http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များသို့ ဒေါ်လာ ၄ .၂ သန်း ထပ်မံကူညီ

Wednesday, 30 January 2013
အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ(USAID) မှ ရခိုပြည်နယ်ရှိ ဒုက္ခသည်များအတွက် အမေရိကန်ဒေါ် လာ ၄.၂ သန်းကို ထပ်မံကူညီခဲ့ကြောင်း ဇန်န၀ါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန် ကြေညာချက်အရ သိရသည်။

အဆိုပါ ကြေညာချက်တွင် ရခိုင်ပြည်နယ်တွင် လူ့အဖွဲ့အစည်း အချင်းချင်း ပဋိပက္ခသည် ဇွန်လတွင် ဖြစ်ပွား ခဲ့ပြီး အောက်တိုဘာလတွင် ထပ်မံဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ လူဦးရေ ၁၁၅၀၀၀ နေရပ်ကို စွန့်ခွာ ထွက်ပြေး ရပြီး အသက်အိုးအိမ်နှင့် လုပ်ငန်းများ ဆုံးရှုံးပျက်စီးခဲ့ရပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ကြီး၊ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ၊ ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့များနှင့် အမေရိကန်အစိုးရတို့မှ တာဝန်ရှိ သူများသည် စားနပ်ရိက္ခာ၊ အာဟာရ၊ ကျန်းမာရေး၊ အမိုးအကာ၊ ရေနှင့် မိလ္လာစနစ်များအပြင် အကာအကွယ်ပေးမှု၊ အစားအစာ မဟုတ်သော ပစ္စည်းများ၊ ပညာရေး၊ စခန်းများ ချိတ်ဆက်မိရေးနှင့် စီမံခန့်ခွဲရေးများပါ အရေးတကြီး လိုအပ်နေကြောင်း အစီရင်ခံခဲ့ကြကြောင်း ဖော်ပြပါရှိ သည်။

ပြည်သူများခံစားနေရသော ဒုက္ခများ အမြန်ဆုံးသက်သာစေရန် အကူအညီသစ်တွင် လူ ၁၁၅၀၀၀ အတွက် နှစ်လခွဲစာ စားသောက်ကုန်များ၊ ဒုက္ခရောက်နေသော လူများထက်ထဲ အသက်ကယ် အကူအညီများကို ထိရောက်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီ၊ ပဋိပက္ခဒဏ်ခံ မိသားစု ၂၀၀၀ ခန့်အတွက် အခြေခံ အိမ်ထောင်သုံးပစ္စည်းများနှင့် အမျိုးသမီးနှင့် ကလေးများအကြား တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာပေး ရေး၊ ဘေးကင်းရေးနှင့် သင့်တင့်သော တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းစဉ်များကို မြှင့်တင်အားပေးရေးများလည်း ပါဝင်ကြောင်းကို ဖော်ပြထားသည်။

ယင်းအကူအညီများကို USAID ၏ နိုင်ငံခြားကပ်ဒုက္ခများ အကူအညီပေးရေးရုံး (OFDA) နှင့် ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာ (FFP) တို့က ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် Save the Children တို့မှတစ်ဆင့် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အကူအညီများကို ရခိုပြည်နယ်အတွင်းရှိ လိုအပ်နေသူ မည်သည့် လူမျိုးစုကိုမဆို လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ၊ ဒုက္ခကြုံတွေ့နေ ရသော ပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားမှုရှိခြင်း၊ အကူအညီ ထောက်ပံ့မှုများကိုလည်း နိုင်ငံတကာ စံမီခြင်းများ အပါအ၀င် နိုင်ငံတကာမူများ၏ လမ်းညွှန်ချက်အတိုင်း ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်ခံခဲ့ရသူများအတွက် အမေရိကန် ပြည်ထောင်စုမှ ထပ်မံကူညီသော ဒေါ်လာ ၄.၂ သန်း အပါအ၀င် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ ထည့်ဝင်ခဲ့သော အကူအညီ စုစုပေါင်းမှာ ဒေါ်လာ ၇.၂၉ သန်း ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com