http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

အနုပညာနယ်ပယ်အသီးသီးမှ ရှစ်လေးလုံးအရေးတော်ပုံကာလမှတ်မှတ်ရရ ဖွင့်ဟသံ

မာမာအေး
" အဲဒီအချိန်တုန်းက အိမ်ထဲမှာပဲ နေတယ်။ အိမ်မှာနေရင်းနဲ့တောင် ရင် တထိတ်ထိတ်ဖြစ်ရတယ်။ ပစ်ကြခတ်ကြတဲ့အသံတွေကြားတော့ စိတ်မ ချမ်းသာဘူးပေါ့နော်။ အိမ်မှာက အန်တီရဲ့ အမေနဲ့ နှစ်ယောက်ပဲရှိ တယ်။ ဒီရပ်ကွက်ကို ဗုံးကြဲမယ်၊ ဘာလုပ်မယ်ဆိုပြီး အသံတွေ ကြားရ တော့ ကလေးတွေကိုလည်း တခြားကို ပို့ထားတယ်။ အစိုးရကလည်း လက်နက်ဆိုတာ ဘာလက်နက်မှမထားရဘူး ဆိုတော့ လောက်လေးခွ တောင် မရှိဘူး။

မြို့ထဲကနေ သတင်းတစ်ခုကြားရင် ဟုတ်မှန်းလည်း မသိ မဟုတ်မှန်းလည်း မသိ။စိတ်တွေ ဆင်းရဲပြီးတော့ ဘာမှ မဖြစ်ကြပါနဲ့ လို့တောင် ဆုမတောင်းနိုင်ခဲ့ဘူး။အန်တီက မြန်မာ့အသံကနေ ထွက် ခဲ့တာ ၇၇ခုနှစ်ကတည်းကပါ။ တချို့က ရောနေတယ်။ အန်တီအေး ကို ၈၈ကျမှ ထွက်တယ်လို့ ထင်နေကြတယ်။ ၈၈မှာတုန်းက ကျန်းမာရေးမကောင်းဘူး။ ခဏခဏမူးလဲတာတွေဖြစ်ဖြစ် သွား တော့ မလုပ်တော့ဘူး။ နိုင်ငံတော်ကို ကူညီချင်တယ်ဆိုရင်လည်း အပြင်ကပဲ လုပ်တော့မယ်ဆိုပြီး ထွက်ခဲ့တာပါ။ ၈၈ကတော့ တကယ်ကို ဒီမိုကရေစီရသင့်ပြီမို့လို့ ပြည်သူတွေက တောင်း ဆိုကြတာလေ။ ဒီမိုကရေစီရဖို့ အခွင့်အရေးတွေပေါ်လာတဲ့ အချိန်မှာ ဒီထက်ပိုရအောင်လို့ ဝိုင်းဝန်းပြီး ဖော်ထုတ်သင့်ပါတယ်လို့ ပြောချင်ပါတယ်"

မောင်စိန်ဝင်း(ပုတီးကုန်း)

" ၈၈တုန်းက ဆရာကစက်ရုံမှာ အင်ဂျင်နီယာဖြစ်နေပြီလေ။ အဲဒီ စက်ရုံကအလုပ်သမားတွေနဲ့အ တူတူပဲ လှုပ်ရှားကြတာပေါ့။ စင်ပေါ်မှာရွတ်တဲ့ကဗျာအရှည်ကြီးပေါ့။ အဲဒီအထဲကမှ အကျုံးဝင်နိုင်တဲ့ ကဗျာလေးကို ရွတ်ပြမယ်။ အဲဒီ အပုဒ်လေးက " အသက်များစွာ စတေး၊ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတို့ရဲ့သွေးများနဲ့ နီမောင်းမောင်း အရောင်ဖြာ ဟောဟိုမှာ ဒီမိုကရေစီရောင်နီပျို့တက် အရုဏ်တက်ပြီ လက်တစ်ကမ်းမှာ အလင်းဖြာတဲ့ အရုဏ်ကို ရိုကျိုးမြတ်နိုးစွာ ထိန်းသိမ်း၊ ငြိမ်းချမ်း စွာစောင့်ရှောက်၊ ဤကမ္ဘာမှာ ပြည်သူလောက် ကြီးမြတ်သော အရာရှိသည်မရှိ ပြည်သူ၏ဆန္ဒလောက် စူးရှသောကဗျာသည်မရှိ၊ ပြည်သူ၏ လှုပ်ရှားမှုမြင် ကွင်းလောက်ကောင်းမွန်သော ပန်းချီသည်မရှိ၊ ပြည်သူသည် ပြည်သူ့အတွက် လက်နဲ့မရေး အသက်နဲ့ရေး၏ ဆေးနဲ့မခြယ်သွေး နဲ့ခြယ်၏၊

