http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ရင်နာတယ်...

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

လူမဆန်သူများ၏ ပစ်မှတ်ဖြစ်လာသော ကလေးသူငယ်များ ၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ


ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့်မူလတန်းအရွယ် ကျောင်းသူ၊ ကျောင်းသားလေး များ ကျောင်းတံခါးပေါက်ဆီ အော်ဟစ်ခုန်ပေါက်ပြိုဆင်းလာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။

ရှေ့နဖူးပေါ် ၀ဲကျနေသည့် ဆံယဉ်စအောက် မျက်လုံးအစုံက ကျောင်းတံခါးပေါက်ဆီ လှမ်းမျှော်ငေးကြည့်ရင်း မလှုပ်မယှက် တစ်လှမ်းချင်း ခပ်မှန်မှန် လမ်းလျှောက်နေသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ထိုကျောင်းသူလေးသည် လွန်ခဲ့သည့် ၁၂ ရက် (ဇန်န၀ါရီ ၂၈ ရက်) က အသိမိတ်ဆွေ ဆွေမျိုးသားချင်းမဟုတ်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ လှည့်ဖြားခေါ်ဆောင်ကာ သားမယား ပြုကျင့်ခံရသော ရှစ်နှစ်အရွယ်သာရှိသေးသည့်
ဒုတိယတန်းကျောင်းသူလေးတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးမှုခင်းဖြစ်သည့် အလိုမတူဘဲ ကာမစပ်ယှက်ခံရသော မုဒိမ်းမှုများထဲမှ ထက်ဝက်နီးပါးမှာ ၁၆ နှစ်အောက် ကလေးသူငယ်များဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၅ နှစ်အရွယ်မှာ သားမယားပြုကျင့်မှု အများဆုံးခံရသော အုပ်စုတွင် ပါဝင်လျက်ရှိသည်။ အကြမ်းဖျင်း
တွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၅ နာရီတိုင်း ကလေးသူငယ်တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းဖြစ်သည်။

ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀) ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် မြန်မာနိုင်ငံတွင်ယင်းကဲ့သို့ မုဒိမ်းမှုများ မြင့်တက်နေခြင်းမှာ အခြေခံကျသော ပညာပေးလုပ်ငန်းများကို လူထုအဖွဲ့အစည်း အလွှာအသီးသီး ပါဝင်ဆောင်ရွက်တပ်လှန့်ရမည့်
အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။

“ဒီကလေးတွေကိစ္စက တော်တော်စိုးရိမ်စရာကောင်းနေပြီ။ ပြီးတော့ဒါဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်း အတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စဖြစ်တယ်။ လူ့ ဘောင်အဖွဲ့အစည်းအနေနဲ့ကို ကန့်ကွက်တား ဆီးပညာပေးနိုင်ဖို့ လုပ်ဆောင်ရတော့မယ်” ဟု ရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။

၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၆၀၅ မှုဖြစ်ပွားခဲ့ရာတွင် ကလေးသူငယ်အမှုမှာ ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၆၅၄ မှုတွင် ကလေးသူငယ် အမှုမှာ ၃၁၈ မှုပါဝင်ခဲ့သည်။

“ယောက်ျားတစ်ယောက်အတွက် ဒီလိုစိတ်တွေဖြေဖျောက်ဖို့ အပြင်မှာ လွယ်လွယ်ကူကူတွေ ရှိရက်နဲ့ ဘာကြောင့်ကလေးလေး တွေကို ဒီလို စမ်းသပ်ကြရတာလဲ။ လက်တည့်စမ်းချင်ရတာလဲ။ ဒီလိုကိစ္စတွေကို လုံးဝလက်ခံလို့ မရဘူး။ လက်ခံနေလို့မဖြစ်ဘူး” ဟု ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ရပ်ရွာအခြေပြု
ကလေးသူ ငယ်ကာကွယ်စောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီး တစ်ဦးက ပြောသည်။

ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် အပြစ်ပေး အရေးယူသည့်အပိုင်းထက် ကြိုတင်ကာကွယ်မှုကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

“ဥပဒေကတော့ နောက်ဆုံးအဆင့်ပေါ့လေ။ ကြိုတင်ကာကွယ်တဲ့ အပိုင်းက အရေးကြီးတယ်။ သမီးမိန်းကလေးမိဘတွေ အတွက် ဟောပြောပွဲတွေလုပ်ပြီး ဟောပြော ရမယ်။  နောက်ပြီး ယောက်ျားလေးတွေအတွက်ကိုလည်း ဒါမျိုးတွေကို ဒီလူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာကို ပညာပေးရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအား အခြေခံ၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင်သာမက တက္ကသိုလ်များတွင်ပင် လိင်ပိုင်းဆိုင်ရာ ပညာပေးမှုများမရှိသည့်အတွက် မိန်းကလေးငယ်များ၏ လိင်ပိုင်းဆိုင်ရာ အသိပညာအားနည်းမှုများကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် (သို့မဟုတ်)
လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်လိုသူများအတွက် အခွင့်ကောင်းဖြစ်နေသည်။

“တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ကြိမ်လာပြီးတော့ ကျောင်းသားနှင့်ဆရာသပ်သပ်၊ ဆရာမနှင့်ကျောင်းသူသပ်သပ် လိင်ပညာပေးလာလုပ်တာမျိုးတော့ ရှိပါတယ်။
ပုံမှန်သင်ကြားပေးတာမျိုးတော့မရှိဘူး” ဟု တက္ကသိုလ် ကထိကဆရာတစ်ဦးက ဆိုသည်။

အလားတူ ပညာသင်ကြားမှုအပိုင်းတွင် လူ့ကျင့်ဝတ် လူ့စည်းကမ်းပိုင်းဆိုင်ရာ အခြေခံ သင်ကြားပေးနိုင်သည့် အခြေအနေများကလည်း နည်းပါးနေသည်။ ပညာရေးဘက်တွင် အားနည်းချက်ရှိရုံသာမက စာပေ၊ အနုပညာ အပိုင်းတွင်လည်း နူးညံ့သိမ်မွေ့စေသည့် လူအချင်းချင်း မြတ်နိုးတွယ်တာစေသော စာပေအနုပညာမျိုးလည်း ရှားပါးလာသည်။

“မြန်မာလူမျိုးတွေက ပိုက်ဆံဆင်းရဲသွားတာတင်မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ကျဆင်းနိမ့်ကျသွားတာ။ လူရိုင်းတွေ သာသာပဲရှိတော့တဲ့အတွက် စာပေအနုပညာနဲ့ပဲ ဒါတွေ ကို ပြန်ထိန်းရပါမယ်” ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်သည်။

ထို့အပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ လူနေထိုင်မှုစနစ်၊ ကျပ်သောင်းဂဏန်းတန် အမ်ပီဖိုးမှစ၍ မိုဘိုင်းဖုန်းဟန်းဆက် အမျိုးမျိုးကနေ အလွယ်တကူ ကူးယူကြည့်ရှုနိုင်သည့် ညစ်ညမ်းဗီဒီ ယို အပိုင်းအစများ၏ ပျံ့နှံ့မှုလွယ်ကူလာခြင်း၊ လူတစ်ဦးချင်းစီ၏ ကျင့်ဝတ်နှင့် အကျင့်သိက္ခာစောင့်စည်းမှုပိုင်း
အားနည်းလာမှုစသည်တို့ကလည်း ယခုကဲ့သို့ ကလေးသူငယ် အမှုများ ဖြစ်ပွားလာရခြင်း ၏ အဓိက အခြေခံအကြောင်းအရင်းများဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက ကိုယ့်သမီးလေးက ကလေးလေးဆိုတော့ ဒါမျိုးတွေဖြစ်မယ်ဆိုတာတောင် မတွေးမိကြဘူး။ မိဘတွေက။ ဒါကြောင့် အခုချိန်ကစပြီး ကြီးကြီးငယ်ငယ် ကိုယ့်သားသမီး ကို ပြောပြထားရတော့မယ်။ သိသင့်သလောက်လေး ပညာပေးထားရတော့မယ်။ ကျောင်းတွေမှာလည်း ပညာပေးဖို့ လိုလာပါပြီ” ဟု ဦးကိုနီက အကြံပြုစကားဆိုသည်။

ကလေးနှစ်ယောက်တွင် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ခံနေရသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန် ပိုင်းက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအားအုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရ ပြီး သေဆုံးသွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အိန္ဒိယ သမ္မတက အဓမ္မပြုကျင့်သူများကို
သေဒဏ်စီရင်နိုင်သော ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ၏ လက်ရှိဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်မှ ၁၀ နှစ်အထိသာ ချမှတ်နိုင် သည်။

လက်ရှိမြန်မာနိုင်ငံ၌ လုံလောက်သည့် ဥပဒေများရှိပြီးသားဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်သည့် တရားရုံးများရှိ တရားသူကြီးများက မုဒိမ်းမှု ကျူးလွန်သူများအား များသောအားဖြင့် သက်ညှာလေ့မရှိကြောင်း တရားရေးအသိုင်းအ၀ိုင်းက ဆိုသည်။

“ကျွန်မ လိုက်ဖူးတဲ့ အမှုတော်တော်များများမှာတော့ အပြစ်ပေးတာ ထောင်ဒဏ် ခုနစ်နှစ်ဝန်းကျင်အများစု တွေ့ရတယ်။ ဒါပေမဲ့ အမှုတစ်ခုမှ အောက်ရုံး(မြို့နယ် တရားသူကြီးရုံး) က ဘယ်လောက်လိုက်လိုက် ငါးနှစ်ကို မလျှော့ပေမယ့် အပေါ်ခရိုင်ရုံး အယူခံဝင်တော့ တစ်နှစ်ဖြစ်သွားတာမျိုးလည်း ရှိဖူးတယ်” ဟု မုဒိမ်းမှုများတွင် အများဆုံး လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်မြတ်စုထွေးက ပြောသည်။

အပျိုစင်ဘ၀ကို တန်ဖိုးထားမှုမြင့်မားသည့် အစဉ်အလာကြီးမားသော မြန်မာနိုင်ငံအတွင်းမှ သမီးရှင်များအဖို့၊ မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအဖို့ အရွယ်မရောက်သေးသည့် သမီးမိန်းကလေးတစ်ယောက် အဓမ္မစော်ကားပြုကျင့်ခံရခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်သည်။

ဒုတိယတန်းကျောင်းသူလေးနည်းတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်းအတွက်လုံးဝလက်မ ခံနိုင်သော နောက်ဖြစ်ရပ်တစ်ခုကလည်း ပြီးခဲ့သည့်နှစ်လခန့်ကပင်ဖြစ်ပွားခဲ့သေးသည်။

လမ်းပင်မလျှောက်နိုင်သည့် ၁၂ နှစ်အရွယ် မသန်စွမ်းကလေးငယ်တစ်ဦးအား စော်ကားပြုကျင့် ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ သမီးဖြစ်သူအတွက် ယူကျုံးမရဖြစ်နေသည့် ဖခင်ဦးတင်ထွန်း(အမည်လွဲ) က ထိုခါးသီးလွန်းတဲ့အဖြစ်အပျက်ကို ယနေ့အထိ နည်းနည်းမျှ မမေ့နိုင်။

“ကျွန်တော့် သမီးလေးက လမ်းတောင်မလျှောက်နိုင်တဲ့ မသန်စွမ်းလေးပါဗျာ။ သိပ်လိမ္မာပါတယ်။ ခုတော့ သမီးလေးရော၊ မိသားစုပါ တစ်ရွာလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ကုန်ပါပြီ” ဟု ဦးတင်ထွန်းက မခံမရပ်နိုင် စကားဆိုသည်။

သမီးဖြစ်သူက မိဘနှစ်ပါးကို မျက်စိအောက်က အပျောက်မခံနိုင်တော့လောက်အောင် ကြောက်လန့်မှု ခံစားနေရခြင်းကို ဦးတင် ထွန်းရင်ထဲတွင် မချိ။“သမီးက အိမ်မှာနေခဲ့ရမှာ ကြောက်တယ်ပဲ ပြောနေတာ။ ကိုယ့်အိမ်ကိုယ့်ရွာမှာတောင် ကလေးထားပြီး အလုပ်သွားလို့ အဆင်မပြေဘူး။ သူ့ကို မထားခဲ့ပါနဲ့
ကြောက်တယ်ပဲ ပြောနေတာ” ဟု ဆိုသည်။

