http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခိုက်ရန်ဖြစ်ပွား၍ သေဆုံးသွားသည့် အရပ်သားလူငယ်ကိစ္စတပ်မတော်သား သုံးဦးအား ခုံရုံးဖွဲ့စစ်ဆေးမည်ဟုဆို

ဟင်္သာတမြို့ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုတွင် သေဆုံးသွားသော လူ ငယ်တစ်ဦးနှင့်ပတ်သက်၍ တပ် မတော်သားသုံးဦးအား ဖမ်းဆီး ချုပ်နှောင်ထားကြောင်း အမှတ် (၁၈)၊ ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက အတည်ပြု ပြောကြားသည်။
သေဆုံးသွားသော အသက် (၁၇နှစ်)အရွယ် မောင်သန်းထိုက် အောင်မှာ အခင်းဖြစ်ပွားသည့် နေ့က အမှတ်(၁၈)ခြေလျင်တပ် ရင်းရှေ့ လမ်းမကြီးပေါ်တွင် ၎င်းင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တပ်သားတစ်ဦးအား ၀င်တိုးမိ ရာမှ ယင်းတပ်သားနှင့်အတူ ပါလာသော ဒုတပ်ကြပ်နှစ်ဦးတို့က ၀ိုင်း ၀န်းထိုးကြိတ်ကြသောကြောင့် ဒီဇင်ဘာ ၂၅ ရက်တွင် ဟင်္သာတပြည် သူ့ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၇ရက်တွင် ဟင်္သာတဆေးရုံအုပ်ကြီးက ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွှဲ ပြောင်းပေးခဲ့ပြီး ယင်းနေ့တွင်ပင် ဦးနှောက်အတွင်း သွေးခဲသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိ ရသည်။“အမှုမှာ ပါဝင်ပတ်သက်နေ တဲ့ သုံးယောက်ကို တပ်အချုပ်ထဲ မှာ ဖမ်းဆီးထားပါတယ်။ ဒီအမှု ကို ခုံရုံးဖွဲ့စစ်ဆေးပြီး စစ်စည်း ကမ်းအရ အရေးယူနိုင်ဖို့ ဆောင် ရွက်နေပါတယ်”” ဟု အထက်ပါ ဗိုလ်ကြီးက 7Day News သို့ တယ်လီဖုန်းမှတစ်ဆင့်ဖြေ ကြားသည်။

ဟင်္သာတဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြား ရာတွင် လူနာမှာ ဦးနှောက်ခွံနှင့် ဦးနှောက်အမြှေးကြား သွေးယို စီးပြီး သွေးခဲနေသည့်အတွက် ဟင်္သာတတွင် ခွဲစိတ်ရန် မဖြစ်နိုင် ၍ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း လူနာအခြေအနေမှာ စိုးရိမ်ရ၍ ခရီးကြန့်ကြာ မှု မဖြစ်စေရန် ဆေးရုံးသုံး လူနာတင်ယာဉ်ဖြင့် စီစဉ်ပေးခဲ့ရကြောင်းသိရသည်။““ခလရ(၁၈)က ဟင်္သာတ မြို့နဲ့ရော ရွာတွေနဲ့ပါ နီးနီးလေးပါ။ တပ်မတော်အပေါ် ဒေသခံတွေရဲ့ ယုံကြည်မှုကိုရဖို့အတွက် တရားစီရင်ရေးပိုင်းကနေ ထင်သာမြင်သာရှိအောင် ဖြေရှင်းပေးစေချင် ပါတယ်”” ဟု ဟင်္သာတမြို့ခံ ကို ကျော်စွာကပြောသည်

။သေဆုံးသူ၏ ဖခင်ဖြစ်သူ ကိုအောင်မင်းနိုင်က ““လူငယ်တစ် ယောက်ကို လူအင်အားနဲ့မမျှမတ လုပ်သွားတာတော့ အဖေတစ် ယောက်အနေနဲ့ စိတ်မကောင်းပါဘူး။ တပ်က ဗိုလ်ကြီးကတော့ ဖြစ်သင့်တဲ့အတိုင်း လုပ်ပေးမယ် လို့တော့ ပြောပါတယ်”” ဟုဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာ လအတွင်းကလည်း ပဲခူးမြို့တွင် အမှတ်(၅၉)ခြေလျင်တပ်ရင်းမှ တပ်သားနှစ်ဦးက ဒေသခံလူငယ် နှစ်ဦးအား သေနတ်ဖြင့် ပစ်သတ် မှုဖြစ်ပွားခဲ့ပြီး နေပြည်တော်မှ တာ ၀န်ရှိသူများက ထိုအမှုတွင် ပါဝင် ပတ်သက်သော သုံးပွင့်အဆင့်ရှိ ဗိုလ်ကြီးနှစ်ဦးအား ရာထူးမှ ဖြုတ် ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်စီချမှတ်ကာ တပ်သားတစ် ဦးအား အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၂၀ နှစ် ချမှတ်အပြစ်ပေးခဲ့ ကြောင်း ယင်းဖြစ်စဉ်တွင် သေဆုံး ခဲ့သည့် မောင်အောင်သူဟိန်း၏ အဒေါ်ဖြစ်သူ ဒေါ်ထူးကပြောသည်။7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com