့်မယ်။ ဒီကိစ္စတွေကို ခေါင်းအေးအေးနဲ့ ဆွေးနွေးလို့ ရတယ်။ ငိုနေလို့ရှိရင် ဘာမှ ဆွေးနွေးလို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် ငိုနေရင် အမေလည်း ဘာမှနားမလည်တော့ဘူး။ ဘာပြောနေတယ်ဆိုတာ။ အဲဒီတော့ အဲဒါတွေကိုတင်ပြ။ လယ်ယာမြေပဲ စိုက်စားချင်တဲ့ လူဆိုလို့ရှိရင် စိုက်ပျိုးရေးနေရာတွေ လုပ်ပေးရမယ်ဆိုတာ အဲဒါ သူတို့ အမေ့ကို ကတိက၀တ်ခံထားတယ်။“

“တချို့လူငယ်တွေက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း မလုပ်လိုကြတော့ဘူး။ သူတို့က မြို့တက်ချင်တယ်။ တခြားအလုပ်လုပ်ချင်တယ်။ အဲဒါကျတော့ သူတို့အတွက်လည်း အမေတို့ လုပ်ပေးရမယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို လိုက်ပါစောင့်ရှောက်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆည်တည်ရွာဟောင်းက လက်မခံတာကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၅ ဦးသာ ၀င်ရောက်ရှင်းပြခွင့်ရပြီး စီမံကိန်းဆက်လုပ်မယ့်ကိစ္စကို မကျေနပ်တဲ့ ရွာသားတွေက အော်ဟစ် မေးမြန်းတာကြောင့် အချိန်ယူရှင်းလင်းခဲ့ရပါတယ်။
အေး​နိုင်
DVB TV News

တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ်သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ပြောကြား

တိုင်းရင်းသားဒေသတွေကို အဓိက အကူညီတွေပေးနေတဲ့ ဂျပန်နိုင်ငံ အခြေစိုက် နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး အစရှိတဲ့ ကဏ္ဍတွေမှာ အကူညီတွေ ပေးအပ်သွားဖို့ ရှိတယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌနဲ့ ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာ ယိုဟီ ဆာစာကာဝါက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးတို့ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နီပွန်ဖောင်ဒေးရှင်း အနေနဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် အကူညီတွေ ပေးအပ်ဖို့ရှိတဲ့အကြောင်း ပြောကြားခဲ့တာဖြစ်တယ်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေနေ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေနေတွေနဲ့ ပတ်သက်လို့ အပြန်လှန်ဆွေးနွေးခဲ့တယ်လို့ သိရပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ကမကထပြုပြီး ဆောင်ရွက်နေတဲ့ ရှမ်း နှင့် ကယား ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲတွေကိုလည်း အောင်မြင်အောင် ဆောင်ရွက်ဖို့ နီပွန်ဖောင်ဒေးရှင်း အနေနဲ့လည်း တိုက်တွန်း အားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါဝင် တိုင်းရင်းသား အဖွဲ့အစည်းတွေကို အထောက်ပံ့ ပေးနေတဲ့ နီပွန် ဖောင်ဒေးရှင်း အနေနဲ့ ၂၀၁၂ ခုနစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ သန်း (၃၀၀) လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

နိပွန်ဖောင်ဒေးရှင်း ဥက္ကဌရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိသူတွေ အပါဝင် တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ အင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မှ တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့ မနက်ပိုင်း ကလည်း မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ Burma Campaign US အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ မစ္စ ဘရိုင်ယန်နာ အိုလစ် Mrs. Brianna Olive ဦးဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

ပြည်မြို့ခံ အချို့ကန့်ကွက်နေသော ဧရာဝတီသောင်ပြင်မှ ဂိုဒေါင်ဆောက်မြေ ယခင်အစိုးရ ဂရန်ချထားပေးခြင်းဖြစ်

ပြည်မြို့ခံ လူ ၅ဝဝ ခန့် လက်မှတ်ရေးထိုး ကန့်ကွက်နေသည့် ဧရာဝတီကမ်းနားသောင်ပြင်၌ မြေဖို့၍ ဂိုဒေါင်ဆောက်လုပ်နေသည့် နေရာမှာ အစိုးရမှ တရားဝင်ဂရန်ချထားပေးခြင်းဖြစ်ကြောင်း မြေပိုင်ရှင်ဖြစ်သူဦးထိုင်ထိုင်က ပြောသည်။

အဆိုပါ ဂရန်ကို ၁၉၉၇-၁၉၉၈ ခုနှစ်ကတည်းက ပိုင်ဆိုင် ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်၌ ဧရာဝတီကမ်းပါး မြစ်ရေတိုက်စား မှုဖြင့်ပြိုကျမသွားစေရန် ကျောက် စီနံရံ ပြုလုပ်သည့် စီမံချက်ပြုလုပ် ခဲ့ပြီး ယင်းကျောက်စီနံရံပြုလုပ်ခြင်း ကို စီးပွားရေး လုပ်ငန်းရှင်များက ပြုလုပ်ပေးခဲ့ရသည့်အပြင် အား ကစားနှင့် ကာယပညာဦးစီးဌာနသို့ ရန်ပုံငွေသွင်းခဲ့ရကြောင်း၊ ယင်းသို့ ပြုလုပ်ပြီးမှအဆိုပါဂရန်အား အစိုး ရမှ ချထားပေးခြင်းဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

''ကျွန်တော်က အခုကျမှ ဆောက်တာ။ ဂရန်ကျပြီးသားမို့ စည်ပင်ကို ပုံစံတင်တယ်။ စည်ပင် က ဆောက်လုပ်ခွင့် ချပေးတယ်။ ဆိုင်းဘုတ်ထောင်ပြီး တရားဝင် ဆောက်တာပါ''ဟု ၎င်းက ပြော သည်။ ဂိုဒေါင်ဆောက်လုပ်သည့် နေ ရာမှာ ပြည်မြို့ဆံတော်ရပ်ကွက် ကမ်းနားလမ်းဘေးတွင်ဖြစ်ပြီး ဧရာဝတီမြစ် ကမ်းနား သောင်ပြင်အား မြေဖို့ဆောက်လုပ်ခြင်း ဖြစ်သည်။ ယင်းဆောက်လုပ်မှုအပေါ် ပြည်မြို့ခံလူများက ကျေနပ်မှုမရှိဘဲ လူ ၅ဝဝ ကျော်ခန့် ဝိုင်းဝန်းလက် မှတ်ထိုး၍ ကန့်ကွက်စာကို ပြည်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်ထံ ဖေ ဖော်ဝါရီလ၂၆ ရက်၌ ပေးပို့ခဲ့ သည်။ကန့်ကွက်စာ၌ ဧရာဝတီမြစ် သောင်ခုံတွင် အဆောက်အအုံ ဆောက်လုပ်ခြင်းမှာ ဧရာဝတီမြစ်အ လှအား ပြည်ဖုံးကာူချနိုင်မည့်အ တွက် ခွင့်မပြုနိုင်ကြောင်း ရေးသား ထားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမြင့်က ၎င်းအနေဖြင့် အထက်ပါကိစ္စအတွက် မေးခွန်း ၃ ခုကို ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် လွှတ်တော်သို့ မေးမြန်းခဲ့ပြီး သက် ဆိုင်ရာဝန်ကြီးဌာနများ၏ ပြန်လည်ဖြေကြားချက်ကို စောင့်ဆိုင်းနေ သည်ဟု ဆိုသည်။မေးခွန်းများမှာ ကမ်းနား၌ ဆောက်လုပ်နေမှု၌ ဂရန်အား ဥပဒေနှင့်အညီ ချပေးခဲ့ခြင်း ဟုတ်၊ မဟုတ်၊ ကမ်းနားကို ဂရန်ပေးပြီး ဖြစ်သော်လည်း ဥပဒေအရဆောက် လုပ်ခွင့်ရှိ၊ မရှိနှင့် ယင်းသို့ ဆောက် လုပ်နေခြင်းမှာ သဘာဝပတ်ဝန်း ကျင့် ထိန်းသိမ်းရေးဥပဒေနှင့် ညီ၊ မညီတို့ ဖြစ်သည်။