ကလေးငယ်များအတွက် လူမှုဘ၀တွင် အရိပ်မည်းကြီးတစ်ခု၊ အမည်းစက်ကြီးတစ်ခုအဖြစ် ထင်ကျန်ရှိနေခြင်းထက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု စိုးရိမ်ကြောက်လန့်မှုတို့က ပို၍ ကြီးမားသည်။

“ပတ်ဝန်းကျင် ပြောင်းလဲလိုက်ရင်တောင် မိသားစုနဲ့ ကလေးအတွက် အရိပ်မည်းအောက်က လွတ်မြောက်နိုင်ပေမယ့် ကလေးရဲ့စိတ်ထဲက စိတ်ဒဏ်ရာက ပျောက်ဖို့မလွယ်ကူပါဘူး” ဟု ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးက
သူ့အတွေ့အကြုံကို မျှဝေသည်။

တကယ်တော့ အဓမ္မပြုကျင့်မှုအဆင့်ထိ ရောက်မသွားဘဲ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများစွာလည်းရှိနေနိုင်သေးသည်။ညီအစ်ကိုမောင်နှမ၀မ်းကွဲ၊ ဦးလေး၊ အဘိုး၊ ပထွေး၊ အဖေ မကျန်အိမ်နီးချင်း ပတ်ဝန်းကျင်ရှိ အမျိုးသားများက လိင်ပိုင်းဆိုင်ရာ စိတ်ပြေပျောက်မှုအတွက်
ကလေးငယ်များကို အသုံးချခြင်းများကလည်း ရှိနေသည်။ ထို့ထက်လွန်သည့် အမှုအခင်းများကလည်း လေး၊ ငါးနှစ်အတွင်း မကြားဝံ့မနာသာထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။

“ခုဆိုဘယ်သူနဲ့မှ စိတ်ချလို့ မရဘူး။ အမှုတွေကြားရရင် စိတ်မချမ်းသာစရာချည်းပဲ။ သမီးတွေကို စိတ်ပူရတာနဲ့ စီးပွားရှာရတာနဲ့ မိဘတွေလည်းမလွယ်ဘူး” ဟု သမီးနှစ်ယောက်ကို စောင့်ရှောက်နေသည့် မိခင်တစ်ဦးက စိတ်မသက်မသာ စကားဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးရှောင် ဂတ်ရှောင်ကြရင်း ရဲမှတ်တမ်းများ၊ အဖွဲ့အစည်းများ၏ မှတ်တမ်းများအတွင်း ၀င်မသွားသည့် အမှုများစွာကလည်း ရှိနိုင်သည်။

တစ်ရှက်က နှစ်ရှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြီးသွားသည့် အမှုတွေကလည်း မည်မျှရှိနေမှန်းမသိနိုင်။ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းဝန်းကျင်မှာပင်လွတ်လွတ်လပ် လပ် ပြေးလွှားဆော့ကစားဖို့ စိုးရွံ့နေရသည့် ဒုတိယတန်းကျောင်းသူမလေးလို စိတ်ပိုင်းဆိုင်ရာ

မလုံခြုံမှုခံစားနေရသည့် ကလေးငယ်တွေမည်မျှရှိနေသည်ကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် အကြမ်းဖျင်း တွက်ချက်မှုအရ ၂၅ နာရီလျှင် ကလေးသူငယ်တစ်ဦးအဓမ္မပြုကျင့်ခံနေရခြင်းသည်အစိုးရနှင့် မြန်မာ့ လူ့အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းအဖြေထုတ်မည့် အရေးကြီးသော ပြဿနာတစ်ရပ်ပင် ဖြစ်တော့သည်။ ။
ရေးသားသူ- ငြိမ်းငြိမ်းနိုင်
7Day News Journal

ဗိုလ်ချုပ်အောင်ဆန်း သီချင်း

this video is just a re-edited version of Bo Aung San Song and it is not a new one.. FB-Thuya Aung

တို့ပိုင်တဲ့မြေ...

FB-စကားပြောနေသော ကာတွန်းလေးများ

ဗိုလ်ချုပ်အောင်ဆန်းမွေ့နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဂုဏ်ပြု ကြိုဆိုပါသည်

ဗမာ့သူရဲကောင်း သီချင်း ရေး- သဟာရ ဆရာတင် / ဆို - ကိုမြကြီး နှင့် အဖွဲ့

The Voice Weekly အသိပေးကြေညာခြင်း

၁။ Living Color မီဒီယာ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သော www.facebook.com/thevoiceweekly ကို အယ်ဒီတာ အဖွဲ့ ကိုယ်စား တာဝန်ယူ စီမံခန့်ခွဲ နေစဉ် ကာလ အတွင်း လုံခြုံရေး ပိုင်းဆိုင်ရာ အားနည်းမှု အချို့ကြောင့် ဖေဖော်ဝါရီလ ၄ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ Living Color Media နှင့် မသက်ဆိုင်သော အဖွဲ့ အချို့က ဝင်ရောက် ထိန်းချုပ် ခဲ့ကြပြီး အဆိုပါ အဖွဲ့က The Voice Facebook စာမျက်နှာ တွင် သူတစ်ပါး ဂုဏ်သိက္ခာ ထိခိုက် စေသော၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမှား စေသော၊ မှန်ကန်မှု မရှိသော သတင်းနှင့် ဓာတ်ပုံများကို ဖေဖော်ဝါရီ ၁၁ရက်နေ့ အထိ ဖော်ပြ ခဲ့သဖြင့် ထိခိုက်နစ်နာ ရမှုများ အတွက် အထူးပင် ဝမ်းနည်း မိပါကြောင်း ဖော်ပြအပ် ပါသည်။

၂။ The Voice Weekly Facebook စာမျက်နှာ ပြန်လည် ရရှိရေး အတွက် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးခဲ့ ကြသော ပြည်တွင်း ပြည်ပမှ မိတ်ဆွေများ ကိုလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိ ပါကြောင်း ဖော်ပြ အပ်ပါသည်။

အယ်ဒီတာအဖွဲ့ကိုယ်စား
Web Team

ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ

ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင်အကြောင်း ကြားမှုများ ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သတင်းရရှိသည်။

ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်း၊ မုံရွာ၊ ဆားလင်းကြီး၊ သထုံ၊ ကျိုက်ထို၊ သုဝဏ္ဏဘူမိ အစရှိသော ယဉ်ကျေးမှုမြို့ဟောင်းနေရာများနှင့် အခြားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် တရားမ၀င် တူးဖော်ခိုးထုတ်မှုများ ရှိနေသည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဒေသတွေမှာ ဌာနအမည်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမ၀င် တူးဖော်မှုတွေ ရှိနေတယ်လို့ သတင်းပေးတာတွေရှိတယ်။ ဒါပေမဲ့ လက်ပူးလက်ကြပ်တော့ မဖမ်းမိသေးဘူး”ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

ရှေးဟောင်းပစ္စည်းများအားထိန်းသိမ်းကာကွယ်ရန် ဒေသခံများအားအသိပညာပေး ဟောပြောပွဲများ ပြု လုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာ များတွင် သတိပေးတားမြစ်ချက်များထည့်သွင်းဖော်ပြခြင်းတို့ ကို ဆောင်ရွက်လျက်ရှိသည်။

“တစ်ခါတစ်ရံမှာ နိုင်ငံခြားကို ဘုရားတစ်ဆူ၊ ရှေးဟောင်းပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ရှေးဟောင်းရုံးကို လာပြီး ခွင့်ပြုချက်ယူရတယ်။ရှေးဟောင်းပစ္စည်းမဟုတ်ဘူးဆိုရင် ယူခွင့်ရှိတယ်။ အဲဒီမှာ မသမာသူတွေက လိမ်လည်မှုတွေ ပြုလုပ်သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံယဉ်ကျေးမှုဗဟိုကော်မတီဝင် ဒေါက်တာတိုးလှ ကပြောသည်။

၁၉၆၂ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၈ အရ ရှေးဟောင်း ပစ္စည်းများကို ပြည်ပသို့ ထုတ်ဆောင်ခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်ပါက ဥပဒေပြဠာန်းချက်များနှင့်အ ညီ ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်စီရင်ခြင်း ခံရမည်ဖြစ်သည်။7Day News Journal

လူရွှင်တော် မော့စ် ဒီကနေ့မနက် လင်းအားကြီး ၄း၂၀ နာရီအချိန်တွင် ကွယ်လွန်

ဇာတ်သဘင် အငြိမ့်လောကမှာရော ရုပ်ရှင်လောကမှာပါ လူကြိုက်များ ထင်ရှားသည့် လူရွှင်တော် မော့စ်သည် ဒီကနေ့မနက် လင်းအားကြီး ၄း၂၀ နာရီ SSC ရွှေဂုံတိုင် ဆေးရုံတွင် ကွယ်လွန် အနိစ္စရောက်ကြောင်း သားဖြစ်သူ ကိုထိုက်စံမှ ပြောသည်။

လူရွှင်တော် မော့စ်သည် ၂၀၁၁ခုနှစ် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ထာဝရအလင်းတန်းများ ဇာတ်ကား၌ ဇာတ်ပို့ အကယ်ဒမီဆုကို ဆွတ်ခူး ခဲ့သူဖြစ်သည်။
Burma-Newselite

ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ




မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။

အင်းဝမြို့ဟောင်း ကူးတို့ဆိပ်နှင့် တောင်တော်ဆိပ်ကမ်းကြား ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်ရှိ ဧက ၂၀ ကျော်ခန့်ရှိသည့် လယ်မြေစိုက်ခင်းများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေခြင်းဖြစ်ပြီး ၃ ဧကခန့်သာ အရောင်းအ၀ယ်ဖြစ်ရန် ကျန်ရှိတော့ကြောင်း လယ်မြေရောင်းချလိုက်သည့် တောင်သူအချို့ကပြောသည်။

“မိဘလက်ငုတ်လက်ရင်းဆိုတော့ ရောင်းတော့မရောင်းချင်ဘူး။ ဒါပေမဲ့ မရောင်းရင်လည်း မြေပြိုလို့ကုန်မှာ။ ဒါကြောင့် ရောင်းလိုက်ရတာ”ဟု မြေရောင်းချပြီးသူ အင်းဝမြို့ဟောင်း လေဇာရွာမှ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

ကမ်းပါးပြိုကျမှုဒဏ်ကြောင့် တစ်နှစ်လျှင် ဧကထက်ဝက်ခန့် ဆုံးရှုံးနေသောကြောင့် လာရောက်ဝယ်ယူနေစဉ် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ရောင်းချလိုက်သူအချို့ကဆိုသည်။ မြန်မာစကား ရည်မွန်စွာပြောတတ်သော တရုတ်လူမျိုးများ၊ အချို့မှာ မြန်မာစကားမပြောတတ်၍ စကားပြန်ဖြင့် လာရောက်သူများက ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရောင်းချခဲ့သည့် တောင်သူအချို့ကပြောသည်။ ယင်းလယ်မြေများ ရောင်းချလိုက်သဖြင့် ဒေသခံလယ်ကူလီအချို့မှာ အခြားအလုပ်အကိုင်များ ပြောင်းလုပ်လာကြောင်း အင်းဝဒေသခံအချို့ကဆိုသည်။

“အရင်ကတော့ လယ်ထဲဆင်းတယ်။ ခုတော့ လယ်တွေရောင်းပစ်လိုက်ကြတော့ လုပ်စရာအလုပ်မရှိလို့ မြင်းလှည်းတက်မောင်းနေတယ်”ဟု အင်းဝမြို့ဟောင်း ကူးတို့ဆိပ်မှ အသက် ၃၅ ၀န်းကျင် မြင်းလှည်းမောင်းနေသူ အမျိုးသားတစ်ဦးကပြောသည်။

ရောင်းချလိုက်သည့် လယ်ယာမြေများတွင် ပဲထောပတ်၊ ငှက်ပျော၊ ပြောင်းဖူးများ အဓိကစိုက်ပျိုးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အင်းဝမြို့ဟောင်းအနီးရှိ တံတားဦးမြို့တွင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည်။

