![]() |
အငြင်းပွားနယ်မှ တပ်များ အိန္ဒိယနှင့် တရုတ်တို့ရုတ်သိမ်း |
တရုတ်တပ်များနှင့် အိန္ဒိယတပ်များသည် နှစ်နိုင်ငံနယ်စပ်အနီး အငြင်းပွားနယ်မြေမှ
စတင်ဆုတ်ခွာနေကြပြီဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
လွန်ခဲ့သည့် လကစတင်၍ အိန္ဒိယစစ်သားများကို နယ်မြေကျော်ဝင်လာသော တရုတ်စစ်သားများနှင့်
မျက်နှာချင်းဆိုင်တွင် စခန်းများ ဆောက်လုပ် စခန်းချရန်အမိန့်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက်နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့တွင်မှ တပ်များကို
နှုတ်သိမ်းရေးသဘောတူညီခဲ့ကြသည်။
တရုတ်နှင့် အိန္ဒိယတို့သည် ဟိမဝန္တာတောင်တန်းနယ်မြေများတွင်
နယ်မြေအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီး ၁၉၆၂ တွင် စစ်ပွဲငယ်တစ်ပွဲ လည်း ဖြစ်ပွားခဲ့သည်။
နှစ်ဦးနှစ်ဖက်တင်းမာမှုများ ရံဖန်ရံခါဖြစ်ပွားပြီး
နယ်စပ်အရေးဆွေးနွေးမှုများစွာရှိခဲ့သော်လည်း အောင်မြင်မှုမရှိသေးပေ။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဆာယိအက်ကဘာရတ်ဒင်က အိန္ဒိယနှင့်တရုတ်သည်
တပ်များနှုတ်ဖယ်ရေးကို သဘောတူညီထားကြပြီးဖြစ်ကြောင်း ဘီဘီစီကို ပြောကြားသည်။
နယ်ခြားစောင့်တပ်အကြီးအကဲများတွေ့ဆုံပွဲမှ သဘောတူညီတစ်ခုခိုင်မာစွာချမှတ်နိုင်ခဲ့ကြောင်း ၎င်းက
ဆက်လက်ပြောကြားသည်။
အိန္ဒိယအရာရှိများက ဧပြီ ၁၅ရက်မှ စတင်၍ တရုတ်တပ်များသည် ကက်ရှမီးယားနယ်အရှေ့ပိုင်းရှိ လာဒက်ရှ်
ဒက်ဆန်တောင်ကြားတွင် အိန္ဒိယပိုင်နက်မြေအတွင်း ခြောက်မိုင်ခန့်ကျူးကျော်ဝင်ရောက်ကြောင်း
စခန်းချကြောင်း စွပ်စွဲခဲ့သည်။တရုတ်ဘက်မှ ၎င်းအဆိုကို ငြင်းဆိုခဲ့ သည်။
ယခု တပ်ရုတ်သိမ်းခြင်းများသည် တရုတ်ဝန်ကြီးချုပ် အိန္ဒိယသို့မလာမီ တရုတ်သို့ လာရောက်မည့်
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်မီ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံကို မေလ ၉ ရက်တွင် သွားရောက်မည်ဖြစ်ပြီး
တရုတ်ဝန်ကြီးချုပ်သည် ၎င်း၏ ပထမဆုံးနိုင်ငံခြား ခရီးစဉ်အဖြစ် မေ ၂၀ တွင် အိန္ဒိယသို့
လာရောက်မည်ဖြစ်ကြောင်း သိရသည်။
Ref:BBC
မြန်မာ့ခေတ်