ပြည်မြို့နယ် စည်ပင်သာယာ ရေးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြတ်စိုးက ယင်းမြေနေရာ ဂရန် အား မြို့နယ်စည်ပင်အနေဖြင့် ချ ထားပေးခြင်း မဟုတ်ကြောင်း၊ ဆောက်လုပ်ခွင့်ကိုမူ စည်ပင်သာ ယာရေးဥပဒေနှင့်အညီ ချထားပေး ခြင်းဖြစ်ကြောင်း ပြောသည်။
သုတလင်း
Popular Myanmar News Journal

အစီရင်ခံစာအပေါ် တုံရွာဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြစဉ်(ရုပ်/သံ)


ကြးနီစီမံကိန်း ဖြတ်သိမ်းပေးဖို့ ဒေသခံတွေ ဆက်လက်တောင်းဆိုနေ ယနေ့မွန်းလွဲပိုင်းက တုံရွာသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန် ကြေးနီတောင်အရေး စုံစမ်းစီစစ်ရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် တုံရွာဒေသခံတွေက ကန့်ကွက်ဆန္ဒထုတ်ဖော်နေကြစဉ်။
Burma VJ Media Network

နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုချက်

မည်သူမဆို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်၍ဖြစ်စေ၊နိုင်ငံသားများ နစ်နာဆုံးရှုံးစေနေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်း ပြစ်ဒါဏ်ချမှတ်ခံရသူများ၊ အထက်ပါ ဆောင်ရွက်မှုများနှင့် ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ၊ အစိုးရတရပ်ရပ်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က နိုင်ငံရေးရည်ရွက်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများသည် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသည် ဟု နိုင်ငံရေး အကျဉ်းသားအဓိပ္ပါယ် ဖွင့်ဆိုခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သတ်မှတ်ဖော်ပြလိုက်သည်။Burma VJ Media Network

အိန္ဒိယတွင် မြန်မာဘက်မှ တင်သွင်းသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက် သိမ်းဆည်းရမိ

မီဇိုရမ်း၊ မတ် ၁၃။
အိန္ဒိယနိုင်ငံ မီဇိုးရမ်းပြည်နယ်တွင် မြန်မာဘက်မှ တင်သွင်းလာသော အေကေ ၄၇ မောင်းပြန်ရိုင်ဖယ် ၃၃ လက်ကို ကျည်ကပ်များ၊ ကျည်ဆံ အမြောက်အများနှင့် ဖမ်းဆီးရမိခဲ့ပြီးပြည်နယ်အတွင်း စံချိန်တင်လက်နက် အများဆုံး ဖမ်းဆီးရမှု ဖြစ်ခဲ့ကြောင်း Newstrackindia သတင်းက ဖေါ်ပြလိုက်သည်။

ရဲနှင့်ထောက်လှမ်းရေး တာဝန်ရှိသူများ၏ အဆိုအရ ယင်း လက်နက်များမှာ မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ခိုးထုတ်ခြင်းဖြစ်ကြောင်း၊ အမှုနှင့် ဆက်စပ်၍ မီဇိုးရမ်းပြည်နယ်သားနှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးထားကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးကလည်း လက်နက်များမှာ ဘင်္ဂလားမှ ရှန်တီ ဘာဟီနီပျောက်ကြားတပ်ဖွဲ့ ဝင်များအတွက် မှောင်ခို တင်သွင်းခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ ပျောက်ကြားသူပုန်အဖွဲ့ မှာ ၎င်းတို့လူမျိုးစု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေးအတွက် ၁၉၇၂ တွင် တည်ထောင်ကာ ဘင်္ဂလားအစိုးရနှင့် တိုက်ခဲ့သောအဖွဲ့ ဖြစ်ကာ ၁၉၉၇ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။

အိန္ဒိယ၏ ထရိပူရ ၊မီဂါလာယာ ၊မီဇိုးရမ်းနှင့် အာသံပြည်နယ်များသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ဆက်စပ်နေသော ပြည်နယ်များဖြစ်ပြီး မီဇိုးရမ်း၊ မဏိပူရ၊ နာဂလန်းနှင့် အရွန်
နာချယ်ပရာ ဒတ်ရှ်ပြည်နယ်များမှာမူ မြန်မာနှင့် နယ်စပ်အရှည် ၁,၆၄၀ ကီလိုမီတာ ထိစပ်နေသော ပြည်နယ်များဖြစ်ကြသည်။ Ref: Newstrackindia
 
The Myanma Age

စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဒေစခံတွေနဲ့ တွ့ဆုံ


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးခဲ့တဲ့ ကျောင်းကိုသွားရောက်ကြည့်ရှုခဲ့ပြီး ရွာသစ်ကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံနေပါတယ်။

အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည် တုံရွာကဒေခံတွေနဲ့ လာရောက်တွေ့ဆုံဖို့ရှိတာကြောင့် တုံရွာကဒေသခံတွေဟာ စောင့်မျှော်နေကြပြီဖြစ်ကြောင်း သတင်းသွားရောက်ယူနေတဲ့ RFA သတင်းထောက်က သတင်းပေးပို့ပါတယ်။
RFA Burmese

ငြိမ်းချမ်းရေး လမ်းလျှောက်သူများကို တပ်မတော်က ကူညီပေးခဲ့

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ်ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီးတစ်ဦးက ပြောသည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ရသော်လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက်ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးက
ဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။
PN 051
Popular Myanmar News Journal

စာဖတ်စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ (အခြေခံအဆင့်) ကျင်းပသွားမည်

