http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နေပြည်တော် လေးလပတ်အစည်းအဝေးတွင် လိုင်ဇာသိမ်းပိုက်ရေး အစီအစဉ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိ

Thursday, January 31, 2013

မြန်မာ့တပ်မတော်၏ လေးလပတ်အစည်းအဝေးကို နေပြည်တော်တွင် ပြီးခဲ့သည့်တနင်္လာနေ့က စတင် ကျင်းပလျက်ရှိကြောင်းသိရသည်။ ယင်းအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ခေါင်းဆောင်များနှင့် တိုင်းမှူး၊ တပ်မမှူးများအားလုံး တက်ရောက်နေကြသည်။

အစည်းအဝေးတက်ရောက်နေကြသည့် စစ်ဘက်ဆိုင်ရာအသိုင်း
အ၀ိုင်းမှ ပြောကြားချက်များအရ ယခုလေးလပတ်အစည်းအဝေးတွင် KIA နှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်ကို အဓိကထားဆွေးနွေး ဆုံးဖြတ်မည်ဟုသိရသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းသာမက တိုင်းမှူး၊ တပ်မမှူး
အများစုကမြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်ရေး လိုလားလျက်ရှိပြီး ယင်းကိစ္စအတွက် KIA ဌာနချုပ်လိုင်ဇာအားသိမ်းပိုက်ရန် မလွဲမသွေ လိုအပ်သည်ဟု သုံးသပ်ထားပုံရကြောင်း နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းအတွင်းမှသိရသည်။

ကချင်ပြည်နယ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းတပ်ရင်းများ
အပါအ၀င် ခြေမြန်တပ်မများ၊ စကခများ အင်အားအပြည့်အဝ
ရောက်ရှိနေသည့်အပြင် အဓိကပစ်ကူဖြစ်သည့် အမြောက်တပ်များလည်း
ရှေ့တန်းနေရာများအထိ အသင့်အနေအထားဖြစ်နေသည့်အတွက် လက်ရှိအချိန်သည် လိုင်ဇာကိုသိမ်းပိုက်ရန် အသင့်တော်ဆုံး
အချိန်ဖြစ်သည်ဟု သုံးသပ်ထားကြပုံရသည်။

မြန်မာ့တပ်မတော်အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက လိုင်ဇာမြို့၏ အဓိက၀င်ပေါက်ဖြစ်သည့် ပွိုင့်-၇၇၁ တောင်ကုန်းကို သိမ်းပိုက်ပြီးနောက် မဟာဗျူဟာအရအရေးပါသော အမြင့်ဆုံးခါယာတောင်ကုန်းကို ဆက်လက်သိမ်းယူ ခဲ့သည်။ စစ်တပ်ရှေ့တန်းစစ်ကြောင်းများသည် လိုင်ဇာနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေကြပြီဖြစ်သည်။

လိုင်ဇာ၏လုံခြုံရေးအတွက်အရေးပါသည့် ရှေ့ကာစခန်းနှင့်တောင်ကုန်း
အားလုံးနီးပါးကို မြန်မာ့တပ်မတော်က သိမ်းပိုက်ရရှိထားခြင်းနှင့် ယင်းတောင်ကုန်းများပေါ်မှ လိုင်ဇာမြို့သို့ ထိရောက်သည့်ပစ်ကူများပေးနိုင်လျက်ရှိခြင်း တို့ကြောင့် မြေပြင်တပ်များ လိုင်ဇာကို အလွယ်တကူ
ဝင်ရောက်သိမ်းပိုက်နိုင်မည့်အခြေအနေရှိနေသည်ဟု မြန်မာ-တရုတ်နယ်စပ် စစ်ရေးလေ့လာသူတစ်ချို့ကဆိုသည်။

ရှေ့တန်းတပ်မမှူး၊ ဗျူဟာမှူးများအနေဖြင့်လည်း လက်ရှိနေရာများတွင်ခြေကုတ်ယူ၍ လိုင်ဇာအားခြိမ်းခြောက် နေခြင်းထက် အနည်းငယ်မျှရှေ့တိုး၍တိုက်ခိုက်ပါက ရက်ပိုင်းအတွင်း လိုင်ဇာအားအလွယ်တကူ သိမ်းပိုက်နိုင်မည့် အခြေအနေကို လက်လွတ်ခံချင်ပုံမရှိပေ။

လိုင်ဇာ၏အခြေအနေကို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းမှလည်း သုံးသပ်နေမည်မှာသေချာပါသည်။ အချို့တပ်မှူးများအနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးမလုပ်ချင်သည့် KIA အား လိုင်ဇာကိုသိမ်းပိုက်
ခြင်းဖြင့်သာ အလဲထိုးနိုင်မည်ဟု ယူဆလျက်ရှိကြသည်။

ထို့အပြင် မြန်မာ့တပ်မတော်အနေဖြင့် ထိခိုက်ကျဆုံးမှုစာရင်းအား ယခင်ကထုတ်ဖော်ပြောကြားလေ့ မရှိသော်လည်း ယခုကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေခြင်းကို ကြည့်ခြင်းအားဖြင့် တပ်မတော်အတွင်း KIA ကို
တိုက်ခိုက်ရန် စိတ်ဓာတ်ရေးရာလှုံ့ဆော်မှုများ ဆောင်ရွက်နေသည်ဟု ယူဆဖွယ်ရှိနေသည်။

ခြုံငုံကြည့်ပါက နေပြည်တော်တွင်ကျင်းပနေသော မြန်မာ့တပ်မတော်၏လေးလပတ်အစည်းအဝေးတွင် KIA ဌာနချုပ်လိုင်ဇာအား သိမ်းပိုက်မည့်စီမံချက်တစ်ရပ်ကို အတည်ပြုဆုံးဖြတ်ဖွယ်ရှိနေကြောင်း သုံးသပ်ရသည့်
အတွက် သတိထားလေ့လာစောင့်ကြည့်သွားရမည်ဖြစ်သည်။

လင်းအိမ်ပိုင်
Myanmar News Now

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com