http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထာဝရအလင်းတန်း (သို့မဟုတ်) The Road Home

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၃၀ရက်က ပြန်လည်ကျင်းပခဲ့သော ၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ဇာတ်ကားတစ်ကားတည်းက ထူးချွန်ဆုရှစ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြင့် ““ထာဝရအလင်းတန်းများ”” ရုပ်ရှင်ဇာတ်ကားမှာ ဆုအများဆုံးရသော စံချိန်သစ်တင်နိုင်ခဲ့သည်။သို့သော် ယင်းဇာတ်ကားမှာ ၁၉၉၉ ခုနှစ်က တရုတ်ရုပ်ရှင်ဒါ ရိုက်တာ ကျန်ရီမူ ရိုက်ကူးခဲ့ သည့်The Road Home ရုပ်ရှင်ဇာတ် ကား၏ ဇာတ်ကွက်အချို့၊ အချို့ ဇာတ်ဝင်ခန်းချင်း ဆင်တူနေကြောင်းရုပ်ရှင်ချစ်သူ ပြည်တွင်းပြည်ပ ပရိသတ်များ၏ ဝေဖန်ပြောဆိုမှု များ ထွက်ပေါ်နေသည်။

““တရုတ်ကားနဲ့ ဇာတ်လမ်း ချင်း တူတယ်။ ဒါ ညာလို့မရဘူး။ မှီငြမ်းတာပါပဲ။ ဒါပေမဲ့ မြန်မာမှု ပြုတာပါ။ တိုက်ရိုက်ကော်ပီတော့ မပါပါဘူး”” ဟု အကောင်းဆုံး ရုပ် ရှင် ဇာတ်ကားဆုရရှိခဲ့သည့် ထုတ် လုပ်သူ ဦးဇော်မြင့်က တုံ့ပြန်ပြော ကြားသည်။ “ထာဝရအလင်းတန်းများ” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်း ကို ကာတွန်းမိုးကြိုးက ရေးသား ခဲ့ပြီး ဇာတ်ညွှန်းကို ဦးမြင့်ဆောင် နှင့် စိုးကျော်ဆန်းတို့က ပူးတွဲရေး သားခဲ့သည်။ ယင်းဇာတ်လမ်းကို ရိုက်ကူးရန် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က လွန်ခဲ့သည့် ၁၅ နှစ်ဝန်းကျင်ကတည်းက ဒါရိုက်တာထွန်းအောင်ဇော်ကို တိုက်တွန်းခဲ့သည်။ အထူးသဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရရှိ ခဲ့သော မယ်လိုဒီ၏ အကယ်ဒမီဆုထိုက်တန်သည့် ပြကွက်များဖြစ်သည့် ရွာသို့ ကျောင်းဆရာအသစ် အဖြစ် ရောက်လာစဉ် ထိုစဉ် ကျောင်းဆရာ၏ စာသင်ကြားနေမှုကို လေးစားချစ်ခင်စိတ် ဖြင့် ကျောင်းဆရာ မသိအောင် လိုက်ကြည့်သည့် အခန်း၊ ရေထမ်းသည့်အခန်း၊ ကျောင်းဆရာပေး ခဲ့သည့် တစ်ခုတည်းသောလက်ဆောင် ဆံညှပ်ကလစ်ကလေး ကျပျောက်သွားရာ အိမ်ခြံဝင်းအတွင်း မှ ပြန်လည်ရှာတွေ့သဖြင့် ၀မ်းသာသွားသော စသော ဇာတ်ဝင်ခန်း များမွှာ့နျွသေိံသာန တရုတ်ရုပ်ရှင်ကားထဲမှ မင်းသမီး ကျန်းကျိယီ သရုပ်ဆောင်ထားသော ဇာတ်ဝင်ခန်းနှင့် ထပ်တူထပ်မျှ တူညီနေသည့်အပေါ် အကောင်းဆုံးဒါ ရိုက်တာဆုရရှိခဲ့သည့် ဒါရိုက်တာ ထွန်းအောင်ဇော်က ယခုကဲ့သို့ ရှင်းပြသည်။
““ဆရာမိုးကြိုးရဲ့ ဇာတ်လမ်းထဲမှာ မင်းသမီးဇာတ်မပါပါဘူး။အဲဒီတော့ ကျွန်တော်က ကျွန်တော် ကြည့်ဖူးတဲ့ တရုတ်ဇာတ်ကားကို သတိရမိတယ်။ ဒီနေ့မှာ အဲဒီ တရုတ်ဒါရိုက်တာကိုလည်း မေတ္တာပို့ပြီး မြင်ဆရာအဖြစ် ကန်တော့ပါတယ်။ သူ့ဆီက အမျိုးသမီးဇာတ် ကောင်ရဲ့ သရုပ်ဆောင်မှုလေးတွေ ကို ကြည့်ပြီးတော့ ကျွန်တော်ကြိုက်လို့ ကျွန်တော်ရိုက်ပါတယ်။ ဒါလေးမှီငြမ်းတာဝန်ခံပါတယ်။ ဒါပေမဲ့ ဇာတ် လမ်းကျောရိုးကတော့ ဘာမှ မဆိုင်ပါဘူး။ ကျွန်တော် လိုချင်တဲ့ ပလော့လေးတွေ ဖြည့်တဲ့အခါ အဲ ဒါတွေ ပါသွားတာပါ။ ကိုမျိုးမင်း စကားငှားပြောရရင် ဆရာမိုးကြိုး ဇာတ်လမ်းက ကျွန်တော်တို့ ရင် တွင်းဖြစ်ပါ”” ဟု ပြောကြားခဲ့သည်။“ထာဝရ အလင်းတန်းများ” ဇာတ်ကားမှာ အမှီးဇာတ်ကားတစ် ကား ဖြစ်ခဲ့ကြောင်းကို မသိရှိခဲ့ ကြောင်း၊ တရုတ်ကားကို မှီငြမ်း ထားသည်ဟုသာ သိရှိခဲ့ပါက ဆု ရွေးချယ်မှုမှာ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ကြောင်း၊ ဖန်တီးမှု ဆိုသည်မှာ ဥမငါငညေူ ဖြစ်ရမည် ဖြစ်ပြီး ကိုယ်ပိုင်ဖန်တီးမှုကို အခြေ ခံရမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ့ ရုပ် ရှင်ထူးချွန်ဆု ဒုတိယအဆင့် စိစစ် အကဲဖြတ်ရေးအဖွဲ့မှ အဖွဲ့ဝင် ချစ် ဦးညိုက ဆိုသည်။