ယင်းသတင်းကြောင့် ယမန်နှစ်ကတည်းက တံတားဦးနှင့် အင်းဝမြို့ဟောင်းအတွင်းရှိ လယ်မြေများ အရောင်းအ၀ယ်ဖြစ်ခဲ့ကြသည်။ ယင်းအရောင်းအ၀ယ်ဖြစ်နေသော လယ်မြေနေရာသည် အင်းဝကူးတို့ဆိပ်အနီး ဧရာဝတီမြစ်၊ စစ်ကိုင်းတံတားနှင့် စစ်ကိုင်းတောင်များကို လှမ်းမျှော်ကြည့်ရှုနိုင်သည့် မြင်ကွင်းကောင်းသော နေရာဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းပြုလုပ်ရန် ရည်ရွယ်၍ ၀ယ်ခြင်းဖြစ်နိုင်သည်ဟုလည်း အင်းဝဒေသခံအချို့က ခန့်မှန်းကြသည်။
ဓာတ်ပုံ- ညီညီဇော်
7Day News Journal


ဗိုလ်ချုပ်အောင်ဆန်းမွေ့နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို ဂုဏ်ပြု ကြိုဆိုပါသည်




Tin Latt
နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ဗိုလ်ထွန်းလှ...
ခင်ဗျားဆရာကို ကြည့်ပြောဦး
လမ်းဘေးမှာ အကြော်ဝင်ဝင်စားနေတာ
နှောင်းလူတွေသိရင် မျက်နှာမထားတတ်အောင်ရှက်နေရှာဦးမယ်။

ဆရာတော်ဦးသောဘိတ....
ဒီတစ်ခါကြမ်းတမ်းမိလို့
ဒီကလေးကို မရိုက်ပါနဲ့
ရရင်ရ မရရင်ချ ဆိုတာ
ကျွန်တော်တို့အတွက်ပါဘုရား။

ဦးဘ၀င်း..
ခင်ဗျား ညီအငယ်ဆုံးလေးကို ခွင့်လွှတ်လိုက်ပါ။
သူပြောခိုင်းတဲ့ ရည်းစားစကား ပြောပေးလိုက်ပါ။
စစ်သားကြီးအသည်းက ဆေးရုံပေါ်မှာကျန်ခဲ့ရင်
ကျွန်တော်တို့ပဲ နစ်နာကြမှာ။

ရဲဘော်ကျော်စိန်....
ခင်ဗျားကားမောင်းရင် သတိကို ငယ်ထိပ်မှာကပ်ထား
ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့
အတိတ်ကြီး/ပစ္စုပ္ပန်ကြီး/အနာဂတ်ကြီး။

ဟေ့လူ...ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ..
သူ့ဟာသူ ငါးမူးတန်းက ကြည့်ကြည့် ၊ တစ်မတ်တန်းက ကြည့်ကြည့်
သွားမတားပါနဲ့။
ဘ၀မှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့ သူ
စိတ်လွတ်ကိုယ်လွတ်ခံစားပါစေဗျ။

ဗိုလ်မှူးကြီးဆူဇူကီး....
တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနှုတ်ဆက်ရင်း
ခင်ဗျားကို တိုက်သင့်ရင်တိုက်ရမှာပဲလို့ ပြောခဲ့တဲ့ အညာသားလေးကို။
အဲ့သတ္တိအဲ့စကားကို သေချာမှတ်ထား
နှောင်းမြန်မာတွေထဲမှာ ပြောရဲတာတစ်ကောင်မှမရှိဘူး။

အမွိုင်....
မင်းမြေကို သူနင်းလိုက်တော့ တွန့်မသွားဘူးလား
အာရှတိုက်ရဲ့ ကြယ်တစ်လုံးကို
နှစ်လလောက်ထမ်းထားလိုက်ရတာ
အခုထိ ဂုဏ်ယူမဆုံးမဟုတ်လား။

ဦးစော...
ခင်ဗျားကို မေ့ထားပါ့မယ်။ခွင့်လွှတ်လို့တော့ မရသေးဘူး။
ဒါပေမဲ့..မပူပါနဲ့။
ဒီနေ့ခေတ်မှာလည်း ခင်ဗျားလိုလူတွေအများကြီးရယ်။

မစ္စတာနေရူး...
ခင်ဗျားသူ့ကို လောင်းကုတ်ကြီးပေးလိုက်တာ ကျေးဇူးတင်တယ်ဗျာ
အခု ကျွန်တော်တို့မှာ ဒါကြီးခြုံပြီး နွေးနေရတာ။

ပဲခူးဆောင်...
ခင်ဗျားအခန်းထဲက ကြမ်းပိုးတွေမောင်းမထုတ်လိုက်နဲ့
စာအုပ်ပုံကြီးကို ရှင်းမပစ်လိုက်နဲ့
မခေါက်ရသေးတဲ့အ၀တ်တွေ တန်းပေါ်မချိတ်လိုက်နဲ့
သူဇိမ်နဲ့မနေခဲ့လို့ ကျွန်တော်တို့ဇိမ်နဲ့ နေနေရတာ။

ညိုညိုစိန်....
ညည်းတစ်သက်လုံးမင်းသမီးလုပ်လာတာ အနယ်နယ်အရပ်ရပ်။
ရွှေဘိုညချမ်းကလို သူရဲကောင်းမျိုး တွေ့ဖူးခဲ့လား၊တွေ့ဖူးရဲ့လား။
"ကျုပ်မှာ ကာမပိုင်နဲ့ဗျ" တဲ့။
မိန်းကလေးတန်မဲ့ လက်ဆွဲကျီစယ်မယ့် ညည်းတောင်
ကြက်သီးဖြန်းဖြန်းထသွားရဲ့မဟုတ်လား။

ဆြာ စတက်ဖို့ကရစ်ပ်....
သူ ခင်ဗျားအကျီအိတ်ကြီးပြဲသွားအောင်
ဖောင်တိန်ကို ဆွဲလုလိုက်တာ မအံ့သြပါနဲ့။
၃၂နှစ်နဲ့ သေခဲ့တာတောင် ကျွန်တော်တို့နှလုံးသားတွေကို
သူအခုထိ ဆွဲလုနေနိုင်တုန်း။

ဦးဋ္ဌေးမြိုင်(သို့)ဒဂုန်တာရာ.....
(ဇွတ်ချစ်မယ်)ဆိုတဲ့ အချစ်သီချင်းအစား
စစ်ချီစစ်တက်သီချင်းတွေပဲ သူကကြားချင်တယ်ဆို
တီးပေးလိုက်ပါဗျ။
နှလုံးသားမရှိတာမဟုတ်ပါဘူး။
နှလုံးသားရှိလွန်းလို့ပါ။

ဂျူဗလီဟော....
ကျေးဇူးပြုပြီး ရွှေတိဂုံဘုရားလမ်းဘက်လှည့်မထားပါနဲ့။
ခင်ဗျားကို မြင်တိုင်း
မျက်ရည်ဝဲရင်း အလေးပြုမိလို့။

ရဲဘော်ကလေးတွေ......
စိတ်မကောင်းမဖြစ်နဲ့။
မင်းတို့ခေါင်းဆောင်ကြီးက
သူ့မင်္ဂလာဆောင်မှာ တိုက်တွေကားတွေလက်မဖွဲ့လို့
စိတ်ဆိုးမယ့်လူစားလား။
"ငွေသော်တာရောင်ခြည်" ဆိုတော့
အရိုးသားဆုံးအပြုံးနဲ့ ပျော်နေခဲ့တာလေ။

ပြည်ထဲရေးဝန်ကြီးဦးမြ...
ခင်ဗျား...မှားတယ်။
သူ့ရုံးခန်းရှေ့က တပ်စိတ်ကို
သူဘာပြောပြော ပေကပ်ထားခဲ့ရမှာ။
အခုတော့ ကျွန်တော်တို့မှာ ပြောခွင့်မရှိတော့။

ကိုကျော့မောင်....။
သူ့မင်္ဂလာဆောင်မှာ ရွှေကြိုးသွားတားတော့
ဆွဲယူလွှင့်ပစ်လိုက်တာ စိတ်မကောင်းမဖြစ်ပါနဲ့
သူအပင်ပန်းခံသင်ယူခဲ့တဲ့ပညာတွေထဲမှာ
အဲ့လို အပိုဆားဒါးတွေမပါဘူး။

မေမြို့....
ဝမ်းနည်းစိတ်ကို ကျိတ်မှိတ်ထားတော့။
နိုင်ငံရေးလောကက ထွက်ရင်
ခြံစိုက်မယ်၊ စာရေးမယ်ဆိုတဲ့ သူ
ကျည်ဆံ ၁၃တောင့်စိုက်သွားပြီ။
ရေးလို့မကုန်အောင် ကျွန်တော်တို့ရေးနေရပြီ။

By Heinn FiveStrings

မူလ စာရေးသူက တစ်ပါဒ စီ ရေးတင်ထားတာ ဖြစ်ပါတယ် ... တစ်ပါဒ စီ share လို့ ရနိုင်ပေမယ့် တစ်စုတစ်စည်းတည်း ဖတ်စေချင်လို့ (ဖတ်ချင်လို့) copy & paste လုပ်ပြီး credit ပေးပါတယ် ... ဒီမှာ နောက်ဆုံးပါဒကို မူလစာရေးသူက နောက်ဆုံးမှာ မထားပေမဲ့ ကျနော် နောက်ဆုံးကို
ရွှေ့ထားဖြစ်ပါတယ် ... ကျနော်လေးစားတဲ့ ဗိုလ်ချူပ် (ဦးအောင်ဆန်း) ရဲ့ 
မွေးနေ့မှာ သူ့ကို အောက်မေ့တသတဲ့ အထိမ်းအမှတ်နဲ့ တင်ဖြစ်စေတဲ့ မူလစာရေးသူကို ကျေးဇူးတင်ပါတယ် ....

Chit Ko Ko Facebook

ထိုင်းရောက် မြန်မာလုပ်သားများ၏ အိမ်ပြန်ပို့ငွေ တစ်နှစ်ဒေါ်လာ သန်း ၁၀၀၀ ကျော်


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများသည် မြန်မာနိုင်ငံရှိမိသားစုများထံသို့ ပြန်ပို့ငွေစုစုပေါင်းမှာ တစ်နှစ်လျှင် ဒေါ်လာသန်းတစ်ထောင်ကျော် ငွေလွှဲပေးပို့ကြကြောင်း ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္က သိုလ် အာရှလေ့လာရေးဌာန သုတေသနစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း၏ ထက်ဝက်ခန့်မှာ တစ်လလျှင် မြန်မာကျပ်ငွေကျပ် တစ်သိန်းခွဲမှ သုံးသိန်းအတွင်း ရရှိကြသည်။ ထို့အပြင်အလုပ်သမားများ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ကျပ်သုံးသိန်းကျော်ရရှိပြီး ၂၀ ရာခိုင်နှုန်းခန့်မှာ ကျပ်တစ်သိန်းခွဲအောက် လုပ်ခလစာရရှိကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း နှစ်သန်းကျော်ရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ တက်ဖို့ဖရားခရိုင်၊ စမူစခွန်ခရိုင်နှင့် ဘန်ကောက်တို့တွင် အများဆုံးနေထိုင်ကြသည်။

သုတေသနစာတမ်း၏ တွက်ချက်မှုမှာ တရားဝင်စာရင်းရှိသော အလုပ်သမားများအပေါ်တွင်သာ စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး တရားမ၀င် အလုပ်သမားအရေအတွက်ပါ တွက်ချက်ပါ က နှစ်စဉ်ငွေလွှဲဖြင့် ပေးပို့ငွေပမာဏမှာ ယခုထက် များစွာပို့နိုင်သည်ဟု အာရှလေ့လာရေးဌာနမှ သုတေသနမှူး ပရမ်ဂျိုင်းဝမ်ဆီရိပန်ဆမ်က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိလာသောကြောင့် အချို့သော မြန်မာရွှေ့ပြောင်းလုပ်သားများသည် နောင်လာမည့် လေး၊ ငါးနှစ်အတွင်း မိခင်နိုင်ငံသို့ ပြန်၍လုပ်ကိုင်ကြလိမ့်မည်ဟု ထိုင်းနိုင်ငံ သုတေသနဖွံ့ဖြိုးရေးတက္ကသိုလ်မှ အလုပ်သမားရေးရာကျွမ်းကျင်သူ YongyuthChalemwong ကထိုင်းသတင်းစာတစ်စောင်အား ပြောကြား ခဲ့သည်။