ဘယ်သူကြည့်ကြည့် ညွှတ်တုံ့မိစရာ ဇာတိမာန်ထက်၊ ကြက်သီး ထစရာဟောဒီမှာ မဟာသူရဲကောင်းများ ပန်းချီကား" ဆိုတဲ့ ကဗျာပေါ့။ ကျွန်တော် ကိုယ်တိုင်ရေးပြီးတော့ အဲဒီတုန်းက စင်ပေါ်မှာရွတ်တယ်။ ရွတ်ပြီး ကတည်းက အိမ်ကိုထောက်လှမ်း ရေးတွေလာတော့ မီးရှို့တဲ့အထဲကို ပါသွားရော။ အံ့သြဖို့ကောင်းတာက အဲဒီကဗျာကိုကာ တွန်းဆရာဦးဖေသိန်းရဲ့သမီးမပွင့်ဆီကပြန်ရတယ်။"

အရိုင်း
" ၈၈ အရေးအခင်းတုန်းကဆို အနုပညာသမားလည်းဖြစ်နေပြီ။ ဒီအလုပ်တွေလုပ်ရင် တစ်နေ့မှာ အဖမ်းခံရမယ်။ ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရဲ့လားလို့မေးပြီးမှ လုပ်တာ။ ဆေးရုံကြီးမှာ သံစည်ပိုင်းပြတ်ပေါ် ကနေ စပီကာမပါဘဲ တရားတွေ တက်ဟောခဲ့တာ မှတ်မှတ်ရရပါပဲ။ ကျောင်းထဲမှာ အဝိုင်း ခံရတဲ့အချိန်က မင်းကိုနိုင်၊ မောင်မောင်ကျော်၊ ကိုကိုကြီးတို့ တကယ့်ကျောင်းသားခေါင်းဆောင်တွေ တရားတက်ဟောတဲ့ အချိန်။

ဦးရိုင်းတို့က အဓိပတိလမ်းမပေါ်မှာထိုင်ပြီး လက်ခုပ်တီး၊ သူတို့တွေ ဝါဒဖြန့်စာတမ်းတွေရေးနိုင်ဖို့အတွက် စာအုပ်တွေ လှူကြတာပေါ့။ နောက်ရက်တွေကျတော့ ရန်ကုန်ဆေးရုံကြီး ရောက်သွားတာ။ အဲဒီမှာ သူငယ် ချင်းတွေ အကုန်ပြန်စုပြီး ဦးဇာဂနာ၊ ဦးမိုးဝင်းတို့၊ ကိုညီဝင်းစိန်၊ ဦးဇင်ဝိုင်းတို့နဲ့စုပြီး တရားဟောကြတာ၊စုပြီး လက်မှတ် တွေထိုးကြတာ။ အလုပ်သမားအဖွဲ့အစည်း၊ အနုပညာအဖွဲ့ အစည်း၊ ကျောင်းသားအဖွဲ့ အစည်းတွေ၊ တခြားအဖွဲ့အစည်းတွေ အကုန်ပေါင်းစည်းမိကြတာ။ ဒါက ဘယ်သူကမှ ဘယ်အမိန့်နဲ့မှ ဖျောက် ဖျက်လို့မရတဲ့ သမိုင်းရဲ့ မှတ်တိုင်အစစ်ပဲလေ။ "

ဗေလုဝ
" ၈၈တုန်းက အစအဆုံးကို ပါဝင်ခဲ့တာပါပဲ။ တစ်တိုင်းတစ်ပြည် လုံးပါပဲ။ ကျွန်တော်က ၈ရပ်ကွက်မှာ သပိတ်ခေါင်းဆောင်လုပ်ခဲ့တယ်။ အားလုံး တာဝန်ကျေခဲ့ကြတာပါ။ ၈၈ကတော့ အထင်ကရနေ့ပါပဲ။