တော်ဝင်မိသားစုမှ ကြီးမှူးကျင်းပသော စာပေမြှင့်တင် လူ့စွမ်းအင် စာဖတ်စာရေးနှင့် တင်ဆက်မှု စွမ်းရည်ပြိုင်ပွဲ (အခြေခံအဆင့်) ကို ၂၀၁၃ ခုနှစ် မေလတွင် စတင်ကျင်းပမည် ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ ၁၃ ရက် မနက် ၁၀ နာရီက တော်ဝင်စင်တာ သုံးလွှာမှ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်ချင်လိုသူများအနေဖြင့် ပြိုင်ပွဲဝင်လျှောက်လွှာ များကို မတ်လ ၁၃ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ထိ လာရောက်ထုတ် ယူနိုင်ကြောင်း သိရသည်။ ဧပြီလ ၉ ရက်နေ့တွင် ၀င်ခွင့်ဖြေဆိုရမှာ ဖြစ်ပြီး ပြိုင်ပွဲတွင် ၀င်ရောက်ဖြေဆိုခွင့်ရသူများ အနေဖြင့်လည်း ယှဉ်ပြိုင်မှုပွဲစဉ်များ အလိုက် ဆုလက်ဆောင်၊ ဆုငွေများကို ပြိုင်ပွဲဝင်အဆင့်အလိုက် ချီးမြှင့်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် တော်ဝင်စင်တာတွင် လျှောက်လွှာများ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
P.067
Popular Journal

Ar.T ၏ တစ်ကိုယ်တော်တေးစီးရီး ဖြစ်သောCandy အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲ

အဆိုတော် Ar.T ၏ တစ်ကိုယ်တော်တေးစီးရီး ဖြစ်သောCandy အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီက Central Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
မျိုးမောင်
Popular Journal

မိစန္ဒီ၏ မိုနိုပိုလီ တစ်ကိုယ်တော် တေးစီးရီး MTV ထွက်

အမျိုးသမီး Hip Hop အဆိုတော် မိစန္ဒီ၏ မိုနိုပိုလီ တစ်ကိုယ်တော် တေးစီးရီး MTV ထွက်ရှိခြင်း စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက Central Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
မျိုးမောင်
Popular Journal

ပစ်မှ မပစ်တာ တတ္တိ တိတ်ရှိတာပေါ့..

FB-အူတက်အောင်ရီရသောဟာသများနဲ့အခြား

ပြုံးပျှော်ရွှင်မြူးနိုင်ကြပါစေ


အရမ်း ရီရပါတယ်........။
FB-Lwin Oo

မြောက်ကိုရီးယား၏ စစ်ရပ်ဆိုင်းရေးစာချုပ် တစ်ဖက်သတ်ဖျက်သိမ်းခြင်းအား တောင်ကိုရီးယား ပယ်ချ

14 March 2013


မြောက်ကိုရီးယားနှင့် အငြင်းပွားနေသော နယ်စပ်အနီး ဂန်ဝါကျွန်းအနောက်ဘက်တွင် တောင်ကိုရီးယား မရိန်းစစ်သားများကို K-55 တင့်ကားများနှင့် တွေ့ရစဉ်

စစ်ရပ်ဆိုင်းမှု စာချုပ်အား မြောက်ကိုရီးယား၏ တစ်ဖက်သတ် ပယ်ဖျက်မှုကို တောင်ကိုရီးယားက လက်မခံကြောင်း မတ် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်စဉ် စစ်ရေးပူးပေါင်းလေ့ကျင့်မှုအား ဆက်လုပ်ပါက မြောက်ကိုရီးယားသည် တောင်ကိုရီးယားနိုင်ငံနှင့် ချုပ်ဆိုထားသော စစ်ရပ်ဆိုင်းရေးစာချုပ်နှင့်တကွ အခြားသော ငြိမ်းချမ်းရေး စာချုပ်များကို ပယ်ဖျက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။ အဆိုပါ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် မတ် ၁၁ ရက်နေ့က စတင်ခဲ့သည်။

ငြိမ်းချမ်းရေးစာချုပ်အား တစ်ဖက်သတ် ပယ်ဖျက်ခြင်းနှင့် အဆုံးသတ်ခြင်းသည် စာချုပ်၏ စည်းမျဉ်းများအရသော် လည်းကောင်း၊ နိုင်ငံတကာ ဥပဒေအရသော် လည်းကောင်း အကြုံးမ၀င်ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် ချိုတိုင်ယန်းက သတင်းထောက်များကို ပြောခဲ့သည်။

အဆိုပါ စစ်ရပ်ဆိုင်းရေးစာချုပ်သည် တရားမ၀င်ဖြစ်သွားပါက စစ်မက်ဖြစ်ပွားခြင်းများ ပြန်ဖြစ်လာကာ နည်းပညာဆိုင်ရာ စစ်ပွဲများလည်း ဖြစ်လာမည်ဖြစ်သည်။

ဒေသတွင်းနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ်တွင် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ပြန်လည်ရုပ်သိမ်းစေလိုကြောင်း ချိုက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် လွန်ခဲ့သည့် နှစ်၂၀ အတွင်း ယင်းကဲ့သို့ စစ်ရပ်ဆိုင်းရေးစာချုပ်အား အဆုံးသတ်သွားကြောင်း၊ ပြီးဆုံးသွားကြောင်း ပြောကြားသည်မှာ အကြိမ်တစ်ဒါဇင်ထက်မနည်း ရှိပြီဖြစ်သည်။
Ref:AFP
Eleven Media Group

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် ဒေသခံများသဘောမတူ


14 March 2013


မတ်လ ၁၃ ရက်နေ့က လက်ပံတောင်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပုံနှင့် ဒေသခံတို့၏ ဆန္ဒထုတ်ဖော်မှု မြင်ကွင်းများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၃ ရက်နေ့က မုံရွာမြို့မှတဆင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာပြီး မုံရွာမြို့ရှိ ၀င်းယူနတီဟိုတယ်တွင် ခေတ္တနားခိုကာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာသို့ သွားရောက်ခဲ့ပြီး အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ကံကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ကံကုန်းကျေးရွာမှတဆင့် မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံသို့ သွားရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲအချိန်တွင် ဆားလင်းကြီးမြို့နယ် ကံတော-၀က်မှေးရွာသစ်သို့ လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် လက်ပံတောင်းတောင် မြောက်ဘက်ရှိ ကျော်ရွာသို့လည်းကောင်း သွားရောက်ခဲ့သည်။ ထို့နောက် ညနေ ၆ နာရီအချိန်တွင် ၀မ်ပေါင်ကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ခေတ္တတည်းခိုသည့် မုံရွာမြို့ရှိ ၀င်းယူနတီဟိုတယ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၄ ရက်နေ့တွင် ၀င်းယူနတီဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိကြောင်း မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေငယ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ကံတော-၀က်မှေးရွာသစ်တွင် တွေ့ဆုံပြောကြားရာတွင် ကျေးရွာလူထုအင်အားကို မှန်မှန်ကန်ကန် သုံးသင့်ကြောင်း၊ အချိန်သည် တစ်နာရီနှင့်တစ်နာရီ အမြဲပြောင်းလဲနေကြောင်း၊ သူကိုယ်တိုင် စောစောတစ်နာရီလောက်က မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို ရောက်နေပြီး ယခုအခါ ကံတော-၀က်မှေးရွာသစ်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် အပြောင်းအလဲကို လက်ခံရမှာဖြစ်ကြောင်း၊ အနိစ္စသဘောဟူသည့် ဘုရားဟောခဲ့သည်ပင် ရှိကြောင်း ပြောပြခဲ့သည်။