““မှီငြမ်းဆိုတာသိခဲ့ရင် ကျွန်တော့်မှတ်ချက်မှာ “အမှီးဇာတ် လမ်းဖြစ်နေပါသဖြင့်” ဆိုတာ ထည့်ခဲ့မှာပါ။ ကော်ပီနဲ့ ကိုယ်ပိုင် ဖန်တီးမှုက တန်ဖိုးချင်းမတူပါဘူး”” ဟု ၎င်းကပြောသည်။ရုပ်ရှင်ထူးချွန်ဆုသမိုင်းတွင် ထူးချွန်ဆုခုနစ်ဆုဖြင့် ဆုအများ ဆုံးချိတ်ထားနိုင်သော “ငါသူတစ် ပါး ယောက်ျား မိန်းမ”၊ “အမေ့နို့ဖိုး”၊ “လျှို့ဝှက်သောနှင်း” ဇာတ်ကားတို့ သာ ရှိခဲ့ဖူးသည်။ ဇာတ်ပို့ဆုရှင် မော့စ်ရရှိခြင်းအပေါ် ပရိသတ်များအားလုံး လက် ခံကျေနပ်မှုရှိခဲ့ သည်။ “ကျွန်တော့် အသက် ၅၉နှစ်ကျမှ မိတဲ့အကယ်ဒမီ” ဟုကျေးဇူးတင်စကားတွင် ထည့် သွင်းပြောကြားသွားခဲ့သည့် ဟာ သ သရုပ်ဆောင်မော့စ်မှာ ဆုရရှိချိန်တွင် အသည်းရောဂါအပြင်းအထန် ခံစားနေရသည့် အချိန်လည်းဖြစ်သည်။