ပြည်သူ တွေအားလုံးအသက်သွေး ချွေးတွေပေးခဲ့ရတာ ဖြစ်တဲ့အတွက် ဒီကလေးတွေအတွက် အင်မတန်အောက်မေ့ဖွယ်ရာနေ့ ကလေးပါ။ဖြစ်စေချင်တာကတော့ အသက်ပေးသွားတဲ့လူတွေ အတွက် အလှူ အတန်းတွေလုပ်ပြီး ဆုတောင်းပေးစေချင်ပါတယ်။ တိုင်း ပြည်ကြီး ကတော့ ဆက်သွားနေဦးမှာပါပဲ။ ဒီလိုမျိုး အသက်သွေးချွေးတွေ ပေးဆပ်ရတာမျိုး မတွေ့ချင်မမြင်ချင်တော့ပါဘူး"

ဂျေညီညီ

" ကျွန်တော့် ကျေးဇူးရှင်ပြည်သူ တွေကို အစော်ကားခံနေ ရတယ်ဆိုတဲ့ ခံစားချက်အသိနဲ့ ဒီထဲမှာ ထဲထဲဝင်ဝင် ပါဖြစ်သွားတာပါ။ အဲဒီတုန်းက ပြည်သူ့ဆေးရုံကြီးက တော့ စုရပ်ပဲပေါ့။ ပထမဆုံးတော့ ကိုအံ့ကျော်တို့တွေ၊ ကိုဇာဂနာတို့တွေ လှုပ်ရှားနေကြပြီ။ နောက်ပိုင်းမှာ ကျွန်တော်တို့ ဂီတသမားတွေလည်း ပါဝင်လှုပ်ရှား ကြရာမှာ ကျွန်တော်က တော်တော်လေးထဲထဲဝင်ဝင်လုပ် လိုက်မိတယ်ပေါ့ဗျာ။

ဆေးရုံကြီးထဲမှာပဲ ဟောပြောနေရာကနေ လမ်း တွေပေါ်ထွက်ပြီး လူထုကို စည်းရုံး ကြတယ်။ ၈၈ အတွက် ကို တာဆူကြတဲ့အချိန်မှာ အဲဒါကြီးကို ဆိုင်းဘုတ်ဖြုတ်ချပြီး မြန်မာနိုင်ငံဂီတပညာရှင်များသမဂ္ဂဆိုတာ ယာယီဖွဲ့တယ်။ အနုပညာ သမားဖြစ်နေတဲ့အတွက် လူထုကို စည်းရုံးတဲ့နေရာမှာ ပိုထိ ရောက်မယ် ဆိုတဲ့ အဲဒီအားနဲ့ ဒီအရေးအခင်းကြီး ကို ပါဝင်ဆင် နွှဲခဲ့တာပါ။ ကျွန်တော်လည်း အများကြီးဟောပြောခဲ့တယ်။ အဲဒီ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရပြောရရင် လူငယ်တွေ လေ့လာကြ ပါ။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ ဘယ်လို အပ်စပ်မလဲ လေ့လာပါ။ အဲဒီအချိန်တုန်းက ကျွန် တော်တို့တွေ ဘာမှမသိခဲ့ရဘဲ လုပ်ခဲ့ရတာ။ အခုကတော့ ပွင့်လင်းမြင်သာ မှုလည်း ရှိနေပြီဆိုတော့လေ့လာပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် ကောင်း အောင်ကြိုးစားပါ။ ပြီးရင် ကိုယ့်ဘေး က လူတွေအတွက် လည်းကောင်းအောင် ကြိုးစားလုပ် ပေးပါ"

နိုင်မြန်မာ(တေးရေး)
" ၈၈ကို ရိုးရိုးလေးပဲ သုံးသပ်တယ်။ ကိုယ့်တိုင်းပြည်ကောင်းအောင် တစာ စာနဲ့ ကျွန်တော်တို့ ပြောလာခဲ့ကြတာ။ ကိုယ့်တိုင်းပြည်ကို တကယ်မချစ်ဘဲနဲ့ ဒီလိုပြောနိုင်ဖို့ မလွယ်ဘူး။ ၈၈တုန်း က ကျွန်တော့်အသက်က ၂၈၊ ၂၉ ပေါ့။ လူငယ်ထက် လူရွယ်ပိုင်းပေါ့။ ခေတ်အဆက်ဆက်မှာ တိုင်းပြည်တစ် ခုကို တိုးတက်ဖို့အတွက် အရင်ဆုံးစပြီး တံခါးခေါက်ကြတာ ဒီအရွယ်တွေပါ။ ၈၈မှာ ကျွန်တော်က သီချင်းလောကထဲကို အသက် ၂၃နှစ်မှာ ဝင်တယ်။ ၂၃ နှစ်လောက်ကစပြီး ဝင်လာပြီး တော့ အသက် ၂၈နှစ်လောက်မှာ ဒီလူထုအရေးတော်ပုံဖြစ်တယ်။