လက်ပံတောင်း ကြေးနီစီမံကိန်းသည် ဆက်လက်လုပ်ဆောင်သင့်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းသည် ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်မည်ဆိုပါက ဒေသခံများအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သတ္တိရှိရှိဖြင့် အပြောင်းအလဲကို ရင်ဆိုင်ရန် လိုအပ်ကြောင်း၊ မဖြစ်မနေဖြစ်ရမည့် အပြောင်းအလဲများအား အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်သွားရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က "မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားတစ်ရပ်ရှိတယ်။ တချို့ကလည်း မင်းမှာကတိ လူမှာသစ္စာလို့ ဆိုကြတယ်။ ကျွန်မအနေနဲ့ကတော့ မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားကို ပိုကြိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့မင်းဟာ စာချုပ်ကို သစ္စာနဲ့ ထိန်းသိမ်းဖို့ လိုတယ်။ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဖျက်လိုက်ရင် တစ်ဘက်သတ် ချိုးဖောက်ရာကျတယ်။ ချိုးဖောက်ရင် နိုင်ငံတကာကလည်း ယုံကြည်မှာ မဟုတ်ဘူး" ဟု ကံတော-၀က်မှေးရွာသစ်တွင် ဒေသခံများနှင့် တွေ့ဆုံခိုက် ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသသို့ ရောက်ရှိနေချိန်တွင် လက်ပံတောင်းတောင် စီမံကိန်း အပြီးသတ် အစီရင်ခံစာအပေါ် သဘောမတူကြောင်း ပြသသည့်အနေဖြင့် ဆားလင်းကြီးမြို့နယ် တုံကျေးရွာ သပိတ်စခန်းတွင် ယနေ့ မတ် ၁၃ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လူအင်အား ၂၀၀ ခန့် လမ်းလျှောက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး တုံကျေးရွာသပိတ်စခန်းမှ ညောင်ပင်ကြီး၊ ထိုမှတဆင့် ၀မ်ပေါင်ကုမ္ပဏီရှေ့သို့ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် လက်ပံတောင်းစီမံကိန်း လုံးဝဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး မတ် ၁၂ ရက် အစိုးရပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအားလည်း ကျေနပ်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆန္ဒပြမှုများအပေါ် "ဒီအစီရင်ခံစာ ထုတ်ပြန်မှုဟာ ကျွန်မမှာ အဓိက တာဝန်ရှိပါတယ်။ တကယ်လို့ ဒေသခံတွေအနေနဲ့ မကျေနပ်လို့ ဆန္ဒပြချင်ရင် ကျွန်မအိမ်ကိုလာပြီး ဆန္ဒပြလို့ရပါတယ်။ ဘာမှမဆိုင်တဲ့ ၀မ်ပေါင်ကိုသွားပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆန္ဒပြစရာ မလိုပါဘူး.။ ဒါပေမယ့် ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုခွင့်တောင်းပြီး ပြလို့ရပါတယ်၊၊ ဥပဒေအတိုင်း ဆန္ဒပြတာမဟုတ်ခဲ့ရင်တော့ ကျွန်မကလည်း ဥပဒေအတိုင်း လုပ်သွားမှာပါ" ဟု ကံတောကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်၊၊

"ဒီတောင်ကြီးတွေက ဒေသခံတွေရဲ့ အသက်ပါ။ ဒီစီမံကိန်းကို လုပ်ခဲ့တုန်းကလည်း ခြိမ်းခြောက်မှုတွေနဲ့ လုပ်ခဲ့တယ်။ တောင်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတဲ့အပြင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း လုပ်ခဲ့တယ်။ အခုအစီရင်ခံစာမှာ ဒီလောက် မီးလောင်ဒဏ်ရာတွေ ရတာကို မီးခိုးဗုံးလို့ လုပ်ထားတုန်းပဲ။ ပြီးတော့ စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တစ်ခုပဲ အဓိကတောင်းဆိုတာဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို သဘောမတူပါဘူး။ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ပါဝင်ခဲ့သော တုံကျေးရွာသပိတ်စခန်းမှ ဒေသခံတစ်ဦးက ဆိုသည်။

သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း၊ လျော်ကြေးလိုချင်သည့်အတွက် ဆန္ဒပြရခြင်းမဟုတ်ဘဲ စီမံကိန်းဖျက်သိမ်းရန်သာ တောင်းဆိုသွားမည်ဖြစ်ကြောင်း တုံကျေးရွာ သပိတ်စခန်းမှ မစန္ဒာဝင်းက ဆိုပါသည်။

"ဒုန်းတောနဲ့  ကံကုန်းရွာတွေ မိုးကြိုးအက်ဆစ်စက်ရုံဘက်တွေ သွားအပြီးမှာ လူတွေက ၀မ်ပေါင်ရုံးကို လာမယ်ထင်လို့  ၀မ်ပေါင်ရုံးနားက သွားစာင့်တယ်။ ဒါပေမယ့် အက်ဆစ်စက်ရုံကလာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ၀မ်ပေါင်ရုံးကို ဆက်မလာဘဲ ညောင်ပင်ကြီးဘက်ကိုသွားတဲ့ လမ်းခွဲကိုချိုးပြီး ကံတော-၀က်မှေးရွာသစ်ကို ဆက်ပြီးသွားပါတယ်။ လမ်းမှာရှိတဲ့ ကျော်ရွာရဲ့အနောက်ဘက်နား ရန်အောင်မြင်စေတီ အလွန်လောက်မှာ တုံကျေးရွာ သပိတ်စခန်းဘက်ကလာတဲ့ ဆန္ဒပြအဖွဲ့တွေနဲ့ တွေ့ခဲ့ပါတယ်။ ဆန္ဒပြတဲ့အဖွဲ့က ဆိုင်ကယ်တစ်စီးကို ယာဉ်တန်းက ပိတ်သလိုဖြစ်သွားပြီး လူရုန်းရုန်း ဖြစ်သွားပါသေးတယ်။ နောက်တော့ သူတို့ လမ်းသူတို့ ဆက်သွားပါတယ်" ဟူ၍ ကျော်ရွာမှဒေသခံတစ်ဦးက ပြောပြသည်။