ဆုပေးပွဲ မကျင်းပမီ ရေပန်း စားနေသော နိုင်းနိုင်း၊ သူထူးစံ၊ မင်းအုပ်စိုးနှင့် နောင်နောင်တို့အ နက် မင်းအုပ်စိုးမှလွဲ၍ ကျန်သုံးဦး မှာ ၎င်းင်းတို့၏ အနုပညာသက်တမ်း တွင် ပထမဆုံးအကြိမ် ဆန်ခါတင် အဆင့်ဝင်ခဲ့ခြင်းဖြစ်သည် အကောင်းဆုံး အမျိုးသား ဇာတ် ဆောင်ဆုကို ၎င်းင်း၏ ပထမဆုံး ရုပ်ရှင်ဇာတ်ကား “ထာဝရအလင်း တန်းများ” ဖြင့် နောင်နောင်က ရရှိခြင်းအပေါ် လှိုက်လှိုက်လှဲလှဲဝမ်းသာစွာဖြင့် ထိုက်တန်ကြောင်း အားပေးကြသူများရှိသလို သရုပ် ဆောင်ရသည့် ဇာတ်ကောင်စရိုက် နှင့် ဇာတ်ဝင်ခန်းများ၏ အားသာ ချက်များအရ နောင်နောင့်နေရာ တွင် အခြားမင်းသားတစ်ဦး သရုပ်ဆောင်ပါကလည်း ဆုရရှိနိုင်သည် ဟုလည်း ထင်မြင်ချက်များ ပေး သူများလည်း ရှိသည်။ထူးချွန်ဆုအများကြီး ရနိုင် ခြေရှိသည်ဟု ခန့်မှန်းထားကြ သည့် “ပန်းကြာဝတ်မှုန်” ရုပ်ရှင် ဇာတ်ကားမှာ အကောင်းဆုံး ဓာတ် ပုံဆုနှင့် အကောင်းဆုံး အသံဆုနှစ် ဆု ရရှိခဲ့သည်။

အမျိုးသမီး ဇာတ်ပို့ဆုအ တွက် ရေပန်းစားနေသော ချစ်စနိုး ဦးမှာ အနုပညာသက်တမ်း ကိုးနှစ် အကြာတွင် အစ်ကိုနှစ်ယောက်အ ပေါ် တစ်မျိုးစီ သိတတ်နားလည် ငဲ့ညှာသော ညီမငယ်တစ်ယောက် ၏ ဇာတ်ရုပ်အတိုင်း “ရင်ကွဲနာ” ဇာတ်ကားတွင် ကွက်တိ သရုပ် ဆောင်နိုင်ခဲ့သောကြောင့် ရွှေစင် ဆုကို လက်ဝယ်ပိုင်ဆိုင်ခဲ့ပြီ ဖြစ် သည်။ အများမျှော်လင့်ထားသည် နှင့် အလွဲကြီးလွဲသွားခဲ့သည့် ဆု နှစ်ဆုမှာ အမျိုးသားဇာတ်ဆောင် ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆု များပင်ဖြစ်သည်။

အမျိုးသား ဇာတ်ဆောင်ဆုအတွက် နိုင်နိုင်း ကို တစ်ထစ်ချ မျှော်လင့်ထားကြ သည့် မီဒီယာအများစုမှာ ဆုမ ကြေညာခင်ကတည်းက နိုင်နိုင်း အနားတွင် ၀ိုင်းအုံနေသော်လည်း ဆုကြေညာပြီးသောအခါ စင်၏ ညာဘက်ခြမ်းက နောင်နောင်ထံ အပြေးအလွှားသတင်းရယူကြရ ပြန်သည်။ နိုင်နိုင်းနည်းတူ သက် မွန်မြင့်ထံသို့ ချိန်ထိုးထားသည့် ကင်မရာများမှာ ဆုကြေညာပြီး နောက် မယ်လိုဒီထံသို့ ၀ိုင်းအုံပြေး လွှားကြရပြန်သည်။ယခုနှစ် မြန်မာ့ရုပ်ရှင် ထူး ချွန်ဆုပေးပွဲကို ယခင်နှစ်များက ထက် အချိန်စောစွာ ကျင်းပခဲ့ပြီး အစီအစဉ်တစ်ခုနှင့်တစ်ခု ကြား ရပ်နားမှု၊ လေးဖင့်မှုမရှိဘဲ ဆက် တိုက်ကျင်းပသွားခဲ့ရာ ညခုနစ်နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
ရေးသားသူ-အေးသူစံ
7Day News Journal
 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com