http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

သမ္ဗန်ခတ်အလုပ်သမား အစည်းအဝေးတွင် အရက်တိုက်ရာမှ လေးဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီး ခနောင်တိုမြို့နယ် ခနောင်တို အရှေ့ရပ်ကွက် နှင့် ပန်းပင်ချောင်ရပ်ကွက်သို့ ပြေးဆွဲသည့် လက်ခတ်သမ္ဗန် အလုပ်သမား အစည်းအဝေး တွင် တိုက်သည့် အရက်အဆီကို ရေဖြင့်ရော သောက်ရာမှ လူလေးဦး သေဆုံးမှု ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါအစည်းအဝေးကို ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီခန့်က သမ္ဗန်အလုပ်သမား ဖြစ်သည့် ဦးထွန်းထွန်းဦး၏ နေအိမ်တွင် သမ္ဗန်သမား ၂၀ ဦးဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေသန့်တစ်ဘူး အတွင်း ထည့်ထားသည့် အရက်အဆီကို ဖျော်စပ်ကာ အစည်းအဝေး ပွဲပြီးချိန် ည ၁၀ နာရီခန့်တွင် လူ ၁၀ ဦးခန့်က သောက်သုံးခဲ့ရာ လေးဦးသေဆုံးကာ ခြောက်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိကြောင်း ဆိပ်ကြီးခနောင်တို မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အရက်ဆီဘူးကို အရက်မသောက်တတ်သည့် သူငယ်ချင်းတစ်ဦးက ပေးထားသည်မှာ သုံးပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူငယ်ချင်းများ၏ ဆုံးဖြတ်ချက်အရ အစည်းအဝေးနေ့တွင် သောက်ရန် သိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး ကျင်းပခဲ့သည့် နေအိမ်ပိုင်ရှင် ဦးထွန်းထွန်းဦးက The Voice သို့ ပြောကြားသည်။

"အရက်ကြောင့် ဖြစ်တယ်ဆိုရင် ကျွန်တော်တို့အားလုံး ဖြစ်ရမှာ၊ သောက်တာလည်း အတူတူပဲ။ ဆုံးသွားတဲ့ ဦးထွန်းမြင့်က မနေ့ည ၉ နာရီလောက်အထိ သမ္ဗန်ခတ်နေပြီး ဦးအေးထွန်းဆို အသက် ၆၀ ကျော်ပြီ။ မနေ့ည ၆ နာရီလောက်ထိ အလုပ်လုပ်နေတာပါပဲ။ ကျွန်တော်တို့နဲ့ အတူ ဘာမှကိုမဖြစ်ဘူး။ ဗြုန်းစားကြီး ဖြစ်သွားတော့ ဘာကြောင့်လဲ ကျွန်တော်တို့လည်း သိချင်နေတာပါ" ဟု ၄င်းက ထပ်မံပြောကြားသည်။
သေဆုံးသွားသည့် ဦးရဲထွဋ်မှာ အရက်မသောက်တတ်သူ ဖြစ်ပြီး ထိုနေ့မှ သူငယ်ချင်းများနှင့် အတူ သောက်ခဲ့ပြီး နောက်တစ်ရက်တွင် နေထိုင်မကောင်း၍ အသားများ အေးစက်နေသဖြင့် အရက်နာကျသည် ဟုပင် ထင်ခဲ့မိကြောင်း၊ ဦးမျိုးအောင်မှာ လေဖြန်းသလို ဖြစ်သွားပြီး ၄င်းတို့နှစ်ဦး၏ တူညီသည့် အချက်မှာ သွေးတိုးနေကာ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအရက်ကို သောက်ခဲ့သည့် ဦးကျော်ဇေယျက The Voice သို့ ပြောကြားသည်။

ကျန်နှစ်ဦးမှာ ယနေ့နံနက်ပိုင်းက မူးဝေ အော့အန်သောကြောင့် ရန်ကုန် ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ပါ ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ဆေးစစ်ချက်များ ခံယူနေရကြောင်း၊ သေဆုံးသူ၏ ဆေးစစ်ချက် အဖြေများ မထွက်သေးသဖြင့် အဘယ်ကြောင့် သေဆုံးသည် ဆိုသည့်အဖြေကို မသိရသေးကြောင်း ၄င်းကပင် ထပ်မံ ပြောကြားသည်။

အဆိုပါဆေးရုံတွင် ဆေးစစ်ချက် ခံယူနေသူများမှာ လတ်တလော စစ်ဆေးချက် များအရ စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း၊ ၄င်းတို့၏သွေးကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးထားကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှ တာဝန်ကျ ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com