မြန်မာ့စီးပွားရေး ဦးပိုင်မှလည်း လက်ပံတောင်းတောင် အစီရင်ခံစာပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြအကြံပြုထားသော မြေယာလျော်ကြေးကိစ္စများ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေးကိစ္စများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုရေး ကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အပြည်ပြည်ဆိုင်ရာ လက်မှတ်များ ရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံဆိုင်ရာ ကိစ္စရပ်များ စသည့်အကြံပြုချက်များကို ၀န်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာ အဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ၀မ်ပေါင်ကုမ္ပဏီက မတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းမီဒီယာများသို့ ပေးပို့ခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် ရှင်းလင်းထုတ်ပြန်ချက်တွင် ကျွန်တော်တို့ ၀မ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအပြင် မြန်မာနိုင်ငံ ပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက် အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက်ပြောကြား ကတိပြုပါသည်ဟု ဖော်ပြထားသည်။
 Eleven Media Group

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများ သို့ အကြံပြုချက်

 အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး ။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲ ဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာ အမြင်နဲ့ အကြံပေးကြည့်တာပါ ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာ လို့ မြင်တယ်။ ဖော်ပြချက်တွေ ကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ ။
ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစား စရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင် ၊ ၀မ်ပေါင်နဲ့ အခြား အကျိုး အမြတ် ရရှိနေသူများ တွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။
( စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေ အတွက် ဆောင်ရွက် ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြ ထားပါတယ် ။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် -
ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ
အထူးသဖြင့်ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာ က သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည် ကို တွေ့ရှိရကြောင်း ။

အပိုဒ်ခွဲ(ခ) လေထုညစ်ညမ်းမှု အခြေအနေ ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ ဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကိုတွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက် ။ ဒီ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)အရ သေချာ ဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီလုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေ က ဆွဲထုတ်ပြပြီး စီမံကိန်း အပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံ သင့်ပါတယ် ။( အပိုဒ်ခွဲ-ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍်လည်း -

စီမံကိန်း ဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည် ဟု ပါရှိပါတယ် ။ထိုတင်ပြမှုမျိုး မှာ အရေးယူ ဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြ တောင်းဆိုသူတွေ အတွက် ) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ် ။
ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေ အရ အရေးယူ ပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့မရဘူးလို့ မြင်ပါတယ်။

( ၂၀၀၈ အခြေခံဥပဒေ ။ အခန်း(၈) ပုဒ်မ၃၄၇ ။ ဥပဒေ အရာ တွင် တန်းတူ ညီမျှ အခွင့်အရေး ရရှိစေရမည် ။ ထိုအပြင် ဥပဒေ၏ အကာအကွယ် ကိုလည်း တန်းတူ ညီမျှစွာ ရယူခွင့်ပေးရမည် ။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင် တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်) ။

အဘယ်သို့ ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့ အချိန် တင်ပြ အဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည် ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်းစဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံ အဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည် အပေါ် ကော်မရှင် ဥက္ကဌ ရာထူး ပေး၍ စုံစမ်း စစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံ လူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံ လူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည် မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထု အကြည်ညို ပျက်စေရန် ။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာ အပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံ အဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက် အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့ အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာ ရှိသည် ကို သတိချပ်စေချင်သည်။
(ယခုလည်း အစီရင်ခံစာ လက်ခံ လက်မခံ နှစ်ဘက် ဝိရောဓိတွေ စနေပြီ မို့လား ၊ ဒါ ဘယ်သူ့ အကြိုက်လည်း စဉ်းစားစေချင်၏)

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကို မယုံကြည်ဘူး ဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါ ဟု မည်သူ အာမခံ တာဝန်ယူမလဲ ။း

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ ၊ နောက် ဗုံးကိစ္စတွေ ကို ပြောကြားရာ မှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေ ကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေ ကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။(ထိရောက်ဖို့ အရေးကြီးပါတယ်)

သို့ပါ၍ ကျွန်တော်တို့ အားလုံး ဟာ စိတ်ဓါတ်ပြင်းထန်မှု နှင့် အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာ နှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံ့တရား ၊ ပိုင်းခြားဝေဖန်ခြင်း ၊ နှံစပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန်ေ မျှာ်မြင်သုံးသပ်ခြင်း တို့ကို မမေ့မလျောပဲ တိုက်ပွဲ သတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာ ကျကျ နည်းဗျုဟာ မှန်မှန် နဲ့ ဆက်လက် တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ် လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲ ဝင်နေသူတွေ မိမိ တို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်း သွားနိုင်ပါတယ်။

စိတ်ဆန္ဒ ကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲ ဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ် လိမ္မာ၍ ပညာသား ပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း ၏ အမြင် ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း ၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။
ကိုရဲရင့်ကျော်
၁၃-၃-၁၃

မေးလိုက်ချင်စမ်းပါဘိ မှ တပါး အခြားမရှိ

ယနေ့ဖေ့ဘုတ်ခ်စာမျက်နှာများတွင်ရုတ်တရက်ပွက်လောရိုက်ပြီးလူထုအကြားလှုပ်လှုပ်ရှားရှားဖြစ်လာသော သတင်းမှာကားမုံရွာတဖက်ကမ်းရှိလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းနှင့်
ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်ဦးဆောင်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံ စာထွက်လာအပြီးတွင်ဖြစ်ပွားလာသော လှုပ်ရှားမှု့များပင်ဖြစ်လေတော့သည်။