အမှန်ကတော့ ရှင်းရှင်းပြောရရင် ဘယ်သူ့ကိုမှ တိုက်ခိုက်ဖို့ဆိုတဲ့ စိတ်မျိုးနဲ့ နေလာခဲ့ကြတာမဟုတ်ဘူး။ ကိုယ့်မျက်စိရှေ့မှာ၊ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေနေတာ။ ကိုယ့်ပြည်သူလူထုတွေ ဘယ်လိုဒုက္ခတွေ၊ဘယ်လိုကျပ်တည်း ကျဉ်းမြောင်းမှုတွေကို ဘယ်လိုကျော်လွှားနေကြတယ်ဆိုတာကို မြန်မာနိုင်ငံနဲ့ နှစ်ရှည် လများ ဝေးကွာနေရင်မသိနိုင်ဘူး။ ဒါပေမဲ့ ဒီမှာအမြဲနေတဲ့ သူကတော့ အကုန်သိတယ်။ အဲဒီသိတဲ့အပေါ်မှာ ရုန်ြး<ွကမှုတွေ စိတ်ထဲမှာ ဖြစ်တယ်။ ဒေါသထွက်စရာတွေတွေ့ရင် ဒေါသထွက်တယ်။ မတရားလုပ်တာမြင်ရင် မကျေနပ်ဘူး။ ဒါကြောင့်မို့လို့ ၈၈ အရေးအခင်းကြီးဖြစ်တယ်။ ကျွန်တော်တို့က ပါဝင်ကပြရတဲ့ခေတ် ရဲ့ ဇာတ်ကောင်တွေပါပဲ။"

မိုးမင်း
" ကျွန်တော်က (၈၈)ကာလမှာ ၂၁နှစ်အရွယ်ပေါ့။ ကျွန်တော်တို့ တွေက အနုပညာသမားတွေလည်း ဖြစ်တော့ ဟောပြောပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့ တယ်။ အနုပညာရှင်တွေကို လိုက်လံ စည်းရုံးခြင်းပေါ့။ မိမိတို့ အနုပညာ သမားတွေက တစ်တပ်တစ်အားပါဝင်တယ်ဆိုရင် ပြည်သူတွေ ကလည်း ပါဝင်ပြီးတော့ လှုပ်ရှားချင်လာမှာလေ။ အဲဒီကာလမှာ ကျွန်တော့်အနေနဲ့က အနုပညာသမားထက် စာရင်ကျောင်းသားတစ် ယောက်ရဲ့ စိတ်ပဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းပြီးတာ က မကြာသေးဘူးလေ။ကျောင်းသားတွေကို ဆုံးမမှုက ကြမ်းတမ်း လွန်းတယ်ဆိုပြီးတော့ မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။ပြည်သူတွေရဲ့ ဒုက္ခ၊ အခက်အခဲတွေကို မြင်တွေ့နေရတဲ့အတွက်ကြောင့် လူငယ်တစ် ယောက်အနေနဲ့ မခံစားနိုင်ခဲ့ဘူး။

အဲ့ဒီစိတ်ရင်းနဲ့ ဝင်ရောက်လှုပ်ရှား ခဲ့တယ်။ မိမိရဲ့အသက်ကို စွန့်ပြီးတော့ တိုင်းပြည်အတွက်၊ လူမျိုးကောင်းကျိုးအတွက် လုပ်ဆောင်နိုင်သော စိတ်ဓာတ်မျိုး တွေကျတော့ မဖြစ်မနေကို မွေးထုတ်ထားသင့်တယ်။ ရှစ်လေးလုံး က အမှတ်တရလည်းဖြစ်တယ်။ သူ့ရဲ့ ခုနှစ်နဲ့ နေ့ရက်အချိန်ကာလ က အလွန်ကို တိုက်ဆိုင်နေတယ်။ ဒါကြောင့် ဒီနေ့လေးကို ကျွန်တော်တို့ နိုင်ငံရဲ့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ထားသင့်တဲ့ နေ့ရက်တစ်ခုလို့တော့ ကျွန်တော်မျှော်လင့်ပါတယ်"

