အေအက်ဖ်ပီ
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် စူအမ်ချောင်ရှိ မြေဆီလွှာနမူနာတွင် ကက်ဒမီယံ ဒြပ်စင်အဆသုံးရာခန့် ပါဝင် နေပြီး၊ ၎င်းဒေသရှိ ရွာသား ၃၀၀၀ အနက် ၅၀၀ မှာ ကက်ဒမီယံဓာတ် အလွန်အမင်းများပြားနေကြောင်း ကျန်းမာရေးအရာရှိများမှ ဆေးစစ်ရာတွင် တွေ့ရှိခဲ့ရသည်ဟု ဇူလိုင် ၃၁ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။
ကက်ဒမီယံဓာတ် များပြားခြင်းကြောင့် လွန်ခဲ့သောလေးနှစ်အတွင်း လူပေါင်း ၂၆ ဦးထက်မနက် သေဆုံးခဲ့ သည်။ အဆိုပါသေဆုံးသူများအနက် ရှစ်ဦးမှာ အသက် ၆၀ အောက်ငယ်ရွယ်သူများဖြစ်ကြပြီး၊ ၂၀ ဦးမှာ ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သည်။
ထို့အပြင် ကျေးရွာတွင်းရှိ ကလေးများမှာလည်း မွေးရာပါ မသန်စွမ်းဖြစ်နေသည်။ အဆိုပါရွာတွင် အကြီးစား ဓာတု စက်ရုံတစ်ခုအား၂၀၀၉ ခုနှစ်အထိလည်ပတ်ခဲ့ပြီး၊ စက်မှုစွန့်ပစ် ပစ္စည်းများမှာလည်း စက်ရုံမြေပြင် တွင် ယနေ့တိုင် ရှိနေဆဲဖြစ်သည်။ ဆိုးရွားသည့် အနံ့အသက်များမှာ လည်း ပျောက်ပြယ်သွားခြင်း မရှိသေးပေ။
Mizzima - News in Burmese
ဟူနန်ပြည်နယ်တွင် လူပေါင်းများစွာ ကက်ဒမီယံဓာတုအဆိပ်သင့်
Labels:
ကျန်းမာရေး
,
ပြည်ပသတင်း