၂၃.၅.၂၀၁၃ ရက်နေ့ ၁၈၄၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်း အတိုင်း မ/ဥက္ကလာပမြို့နယ် မှ မင်္ဂလာဒုံမြို့နယ်ဘက်သို့ မောင်းနှင် လာသော ၆ခ/၇၅၆၈ ကွန်တိန်နာ၊ ပြာ/နီ ရောင်ယာဉ် သည် အောင်မင်္ဂလာအဝေးပြေး ၀င်/ထွက် ပေါက်အရောက်တွင် လမ်းဖြတ်ကူးသူ အင်းစိန်မြို့နယ်၊ဒညင်းကုန်းတပ်သားစုဆောင်းရေး တပ်မှ ကပ-၈၅၆၀၀၆ တပ်ကြပ်ကြီး(စာရေး) သိန်းရွှေမောင်၊ ၄၂ နှစ်၊ (ဘ)ဦးကျော်မြင့်အား တိုက်မိပြီးယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်အား ထားကာထွက်ပြေးသွားခဲ့ပါသည်။
ယာဉ်တိုက်ခံရသူ တပ်ကြပ်ကြီး သိန်းရွှေမောင်တွင် ၀ဲလက်ဖျံ၊ ၀ဲလက်ကောက်ဝတ်၊ ၀ဲပါးပွန်းစုပ်ဒဏ်ရာ၊ ကပ်ပယ်အိတ်စုပ်ပြဲဒဏ်ရာများရရှိကာ မ/ဥက္ကလာပဆေးရုံသို့ပို့စဉ်သေဆုံးသွားသဖြင့် ၆ခ/၇၅၆၈ ကွန်တိန်နာယာဉ်မောင်းအားမင်္ဂလာဒုံရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိရေး မြို့နယ်ရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စု(၁၃)တို့မှ အဖွဲ့များခွဲ၍စုံစမ်းဆောင်ရွက်လျက်ရှိကြာင်း သတင်းရရှိပါသည်။
Yangon Police