May 4, 2013
ကျပ် ၁၅၀၀ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းဆင်းကဒ်များ ချထားပေးပြီးသည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ “ပြည်သူ များသို့တန်ဖိုးနည်းမိုဘိုင်းဖုန်းများ နှင့် ပတ်သက်၍ ထပ်မံအသိပေး ကြေညာချက်”ကို နိုင်ငံပိုင်သတင်း စာများ၌ အသိပေးကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင် MECTEL အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ်သည်လက် ရှိမိုဘိုင်းတယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ် (၅၀) ကျပ်ဖြစ်သည်။ အ၀င်ခေါ် ဆိုမှုအတွက် ငွေပေးဆောင်ရန် မလိုအပ်ပါ။ အင်တာနက်အသုံး ပြုမှုအတွက် ငွေကောက်ခံမှုနှုန်း မှာ ယခင် CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့တစ် မိနစ်အသုံးပြုခ (၄) ကျပ်ဖြစ်ပါ သည်။ အင်တာနက်အသုံးပြုပါက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသ ကြီးမန်နေဂျာရုံးများတွင် အင်တာ နက်စနစ်ဆက်သွယ်မှုကနဦးတပ် ဆင်ခ ကျပ် (၁၀၀၀၀) ပေးသွင်း လျှောက်ထားရပါမည်”ဟုပါရှိကြောင်းသိရသည်။
အဆိုပါကြေညာချက်ပါ “အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသ ကြီးမန်နေဂျာရုံးများတွင် အင်တာ နက်စနစ်ဆက်သွယ်မှုကနဦးတပ် ဆင်ခ ကျပ် (၁၀၀၀၀) ပေးသွင်း လျှောက်ထားရပါမည်” ဆိုသော အချက်နှင့် ပတ်သက်၍ ပြည်သူ များအကြားတွင် ဖြေလျော့မှုများ ဆောင်ရွက်ပေးရန် လိုလားလျှင် ရှိနေကြောင်း သိရသည်။ “ပြည်သူ တွေအတွက် ဆက်သွယ်မှုတွေ အဆင်ပြေဖို့အတွက် ကျပ် ၁၅၀၀ တန် တယ်လီဖုန်းတွေ ဖြေလျော့ ချထားပေးတဲ့အတွက် ပြည်သူတွေ အားလုံးက ၀မ်းသာပျော်ရွှင်ကြ တယ်။ ဒါပေမဲ့ “အင်တာနက်အသုံး ပြုလိုပါက သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးမန်နေဂျာရုံးများတွင် အင်တာနက်စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်ထားရပါမည်” ဆိုတဲ့ အချက်ကိုတော့ ထပ်မံပြင် ဆင်ပေးဖို့လုပ်အပ်နေသေးတယ်လို့ ပြောနေကြတယ်။
အင်တာနက် အသုံးပြုလိုရင်သက်ဆိုင်ရာပြည် နယ်၊ တိုင်းဒေသကြီးမန်နေဂျာရုံး များတွင် သွားရောက်လျှောက်ထား ရမယ်ဆိုတဲ့အချက်က ပြည်သူတွေ ကို ကုန်ကျစရိတ်ပိုမိုကုန်ကျအောင် နဲ့ ခက်ခဲမှုရှိတဲ့သဘောမျိုးဖြစ်နေတယ်။ နောက်ပြီး ကြားပွဲစားတွေ ပေါ်ပေါက်အောင်အခြေအနေဖန် တီးပေးသလိုမျိုးဖြစ်နေတယ်။ ဥပမာပြောရရင်စစ်ကိုင်းမြို့က ပြည်သူတစ်ဦးက အင်တာနက် အသုံးပြုချင်တယ်ဆိုရင်တိုင်းဒေသ ကြီးမန်နေဂျာရုံးရှိတဲ့ မုံရွာမြို့ကို သွားပြီးလျှောက်ရမယ်။
လမ်းစရိတ်နဲ့ စားစရိတ်က တစ်ခေါက်ကို ငွေကျပ်တစ်သောင်းအနည်းဆုံးအပို ကုန်မယ်။ တစ်ခေါက်နဲ့ မပြီးပြတ် ရင် ဒီထက်ပိုကုန်မယ်။ စစ်ကိုင်း မြို့နယ်ကလူတွေက စစ်ကိုင်းဆက် သွယ်ရေးရုံးမှာပဲ အင်တာနက် လျှောက်ခွင့်ရရင်အချိန်ရော၊ အပို ငွေရောအပိုကုန်စရာမလိုတော့ဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန်္တီး၊ ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကသာ၊ ကောလင်း၊ ဗန်းမောက်၊ ပင်လယ်ဘူးလိုမြို့နယ်တွေက မုံရွာ ကို လာလျှောက်ရမယ့် ကုန်ကျ စရိတ်ဆိုရင်သိန်းဂဏန်းအထိ ရောက်သွားနိုင်တယ်။ ကိုယ့်မြို့နယ် မှာ ဆက်သွယ်ရေးရုံးတွေရှိနေပါ ရက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး မန်နေဂျာရုံးတွေအထိ သွားလျှောက် ရမယ်ဆိုတာမဖြစ်သင့်ဘူး။ အရင် တုန်းက အချိန်မပေးနိုင်လို့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်ဆက်သွယ် ရေးရုံးတွေကို ကိုယ်တိုင်သွား မလျှောက်နိုင်ရင် ကြားပဲစားတွေကို ၀န်ဆောင်ခကျပ်ငါးထောင်၊ တစ် သောင်းအနည်းဆုံးပေးပြီး လုပ်ခိုင်းကြရတယ်။
ပွဲစားလုပ်တဲ့သူတွေကလည်း တစ်ခြားက လူတွေမဟုတ်ဘူး။ ၀န်ထမ်းတွေနဲ့ ဆက်စပ်သူတွေက လုပ်နေကြတာ။ ကိုယ်တိုင် သွားလျှောက်ရင်တောင်မှ ရုံးရောက်ရင်ပွဲစားလုပ်ချင်တဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတာ။ သမ္မတကြီးပြောတဲ့ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ် ရေးစနစ်ကို အကောင်အထည် ဖော်တဲ့အနေနဲ့ တစ်နည်းအားဖြင့် မရိုးမသား၊ ကိုယ်ကျိုးစီးပွားရှာနေ ကြတဲ့ ကြားပွဲစားတွေ ပ “ပျောက် ရေးအတွက် အင်တာနက်လျှောက် ထားမှုကို ကိုယ့်မြို့မှာပဲ လျှောက် ထားခွင့်ပြု ချထားပေးပို့ သက်ဆိုင် ရာကိုတင်ပြအကြံပြုချင်ပါတယ်”ဟု စစ်ကိုင်းမြို့မှ မိုဘိုင်းဖုန်းဖြင့် အင်တာနက်စနစ်ဆက်သွယ်အသုံး ပြုလိုသူပြည်သူတစ်ဦးကပြောပြသည်။
နန္ဒာမင်းလွင်
The Hot News
အင်တာနက်ဖုန်း သုံးသူများ မိမိတို့မြို့နယ်ဆယ်သွယ်ရေးရုံးများတွင် လျှောက်ရန်လိုလား
Labels:
ပြည်တွင်းသတင်း