ထိုသတင်းများကိုဖတ်ပြီးကျနော်သည်လွန်စွာစိတ်အပျက်ကြီးပျက်လေတော့သည်၊ ထို့ကြောင့်ထိုကြေးနီစီမံကိန်းအကြောင်းသည်ကျနော့်အတွေးအာရုံတွင်တရေးရေးပေါ်လာတော့၏.. ထိုစီမံကိန်းသည်မဆလခေတ် ဗိုလ်နေ၀င်းလက်ထက်က စတင်ခဲ့သောစီမံကိန်းပင်ဖြစ်၏၊ ထိုစဉ်အခါက ကျနော်သည်အလယ်တန်းကျောင်းသားဘ၀.. မုံရွာကြေးနီစီမံကိန်းသည် ကြေးနီတူးဖေါ်ရင်းမှ ရွှေ တွေ ထွက်နေသည်၊ ငွေ တွေထွက်ပေါ်နေသည်အစရှိသဖြင့်လူထုကြားတွင်ကောလဟလ သတင်းလိုလို၊ အမှန်လိုလိုပြန့်နှံ့နေသည်မှာလည်းထိုခေတ်အခါကသိမှီခဲ့သူများနှင့်စိတ်ဝင်စားသောသူများသိရှိကြ၏၊အဘယ်ကြောင့် ကျနော်ထိုစဉ်ကထိုသတင်းကိုသိရှိသနည်းဟူသည်ကားကျနော့်အထက်ကအကိုကြီး၏သူငယ်ချင်းများသည်ထိုစီမံကိန်းတွင်ကားမောင်းရန်အတွက်စိတ်ဝင်စားနေသောကြောင့်
ထိုအကြောင်းကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျနော်သိရှိခဲ့ခြင်းပင်ဖြစ်သည်။ဒါသည်ပင်လျှင် ယနေ့ ဖေ့ဘုတ်ခ်စာမျက်နှာများနှင့်လူထုအကြားတွင်ဟိုးလေးတကျော်ဖြစ်လာမည့်လက်ပန်းတောင်းတောင်မုံရွာကြေးနီစီမံကိန်း၏ အစ ...ထို့နောက် န၀တ..နအဖ.ယနေ့စစ်တပ်တပိုင်းဦးသိန်းစိန်အစိုးရ ...ထို့နောက် ဒေသခံလယ်သမားများဆန္ဒဖေါ်ထုတ် သည့်ကာလ၊ နောက် ..သပိတ်စခန်းဖွင့်သည့်ကာလ၊နောက်ထိုသပိတ်စခန်းအားလက်ရှိအာဏာပိုင်များမှမီးလောင်ဗုံးဖြင့်ရက်ရက်စက်စက်ဖြိုခွဲသည့်ကာလ၊ထို့နောက်ဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံရွာသူရွာသားများနှင့်တွေ့ဆုံစဉ်..ထိုမီးလောင်ဗုံးဖြင့်ရက်ရက်စက်စက် ဖြိုခွဲခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့လေသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည်တက်ရောက်လာသောဒေသခံလူထု၏၂.သဘောထားခံယူပြီးနောက်မြန်မာတွင်မကကမ္ဘာကပါလေးစားကြည်ညိုသောဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်ဦးဆောင်သည့်စုံစမ်းရေးကော်မရှင်၏အစီရင်ခံထွက်ပေါ်လာသောအခါ... ဒေါ်အောင်ဆန်းစုကြည် ကို ပုတ်ခတ်စော်ကားကားချင်သော၊ နိုင်ငံရေးအာဏာကိုဖြတ်လမ်းကယူချင်သူတို့သည် ရိုးသားသောဒေသခံတောင်သူများအားရှေ့သို့တွန်းထုတ်ကာ ၄င်းတို့၏ မဟာဗျူဟာကို စတင်အကောင်အထည်ဖေါ်လာပြီဟု ကျနော်ရိုးသားစွာနားလည်မိတော့သည်၊

ရိုးသားသော၊သတ္တိရှိသော၊စွန့်လွှတ်စွန့်စားဝံ့သော ဖြူစင်ရိုးသားသည့်ဒေသခံတို့၏ ရှေ့ဆောင်မသွဲ့သွဲ့ဝင်း၊မသွဲ့သွဲ့အေးတို့ကိုကျနော်အားကျ၏၊လေးစား၏၊ကြည်ညိုမိ၏..သို့သော်....ယနေ့နိုင်ငံခြားသတင်းမီဒီယာတခုနှင့်အင်တာဗျူးတွင်မသွဲ့သွဲ့ဝင်းလား..မသွဲ့သွဲ့အေးလား..ကျနော်မသဲကွဲလိုက်...တရုတ်ဝမ်ပေါင်ကုမ္မဏီအားရပ်ဆိုင်းသည်အထိဆက်လက်တိုက်ပွဲဝင်သွားမည်ဟုပြောဆိုသံကိုကြားလိုက်ရသောအခါ ...ရိုးသားသောပကတိဖြူစင်သောကျနော့်ညီမလေးများကို ကျနော်ရိုးသားစွာမေးချင်သောမေးခွန်းများကျနော့်ခေါင်းထဲတွင်အစီအရီပေါ်ထွက်လာလေတော့သည်။

ယခုဖြစ်ပေါ်ခဲ့သောပြသာနာအားလုံးတို့သည် ၀မ်ပေါင်ကုမ္မဏီဝင်ရောက်လုပ်ကိုင်ခြင်းမှ စတင်သောပြသာနာမဟုတ်၊ ပြသာနာ၏အစကို သေချာစွာ မြင်ရန်ကြည့်တတ်ရန်လိုအပ်သည်၊( resolution is the problem , true understanding ) မှာလွန်စွာအရေးကြီးလှပေတော့သည်။ပြသာနာ၏အစကို မှန်မှန်ကန်ကန်မမြင်နိုင်ပါက တိုင်းပြည်အတွက်မလိုလားအပ်သော ရှုပ်ထွေးမှု့များကိုဖြစ်ပေါ်စေမည့်အပြင်ကျနော်တို့တောင့်တသောလိုချင်သောဒီမိုကရေစီတိုင်းပြည်ပေါ်ထွက်လာရေး၊နှင့်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေးတို့သည်လမ်းကြောင်းပြောင်းသွားကာ..အလုပ်သမားလယ်သမားနှင့်ပြည်သူပြည်သားများကိုအာမခံချက်မပေးသော၊သွယ်ဝိုက်ဖိနှိပ်နှိပ်စက်သောအုပ်ချုပ်သူလူတန်းစားတဖြစ်လည်း အရပ်သားအာဏာရှင်စံနစ်၊သို့မဟုတ် ...ဓနရှင်အာဏာစံနစ် သို့ကူးပြောင်းသွားတတ်သည်ကိုလည်းသတိထားရန်အထူးလိုအပ်ပေလိမ့်မည်။.ဒေသခံလယ်သမားတို့သည် ၀မ်ပေါင်ကုမ္မဏီ ၀င်ရောက်လုပ်ကိုင်ခြင်းကို အလိုမရှိခြင်းမဟုတ်၊ အတင်းအားဓမ္မ မတရားသောနည်းဖြင့်လယ်ယာမြေများကို သိမ်းခြင်း၊ ပတ်ဝန်းကျင်ပျက်စီးမှု့ကိုဖြစ်ပေါ်စေခြင်းတို့ကို အလိုမရှိခြင်းပင်ဖြစ်သည်ဟု ကျနော်နားလည်မိသည်။ အကယ်၍ ၀မ်ပေါင်ကုမ္မဏီနေရာအစားအခြားနိုင်ငံတခုမှကုမ္မဏီတခုဝင်ရောက်လုပ်ကိုင်ပါကလည်းအလားတူ လယ်ယာမြေများကို အားဓမ္မသိမ်းခြင်း၊ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေခြင်းများကိုဖြစ်ပေါ်ပါက ဒေသခံတို့သည်လက်ခံနိုင်လိမ့်မည်မဟုတ်ဟု ကျနော်ယုံကြည်သည်။
ယခုအခါ ဖြူစင်သောရိုးသားသောဒေသခံတို့သည်အဘယ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုအလိုမရှိဖြစ်နေပါသနည်း...?