“ထိုင်းစက်ရုံတွေ ရောက်တဲ့အခါ အလုပ်သင်၊ ပညာသင်ရင်း နိုင်ငံခြားငွေရှာသူတွေလို့ သဘောထားကြပါ။ တစ်ချိန် မိမိတို့နိုင်ငံမှာ ထူထောင်မည့် စက်မှုဇုန်တွေမှာ ကျွမ်းကျင်သူတွေ၊ ဆရာတွေအဖြစ်နဲ့ လုပ်ဆောင်စေချင်ပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“သုံးလကို ငါးသိန်းလောက် အိမ်ကို သမီးကငွေလွှဲတယ်။ ဟိုမှာ အဆင်ပြေတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာပဲ ဒီလောက်ရရင် ဟိုကိုသွားမလုပ်ခိုင်းဘူး”ဟု လှိုင်သာယာမြို့နေ အမျိုးသမီးတစ်ဦး က ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတွင် သွားရောက်လုပ်ကိုင်နေသောသူမ၏သမီးနှင့်ပတ်သက်၍ ပြောသည်။

သို့သော် ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်၊ သက်သေခံလက်မှတ်မရှိလျှင် ရဲဖမ်းမည်ကို စိုးရိမ်စရာများရှိနေပြီး မြန်မာများလုပ်ကိုင်သော စက်ရုံများအား မကြာခဏ ၀င်ရောက်ဖမ်းဆီးမှုများလည်း ရှိနေ၍ လုံခြုံမှုမရှိဟု ခံစားရကြောင်း ထိုင်းနိုင်ငံတွင် သုံးနှစ်ကျော် သွားရောက်လုပ်ကိုင်ခဲ့သူ ကိုအောင်ကျော်ကပြောသည်။

၂၀၀၉ ခုနှစ်မှစတင်၍ ယခုအချိန်အထိ မြန်မာရွှေ့ပြောင်းအလုပ်သမား ဆယ့်နှစ်သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး အထောက်အထားမဲ့လုပ်သား ရှစ်သိန်းမှ တစ်သန်းအထိ ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်က မြန်မာသမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ ထားဝယ်တွင် တွေ့ဆုံစဉ် အထောက်အထားမဲ့ မြန်မာလုပ်သား တစ်သန်းနီးပါးအား ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုကို သုံးလသက်တမ်း တိုးမြှင့်သွားမည်ဟု ထိုင်းဝန်ကြီးချုပ်က နှုတ်ကတိပြုခဲ့သည်။7Day News Journal

(၂)နှစ်ပြည့် ကာလအတွင်းမှာ မှန်တဲ့အတိုင်းကို မပြောင်းလဲသေးဘူး နောက်ပြန်သွားချင်တဲ့အုပ်စုကလည်း ရှိသေးတယ်

တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး ဒီနေ့ထိ စစ်မြေပြင်မှာ သွေးမြေကျနေတယ်။ ပထမနှစ် အင်အားကြီးပါတီ ရဲ့လွှမ်းမိုးမှု၊ ဒုတိယနှစ်စိုးရိမ်ရမှုနဲ့ပတ်သက်၍ ရခိုင်ပြည်နယ်မဲဆန်္ဒနယ် အမှတ်(၁) ဒေါက်တာအေးမောင်ရဲ့ အမြင်အား တင်ပြလိုက်ပါသည်။

လွှတ်တော်ကြီးကတော့ (၂)နှစ်ပြည့်ပြီ။ အဲဒီတော့ လွှတ် တော်ကြီးကို ပြည်သူကပိုပြီးတော့ အာရုံစိုက် လာတာတော့ တွေ့ရ တယ်။ လွှတ်တော်ကို ကျွန်တော်တို့စလာတဲ့အခါ အင်အားစုတစ်ခုက လွှမ်းမိုးထား တယ်ဆိုတာသိရတယ်။ ခင်ဗျားတို့လည်း သိမှာပဲလေ။ အာဏာရပါတီဆိုတာ ခေတ် အဆက်ဆက်မှာရှိ တယ်။ အဲဒီ တော့ အာဏာရပါတီက လွှမ်းမိုး တဲ့ လွှတ်တော်ဆိုတာရှိတယ်။

အာဏာရပါတီကလွှမ်းမိုးပြီး အစိုးရအဖွဲ့ကိုဖွဲ့တယ်။ ထိန်းချုပ်နိုင်ဖို့အတွက် ပြည်နယ်တိုင်း ဒေသကြီး အစိုးရအဖွဲ့တစ်ဖွဲ့လုံး ထိန်းချုပ် တယ်၊ လွှတ်တော် အကုန်လုံးကို ထိန်းချုပ်တယ်။ ဒီလွှတ်တော်(၂) ရပ်ကိုလည်း ထိန်းချုပ်ဖို့ကြိုးစားမှာ ပဲဆိုပြီးတော့ ကျွန်တော်တို့ယူဆခဲ့တာပေါ့။ တစ်ဖြည်းဖြည်း နဲ့ ပြန်စဉ်းစား ကြည့်တဲ့အခါမှာ တချို့ လွှတ် တော်ဟာ ပုံမှန်လမ်းကြောင်းထဲ ကို ရောက်လာတာတွေ့ပါ တယ်။ တချို့ဆိုလည်း ထိန်းချုပ်တယ်။

ဒါကို ပထမ(၁)နှစ်လောက်မှာ တွေ့တယ်ဗျ။ အဲဒီတုန်းက အဆိုကောင်းတွေကို စွန့်ပစ်ခြင်း ခံရတာတွေရှိ တယ်။ အခုနောက် ပိုင်း(၁)နှစ် ကာလကို ရောက် တယ်ပေါ့နော်။ ပထမတစ်နှစ်ကတော့ ထိန်းချုပ် မှုအောက်မှာ လုံးဝရှိတယ်။ ဒုတိယတစ်နှစ်ကို ရောက်တဲ့အခါမှာ မိမိတို့ပါဝင်တဲ့ လွှတ်တော်မှာရှိတဲ့ လွှတ်တော် အမတ် အထူးသဖြင့်အင်အား ကြီးတဲ့ပါတီကြီးကိုက လူထုရဲ့ ထောက်ခံမှုကျဆင်းသွားမှာကို အင်မတန်ကြောက်လာတဲ့အခါ မှာ ပေါ်လစီတစ်ခုပြောင်းလာ တယ်။ လူထုပါဝင်တဲ့ လူထုကို တိုက်ရိုက်အလုပ်အကျွေးပြုတဲ့ လူထုလက်ခံနိုင်တဲ့၊ ဦးတည်ချက် လမ်းကြောင်းတွေကိုကြိုးစား ပြီး တော့မှ ရွှေ့လာတယ်။

ဥပမာဆို ပါစို့။ လူထုကခံစားနေရတဲ့ အခြေ အနေကို ပြန်သုံးသပ်တဲ့အခါမှာ တစ်ခြားအင်အားကြီးတဲ့ လွှမ်းမိုး နိုင်တဲ့ပါတီကြီးတစ်ခုနဲ့အပြိုင် လူ ထုကိုစည်းရုံးတယ်။ ဘယ်လိုပဲ စည်းရုံးစည်းရုံး ဒီနေ့အထိ တိုင်း ရင်းသားတွေနဲ့ပတ်သက်တဲ့ကဏ္ဍ ဆိုလို့ရှိရင် လက်ရှိအာဏာရပါ တီတို့၊ အာဏာရအစိုးရတို့ ပစ် ပယ်ထားတာတွေကို တွေ့ရတယ်။ ပြည်ထောင်စုဆိုတာ စာရွက်ပေါ် မှာပဲရှိတယ်။ စစ်မှန်တဲ့ ပြည် ထောင်စုကြီးတစ်ခုကို ပါးစပ်က ကြွေးကျော်တာရှိတယ်။

စစ်မှန်တဲ့ ပြည်ထောင်စုကြီးတစ်ခု ဖွဲ့စည်းပုံ ကြီးတစ်ခုက ကျွန်တော်တို့လက် ထဲကို ရောက်လာတယ်။ ဒါပေမဲ့အဲဒီဖွဲ့စည်းပုံကြီးကို ရေးဆွဲ ခဲ့တဲ့ ပုဂိ္ဂုလ်တွေကိုယ်၌ကိုက လွှတ် တော်မှာလည်းပါတယ်။ အစိုးရ အဖွဲ့မှာလည်းပါတယ်။ ဒါပေမဲ့ တကယ်တန်းစစ်မှန်တဲ့ပြည်ထောင် စုကြီးတစ်ခုကို ဦးတည်ဖို့သွားတဲ့ အခါမှာဘယ်လောက် ပဲကြွေး ကြော် ကြွေးကြော် တို့တာဝန် အရေးသုံးပါးဆိုတာ စာချုပ်မှာ ရေးထားတာပဲ။ တိုင်းရင်းသားနဲ့ ပတ်သက်လို့ ပြည်ထောင်စုနေ့ ဆိုတာ ကျင်းပမှာပဲ။ လွတ်လပ် ရေးနေ့ဟာလည်း ကျင်းပနေတာ ပဲ။ ဒါပေမယ့်လို့ တကယ်လွတ် လပ်ပြီလားဆိုတော့ ကျွန်တော် တို့နယ်စွန်နယ်ဖျားမှာရှိတဲ့လူ တွေက လွတ်လပ်ရေးရကြောင်း ကို ဒီနေ့ထိ မခံစားရဘူး။ အဲသ လိုပဲ ပြည်ထောင်စုကြီးဆိုတဲ့ အနှစ်အရသာကို ကျွန်တော်တို့ ကိုယ်၌ကိုက မခံစားရဘူး။ သွေး ခွဲနေတယ်၊ အုပ်ချုပ်နေတယ်၊ သပ်လျှိုနေတယ်၊ ဖြိုခွင်းနေ တယ်၊ တိုင်းရင်းသား တွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်လို့ ဒီနေ့ထိ စစ်မြေပြင်မှာ သွေးမြေကျနေ တယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ ဆွေးနွေးရအောင်လို့ ပြောတာပါ။ ဒါတွေအကုန်လုံးဟာ ကျွန်တော် တို့ပြည်ထောင်စုရဲ့ အနှုတ် လက္ခဏာတွေပါ။ ဒါတွေကို ဒီဥပဒေပြုတဲ့လွှတ်တော်က ကြိုး စားမလားလို့ကြည့်တဲ့အခါမှာ တစ်ခါတစ်ခါ အစိုးရရဲ့နောက်ကို လိုက်တယ်ဗျ။