လူမင်း

" ၈၈ဆိုတာ အစ်ကိုတို့ မြန်မာ နိုင်ငံရဲ့ သမိုင်းမှာ ဘယ်လိုမှ ချန် ထားလို့မရတဲ့ စာမျက်နှာတစ်ခုပါ။ ကျောင်းသားတွေနဲ့လည်း ဆိုင်တာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ လူ ထုလူတန်းစားတစ်ရပ်ပါဝင်ဆင်နွှဲ ခဲ့တဲ့ ၈၈အရေးတော်ပုံ၊ အဲဒါကြောင့် မို့လို့ အခုအစ်ကိုတို့ ရနေတဲ့ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေစားသုံးခွင့် ရနေတယ်ဆိုတာ အဲဒီတုန်းက စပြီး ပြုစုပျိုးထောင်ခဲ့လို့ပေါ့။ အလကား ရလာတာမဟုတ်ဘူး။ အဲဒါကြောင့် အားလုံးနဲ့ဆိုင်တယ်။ တစ်တိုင်းတစ် ပြည်လုံးနဲ့လည်း ဆိုင်တယ်။အဲဒီလို မျိုးခံယူချက်ကြောင့် ပညာရှင်တွေနဲ့လည်း ဆိုင်တယ်။

ကိုယ့်စိတ်ထဲမှာ လည်း အဲဒီလိုမျိုး ခံယူထားတယ်။ အမှန်အတိုင်းပြောရရင် ၈၈တုန်းက အစ်ကိုက ၁၈နှစ်သားပဲရှိသေးတယ်။ အခုချိန်မှာ ကိုယ်ပြောသလောက် ကိုယ်တွေးခေါ်သလောက် အဲဒီ အချိန်တုန်းက အစ်ကို Óဏ်မမီခဲ့ ပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့သမိုင်းကိုတော့ ဒီတိုင်းပြည်မှာနေတဲ့ သူတိုင်း သိထားသင့်ပါတယ်"

ဒါရိုက်တာကြည်ဖြူသျှင်
" ဆန္ဒပြတဲ့ ကာလတုန်းကဆိုရင် အစ်မရဲ့အဖေနဲ့ဦးလေးတွေက မြို့ တော်ခန်းမရှေ့သွားကြတယ်။ ဆန္ဒ ပြတဲ့သူတွေကို သွားအားပေးတယ်။ အဲဒီတုန်းက ကျွန်မအရွယ်က ၆တန်း လောက်ပဲရှိသေးတယ်။ ကျွန်မနဲ့ ကစားဖော်တွေ ၉တန်းလောက် ရှိနေပြီ။ သူတို့တွေက ပါဝင်ပြီး ဆန္ဒပြကြတယ်။ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြ တဲ့အထဲမှာ ကျွန်မတို့ သူငယ်ချင်းတွေပါတော့ သွားတွေ့ပြီး အားပေးစကားပြောတယ်။ မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြတာကလည်း ရက်တွေက မနည်းတော့ဘူး။ လူပေါင်း များစွာက ဆန္ဒပြခဲ့ကြတယ်။

ဟောပြောပွဲတွေ လုပ်ကြတယ်။၈ရက်နေ့ ညမှာတော့ ပြေးသံတွေ၊ သေနတ်သံတွေ ဆူညံနေအောင် ကြားခဲ့ရတယ်။ သိပ်ကိုကြေကွဲစရာကောင်းတဲ့ အခြေအနေ ဆိုးကြီးကို ဖြစ်သွားတယ်။ ကမ္ဘာတည်သရွေ့ ရှစ်လေးလုံး ဆိုတာကြီးက ဘယ်တော့မှ မမေ့သင့်တဲ့ နေ့တစ်နေ့ပါပဲ။ အဲဒီ ရက်ရောက်တိုင်း ၈၈ရဲ့ညကို အိပ်မက်ဆိုးကြီးတစ်ခုလိုပဲ ကျွန်မ အမြဲတမ်းမှတ်မိနေတယ်။
ပေါ်ပြူလာအဖွဲ့
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com