http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Smart ဗီဇာ အတွက် အာဆီယံ ၄ နိုင်ငံ သဘောတူ

အာဆီယံ ၁ဝ နိုင်ငံအတွင်း ပြည်ဝင်ခွင့်ဗွီဇာ တခုတည်းနဲ့လည်ပတ်နိုင်မယ့် အစီအစဉ် စတင်မယ်
7 ဇွန်လ 2013
ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အတွက် အလွယ်တကူ သွားလာ နိုင်မယ့် ဗီဇာမျိုး ထုတ်ပေး နိုင်ရေးတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့ လက်မှတ် ရေးထိုး လိုက်ကြ ပါတယ်။

၎ နိုင်ငံ ခရီးသွား မြှင့်တင် ရေးမှာ သဘော တူညီချက် အခေါ် ကတော့ Smart Visa ဖြစ်ပြီ ဆိုတဲ့ ခရီးသွား လာရေး လွယ်ကူမှု ရှိအောင် လမ်းစ ရှာဖွေ လုပ်ကိုင် သွားဖို့ သဘောတူ ခဲ့တာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်း ဥက္ကဌ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ဆက်စပ်သတင်းနဲ့ အစီအစဉ်များအာရှ-ပေါအောက် ဖိုရမ် စတင်အမေရိကန်မှာ နိုင်ငံတကာ ကျောင်းသားတွေ အပေါ် ဗီဇာ စီစစ်တင်းကျပ်ဆိုက်ရောက်ဗီဇာ ဒီနေ့က စပြီး ထုတ်ပေးဆက်စပ်အကြောင်းအရာများအာဆီယံ
မြန်မာ၊ လော၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့ ၄ နိုင်ငံ ကို ဗီဇာ တခုတည်းနဲ့ သွားနိုင်မယ့် အစီ အစဉ် ကိုလည်း အခုနှစ် အတွင်းမှာ စနိုင် မယ်လို့ မြန်မာ နိုင်ငံ ဟိုတယ်နဲ့ ခရီးသွား ဝန်ကြီး ဌာနက ပြောတဲ့ အကြောင်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။

အစပိုင်း မှာတော့ အဲ့ဒီ ၄ နိုင်ငံက နိုင်ငံသား တွေကို အရင်ဆုံး ခွင့်ပြုမှာ ဖြစ်ပြီး နောက်ပိုင်း အခြေတည် လာပြီး ဆိုရင်တော့ ကမ္ဘာလှည့် ခရီးသည်တွေ ကိုပါ ခွင့်ပြု သွားမယ် လို့ဆိုပါတယ်။

၂ဝ၁၅ ခုနှစ် က စပြီး အာဆီယံ ၁ဝ နိုင်ငံ အတွင်း ပြည်ဝင်ခွင့် ဗွီဇာ တခုတည်းနဲ့ လည်ပတ် နိုင်မယ့် အစီ အစဉ်ကို စတင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အတွက် (ADB) အာရှ ဖွံ့ဖြိုးရေး ဘဏ် နဲ့ နော်ဝေ အစိုးရတို့ က အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကူညီ သွားမှာ ဖြစ်ပြီး နောက် လာမယ့် ၇ နှစ် အတွင်း ကမ္ဘာလှည့် ခရီးသည် ၇ သန်းခွဲ လာရောက် လည်ပတ် နိုင်မယ်လို့ ခန့်မှန်းထား ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက မြန်မာ နိုင်ငံကို လာရောက် လည်ပတ်တဲ့ ခရီးသည် အားလုံးပေါင်း ၁ သန်းခွဲ ရှိပြီး ကျော်ရှိပြီး ရန်ကုန် လေဆိပ်က ဝင်လာသူက ၆ သိန်းကျော် ရှိပါတယ်။

အခုနှစ် မှာတော့ တစ်လချင်း အလိုက် တဝက်ကျော် ပိုများ လာတယ်။ ဒါကြောင့် အခုနှစ် ကုန်ပိုင်း အထိ ဆိုရင် ရန်ကုန်က ဝင်လာတဲ့ ခရီးသည် ၁ သန်းကျော် ရှိမယ် လို့ ခန့်မှန်း ပြောဆို နေကြ ပါတယ်။
BBC Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com