လွှတ်တော်ကြီးက အဓိကနောက်ကလာတဲ့ တပ် အင်အားစုအစိမ်းရောင်တစ်ဖွဲ့လုံး ဟာ အစိုးရအဖွဲ့က ဖြူဆိုဖြူ၊ မည်းဆိုမည်းရပ်နေတာကို တွေ့ရတယ်။ အဲသလိုပဲ ဒီပြည်ထောင်စုလွှတ် တော်ကြီးထဲမှာ အမျိုးသားလွှတ် တော်နဲ့ ပြည်သူ့လွှတ်တော်ရှိတာ ပေါ့နော်၊ အမျိုးသား လွှတ်တော်ကို ပြန်ကြည့်တဲ့အခါ မှာ ကာလာဖူးလ်တွေ တွေ့လိမ့်မယ်။ ဘာလို့လဲဆိုရင် အီးကွဲလ်အကြံ နဲ့ လာတာကိုး၊ အဲဒီတော့ ကာလာဖူးလ်ဖြစ်တဲ့ ခင် ဗျားတို့ရဲ့ ဒီအမျိုးသားလွှတ်တော် ကိုကြည့်တဲ့အခါမှာ ယူနီဖောင်း ဘယ်လိုပဲဝတ်ဝတ်၊ တိုင်းရင်းသား တွေရဲ့ လက္ခဏာကို ပြန်ပြန် ရလာလို့ ပါတီကြီးတွေရဲ့ လှုံ့ ဆော်မှုကတော့ဖြင့် ရှိနေသေး တယ်ဆိုတာလေးကို ဒီကနေ့ အထိ (၂)နှစ်ကာလမှာ ပြောင်း လဲသလိုလိုနဲ့ မပြောင်းလဲတာ တွေလည်းတွေ့ပါတယ်။ ဒါပေမဲ့ ပြောင်းလဲလိုတဲ့ ပုဂိ္ဂုလ်ထူးကြီး တွေရဲ့ ဆန်္ဒတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ အင်မတန် ကြိုဆိုပါတယ်။ အဲဒါကြောင့် တချို့အဆိုလေးတွေကို တင် သင့်တဲ့အချိန်မှာတင်တယ်။ အဲဒီ တင်တဲ့အချိန်မှာပဲ ရှင်းသင့်တဲ့ အချိန်မှာ ရှင်းတယ်။ ရှင်းဖို့ အတွက် ညီညွတ်အောင် လုပ်တယ်ဆိုတဲ့အခါကျတော့ ပြည် ထောင်စုကြီး ကတော့ ရှေ့သွား သလား၊ နောက်သွားသလားဆိုတာ ကို လူထုကပဲဆုံးဖြတ်ပေးမှာပါ။ အခုကျွန်တော်တို့ လွှတ်တော်တွေ (၂)နှစ်ပြည့်ပြီ။ ဟိုတလောက ခင်ဗျားတို့ကြားနေတဲ့ ဒေါက်တာ ဆိတ်ဖွားကိစ်္စ ကျွန်တော်တို့က ကန့်ကွက်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုရင် ဒါကြီးက ဝေဖန်ခံရဲတဲ့ လွှတ်တော်ဖြစ်ဖို့လိုတယ်။ အစိုးရ ကလည်း ဝေဖန်ခံရဲဖို့လိုတယ်။ လွှတ်တော်အမတ်တစ်ဦးချင်းကိုက အဝေဖန်ခံရဲရမယ်၊ ကျွန်တော်တို့ ကို ကြည့်တာလူထုကပါ။

 လူထု ကိုယ်စားပြုမဟုတ်ဘူးလို့ ယူဆတဲ့ တစ်နေ့မှာဒီအလုပ်ကို စွန့်လွှတ် နိုင်ရမယ်။ ၀န်ကြီးတွေလည်း ဒီ အတိုင်းပဲ။ တာဝန်တစ်ခုကိုယူရမယ်၊ ပွင့်လင်းမြင်သာမှုရှိရမယ်၊ လုပ်နိုင်ကိုင်နိုင်တဲ့အတိုင်းအတာ ကို အလုပ်အကျွေးပြုတယ်လို့ပဲ နိုင်ငံရေးတာဝန်နဲ့ ဂုဏ်ယူကြရ လိမ့်မယ်။ အခွင့်အရေး တစ်ရပ်အနေနဲ့ နိုင်ငံရေးတာဝန် ကို လာလုပ်တာမျိုး၊ ဒါမှမဟုတ် တာဝန်ပေးလို့ ဒီတာဝန်ကို မထမ်း ချင်ထမ်းချင်ထမ်းတာမျိုး၊ လွှတ် တော်တာဝန်ရောအစိုးရအဖွဲ့ မှာရော တာဝန်ပေါ့ဗျာ။ ကျွန်တော် အဲဒါ မျိုးချိန်စတာပေါ့။ အဲဒါမျိုးဆိုရင် တော့ တိုင်းပြည်အတွက် အလ ဟဿ၊ ငွေကုန်၊ လူပန်း၊ အချိန် ကုန်တယ်၊ တိုင်းပြည်က ကျွန် တော်တို့ကို သင့်လျော်တဲ့ လစာ လည်းပဲ ချီးမြှင့်ပါတယ်။နှစ်နှစ်ကာလ အတွင်းမှာပဲ မှန်တဲ့အတိုင်းကို မပြောင်းလဲသေးဘူး။ နောက်ပြန် သွားချင်တဲ့အုပ်စုကလည်း ရှိသေးတယ်။ အဲဒီအခါမှာ ခင်ဗျားတို့ရဲ့ လွှတ်တော်ကြီးကို ခင်ဗျားတို့က ပြန်ပြီး ဘယ်သူ တွေက ဘာလုပ်နေကြသလဲ။ ဒါကို လူထုကလည်း စောင့် ကြည့်နေတယ်၊ ဘယ်လွှတ်တော် အမတ်က ဘာအကျိုးပြုတဲ့ အလုပ်တွေလုပ်နေ သလဲ၊ အချိန် ကုန်၊ လူပန်းကာမှ သက်သက်မဲ့ လူထုအတွက် အချိန်ဖြုန်းတဲ့ နေရာဖြစ်နေသလား။ လာပြီး အိပ်နေ၊ စားနေပြီးခါမှ မသွား ချင်၊ မလာချင်တဲ့နေရာမှာလာ ပြီး အချိန်ကုန်ခဲ့ပြီး ပြန်သွားကြ သလားဆိုတာကိုတော့ လူထုက မိမိကိုပေးထားတဲ့ ရီကောလ်လို့ ခေါ် တဲ့ ခေါ်ပိုင်ခွင့်အခြေအနေ ကနေ ပြန်ပြီးသုံးသပ်ဖို့လိုမယ်။

ဒါမှလည်း ဒီလွှတ်တော်ကြီးက အမြဲချမ်းသာမယ်၊ ဒီ (၂)နှစ်တာ ကာလအတွင်းမှာတော့ ခုနက ကျွန်တော်ပြောသလိုပါပဲ။ မှန်း ခြေနဲ့တော့ မတွေ့သေးဘူး။ ဗိုလ် ချုပ်အောင်ဆန်းပြောသလို တော်တော့်ကို ကုန်းရုန်းပြင်နိုင် မှ တာဝန်ရှိတဲ့ ပုဂိ္ဂုလ်တွေရော၊ အာဏာရှိတဲ့ပုဂိ္ဂုလ်တွေရော အထူးသဖြင့် အကုန်လုံးကို လွှမ်း မိုးထားတဲ့ပုဂိ္ဂုလ်တွေရော မျှခြေ တစ်ခုရအောင် ကြိုးစားပြီး ဖြေရှင်းနိုင်မှ၊ အဲဒီလိုပဲ တိုင်းရင်း သားဒေသတွေနဲ့ပတ်သက်လို့ တင်ပြတာတို့၊ တောင်းဆိုတာတို့ ကို ပြန်ကြည့်တဲ့အခါမှာလည်း တကယ်တမ်း တိုင်းရင်းသား ဒေသတွေမှာ ဒီအတိုင်းဖြစ်နေ ပါလားဆိုတဲ့ အောက်ခြေက တက်လာတဲ့ အသံကို ပြန်နား ထောင်ဖို့လိုတယ်။ နှစ်ပေါင်း ၆၀ ကျော် တော်လှန်ရေးကာလတစ် လျှောက်လုံးမှာ ကျွန်တော်တို့ မှိုင်းတိုက်ခံရတာတွေဟာ တိုင်း ရင်းသားတွေကို လွတ်လွတ်လပ် လပ် စာပေယဉ်ကျေးမှုကအစ လက်ခံခွင့်၊ အုပ်ချုပ်ခွင့်ဆိုတဲ့ ဒီ လွတ်လွတ်လပ်လပ်နဲ့ ဒေသကို ဖွံ့ဖြိုးမှုရှိအောင် လုပ်ပေးနိုင်တဲ့ လုပ်ပေးနိုင်ခြေရှိတဲ့ပြည်ထောင် စုအဖြစ် ပုံသဏ္ဌာန်ဖော်နိုင်မှာပါ။ ဒီပုံသဏ္ဌာန်ကို ပုံဖော်နိုင်ရဲ့သားနဲ့ လိမ်ပြီး ပြည်ထောင် စုကြီးကို Monopoly လုပ်လိုက်တယ်။ Union Govt ဖြစ်အောင် ဖန်တီးလိုက်တယ်ဆိုတဲ့အစွဲဟာ တိုင်းရင်းသားတွေမှာရှိနေတဲ့ ကာလဖြစ်တယ်။ ဒီဟာကို ဖြေရှင်းဖို့ ဒီ Decentralize လုပ်ဖို့ ဖွဲ့ စည်းပုံမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့၊ ပြည်ထောင်စုနဲ့ ပတ်သက်လို့ မစစ်မှန်တဲ့ ပြည် ထောင်စုဖွဲ့စည်းမှုနဲ့ ပုံသဏ္ဌာန် မျိုးဆိုရင် အမြန်ဆုံးနဲ့ ရဲရဲတင်းတင်း ပြန်ပြီးခါ မှ ပြုပြင်ရေးမို့ တစ်ဦးတစ်စု(သို့) ပါတီတစ်ခုက လူမျိုးနွယ်စုတစ်ခုက တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စပြောင်းတော့မယ်လို့ ထင်ခဲ့လို့ ရှိရင် အုပ်စုလိုက် အနိုင်ကျင့်ပြီးကာမှ ဒါကြီးကိုပစ်ပေးတာတို့ မလုပ် ပါနဲ့လို့ လာမယ့် ကာလလေးမှာတော့ ကျွန်တော်တို့ဆုတောင်းပါတယ်။ အဲလိုမျိုးဆိုရင်တော့ဖြင့် လာမယ့် (၂)နှစ်ခွဲကာလပေါ့ဗျာ။ အခုဆို (၂)နှစ်ခွဲကာလကို ချီတက်နေပါပြီ။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကြီးဟာလည်း မကြာခင်ဆိုရင် ပြည်ထောင်စုလွှတ်တော်နာယက အဖြစ်ကနေ ဖွဲ့စည်းပုံအရ နောက်ဆုတ်ပေးရမယ်လေ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တာဝန်ယူတဲ့ကာလ တစ်ခု ရောက်လာမှာပါ။ အဲဒီကာလ မှာ ကျွန်တော်တို့မျှော်မှန်းပါ တယ်။ လာမယ့်(၂)နှစ်ခွဲကာလ စက်တင်ဘာအလွန်လောက်မှာ ပြည်ထောင်စုကြီးကိုအား ကောင်းမောင်းသန်နဲ့စစ်မှန်တဲ့ ပြည်ထောင်စုကြီးဖြစ်အောင်၊ ထာဝရငြိမ်းချမ်းအောင် စစ်ပွဲ တွေအကုန်လုံးကို ရပ်ပြီးပါမှ ပြည်ထောင်စုရဲ့ အဓိကအချုပ် အခြာအာ ဏာတည်တံ့ခိုင်မြဲရေး လို့ကြွေးကြော်တဲ့ တို့တာဝန် အရေးသုံးပါးဆိုတာစာရွက်ပေါ် ကနေ တကယ့်လက်တွေ့ကို ရောက်လာအောင် ဆောင်ရွက် ရပါမယ်။
စိုးဝင်းနိုင်၊ညီညီအောင်
Ref; Sky Net
The Hot News

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံပြောကြား


ဒီကနေ့ ကျရောက်တဲ့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ ကမ်းလှမ်းမယ်ဆိုရင် အဆင်သင့်ရှိပါတယ်လို့ ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန် ကုန်မြို့ ရွှေဂုံတိုင်၊ တော်ဝင်နှင်းဆီ စားသောက် ဆိုင်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမိန့် ခွန်း ပေးပို့ပြီး ပြောကြားခဲ့တာပါ။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦးကလည်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အဖွဲ့အစည်းအားလုံးနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ကြဖို့ကို တိုက်တွန်းပြောခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ နိုင်ငံခြားသံတ မန်များ တက်ရောက်ခဲ့သလို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။RFA Burmese

ဂေါ်ဖီထုပ်သုပ်စားရာမှ နှစ်ဦးသေ၊ ၃၀ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများသည် ဖေဖော်ဝါရီ ၁၁ ရက်က ဂေါ်ဖီထုပ်သုပ်စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ၃၀ ဦးခန့် ဆေးရုံတင်ထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဟုမ္မလင်းမြို့နယ် ယက်ဖကျေးရွာရှိ "လပြည့်နဂါး" ကုမ္ပဏီသစ်ပါးလွှာစက်ရုံရှိ အလုပ်သမား ၃၂ ဦးသည် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၆ နာရီခန့်တွင် ဂေါ်ဖီထုပ်အား သုပ်၍ ထမင်းကြမ်းနှင့် စားရာ အစာအဆိပ်သင့်ပြီး မူးဝေအော့အန် မေ့လဲသွားကြသဖြင့် ထမံသီ တိုက်နယ်ဆေးရုံသို့ တင်ပို့ဆေးကုသခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အနက်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ယင်းနေ့၊ နေ့လယ် ၁ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ပြီး နေ့လယ် ၃ နာရီခန့်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း၊ ကျန် ၃၀ ဦးမှာ ထမံသီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။7Day News Journal

