နိုင်ငံရေးလုပ်ရမှာ အခြေအနေ၊ အချိန်အခါကို သုံးသပ်ပြီး သင့်တော်တဲ့ မဟာဗျူဟာကို ရွေးချယ်ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အပြီး မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းလှုပ်ရှားမှုဟာ အသွင်ပြောင်းလာတာနဲ့ အလျောက် နိုင်ငံရေးလုပ်သူများရဲ့ အတွေးအခေါ်၊ အပြုအမူ ဗျူဟာတွေကို ပြောင်းလဲ ဖို့လိုလာပါတယ်။ စစ်အတွင်းက စစ်ရေးနည်းနဲ့ တိုက်ခိုက်လှုပ်ရှားခဲ့ရာက စစ်ပြီးခေတ်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို ဖေဖေနဲ့ ဖ.ဆ.ပ.လ အဖွဲ့ကြီးက ရွေးချယ်ခဲ့ကြပါတယ်။ တစ်ချို့ နိုင်ငံရေး အစုအဖွဲ့၊ ပုဂ္ဂိုလ်တွေက တော်လှန်ရေးလမ်းစကိုပဲ ဆက်လိုက်ဖို့ အားသန်ကြတာကြောင့် နိုင်ငံရေး အဖွဲ့အစည်း ပုဂ္ဂိုလ်များအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် သမိုင်းဆိုတာ တစ်ကျော့ပြန် လည်တတ်တယ်ဆိုတဲ့ သဘောအရ ကြည့်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ တော်လှန်ရေးနဲ့ တည်ဆောက်ရေးလမ်းစဉ် နှစ်သွယ်အကြား ရွေးချယ်ရမယ့် အခြေအနေ ရောက်နေပြီလားလို့ စဉ်းစားမိပါတယ်။ ယခုအခါမှာ ကျွန်မတို့ဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ မရရှိသေးပါဘူး။ ဒါပေမဲ့ အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးမူပေါ် အခြေခံပြီး တည်ဆောက်ရေး စိတ်ဓာတ်နဲ့ ရရှိနိုင်မယ်လို့ ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်။
မတ်လ ၁၈ ရက်နေ့ထုတ် ဒီလှိုင်းဂျာနယ်ပါ
“ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ဒီစကား” မှ ကောက်နုတ်ချက်
The Voice Weekly
“ဒေါ်အောင်ဆန်းစုကြည် ရေးသားသော ဒီစကား” မှ ကောက်နုတ်ချက်
Labels:
ဆောင်းပါး