http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသမှာ တရုတ်ကုမ္ပဏီ ရှားပါးသတ္တုများ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်းအလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့
နယ် အငူမော် ကမ်းခြေတဝိုက်မှာ တရုတ်နိုင်ငံအခြေစိုက် Gold Finder သတ္တုတူးဖော်ရေး
ကုမ္ပဏီက အလူမီနီယမ် နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိ ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

အဲဒီကမ်းခြေတဝိုက်မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် ဓါတ်သတ္တုတွေပါဝင်တဲ့ ရှားပါးသဲမြေတွေကို တွေ့ရှိရတာဖြစ်ပြီး အဲဒီ Gold Finder ကုမ္ပဏီအနေနဲ့ စမ်းသပ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်သန်းတင်က RFA ကို ပြောကြားပါတယ်။

Gold Finder ကုမ္ပဏီအနေနဲ့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ အဲဒီကမ်းခြေတွေက သဲမြေတွေဟာ သဲတန်ချိန်ပေါင်း ၅ဝဝ မှာ အလူမီနီယမ်နဲ့ တိုက်တေနီယမ် သတ္တုအလေးချိန် ၁ တန်အထိ သန့်စင်ရယူနိုင်တယ်လို့လည်း သိရပါတယ်။

တိုက်တေနီယမ်သတ္တုဟာ အဖိုးတန်ဓါတ်သတ္တုတစ်မျိုးဖြစ်ပြီး ပေါ့ပါးပြီးမာကျောတဲ့
အတွက် လေယာဉ်အင်ဂျင်နဲ့ ဒုံးကျည်တွေ၊ အာကာသယာဉ်တွေပြုလုပ်ရာမှာ အသုံးပြုတဲ့ သတ္တုတစ်မျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

RFA (မြန်မာပိုင်း)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com