http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တစ်နှစ်အတွင်း ဆောက်လုပ်ရေးပစ္စည်း တန်ဖိုး ဒေါ်လာ သန်းရာချီ ထိုင်းမှ ဝယ်ယူရဖွယ်ရှိ

ရန်ကုန်၊ ဇွန် ၂၄ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့် မြန်မာနိုင်ငံတွင် ပြည်တွင်း ၌ ဆောက်လုပ်ရေးသုံး ပစ္စည်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း အမေရိကန်ဒေါ်လာ ၃၆၄ သန်းဖိုးခန့် တင်သွင်းရဖွယ်ရှိကြောင်း ထိုင်း Kasikorn Bank ပိုင် Kasikorn သုတေသန စင်တာ၏ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သတ္တုများ လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ထိုင်းနိုင်ငံထုတ် ဆောက် လုပ်ရေး ပစ္စည်းများကို တင်သွင်း အသုံးပြုကြသည့်အပြင် အရည်အသွေး ကိုလည်း မြန်မာ လုပ်ငန်းရှင်များက နှစ်သက်ကြကြောင်း ယင်းစစ်တမ်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဈေးကွက်မှာ ထိုင်းလုပ်ငန်းရှင် များအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့်လည်း ဈေးကွက်၌ ယှဉ်ပြိုင်ရမည့် အခြေအနေများလည်း ရှိနေကြောင်း ယင်းစစ်တမ်းက ဆက်လက် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ် ဘိလပ်မြေ Siam Cement Group (SCG) က ပြည်တွင်း၌ တည်ဆောက်မည့် စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် ရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၇ သန်း ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။

SCG မှ မြန်မာနိုင်ငံသို့ နှစ်စဉ် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၈ သန်း ပုံမှန် တင်သွင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

"ထိုင်း ဆင်တံဆိပ်က လူတွေအစွဲ ဖြစ်နေလို့ပါ။ မြိုင်ကလေးက ကြံ့တံဆိပ်နဲ့ အရည်အသွေး သိပ်မကွာပါဘူး။ ဈေးက ဆင်က အကြီးဆုံးဆိုတော့ အဲဒါမှကောင်းတယ် ထင်ကြတာပေါ့" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ပြည်တွင်းထုတ် ကြံ့တံဆိပ် ဘိလပ်မြေမှာ ထုတ်လုပ်မှု ရပ်နားလေ့ ရှိသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်ကာ အချိန်မရွေး ဝယ်ယူရန် အခက်အခဲ ရှိသည့်အတွက် ကုန်ကျစရိတ် ချွေတာလိုသည့် အခါမှသာ အသုံးပြုပြီး အများစုမှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေကိုသာ အသုံးပြုကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် မေလကုန်အထိ ခွင့်ပြု ထားသည့် မြန်မာနိုင်ငံသား ရင်နှီးမြှုပ်နှံမှုများတွင် ဆောက်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၁၃ ဒသမ ၄၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် ထိုင်းနိုင်ငံမှ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၇၈ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

Photo: တစ်နှစ်အတွင်း ဆောက်လုပ်ရေးပစ္စည်း တန်ဖိုး ဒေါ်လာ သန်းရာချီ ထိုင်းမှ ဝယ်ယူရဖွယ်ရှိ ရန်ကုန်၊ ဇွန် ၂၄ ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့် မြန်မာနိုင်ငံတွင် ပြည်တွင်း ၌ ဆောက်လုပ်ရေးသုံး ပစ္စည်းများ လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း အမေရိကန်ဒေါ်လာ ၃၆၄ သန်းဖိုးခန့် တင်သွင်းရဖွယ်ရှိကြောင်း ထိုင်း Kasikorn Bank ပိုင် Kasikorn သုတေသန စင်တာ၏ စစ်တမ်းတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံ၊ သတ္တုများ လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ထိုင်းနိုင်ငံထုတ် ဆောက် လုပ်ရေး ပစ္စည်းများကို တင်သွင်း အသုံးပြုကြသည့်အပြင် အရည်အသွေး ကိုလည်း မြန်မာ လုပ်ငန်းရှင်များက နှစ်သက်ကြကြောင်း ယင်းစစ်တမ်းက ဆိုသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဈေးကွက်မှာ ထိုင်းလုပ်ငန်းရှင် များအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည့်အပြင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းရှင်များနှင့်လည်း ဈေးကွက်၌ ယှဉ်ပြိုင်ရမည့် အခြေအနေများလည်း ရှိနေကြောင်း ယင်းစစ်တမ်းက ဆက်လက် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ် ဘိလပ်မြေ Siam Cement Group (SCG) က ပြည်တွင်း၌ တည်ဆောက်မည့် စက်ရုံအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ရင်းနှီးမြှုပ်နှံရန် ရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၇ သန်း ထုတ်လုပ်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ကြေညာသည်။ SCG မှ မြန်မာနိုင်ငံသို့ နှစ်စဉ် ဘိလပ်မြေ တန်ချိန် ၁ ဒသမ ၈ သန်း ပုံမှန် တင်သွင်းနေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ "ထိုင်း ဆင်တံဆိပ်က လူတွေအစွဲ ဖြစ်နေလို့ပါ။ မြိုင်ကလေးက ကြံ့တံဆိပ်နဲ့ အရည်အသွေး သိပ်မကွာပါဘူး။ ဈေးက ဆင်က အကြီးဆုံးဆိုတော့ အဲဒါမှကောင်းတယ် ထင်ကြတာပေါ့" ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ ပြည်တွင်းထုတ် ကြံ့တံဆိပ် ဘိလပ်မြေမှာ ထုတ်လုပ်မှု ရပ်နားလေ့ ရှိသောကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်ကာ အချိန်မရွေး ဝယ်ယူရန် အခက်အခဲ ရှိသည့်အတွက် ကုန်ကျစရိတ် ချွေတာလိုသည့် အခါမှသာ အသုံးပြုပြီး အများစုမှာ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေကိုသာ အသုံးပြုကြောင်း ၎င်းက ရှင်းပြသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၃ ခုနှစ် မေလကုန်အထိ ခွင့်ပြု ထားသည့် မြန်မာနိုင်ငံသား ရင်နှီးမြှုပ်နှံမှုများတွင် ဆောက်လုပ်ရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း ဖော်ပြထားပြီး ယင်းကဏ္ဍတွင် ကျပ်သန်းပေါင်း ၇၁၃ ဒသမ ၄၄ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (စက်တင်ဘာလအထိ) တွင် ထိုင်းနိုင်ငံမှ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာ ၃၃၂ ဒသမ ၇၈ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com