http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ပုသိမ်မောင်းထောင်းကျောင်း၌ ဆရာတော်ဦးသုမင်္ဂလ တရားဟောမည်

ယမန်နေ့ကမှ တရားဟောခွင့်ပြန်လည်ရရှိခဲ့သည့် ဆရာတော်ဦးသုမင်္ဂလ၏ တရားပွဲကို ပုသိမ်မြို့ မောင်းထောင်ကျောင်းတွင် လာမည့် ဇန်န၀ါရီလ(၂၉)ရက်နေ့ ၌ကျင်းပမည် ဖြစ်သည်ဟု လွန်ခဲ့သော(၁)လကျော်ကတည်း က ကြေငြာထားသည်။

ပုသိမ်မြို့မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သော အကြိမ်(၃၀)မြောက် ပုသိမ်ခရိုင်လုံး ဆိုင်ရာ ရွှေကျင်နိကာယ၀ိနယဓမ္မစာဖြေစာပြန် ပွဲတော်ကြီး၏ ဓမ္မပူဇာတရားပွဲတွင် ဒယ်အိုးဆရာတော်ဟု လူသိများသောဆရာတော်ဦးသုမင်္ဂလမှ ယခုလ (၂၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ သုံးရက်တိုင်တိုင် ဟောပြောမည်ဖြစ်ကြောင်း ထည့်သွင်းကြေငြာထားခြင်း ဖြစ်သည်။

“ဦးတို့လည်း ကြေငြာထားလို့သာ သိရတာ၊ တကယ်ကောဆရာတော်ရဲ့တရားကို နာမှနာခွင့်ရမှ ရပါ့မလားလို့ စိတ်ထင့်နေတာ၊ မနေ့က သတင်းကြားမှပဲ စိတ်ချမ်းသာရတော့တယ်”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဆရာတော်ဦးသုမင်္ဂလကို ကာလအတန်ကြာ တရားဟောပြောခွင့်ပိတ်ထားရာမှ ဇန်န၀ါရီ(၂၅)ရက် နေ့လည်၁နာရီ အချိန်က ရွှေတိဂုံစေတီတော် အရှေ့မုဒ် ကြေးသွန်းဘုရားကြီးရှေ့ရှိ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ရုံးတွင် ရုံးမှဆရာတော်ကြီးများနှင့် မိနစ်(၃၀)ကျော်အကြာ တွေ့ဆုံအပြီး တရားဟောပြောခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဆရာတော်မှ ဒကာ၊ဒကာမများနှင့် မီဒီယာများအား မိန့်ကြားခဲ့သည်။

စာပြန်ပွဲလက်ခံကျင်းပမည့် ပုသိမ်မြို့မောင်းထောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဦးပညာဓိကမှ တရားပွဲအား အစီအစဉ်အတိုင်းသာ ကျင်းပခြင်းဖြစ်သည်ဟု မိန့်ကြားသည်။

(၃၀)ကြိမ်မြောက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ၀ိနယဓမ္မစာဖြေစာပြန် ပွဲတော် ကြီးကို ဖေဖေါ်ဝါရီလ(၅)ရက်နေ့မှ (၉)ရက်နေ့အထိ ပုသိမ်မြို့မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဓမ္မသဘင်အဖြစ် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသပိတ်အိုင်ဆရာတော်ဘဒ္ဒန္တဥာဏိသရ၊ ဒယ်အိုးဆရာတော် ဘဒ္ဒန္တဦး သုမင်္ဂလ၊ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ(ဓမ္မဒူတ)အပါအ၀င် ဆရာတော်(၁၀)ပါးမှ (၁၂)ရက်တိုင်တိုင် ညစဉ် ၇း၃၀အချိန်မှ စတင်၍ တရားဓမ္မများအား ဟောကြားသွားမည်ဖြစ်သည်။
မျိုးမင်းထွန်း (မြစ်မခ)
Myit Makha Mediagroup

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com