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည်
==========

ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊

တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊

ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊

မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊

ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

သတင်းထောက်တွေရဲ့ Gmail ဖောက်ဖို့ကြိုးစားမှုကို Googleက သက်သေထူ အစိုးရ ငြင်းဆို

မြန်မာနိုင်ငံအကြောင်း သတင်းတွေ ဆောင်းပါးတွေ ရေးနေကြတဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေရဲ့ Gmail တွေထဲကို ဝင်ရောက်ထိုးဖေါက်ဖို့ ကြိုးစားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ မပတ်သက်ကြောင်း မြန်မာအစိုးရက မနေ့က ငြင်းဆိုခဲ့ပါတယ်။

ကမ္ဘာတဝှမ်း အသုံးများတဲ့ Google သတင်းအချက်အလက်ရှာဖွေရေး အင်တာနက် စာမျက်နှာရဲ့ အီးမေးကို အသုံးပြုသူ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်တွေရဲ့ ကွန်ပြူတာတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တိုက်ခိုက်ဖို့ ကြိုးစားခံခဲ့ရကြောင်း Google က သတိပေးခဲ့ပါတယ်။

ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ သင့်ရဲ့ကွန်ပျူတာ သို့မဟုတ် သင့်ရဲ့အကောင့်ကို အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ရယူဖို့ ကြိုးစားနေပုံရတယ် ဆိုတဲ့ သတိပေးစာ ပေါ်လာတယ်လို့ ဆိုပါတယ်။

ဒီသတိပေးစာပေးပို့ကြောင်း Google ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taj Meadows က အတည်ပြုပြောဆိုခဲ့သလို၊ သတင်းထောက် ၁၂ ယောက်လောက်ကလည်း ဒီသတိပေးစာ ရရှိတဲ့အတွက် သူတို့ရဲ့ ကွန်ပြူတာ စကားဝှက်တွေကို ပြောင်းလဲခဲ့ကြရတယ်လို့ ပြောကြပါတယ်။

အဲဒီထဲမှာ ပြည်တွင်းက အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာ၊ ကျိုဒို သတင်းထောက်တွေ၊ The Voice နဲ့ Eleven ဂျာနယ်၊ ထိုင်းနိုင်ငံအခြေစိုက် သတင်းထောက် ဘာတေးလစ်တနာ တို့အပြင် တခြားနိုင်ငံတွေက သတင်းထောက်တွေလည်း ပါဝင်ကြပါတယ်။

Google က အစိုးရ ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားတွေလို့ ဆိုပေမဲ့ ဘယ်အစိုးရဆိုတာ တိတိကျကျမပြောခဲ့ပါဘူး။ မြန်မာအစိုးရ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ကတော့ Google အနေနဲ့ ဒီကိစ္စအတွက် တာဝန်ရှိသူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖေါ်ပြောဆိုဖို့လိုကြောင်း၊ အခုလို အစိုးရ ကျောထောက်နောက်ခံပြုလို့ ဝေဝေဝါးဝါးပြောဆိုတာဟာ မိမိတို့အစိုးရကို ထိခိုက်ကြောင်း၊ အစိုးရမှာ ဒီမူဝါဒမရှိကြောင်း ပြောကြားလိုက်ပြီး၊ သူရဲ့ Gmail မှာလည်း ဒီသတိပေးစာရရှိကြောင်း Facebook စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ လကလည်း အမေရိကန်ပြည်ထောင်စုက အဓိကရ သတင်းမီဒီယာကြီးတွေဖြစ်တဲ့ The New York Times နဲ့ The Wall Street သတင်းစာတွေရဲ့ ကွန်ပျူတာကွန်ရက်တွေဟာ တရုတ်ပြည်က လာတယ်လို့ယူဆရတဲ့ အင်တာနက် ထိုးဖေါက်တိုက်ခိုက်မှုခံခဲ့ရပါတယ်။ တရုတ်အစိုးရကတော့ ဒီကိစ္စနဲ့ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
RFA Burmese

ငါးထောင်တန်ဖုန်းမထွက်သေးသော်လည်း ရွှေပြည်တံခွန်ကုမ္ပဏီက တယ်လီဖုန်းစက်ရုံတည်ဆောက်

ငါးထောင်တန်ဖုန်းထွက်ရှိရန် ကြိုးစားလျက် ရှိသောရွှေ ပြည်တံခွန်အများပိုင်ကုမ္ပဏီလီ မိတက်မှ မြန်မာနိုင် ငံတွင် ဆက်သွယ်ရေးကဏ္ဍတစ်တောင့်တစ် နေရာ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် မြန်မာနိုင်ငံတွင် တယ်လီဖုန်းစက်ရုံ စတင် တည်ထောင် မည်ဖြစ်ကြောင်း သိရသည်။ရွှေပြည်တံခွန်ကုမ္ပဏီမှ Chairman ဦးလွင်နိုင်ဦးက “မြန်မာ နိုင်ငံမှာ ဖုန်းထုတ်တဲ့ စက်ရုံတစ်ခု တည်ထောင်မှုအတွက်Technical operation plan ချမှတ်ပြီး ဆောင်ရွက်နေတယ်။ အဓိက ကျွန်တော်လုပ်ချင်တာက ကျွန် တော်တို့ လူငယ်တွေတိုင်းပြည် အနှံ့မှာ ပျံ့နှံ့နေတယ်။ ပညာ တတ်လူတွေကော ကိုယ့်တိုင်း ပြည်ကို စွန့်ခွာပြီး အလုပ်လုပ်နေ ကြတယ်။ အခုကျတော့ ကိုယ့် တိုင်းပြည်ကို ပြန်လာချင်ကြ တယ်။ အဲဒီအခါကျတော့ သူတို့ တွေရဲ့ တီထွင်ဖန်တီးမှုစိတ်ကူး စိတ်သန်းတွေ ဒီမှာအကောင် အထည်ဖော်ဖို့အတွက် ရည်ရွယ် ချက်တွေ အဲဒီလိုအကောင် အထည်ဖော်ဖို့အတွက် အများ ပိုင်ကုမ္ပဏီကို ဖွဲ့စည်းလိုက်တယ်။ အဲဒီကနေပြီးတော့ Smart Phone (၃)မျိုးထုတ်ဖို့ ရည်ရွယ်ထား တယ်။ အဲဒါတွေကို မကြာခင် လုပ်တော့မှာပါ။ မြေနေရာက အခက်အခဲတော့မရှိပါဘူး။ စက် ရုံထက်နည်းပညာဘယ်လိုသွား မလဲဆိုတာကို လုပ်ငန်းတွေ ဘယ်လိုစမလဲကို စီစဉ်နေတာပါ။Smart ဖုန်းသိပ်မကြာခင်ထုတ်မှာ ပါ။”
ဒီမှာက နည်းပညာအခက် အခဲမရှိဘူး၊ ဒါပေမဲ့ မီးပြဿနာ အခက်အခဲရှိတယ်။ ဒါနဲ့ပတ် သက်ပြီး ကြိုတင်ပြင်ဆင်ထား တာရှိပါတယ်ဟု ဦးလွင်နိုင်ဦးမှ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံတွင် တယ်လီဖုန်း ထုတ်စက်ရုံတည်ထောင်ရာ၌ အခြားနိုင်ငံများမှ ပညာရှင်များ အား မြန်မာနိုင်ငံအတွင်းသို့ ခေါ် ယူကာ ထုတ်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းရှိလူငယ်များကို ယင်း ပညာအား လက်ဆင့်ကမ်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးအောင်
The Hot News

ကျောင်းသားအတ္ထုပ္ပတ္တိ


(၁)
မင်းရဲ့ ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ်။

အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံငါတို့ဆုတောင်း
မင်း.. ကောင်းရာသုဂတိလားပါစေ..လို့
ငါတို့ရဲ့
သွေးတစ်စက်ကို ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ယင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ..မို..က..ရေ..စီ..
ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ်
ညီလေးရယ်
ရနိုင်မယ်ဆိုယင်
မင်းရဲ့အရိုးတစ်မှုံကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားရှင်ကို ပြကြည့်ချင်တယ်..
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်
မင်းဟာ အာဇာနည်လေးဖြစ်တယ်
မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။

(၂)
ရေငတ်သလို.. ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး”ဟာ
အကျဉ်းထောင်ထဲမှာ
သင်္ချိုင်းမြေမှာ
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ.. ရှိနေတယ်..
မင်း.. စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်...
မင်းအတွက်...
“နောက်ထပ်စာအုပ်အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု
ဖောင်တိန်မလုံလောက်မှု
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု.. စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကို နှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ..
ခွပ်ဒေါင်းရဲ့
တစ်ကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ... ။

(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာမနက်ဦးများမှာ
ဒို့ ကမ္ဘာကို
ပြန်လာဦးမှာလား.. ဟင်...
“အမျိုးဘာသာ သာသနာအတွက်
သား .. နှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်ရဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်..
မင်းရဲ့ မေမေဟာ
အခန်းထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတစ်ခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် “လု” နေရှာတော့မယ်။

“ကောင်းမွန်စွာ
သင်္ဂြိုဟ်ပြီးစီးပါကြောင်း” .. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်...
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့ အတ္ထုပ္ပတ္တိဟာ
အတောင်ပံပါတယ်
တိုက်ပွဲဝင်တယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာဘ၀အဆက်ဆက်မှာ
မင်း.. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ် ... ။

(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေးခေတ်ဒဏ်သင့်နေရှာတယ်..
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး”ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆိုယင်
ရဟန္တာဖြစ်တဲ့အထိ လိမ္မာမယ်”
ဒါပေမယ့်...
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်..

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်..
စစ်မောင်းသံကြားယင်
ခွာတရှပ်ရှပ်ဖြစ်ချင်တဲ့
ခေတ်ရဲ့ စစ်မြင်းကလေးလို မင်းဟာ
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ ညီလေးရေ
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံစေ
မင်းရောက်ရာအရပ်က ကြားပါစေ...

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်”တော့နော်
စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့တည်ဆောက်တဲ့ အုတ်ဂူတစ်လုံး
တလောကလုံး လင်စေအားကွယ်..
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်းကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့ .. အောင်မြင်မှာပါ
ဗမာပြည်အတွက်
လိုအပ်တဲ့
“လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ
စစ်မြင်းတွေ ပြိုင်လာပြီ
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ..
ညီလေးရယ်
ငြိမ်းချမ်းစွာ
အေးမြစွာ
ရှင်းသန့်စွာ
နောက်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့တလူလူကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလို ပန်လို့ လှလို့..
သြော်..
ဒေါင်းအလံကို ပန်းလို ပန်လို့
လှလို့ပါပဲ .. ညီလေးရယ်.... ။ ။

ရွှေဘုန်းလူ

(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂ္ဂများအဖွဲ့ချုပ်မှ
ထုတ်ဝေသော “အရေးတော်ပုံမှ ထွက်လာသော ၀ိညာဉ်များ၏ ပုံရိပ်များ” ကဗျာစာအုပ်တွင် ဖော်ပြထားသော ကဗျာကို မူရင်းသတ်ပုံ
အတိုင်း ဖော်ပြထားပါသည်)
ပန်းချီ .. စစ်ငြိမ်းအေး ပါ နေ့သစ် ၀က်ဆိုက် မှပုံကို ယူပါတယ်။
Posted by Zaw Ye.