လက်ပန်းတောင်းသပိတ်စခန်းအားအာဏာပိုင်များမှရက်ရက်စက်စက်ဖြိုခွဲအပြီး ဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံများနှင့်တွေ့ဆုံစဉ်တွင် ဒေသခံများအားသဘောတူညီချက်မေးခွန်းတခုကိုမေးခဲ့သည်၊ ထိုသဘောတူညီချက်မေးခွန်းကား ...( ကျမ ၀င်ရောက်ကြားဝင်ဆောင်ရွက်ပေးတာကို သဘောတူပါသလား ..? ဟုမေးမြန်းခဲ့ရာတွင် ..သဘောတူပါသည်ဟု” တက်ရောက်နားထောင်သူဒေသခံအများစုမှညီညီညွတ်ညွတ်ဖြေဆိုသံကိုကျနော်နားနှင့်ဆတ်ဆတ်ကြားခဲ့ရပါသောဖြူစင်သည့်ဒေသခံများတို့၏အသံများ....

ယနေ့လက်ရှိတွင်ကမ္ဘာကလေးစားကြည်ညိုသောဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံအားမြေကြီးပေါ်ပစ်ချပြီး “ ဒေါ်အောင်ဆန်းစုကြည် အလိုမရှိ ” ကြွေးကြော်ဆန္ဒပြနေသည့် ဖြူစင်သည့်ဒေသခံတောသူတောင်သားတို့၏ ရင်းတွင်းဆန္ဒသည် တကယ်ပဲ အလိုမရှိ တော့ဘူးလား..?

ထိုကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဒေသခံများနှင့်တွေ့ဆုံစဉ်ကပြောကြားခဲ့သော ( သဘောတူပါတယ် ) ဟူသော ဒေသခံတို့၏ဖြူစင်သောအသံတို့သည်ယခုအခါ အရောင်ပြောင်းသွားလေခြင်းမှာ ရိုးသားမှု့ မှထွက်ပေါ်လာသောအသံ မဟုတ်တန်ရာ နိုင်ငံခေါင်းဆောင် (သို့) လူထုခေါင်းဆောင် ...မည်သည့်ခေါင်းဆောင်ဖြစ်စေ ခံစားမှု့ကို ရှေ့တန်းမတင်ပဲ ...ဥာဏ်ပညာဖြင့်သေချာဝေဖန်ပိုင်းခြားကာ မိမိဖြစ်ချင်သောအနာဂတ်ကို ပုံဖေါ်ထုဆစ်ရပေလိမ့်မည်။ ခေါင်းဆောင်လုပ်သူ၏အတွေးအမြင်နှင့်သာမန်လူတို့၏အတွေးအမြင်များသည် ရုတ်တရက်ထပ်တူမကျနိုင်၊ ဤသည်မှာလည်း သဘာဝ ကျသည်၊ ခေါင်းဆောင်အရည်အချင်းနှင့်နောက်လိုက်အရည်အချင်းတို့၏တာဝန်ယူတွေးခေါ်မြော်မြင်မှု့တို့၏ခြားနားချက်ပေတည်း၊ စစ်မှန်သောခေါင်းဆောင်တို့သည် အတိတ်ကို သင်ခန်းစာယူကာပစ္စုပ္ပန် နှင့်အနာဂတ်ကို ကြည့်၏ ..သာမန်လူတို့သည် စိတ်ခံစားမှု့ကိုကြည့်၏ ဦးစားပေး၏။ ဤကား ကွာခြားမှု့ပေတည်း၊ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့်လူထုမျက်နှာကိုကြည့်၏..တိုင်းပြည်နှင့်လူထုအရေးကိုအမြဲတွေး၏ ..လုပ်၏ ကိုင်၏ ..တိုင်းပြည်နှင့်လူထုအရေးသည် သူ့အရေး၊ သူ့ဘ၀ ဟု ခံယူထားသူဖြစ်သည်မှာလည်း မြေကြီးကိုလက်ဝါးနှင့်ရိုက်မလွဲ မှန်၏ ...အာဏာနှင့်ပကာသနစည်းစိမ်ကိုယစ်မူးသူမဟုတ်၊ အပြောတမျိုးအလုပ်တမျိုးမလုပ်တတ်၊တိုင်းပြည်လူထုအကျိုးရှိမည်ဆိုရင် မည်သူ့ကိုအောက်ကျခံရသည်ဖြစ်စေ၊ မည့်သည့်အလုပ်ကိုလုပ်ရသည်ဖြစ်စေ လုပ်မည့်သူဖြစ်သည်၊ တိုင်းပြည်လူထုအကျိုးရှိမည်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်သည်ပြတ်သားရဲသည်၊ မျိုးရိုးစဉ်ဆက်တိုင်းပြည်နှင့်လူထုအပေါ်သစ္စာရှိသော၊ ချစ်သော သူမ မေတ္တာကို နားမလည်နိုင်သောသူတို့ကို ကျနော်များစွာအံ့သြမိ၏..ထို့အထဲတွင်ရိုးသားသောဖြူစင်သောဒေသခံညီမလေးမသွဲ့သွဲ့ဝင်းမသွဲ့သွဲ့အေးတို့အပါအ၀င်ဒေသခံတောသူတောင်သားများမပါစေချင်သည့်စေတနာသည်ကျနော့်စိတ်အရင်းခံဖြစ်သည်ကိုကျနော်ရဲရဲဝံ့ဝံ့ပြောရဲသည်။အမှန်အတိုင်းဆိုရပါမူ ကျနော်သည်တရုတ်ကြီးကို နိုင်ငံရေးအရလုံးဝမကြိုက်၊မကြည်ဖြူ၊သို့သော်

လက်ရှိအရေးတွင်ပစ္စုပ္ပန်နှင့်အနာဂတ်ကိုသေချာတွေးတောဆင်ခြင်ဖို့လွန်စွာလိုအပ်သည်ဟုကျနော်နားလည်သောကြောင့်ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကို အလိုမရှိလျှင် မည်သူကိုအလိုရှိသနည်း..? တရုတ်ဝမ်ပေါင်ကုမ္မဏီကိုအလိုမရှိပါက ထိုကုမ္မဏီဝင်ရောက်စဉ်ကမည့်သည့်အတွက်ကြောင့်မတားမြစ်သနည်း..? ဒေသခံတို့သည် ၀မ်ပေါင်ကိုအလိုမရှိခြင်းမဟုတ်၊ လယ်ယာမြေများကို မတရားသောအဓမ္မနည်းဖြင့်အနိုင်ကျင့်ပြီးသိမ်းယူခြင်းနှင့် ပတ်ဝန်းကျင်ပျက်စီးမှု့ကိုဖြစ်ပေါ်စေခြင်းတို့ကိုအလိုမရှိခြင်းမှာသေချာသည်၊ ထိုပြသာနာသည်သာဒေသခံအားလုံးတို့အတွက်ပြသာနာ၏အရင်းခံဖြစ်သည်မှာသေချာသည်မို့ ထိုပြသာနာကိုဒေါ်အောင်ဆန်းစုကြည်သည်ဒေသခံလူထုအတွက်မှန်ကန်သော၊ကောင်းမွန်သောနည်းလမ်းများဖြင့်ဆုံးရှုံးမှု့မဖြစ်ရလေအောင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်သူမှာ
ဒေါ်အောင်ဆန်းစုကြည်သာလျှင်ဖြစ်ပေလိမ့်မည်၊
ထို့ထက်ဆိုရပါမူ........

