http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မြန်မာနိုင်ငံတွင် မြှုပ်နှံထားသော Spitfire လေယာဉ်များကို တူးဖော်မည့်အဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံရှိ Spit fire လေယာဉ်များကို တွေ့ရစဉ်
ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ရှားပါးသည့် ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့တစ်ဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လယ်သမားနှင့် စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော David Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါသော အဖွဲ့သည် ရန်ကုန်မြို့ရှိ လေဆိပ်အနီးတွင် ဇန်န၀ါရီလ ၇ ရက်၌ တူးဖော်မှု စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းလေယာဉ်များကို သစ်သားပုံးများထဲတွင် ထည့်ပြီး ရန်ကုန် လေဆိပ်အောက် မြေအောက်အနက် ကိုးမီတာခန့်၌ မြှုပ်နှံထားခဲ့ဖွယ် ရှိသည်ဟု Cundall က ပြောကြားခဲ့ပြီး ယင်းတူးဖော်မှု လုပ်ငန်းစဉ်မှာ သီတင်းပတ် လေးပတ်မှ ခြောက်ပတ်အထိ ကြာမြင့်နိုင်ကြောင်း သိရသည်။

ယင်းလေယာဉ်များကို နဂို အနေအထားအတိုင်း ပြန်လည်တွေ့ရှိနိုင်မည်ဟု မျော်လင့်ကြောင်း လေဆိပ်သို့ ရောက်ပြီးပြီးချင်း Cundall က ပြောကြားခဲ့သည်။ ယင်းလေယာဉ်များကို ဒုတိယကမ္ဘာစစ် အပြီးတွင် အမေရိကန် အင်ဂျင်နီယာများက မြှုပ်နှံခဲ့သည်ဟု ယုံကြည်ရသည်။

Spitfire တိုက်လေယာဉ်မှာ ဗြိတိန်တွင် အလွန်ထင်ရှားသော တိုက်ခိုက်ရေး လေယာဉ်တစ်မျိုး ဖြစ်သည်။ လျင်မြန်ပြီး တစ်ယောက်စီး အမျိုးအစားဖြစ်သော ယင်းလေယာဉ်များသည် စစ်အတွင်း ဂျာမန်ဗုံး ကြဲလေယာဉ်များကို တန်ပြန်နိုင်ခဲ့မှုဖြင့် နာမည်ကောင်း ရရှိထားသည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် ဂျက်တိုက်လေယာဉ် ခေတ်အစပျိုးနေချိန်၌ ဗြိတိန်သည် Spitfire လေယာဉ်အစီး ၂၀၀၀၀ ခန့် တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယင်းတူးဖော် တွေ့ရှိမှုများမှ တစ်ဆင့် ၁၉၄၅ ခုနှစ်တွင် ဘာဖြစ် ခဲ့သနည်းဟူသော အကြောင်းအရာအတွက် အဖြေများ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း တူးဖော်ရေးအဖွဲ့တွင် ပါဝင်ခဲ့သော ရှေးဟောင်းသုတေ သန ပညာရှင် အန်ဒီဘရော့ခ်မန်းက ပြောကြားခဲ့သည်။

ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ် ၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ခြောက်စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု တူးဖော်ရေးအဖွဲ့ကယုံကြည်ထားသည်။

လတ်တလောတွင် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှုများမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါက အရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေရှိသည်။ ယခုတူး ဖော်မှုကြောင့် စစ်ပွဲသမိုင်းနှင့် လေ ယာဉ်အကြောင်း စိတ်ဝင်စားသူများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ကြောင်း သိရသည်။
EMG

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com