ဗန်းမောက်မြို့ အမေနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ အမေကဗျာပွဲတော် ကဗျာစာအုပ်ထုတ်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ အမေနေ့ဖြစ်မြောက်ရေးအဖွဲ့က ကြီးမှူးကျင်းပသော ပထမအကြိမ် အမေနေ့အထိမ်းအမှတ်စာပေ ဟောပြောပွဲကို ဖေဖော်ဝါရီ(၃) ရက် ည(၇)နာရီတွင် ဗန်းမောက် မြို့-မြို့တော်ခန်းမ၌ ကျင်းပရာ ဆရာဦးစောလှိုင်(အင်းတော်)၊ ဆရာဟာဂျူလီ(ကသာ)နှင့် ဆရာဦးမြတ်ခိုင်(လျှပ်တစ်ပြတ်)နှင့် မော်နီတာဂျာနယ် (အယ်ဒီတာ ချုပ်)တို့က အမေ့အကြောင်း၊ အမေ့ကျေးဇူးကောင်းနှင့် စပ် လျဉ်းရာ သုတ၊ ရသ၊ ဗဟုသုတ ဖြစ်ဖွယ်ရာ အဖြာဖြာကို ဟော ပြောကြရာ ဗန်းမောက်မြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများမှ စာပေမြတ်နိုး သူများ လာရောက်ခဲ့ကြပြီး စိတ် ၀င်စားစွာ မှတ်သားနားထောင် ကြကြောင်း သိရှိရသည်။
အဆိုပါ ဟောပြောပွဲ၌ သန်းထွန်း(ပန်းသတင်း)စီစဉ်သော ဗန်းမောက်အမေနေ့ အမှတ်တရ အမေကဗျာပွဲတော်(အမေ့မေတ္တာ တော်ခံစားမှု၊ ယိုစီးမှုခေတ်သစ် အမြင်များ)ကဗျာစာအုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ရာ ကဗျာစာအုပ် တွင် ဗန်းမောက်၊ အင်းတော်၊ ကသာ၊ မိုးညှင်းမြို့နယ်များ မှ ဒေသခံစာရေးဆရာများ၏ အမေ များစွာကို ဂုဏ်ပြုဦးခိုက်၊ ယုယ ကြင်နာ၊ ဆက်ဆံအရိုအသေပြု ၍ မြန်မာ့စိတ်ရင်းကို ထင်လင်း စွာ ဖော်ပြရေးဖွဲ့သီကုံးစပ်ဆိုထား ကြသော ကဗျာပုဒ်ရေ(၄၃)ပုဒ် ပါရှိကြောင်း သိရှိရသည်။
ကိုမင်း(အင်းတော်)
The Hot News

ဗိုလ်ချုပ်မွေးနေ့တွင် ပြောသည့် သူတို့စကား


ကျွန်တော်တို့တွေက ဗိုလ် ချုပ်မွေးနေ့ကို မေ့ထားကြတယ်။ ဗိုလ်ချုပ်မွေးနေ့မှမဟုတ်ပါဘူး။ အခြားနေ့တွေအများကြီးကို တောင် အမေ့ထားကြတယ်။ လူငယ်လူရွယ်အတွက် အစဉ် လာကောင်းတွေ အခုလိုကာလ မျိုးမှာ ပြန်လည်ပြီး နိုးထလာဖို့၊ သတိရလာဖို့ ဗိုလ်ချုပ်မွေးနေ့ကို ပြန်ပြီးတော့ကျင်းပဖို့လိုတယ်။ ဗိုလ်ချုပ်လိုလူမျိုးတွေ မွေးလာဖို့ ဖေဖော်ဝါရီ ၁၃ ကို ကလေးများ နေ့ဆိုပြီးတော့တောင် သတ်မှတ် ခဲ့တယ်။ ဗိုလ်ချုပ်ကို အသက် ၃၀ လောက်ပဲ ကျွန်တော်တို့နိုင်ငံက ရခဲ့တယ်။ နောက်ပိုင်းမှာ သူ ကွယ်လွန်သွားတယ်။ ကျောင်း သားလူငယ်တွေလည်း အတုယူ နိုင်အောင် လွတ်လပ်ရေးရဲ့ အင် မတန်အရေးကြီးပုံကို လူတွေ လည်း သဘောပေါက်အောင် နိုင်ငံခေါင်းဆောင်ပုဂိ္ဂုလ်ရဲ့ လေ့ ကျင့်လာခဲ့တဲ့ ကျင့်ကြံလာခဲ့တဲ့ သမိုင်းကြောင်းကို အမြဲတန်းလူ ငယ်တွေအမှတ်ရအောင် ဖေ ဖော်ဝါရီ ၁၃ ကို ပြန်လည် အသက်သွင်းဖို့လိုပြီ၊ အမေ့ခံဘ၀ ကနေ ပြန်ကယ်ထုတ်ဖို့လိုပြီ၊ လွတ်လပ်ရေးကစလို့၊ လူတစ်ချို့ က လွတ်လပ်ရေးကျောက်တိုင် ကစာတောင် ဖတ်ခွင့်မပေးတာ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖျောက်ဖျက်ခဲ့တာရှိတယ်။ အာ ဇာနည်ကုန်းကိုသွားချင်လို့ မသွားရတာရှိတယ်။ လွတ်လွတ် လပ်လပ်ပြောခွင့်ဆိုခွင့်တွေကို ပိတ်ပင်ခဲ့တဲ့ကာလတစ်လျှောက် လုံးမှာ အမေ့ခံအပစ်ပယ်ခံ ဖြစ်ခဲ့ တာ ကျွန်တော်တို့သမိုင်းကြောင်း ရဲ့ လောင်းရိပ်တော်တော်လေး ဆိုးဆိုးဝါးဝါး ရှိခဲ့ပါတယ်။ စေတ နာလို့ သမိုင်းကို အလင်းကျန် ရအောင်ကောင်းတဲ့ဘက်ကို ရောက်အောင် သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အဖွဲ့က သူတို့သွား နေတဲ့လမ်းကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုရင်ပဲ ပြည်ထောင် စုနေ့၊ ဟန်ဆောင်ပန်ဆောင်ပြည် ထောင်စုနေ့ မကျင်းပပါနဲ့တော့။ တကယ်စစ်မှန်တဲ့ တကယ်သွား လိုတဲ့ ပြည်ထောင်စုလေးပုံ သဏ္ဍာန်ဖြစ် ကြိုးစားဖို့လိုပြီး ဗိုလ်ချုပ်မွေးနေ့မှာ ခမ်းခမ်းနား နားလေးဖြစ်အောင် လူငယ်တွေ အတုယူနိုင်အောင် ကျင်းပနိုင်ရင် ပိုကောင်းတာပေါ့။RNDP
ဒေါက်တာအေးမောင်
The Hot News

တမာရွက်ရဲ့ထူးကဲတဲ့ အာနိသင်များ





တမာရွက်မှာ ဆေးဖက်ဝင် အာနိသင် တွေရှိတယ် ဆိုတာ လူအများစုက သတိပြု မိကြ ပါတယ်။

တမာရွက်တင် မက တမာခေါက် တွေကို အိန္ဒိယမှာ အလွန် ထင်ရှားတဲ့ ဆေးဖက်ဝင် ပစ္စည်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ အခုအခါတစ်ကမ္ဘာလုံးမှာပါတမာပင်ရဲ့ဆေးဖက်ဝင်အစွမ်းတွေကိုသိနားလည်ပြီး အသုံးပြု နေကြပြီ ဖြစ်ပါတယ်။ဒါပေမဲ့ တမာရွက်ကို များများ စားရင် အကြောတက်တယ်လို့ရှေးလူကြီး
တွေက ဆိုကြ တာကြောင့် အသင့်အတင့်သာ စားပေး သင့်ပါတယ်။

(၁) ပိုးသတ်အာနိသင်ရှိပါတယ်

တမာရွက်မှာ ဘက်တီးရီးယား၊ ကပ်ပါးကောင်၊ ဖန်းဂပ်စ်မှို၊ပရိုတိုဇွနဲ့ဗိုင်းရပ်စ်တွေကို ဆန့်ကျင် နိုင်တဲ့ ပိုးသတ်အာ နိသင်တွေ ရှိပါတယ်။ ဒါကြောင့် အနာပေါက်နေ ချိန်မှာ တမာရွက်ကို ပြုတ်ပြီး တို့စားတာ၊ တမာရွက်ကို ကျိုပြီး ရလာတဲ့ ရေနဲ့ အနာကို ဖန်ရည် ဆေးတာတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၂) ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုးမွှား တွေကို သေစေနိုင်ပါတယ်

သင့်ခန္ဓာကိုယ် အရေပြားယားယံ နေရင်တမာရွက်ပြုတ်ရည်နဲ့ ရေချိုးလိုက်ပါ။တမာရွက်ရဲ့ ဆေးဖက်ဝင် အာနိသင်ကြောင့် ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ပိုး မွှားတွေကို ကင်းစင် စေပါတယ်။

(၃) ပြတ်ရှရာနဲ့ အနာတွေကို အမြန် သက်သာစေပါတယ်

သင့်အရေပြားမှာ ပြတ်ရှရာ ဒါမှမဟုတ် အနာတွေ ဖြစ်ပေါ်နေရင် တမာဆီကို လိမ်းပေး နိုင်ပါတယ်။ ဒဏ်ရာနဲ့ အနာတွေမှာ ကပ်ငြိနေတဲ့ပိုးမွှားမှန်သမျှတွန်းလှန် ပေးပြီး အနာကျက် မြန်စေပါတယ်။

(၄) အရေပြား အနာတွေအတွက် ဆေးစွမ်းကောင်းပါ

နှင်းခူ၊ ဝက်ခြံ၊ အရေပြား ဓာတ်မ တည့်တာ၊ အရေပြားမှာအနီကွက် ပေါ်တာ၊ အရေပြားမှာ ယားနာ ပေါက်တာ စတဲ့ အရေပြား ဝေဒနာအားလုံးအမြန်သက်သာစေဖို့ တမာဆီ ဒါမှ မဟုတ် တမာ ရွက်နဲ့ လုပ်ထားတဲ့ ပေါင်ဒါမှုန့်ကို အသုံးပြုပေးပါ။

(၅) မီးလောင်ဒဏ်ရာကို အမြန်သက် သာစေပါတယ်

မီးလောင်တာကြောင့် ဖြစ်လာတဲ့ ဒဏ်ရာတွေကို ကုသရာမှာ တမာရွက်ထည့်ကျို ထားတဲ့ တမာရေကို လိမ်းပေးပါ။ အရေပြားကို အနာ အမြန် ကျက်စေပြီး ပိုးမဝင်အောင်နဲ့ ဓာတ်မတည့်မှု မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၆) ဆံပင်သား ကျန်းမာစေပါတယ်

တခြား ဆံပင်လိမ်းဆီအစားဆံပင်မှာ တမာဆီကို လိမ်းပေးရင်ဆံပင်မဖြူအောင်ကာ ကွယ် ပေးနိုင်ပြီး ဗောက်ထတာ၊ သန်းရှိတာနဲ့ ဆံပင်ကျွတ် တာတွေကို သက်သာ လျော့ပါး စေပါတယ်။

(၇) ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေပါတယ်

တမာဆီကို နာကျင်နေတဲ့ ကြွက်သားနဲ့ အဆစ် နေရာတွေမှာလိမ်းပြီး နှိပ်ပေးရင်ရိုးဆစ် ရောင်ရမ်း နာ၊ ဂေါက်အဆစ် ရောင်နာ၊ ခါးနာတာ စတဲ့ နာကျင်မှုဝေဒနာတွေကို သက်သာ စေနိုင်ပါတယ်။

(၈) အစာခြေစနစ်ကို ကောင်းမွန်စေ ပါတယ်

တမာရွက်ကို ပြုတ်ပြီး စားပေးရင် အရသာခံ အာရုံ မကောင်းတာကိုသက်သာစေပြီး ဝမ်းချုပ်တာနဲ့ အစာမကြေ တာကို သက်သာ စေပါတယ်။ ရင်ပူမှုမ ဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

(၉) သန်ကောင်တွေကို ကင်းစင်စေပါ တယ်

တမာရွက်ကို ပြုတ်ပြီး စားတာက သန်ကောင်တွေကို ကင်းစင် စေပါတယ်။ အကြောင်း ကတော့ တမာရွက်မှာ သန်ကောင်တွေကို တွန်းလှန် ပေးနိုင်တဲ့ အစွမ်းရှိပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်း ဆောင်တာ တွေကို ကျန်းမာစေ လို့ပါ။

(၁၀) သွေးသန့်စင်စေပါတယ်

တမာရွက်ကို ပုံမှန်စားပေးရင် သွေးသန့်စင် စေပါတယ်။ တမာရွက်ဟာ သွေးထဲက အညစ် အကြေးတွေကို ဖယ်ရှား ပေးတာကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ကင်းစေ ပါတယ်။

