လယ်သမားတွေရဲ့ဘ၀ကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ရေးဆွဲနေတဲ့ ဥပဒေသစ်ဟာ အခုလပိုင်းအတွင်း ပြီးစီးတော့မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
ရန်ကုန်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ အခုလိုပြောကြားခဲ့တာပါ။
ဒီပွဲကို အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီရေးအဖွဲ့ USAID က ဦးဆောင်ကျင်းပတာဖြစ်ပြီး လယ်သမားဘ၀တွေ မြှင့်တင်ပေးနိုင်မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် USAID အနေနဲ့လည်း လိုအပ်တာတွေကို ဝိုင်းဝန်းအကြံဉာဏ်ပေးဖို့နဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုပါ အကူညီတွေပေးဖို့ သူရဦးရွှေမန်းက ဖိတ်ခေါ်လိုက်ပါတယ်။
ဒီကနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး၊ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မယ်ချယ်နဲ့ USAID အဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
RFA Burmese
မြန်မာ့လယ်သမားတွေဘ၀ မြှင့်တင်ရေး အမေရိကန်ထံက အကူအညီတောင်းခံ
Labels:
ပြည်တွင်းသတင်း