မြန်မာပြည်သူပြည်သားများအတွက်ကြောက်ရွံ့မှု့မှကင်းဝေးစွာဖြင့်လုံခြုံစိတ်ချစွာလုပ်ကိုင်စားသောက်နိုင်သောဘ၀အခြေအနေအဆင့်အတန်းများကို ဖေါ်ဆောင်နိုင်သူမှာ လည်း“ဒေါ်အောင်ဆန်းစုကြည်မှ တပါး အခြားမရှိ ” ဟု ကျနော်ရိုးသားစွာယုံကြည်မိပါတော့သည်။
ဖီလော်ဆိုဖာမောင်မြသာ. 13.3.2013
FB-Philosophermg Myathar

သားကိုဖျာလိပ်နဲ့ပတ်၊ ခဲဆွဲပြီး ရေထဲ ပစ်ချလိုက်လဲ ကျုပ် ကျေနပ်တယ်

ကိုစိုးနိုင်က ဘယ်ဘက်ခါးမှာ အပစ်ခံလိုက်ရတာ။ အဲဒီ ဒဏ်ရာအတွက် ၃ ခါတောင် ခွဲစိတ်ခံလိုက်ရပေမယ့် ခွဲစိတ်ခန်းက ထွက်လာပြီးတာနဲ့ အဖေ့ကို သားမနေရတော့ပါဘူးလို့ပြောတယ်။ သူ့အခြေအနေကို သူသိတဲ့ အကြောင်းကိုပြောတယ်။ အာဏာပိုင်တွေက သူ့ရဲ့ အသုဘကိုတောင် ဆူပူမှုတွေမဖြစ်အောင် တာဝန်ယူနိုင်ရင် အသုဘကို ချဖို့ပြောတယ်။ အဲဒါနဲ့ အဖေက တာဝန်မယူနိုင်ဘူးလို့ပြောလိုက်တယ်။ ကျုပ်သားလဲ သေတာက သေပြီးပြီ။ ခင်ဗျားတို့ဘာသာ သားကိုဖျာလိပ်နဲ့ပတ်၊ ခဲဆွဲပြီး ရေထဲ ပစ်ချလိုက်လဲ ကျုပ် ကျေနပ်တယ်လို့ ပြောလိုက်တယ်။
ကိုစိုးနိုင် အမ
The Irrawaddy (Burmese Version)
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့ တွေ့ဆုံ

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်မယ်ဆိုရင် မိမိတို့တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၃ ရက် ဒီကနေ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေနဲ့တွေ့ဆုံစဉ် ပြောလိုက်ကြောင်းသိရပါတယ်။

ဒါ့အပြင် စီမံကိန်းကြောင့် နစ်နာဆုံးရှုံးမှုတွေကို ကုမ္ပဏီတွေဖက်က တာဝန်ယူဖြေရှင်းပေးသင့်တဲ့ အချက်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့ပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ အလုပ်အကိုင်ရရှိရေးနဲ့ ပတ်သက်လို့ မြေယာလျော်ကြေးတွေနဲ့ ပတ်သက်လို့ ကျမတို့ရှင်းပြပြီးပါပြီ၊ အလုပ်အကိုင်တွေလည်း ဖန်တီးပေးရမယ်၊ ကျန်းမာရေးလည်း စောင့်ရှောက်ပေးရမယ်၊ ပညာရေးနယ်ပယ်လည်း တိုးတက်အောင် ကျမတို့လုပ်ပေးရမယ်၊ ဒါပေမယ့် ကျမရှင်းဖို့တစ်ခု လိုပါသေးတယ်၊ အဲ့ဒီကိစ္စကတော့ စေတီတော်နဲ့ သိမ်ကိစ္စပါ၊ လက်ပန်းတောင်းတောင်မှာ ကြေးနီစီမံကိန်းလုပ်လို့ရှိရင် စေတီတော်နဲ့ သိမ်ကိုမပျက်အောင် လုပ်စေချင်တယ်ဆိုပြီးတော့ ပြောကြပါတယ်၊ ဒါကိုကျမလည်း အများကြီးနားလည်ပါတယ်၊ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားအများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက် စေတီတော်ကို ကြည်ညိုလေးစားတဲ့ အလေ့အထဟာ အင်မတန်မှ အင်အားရှိပါတယ်၊ ဒါဟာကျမတို့ရဲ့ အစဉ်အလာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ဒီစီမံကိန်းကို လုပ်လိုက်လို့ရှိရင် စေတီနဲ့ သိမ်ကို ဝိုက်ပြီးတော့လုပ်လို့ရပါတယ်၊ ဝိုက်ပြီးတော့ အဲဒီဟာပဲချန်ပြီးတော့ ဘေးပတ်ဝန်းကျင်မှာ လုပ်လို့ရပါတယ်၊ အဲဒီလိုလုပ်လို့ရှိရင်တော့ ရတယ်ဆိုပေမယ့် ရေရှည်မှာတော့ ဒီစေတီရဲ့ခိုင်မာရေးကို ဘာမှအာမခံမရှိပါဘူး ”

စီမံကိန်းရပ်ဆိုင်းလိုက်မယ်ဆိုရင် မိမိတို့နိုင်ငံအပေါ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေအရ ယုံကြည်မှုပျက်ပြားသွားစေနိုင်ကြောင်း၊ တရုတ်နိုင်ငံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မိမိတို့အနေနဲ့အတူ ယှဉ်တွဲနေထိုင်သွားရမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။

မနေ့က ကြေးနီတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာမှာ အဲဒီအပေါ် မကျေနပ်ကြတဲ့ ကြေးနီတောင်စီမံကိန်း ဒေသခံတွေက ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတွေအနေနဲ့ ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေထကံ ခွင့်ပြုချက်ယူပြီးမှသာ လုပ်ဆောာင်သင့်ကြောင်း ဒေသခံအာဏာပိုင်တွေကလည်း ဆန္ဒပြဖို့ခွင့်ပြုချက်ပေးမယ်လို့ ကတိပေးပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့ပြည်သူတွေအနေနဲ့ အနာဂတ်ကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမှာဖြစ်ကြောင်းနဲ့ အပြောင်းအလဲတွေကို လက်ခံရမှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ဒေသခံတွေနဲ့ တွေ့ဆုံဖို့အတွက် ကြေးနီတောင်ဒေသက ကျေးရွာတွေကိုအသွား လမ်းခရီးမှာ လက်ပန်းတောင်းတောင် အစီရင်ခံစာအပေါ် မကျေနပ်လို့ ဆန္ဒပြနေတဲ့ဒေသခံတွေ တားဆီပိတ်ဆို့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
RFA Burmese

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com