http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဆိုက်ရောက်ဗီဇာ ခရီးသွားများတွင် ဂျပန်နိုင်ငံမှ အများဆုံးဖြစ်

ရန်ကုန်လေဆိပ်သို့ ၀င်ရောက်လာသော ခရီးသွားများအား တွေ့ရစဉ်(ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
Tuesday, 07 May 2013
ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့သည့် ၁၁ လတာ ကာလအတွင်း ဂျပန်နိုင်ငံမှ စီးပွားရေးအရ လာရောက်သည့် ခရီးသွား အများဆုံးဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေး ဌာနမှ သတင်းရရှိသည်။

''ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ချိန်ကစပြီး ၂၀၁၃ မေလ ၅ ရက်နေ့အထိ ခရီးသွား နှစ်သောင်းခြောက်ထောင်ကျော် ၀င်ရောက်ခဲ့ရာမှာ ဂျပန်နိုင်ငံက အများဆုံး လာရောက်တာ ဖြစ်ပါတယ်'' ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ပေးဆပ်ရမည့် ချေးငွေများအား လျော်ပေးခဲ့သည့်အပြင် အိုဒီအေချေးငွေများ ထပ်မံပေးအပ်ရန် ကမ်းလှမ်းခဲ့ပြီး ဂျပန်စီးပွားရေး လုပ်ငန်းရှင် အများအပြား မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။

မြန်မာအစိုးရ အနေဖြင့် ၂၀၁၂ခုနှစ်၊ ဇွန် ၁ ရက်မှ စ၍ အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ခရီးသွားများအား လုပ်ငန်းဗီဇာဖြစ်သည့် စီးပွားရေး ဆိုက်ရောက်ဗီဇာအား ခွင့်ပြုပေးခဲ့သည်။

အဆိုပါ ဆိုက်ရောက်ဗီဇာအား ဗီဇာအမျိုးအစား သုံးမျိုးသတ်မှတ်ကာ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ယင်းဗီဇာသုံးမျိုးမှာ လုပ်ငန်းဗီဇာ (Business Visa) အား ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ နှင့် ခွင့်ပြုရက်ပေါင်း ၇၀၊ စီးပွားရေးနှင့် ပတ်သက်သည့် အစည်းအဝေး အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ရန် အတွက် ပြည်ဝင်ဗီဇာ (Entry Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄၀ နှင့် ခွင့်ပြုရက်ပေါင်း ၂၈ ရက်၊ ရန်ကုန်လေဆိပ်သို့ နံနက်တွင် ရောက်ရှိ၍ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာရမည့် (Transit Visa) အား ဗီဇာကြေး အမေရိကန် ဒေါ်လာ၂၀ နှင့် ခွင့်ပြုချိန် ၂၄ နာရီ ဖြစ်သည်။

ယင်းပြင် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဥရောပနိုင်ငံ အများစု အပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံအား စီးပွားရေး ဆိုက်ရောက်ဗီဇာ ထပ်မံခွင့်ပြုပေးခဲ့သည်။ ဆိုက်ရောက်ဗီဇာအား မြန်မာနိုင်ငံ၏ အဓိက ခရီးသွား ၀င်ပေါက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ခွင့်ပြုပေးခဲ့သည်။

၂၀၁၂ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၁၃ မေ ၅ ရက်အထိ စီးပွားရေး ဆိုက်ရောက်ဗီဇာဖြင့် လာရောက်ခဲ့သည့် ခရီးသည်မှာ ၃၁၈၀ ရှိခဲ့ သည်။ မြန်မာနိုင်ငံသို့ ယမန်နှစ်က နိုင်ငံခြား ခရီးသွားတစ်သန်းကျော် ၀င်ရောက်ခဲ့သည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com