![]() |
မိထ္ထီလာမြို့မှာဖြစ်ခဲပတဲ့ပဋိပက္ခအတွင်းမြင်တွေ့ရတဲ့မီးလောင်မှု (Credit: AFP) |
3 May 2013
ရန်ကုန်တိုင်း ဥက္ကံမြို့ ပဋိပက္ခကို စဖြစ်စေတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးကို ရဲတွေက သာသနာကိုညိုးနွမ်းစေမှုနဲ့ စွဲချက်တင်မယ်လို့ သိရပါတယ်။
အစ္စလာမ်ဘာသာဝင် မဝင်းဝင်းစိန်ဟာ ဆွမ်းခံကြွလာတဲ့ ကိုရင် အရှင်ပုည ကို ဝင်တိုက်မိပြီးနောက်ပိုင်း ဥက္ကံမြို့က ဗလီနဲ့ မူဆလင်နေအိမ်တချို့ ဖျက်ဆီးခံရပြီး လူ တစ်ဦး သေဆုံးခဲ့ရပါတယ်။
မဝင်းဝင်းစိန်နဲ့ တခြား အမျိုးသမီး တစ်ဦးအပါအဝင် စုစုပေါင်း လူ ၂၁ ယောက်ကို စွဲချက်တင်မယ်လို့ မြန်မာရဲက ပြောတဲ့အကြောင်း အေဖက်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
မဝင်းဝင်းစိန် မတော်တဆ ဝင်တိုက်မှုကြောင့် အရှင် ပုညရဲ့ သပိတ်ကျကွဲခဲ့ရပါတယ်။
မြန်မာအစိုးရပိုင် ရုပ်သံမှာတော့ ဆွမ်းခံကြွရင်း ဝင်တိုက်ခံခဲ့ရတဲ့ အရှင်ပုညရဲ့ အင်တာဗျူးကို ထွင့်လွှင့်ခဲ့ပြီး အဲဒီ အင်တာဗျူးအတွင်း အရှင်ပုညပြောပြချက်အရ ဝင်တိုက်တဲ့ အမျိုးသမီးက သပိတ်အသစ် တလုံးဝယ်ဖို့ ငွေကြေး ကမ်းလှမ်းခဲ့တဲ့အကြောင်း အခင်းဖြစ်ပွားပြီး မကြာခင်မှာပဲ ရဲတွေ ရောက်လာတဲ့အကြောင်း ရဲစခန်းကို ရောက်တဲ့အခါ ဝင်တိုက်တဲ့ အမျိုးသမီးက တောင်းပန်စကားပြောခဲ့တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ သံဃာတော်တွေကို ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး သူရဲကောင်းလို ရှုမြင်ခဲ့ကြပြီး နိုင်ငံရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဦးဆောင်သူတွေလို့လည်း မြင်ခဲ့ကြပေမယ့် မိတ္ထီလာမြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သံဃာတော်တွေကပါ အကြမ်းဖက်မှုမှာ ပါဝင်တာကို သက်သေနဲ့တကွ တွေ့ခဲ့ရပြီးနောက်ပိုင်း ပြည်ပမှာသာမက ပြည်တွင်းမှာပါ မွတ်စလင်တွေအပေါ် တိုက်ခိုက်မှုတွေကို ဝေဖန်မှုတွေ ပြုလုပ်လာ ကြပါတယ်။
ABC Radio Australia