(၁၁) သွေးတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်ပါတယ်

တမာရွက်ကို ဆီးချို သွေးချိုရောဂါ ရှိသူတွေအတွက် ထိရောက်တဲ့ ဆေးတစ် လက်လို့ ဆိုကြပါတယ်။ အကြောင်းကတော့တမာရွက်ဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန် ဖြစ်အောင် ထိန်းပေး နိုင်လို့ပါ။

(၁၂) ခုခံစွမ်းအားစနစ်ကို ကောင်းမွန် စေပါတယ်

တမာရွက်ကို စားပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံ စွမ်းအား စနစ်ကို သန်စွမ်းကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အားနည်း စေတဲ့ ပြင်ပ ရောဂါ တွေကိုလည်း အတိုင်း အတာတစ်ခုအထိ တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။
Ref;Good Health

အမယ်လေး .....တွေးတောင် မတွေးရဲဘူး

FB-Myanmar News Update

ရခိုင်ပြည်နယ်ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက်အိမ်ယာဆောက်လုပ်နေ

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်မဲ့ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် စစ်တွေမြို့ရဲ့ မြေယာအလွတ်တွေမှာ အိမ်ယာဆောက်လုပ်နေကြပါတယ်။ ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ကိုကိုကြီး။

နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုအား ကြိုဆိုထောက်ခံပွဲ

နိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုအား ကြိုဆိုထောက်ခံပွဲတစ်ခုကို ဒီကနေ့ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့မှ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့ တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ပုသိမ်၊ ပန်းတနော်၊ မြောင်းမြ၊ ဝါးခယ်မ၊ ဓနုဖြူမြို့အပါဝင် မြို့နယ် ၁ဝ မြို့နယ်က ဒေသခံကရင်တိုင်းရင်းသား ၇ဝဝဝ ခန့် တက်ရောက်ခဲ့ပါတယ်။  
Photo : RFA/Moe Thu Aung — 










 

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ


Rhino Season ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ Bahman Ghobadi။ (စက်တင်ဘာလ ၁၂ ရက်၊ ၂၀၁၂)။


အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်းက ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

အီရန်အစိုးရက ပိတ်ပင်ထားတဲ့ ရုပ်ရှင်ကို အီရန်ပြည်သူတွေ ကြည့်နိုင်အောင် ဗွီအိုအေက ထုတ်လွှင့်ပြသဖို့ အရေးကြီးတယ်လို့ ဒါရိုက်တာ Bahman Ghobadi ကပြောပါတယ်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလမှာ အကျဉ်းချခံခဲ့ရတဲ့ ကာ့ နွယ်ဖွား အီရန်ကဗျာဆရာ ဆလဲလ် (Sahel) ရဲ့အကြောင်းကို အခြေခံပြီး Rhino Season ရုပ်ရှင်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ကျ ခဲ့တဲ့ ဆဟဲလ်က သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေကို လိုက်ရှာတဲ့အကြောင်း ဖြစ်ပါတယ်။

ထောင်ထဲမှာ သေဆုံးသွားပြီလို့ မိသားစုက ထင်နေကြတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာဖန်တီးမှုလို့ သူ့ရုပ်ရှင်ကို တင်စားတဲ့ ဒါရိုက်တာ ဂိုဘာဒီက ရုပ်ရှင်ပြသခွင့် ဗွီအိုအေကို လှူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အီရန်နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ဂိုဘာဒီရဲ့ ပထမဆုံး အီရန်နိုင်ငံအပြင်ဘက်မှာ ရိုက်ကူးတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ဆု ၂ ခုကိုလည်း ရရှိထားပါတယ်။
VOA Burmese Fan Page

"စုတ်" သွားတာ မမှတ်သေးဘူးထင်တယ်

FB-Myanmar Jokes

နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၀

မန်းတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အမေရိကန် ကုမ္မဏီတစ်ခုဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့သည့်သောကြာနေ့က မန်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

မြင်းခြံ ခရိုင် နွားကူးအိုင် ကျေးရွာအနီးတွင် မြေလွတ်မြေရိုင်း ဧက တစ်ထောင်ပေါ်တွင် ဆိုလာစနစ်ကို တည်ဆောက် မည်ဖြစ်ပြီး မြေလေးဧကလျှင် ၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ပြီး အဆိုပါနေရာတွင် ၂၅၀မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်ကြောင်း အခြားတစ်နေရာတွင်ဆိုလာစံနစ်ဖြင့်ပင် ၂၅၀မဂ္ဂါဝပ် ထွက်ရှိအောင်လုပ်ဆောင်သွားဖို့ရှိကြောင်း စလုပ်သည့် အချိန်မှ စ၍ ၆လမှ ၉လအတွင်း လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ်ရရှိမှာဖြစ်ကြောင်း မန်းတိုင်းဒေသကြီး လျှပ် စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီး ဒေါက် တာမြင့်ကြူက ပြောသည်။

အဆိုပါနေရောင်ခြည်စွမ်းအင်သုံးစံနစ် တည်ဆောင်ပြီးစီးပါက မန္တလေးတိုင်းဒေသကြီးတစ်ခုလုံးအား နေ့ ခင်းပိုင်းတွင် ဆိုလာစံနစ်နှင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ညပိုင်းတွင် ဟိုက်ဒရိုပါဝါ စံနစ်နှင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ထပ်လောင်းပြောကြားသည်။

“လျှပ်စစ်ဓာတ်အား ပိုမိုရရှိဖို့ ဒီစံနစ်ကို အကောင်အထည်ဖော်တာပါ။ အခုလက်ရှိရေအားလျှပ်စစ်ပေး တာပါ။ မန္တလေးတိုင်းဒေသကြီးမှာက မဂ္ဂါဝပ် ၃၀၀နဲ့ ၃၅၀ကြားမှာ လိုအပ်တာ။ အခုလည်း ၃၀၀ မဂ္ဂါဝပ်လောက်အထိ ပေးနိုင်တယ်။ လူတွေ အလုပ်သိပ်မလုပ်တဲ့ အချိန်မှာ ခဏပျက်တာမျိုးတွေတော့ ရှိ ပါတယ်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းက ရေကို ဇွန်လအထိ ရှိအောင်ထိန်းထားရတာမျိုးကြောင့်ပါ” ဟု ၀န်ကြီး ကပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် နေစွမ်းအားမှာ တစ်နှစ်ပတ်လုံးရရှိနေသဖြင့် နိုင်ငံခြားကုမ္မဏီများ မှာ နေရောင်ခြည်စွမ်းအင်နှင့် လျှပ်စစ်စွမ်းအင်ထုတ်ရန် အများဆုံးစိတ်ဝင်စားကြောင်း ကျောက်ဆည်၊ ၀မ်းတွင်း၊ မိတ္ထီလာနှင့် မြင်းခြံကြားမြေလွတ်မြေရိုင်းများပေါ်တွင် အဆိုပါစံနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် အစီ စဉ်များ ရေးဆွဲနေပြီး စုစုပေါင်း လေးနေရာ လျှပ်စစ်ဓာတ်အားထုတ်ယူမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် တစ်ထောင် ထုတ်ယူနိုင်ရန်လျာထားထားကြောင်း မန်းလေးတိုင်းဒေ သကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် တခြားစီ မံကိန်းများတည်ဆောက်ရန်ရှိတာကြောင့် မဂ်ဂါဝပ် ၅၀၀အထိ လိုအပ်လာမည်ဖြစ်ပြီး ပိုသည့် မဂ်ဂါဝပ် ၅၀၀ အား တခြားပြည်နယ်နှင့်တိုင်းများသို့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း ၀န်ကြီးက ဆိုသည်။

အဆိုပါနေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုမှာ ၁ မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ ၂သန်း ခန့် ကုန်ကျသောကြောင့် ရေအားလျှပ်စစ်ထက် ကုန်ကျစရိတ်ပိုမိုများပြားသော်လည်း တည်ဆောက်စရိတ်သာ ကုန်ကျပြီး ရေရှည်မှာ ကုန်ကျမှုမရှိတော့ကြောင်း အမေရိကန်ကန်ကုမ္မဏီမှ လာရောက်ကာတည် ဆောက် ထုတ် ယူမည်ဖြစ် ပြီး ၂၅နှစ်အထိ ထိုက်သင့်သည့် အခကြေးငွေပေးကာတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြန်လည်ဝယ်ယူ ဖြန့် ဖြူးပေးသွားမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောပါသေးသည်။
ဖိုးလပြည့်
Popular Myanmar News Journal

စကိုင်းနက် (Sky Net) ရုပ်သံလိုင်း ဖွင့်ရန်ကြာမြင့်


ရုပ်သံလိုင်းသည် ကြော်ငြာအား ကောင်းကောင်း ဖြင့်ပြည်သူလူထုကြားသို့ တစ်ရှိန် ထိုးဝင်ရောက်လျက် အရောင်း သွက်နေကြောင်း သိရသည်။
သို့သော်လည်း Sky Net အ သုံး ပြည်သူများအနေဖြင့် လိုင်း ဖွင့်ရန် စောင့်ဆိုင်းရသည်မှာ အတော်ပင်စောင့်ရကြောင်း သုံး စွဲသူ ပြည်သူကြား အသံများ ထွက်ပေါ်လျက်ရှိကြသည်။
Sky Net ကLive တွေ လွှင့်တော့ အဆင်ပြေတယ်။ ကိုယ့်မြို့နယ်မှာရှိတဲ့ အရောင်း ဆိုင်ကို ဖုန်းဆက်လိုက်ရင် ချက် ချင်းလာတပ်ပေးတယ်။ ကျသင့် ငွေကို တပ်ဆင်ပြီးမှ ရှင်းရုံပဲ။ လာ တပ်တာက မကြာဘူး။ လိုင်းပွင့် ဖို့က တော်တော်စောင့်ရတယ်။ တချို့က ၂၄ နာရီအတွင်း ဖွင့် တယ်။ တချို့က ၂ ရက်၊ ၃ ရက် ကြာမှ ပွင့်တယ်””ဟု သုံးစွဲသူတစ် ဦးက ပြောသည်။
““သက်တမ်းတိုးဖို့ မေ့သွား တာ တစ်ရက်ကျော်သွားတယ်။ သက်တမ်းပြည့်သွားလို့ လိုင်းဖြတ် လိုက်တယ်ထင်တယ်။ ပိုက်ဆံ သွင်းပြီး ငါးရက်လောက်ကြာမှ လိုင်းက ပြန်ပွင့်တယ်။ ကျွန်တော် က ဘောလုံးပွဲသမားဆိုတော့ တော်တော်ခံစားလိုက်ရတယ်။ နောက်ဆိုရင်တော့ သက်တမ်း ကျော်မသွားအောင် ဂရုစိုက်ရ မယ်””ဟု ဘောလုံးဝါသနာပါသူ တစ်ယောက်က ပြောသည်။
မည်သည့်အခက်အခဲများ ကြောင့် ယခုကဲ့သို့ လိုင်းဖွင့်ရန် ကြာမြင့်နေရခြင်းကို သိရှိလို၍ှုSky Net ကို ဆက်သွယ်ရာ တာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်း ခွင့် မရခဲ့ပေ။ Sky Net အသုံးပြု သူများအနေဖြင့် မိမိ၏ Sky Net ရုပ်သံလိုင်းများ၏ အခက်အခဲ များဖြစ်ပေါ်ပါက မိမိဝယ်ယူထား သောဆိုင်များအား အကြောင်း ကြား၍ ပြုလုပ်နိုင်သကဲ့သိှု့ Sky Net ရုံးဖုန်း-၀၁-၉၀၁၀၁၀၁ မှ ၀၁-၉၀၁၀၁၀၅ အထိ ဆက်သွယ် ၍ မိမိတို့၏ အခက်အခဲများ အတွက် ဆက်သွယ်နိုင်ကြောင်း သိရသည်။
ဒေါင်းအ၀ါ
The Hot News

လွှတ်တော်နား-သွားဖတ်တော်

FB-Nay Myo Aye

ဘယ်တော့လဲဟင်

FB-ထိထိ မိမိ တစ်ကွက်ကောင်း ကာတွန်း

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com